လမ်းအိုလေး

beyond chaOs


Leave a comment

ဒီကမ္ဘာနဲ့ ဇီဇဝါ (ခင်ဇော်မြင့်)

ဒီကဗျာတွေက မဂ္ဂဇင်းတစ်အုပ်အုပ်မှာ ဖော်ပြခံရပြီဆို လူစုံချိန် တစ်အိမ်လုံးကြားအောင် “ခင်ဇော်မြင့်” လို့ အမေရွတ်ခဲ့တဲ့ ကဗျာတွေပါ။

ဒီကဗျာတွေက အဟောင်းစက်စက်လေးတွေပါ ရနံ့ဟောင်းတွေပါ စားကျက်မြေအဟောင်းတွေပါ အသစ်တစ်ဖန် ပြန်လည်စိမ်းလန်းလာမလားလို့။
ကဗျာနဲ့ ပတ်သက်ရင် ကျွန်တော့်မှာလည်း သွေးချည်အမြဲ ဥပါကြောင်း၊ ပုလင်းကွဲ အမြဲရှပါကြောင်း အကြောင်းကြောင်း အကြောင်းကြောင်းတွေ များစွာဖြင့်။

– ခင်ဇော်မြင့်

ဒီကမ္ဘာမှာ မနေလို့
ဘယ်ကမ္ဘာမှာ သွားနေရမှာလဲ။

ဒီအသက်အရွယ် ရောက်ခဲ့
ဒီဆံပင် ဖြူခဲ့
ဒီမျက်ရည် ပူခဲ့
ဒီကျီးမည်းပြီး နောက်ထပ်ကျီးမည်းများ။

ဒီကမ္ဘာမှာ ဇီဇဝါပင်တွေ ရှိတယ်
ဇီဇဝါပင်တွေက ကြွေလည်းမသေတဲ့ ကဗျာကို ရေးကြတယ်။


(ကဗျာ ၂၁ပုဒ် – ခင်ဇော်မြင့်။ အညာသားယဉ်ကျေးမှု စာစဉ် – ဇူလိုင်၊ ၂၀၁၅။)


Leave a comment

မျက်နှာကြက် (ခင်ဇော်မြင့်)

ငါ အပေါ်ကို မော့ကြည့်တယ်
မျက်နှာကြက်က ငုံ့ကြည့်တယ်။

ငါ အိပ်တယ်
မျက်နှာကြက်က မအိပ်ဘူး။

ငါ တရေးနိုးတယ်
မျက်နှာကြက်က သင်္ချာတွက်နေတယ်။

ငါ အိမ်အောက် ရေဆင်းသောက်တယ်
မျက်နှာကြက်က လှေကားရင်းအထိ လိုက်ပို့တယ်။
Continue reading


Leave a comment

သွေးအေးလေ့ကျင့်ခန်း (ခင်ဇော်မြင့်)

ချိန်းဆိုချက်တွေ လွဲတယ်
လွယ်မယ်ထင်တာတွေ ခက်ပြီး
ခက်မယ်ထင်တာတွေ မလွယ်ဘူး။

ငါတစ်ယောက်တည်း ထိုင်တယ်
ငါတစ်ယောက်တည်း ကဗျာရေးတယ်
အတွေးမှာ စံပယ်တွေ ဖွေးနေ။

ညနေက
ငါ ပိုက်ကျော်ခြင်း ခတ်တယ်
တည်လို့မရတာ ငါရအောင် တည်တယ်
အဲသလို
ပျော်လို့မရတာ ငါရအောင်ပျော်တယ်
ဘာခက်လဲ
လွယ်လွယ်လေးလို့ ငါထင်မိ
အထင်နဲ့ အမြင်လည်း တခြားစီပဲ။
Continue reading


Leave a comment

မျဉ်းဖြောင့်တစ်ခုရဲ့ရနံ့ (ခင်ဇော်မြင့်)

အိပ်ပျော်သွားရင် နိဗ္ဗာန်
အိပ်မပျော်သေးရင် ငရဲ
ငါ့ဦးခေါင်းက ပူလောင်မှုကို မင်းရယ်မယ်။

အလကားနေ
ဘယ်သူမှ အဝေးကို ငေးနေမှာ မဟုတ်ဘူး။

ရုတ်တရက်
ငါ့အပေါ်က ဖြတ်သွားတဲ့ နွားပျံလို
အိမ်ပြန်ချင်ပေါ့။


(ကဗျာ ၂၁ပုဒ် – ခင်ဇော်မြင့်။ အညာသားယဉ်ကျေးမှု စာစဉ် – ဇူလိုင်၊ ၂၀၁၅။)


Leave a comment

ကလောအလွန် (ခင်ဇော်မြင့်)

မြေနီနီ
မိုးရွာလို့ ဖြူလေမလား။
ရေထဲလေထဲ
ခိုက်ခိုက်တုန်လည်း
ရင်ထဲမီးနဲ့
ထင်းရှူးပင်တွေ ကြံ့ကြံ့ခံနေ
ဒို့ခေတ်ကို ရောက်ရမည်မှာ မလွဲပါ
အောင်ပန်းက
လမ်း ဟိုတစ်ကွေ့မှာ။


