လမ်းအိုလေး

beyond chaOs

KMY


Leave a comment

စိန်ဂေါ်လီတစ်ယောက် – ၈ (စိုင်းဝင်းမြင့်)

လောကကြီးမှာ ဘယ်သူမှ မလိမ္မာဘူး
ဘယ်သူမှလည်း မမိုက်ဘူး
မီးလောင်တဲ့အခါ ကိုယ့်အလောင်းကိုကိုယ်ထမ်း
ကိုယ့်နှလုံးသားကိုကိုယ် ကယ်ထုတ်သွားကြတာပဲ

ဒိုင်နိုဆောတွေ တိုက်ခန်းတွေထဲ ဆက်နေလို့မရ
အသည်းငယ်လို့ မျိုးတုံးသွားရတာပဲရှိတယ်
ဒရက်ကူလာတွေ နှစ်များစွာ အလင်းကို လေ့ကျင့်
သွေးကို ဘဏ်တိုက်ဖွင့်
ပန်းခြံခုံတန်းလျားမှာ ချစ်သူကို စောင့်နေကြသေးတယ်
Continue reading


Leave a comment

စိန်ဂေါ်လီတစ်ယောက် – ၂ (စိုင်းဝင်းမြင့်)

တစ်ည ကျွန်တော်အိမ်ပြန်နောက်ကျတော့
အဖေ မအိပ်ပဲစောင့်နေ
ထမင်းစားပွဲပေါ်မှာ ပြင်ထားတဲ့ ထမင်းတွေဟင်းတွေ
ဆာနေပုံရတဲ့ကျွန်တော့်ကို ပြောတယ်
ငါငယ်ငယ်က အိမ်ပြန်နောက်ကျတုန်းက
ငါ့အဖေက အခုလိုပဲစောင့်နေ
ငါပြန်လာပြီဆိုမှ မီးဖိုချောင်ထဲက
ထမင်းကျန်ဟင်းကျန်တွေကို အကုန်နယ်ပြီး
အိမ်ရှေ့က ဓာတ်တိုင်မှာ ပုံပြီး
ခွေးကျွေးလိုက်တယ် တဲ့
ငါပြန်မလာမချင်း ငါ့ရှေ့မှာ ခွေးချကျွေးဖို့စောင့်နေ
ငါကတော့ အဲဒီလို ဘယ်တော့မှမလုပ်ပါဘူး
ရော့ မင်းစားတဲ့ ငါအသင့်ပြင်ထားတယ်တဲ့ အဖေက
လူတစ်ယောက်ကို ဝမ်းနည်းအောင်လုပ်တတ်တယ် အဖေက
ကျွန်တော့်အဖေက။   


စိုင်းဝင်းမြင့် ကဗျာပေါင်းချုပ် ဒုတိယအုပ် (၂၀၀၅ – ၂၀၁၆)၊ ကျော်မွှေးစာပေ၊ ၂၀၁၆။

စိန်ဂေါ်လီတစ်ယောက်


Leave a comment

စိန်ဂေါ်လီတစ်ယောက် – ၁ (စိုင်းဝင်းမြင့်)

ဆူပါဘင်လမ်းလို့ပြောတယ်
လွစ္စလမ်းလို့လွမ်းတယ်
အနော်ရထာလမ်းကို ဘယ်တော့မှမရောက်
ဖရေဇာအတိုင်း လျှောက်လာတယ်
၉ ကားစီးသွားရတယ်

ဆဲဗင်းဇူလိုင်တုန်းက ဟိုထောင့်နားက လှမ်းပစ်တာ
ငါက ဒီနေရာလေးမှာ ရပ်နေတာ
အဲသည်တုန်းက ဦးချစ် လက်ဘက်ရည် မရောင်းသေး

နဂါးအမှတ်တံဆိပ် ကားဂိတ်လေးကနေ ကျောင်းရှေ့
ကျောင်းရှေ့က ကျောင်းဝင်းထဲရောက်လာ
ဦးချစ်လက်ဘက်ရည်ဆိုင်ဖြစ်လာ ဘာတွေလဲ အဖေရာ
ငုဝါလမ်းပါ ဆိပ်ကမ