(ကဗျာ ၂၁ပုဒ် – ခင်ဇော်မြင့်။ အညာသားယဉ်ကျေးမှု စာစဉ် – ဇူလိုင်၊ ၂၀၁၅။)

ခေတ်ပြိုင်ကဗျာများ ၆၀း၁၅း၀၃ (စိတ်ကူးချိုချို)


Leave a comment

မသိလို့ မေးနေရတာတွေ (ခင်ဇော်မြင့်)

အဲသလို
စုန်းစုန်းမြုပ်သွားလို့ မြုပ်လား။
အဲသလို
ကိုယ်လွတ်ရုန်းသွားလို့ လွတ်လား။
အဲသလို
ခြေရာဖျောက်သွားလို့ ပျောက်လား။
စကားမစပ်
ရေကမ္ဘာမှာ နေသာပါရဲ့လား။
အဲဒီမှာ
ငါးကြီးဧရာကော မတွေ့မိဘူးလား။


(ခေတ်ပြိုင်ကဗျာများ ၆၀း၁၅း၀၃။ သြဂုတ်၊ ၂၀၁၄ – စိတ်ကူးချိုချို အနုပညာ။)

ခေတ်ပြိုင်ကဗျာများ ၆၀း၁၅း၀၃ (စိတ်ကူးချိုချို)


Leave a comment

ဥမင်လှိုဏ်ခေါင်း (ခင်ဇော်မြင့်)

တစ်နေ့တစ်နေ့
ဒီလိုနေရတာ မပျင်းဘူးလား။
အရိပ်ကို ညှစ်ချလိုက်ရင် ကျလာမယ်
အဝေးကို မပြေးနိုင်တဲ့အသံက
နံရံမှာ
ချောင်းတွေ မြောင်းတွေ ဘီလူးတွေ တရိပ်ရိပ်
အသက်ရှူရတာ မောတဲ့နေ့ရက်များ။
ခင်ဗျားလည်း
အတောင်ကျိုးပြီးပါပြီလား
မြုံနေသောအလင်းများ
ပြန်လည်ပွင့်ပါစေသား။


(ခေတ်ပြိုင်ကဗျာများ ၆၀း၁၅း၀၃။ သြဂုတ်၊ ၂၀၁၄ – စိတ်ကူးချိုချို အနုပညာ။)

ခေတ်ပြိုင်ကဗျာများ ၆၀း၁၅း၀၃ (စိတ်ကူးချိုချို)


Leave a comment

အမည်မသိ (၃) (ခင်ဇော်မြင့်)

ကမ်းခြေမှာ
ခြေရာတစ်စုံဟာ လတ်လတ်ဆတ်ဆတ်။

ကိုယ်စိတ်နှလုံးသုံးပါးစလုံး
ညှိုးငယ်တဲ့နေ့ရက်များ
တရွေ့ရွေ့များ။

မနေ့ကထက်
ဒီနေ့ဟာ ပိုခက်လာ။

တမာပင်ထက်က ငှက်ကလေးရဲ့လေချွန်သံ
အသံရောရုပ်ရော ငါမြင်မိကြားမိသလို ရှိသား။

ကမ်းခြေမှာ
ခြေရာဟာ ပုပ်သိုးစပြုပြီ။


(ခေတ်ပြိုင်ကဗျာများ ၆၀း၁၅း၀၃။ သြဂုတ်၊ ၂၀၁၄ – စိတ်ကူးချိုချို အနုပညာ။)

ကဗျာလောက စုစည်းမှု-၂


Leave a comment

လောက်လန်းများ (ခင်ဇော်မြင့်)

ဤသို့ဖြင့်
ပြောမနာဆိုမနာ

ဤသို့ဖြင့်
ဆဲမနာဆိုမနာ

ဤသို့ဖြင့်
မလူးသာမလွန့်သာ
ဤသို့ဖြင့် ရင်းနှီးပွင့်လင်းစွာ ချစ်လာကြ

ပထမ
အဝတ်အစားများအားလုံး ချွတ်၍ စစ်ဆေးခံရ
သွားများကို ချွတ်၍ စစ်ဆေးခံရ
ခန္ဓာကိုယ် မွှေးညင်းများပါမကျန် စစ်ဆေးခံရ
နောက်
ဒွါရ ကိုးပေါက်စလုံး စစ်ဆေးခံရ
Continue reading


Leave a comment

ဖျောက်ဆိပ်ကြယ် (ခင်ဇော်မြင့်)

ဇာတ်လမ်းကို အဆုံးသတ်ဖို့ထက်
ဇာတ်လမ်းကို စရတာ ခက်တယ် ။

ဘာလို့များ
အငြိုးကြီးနေရတာလဲ မိုးရဲ့။

ဖန်ခွက်တစ်လုံးကတော့
အစိမ်းသေပြီ။

ဆုတ်ခွာရမယ့် လမ်းလည်း
ရေတဖွေးဖွေး။
Continue reading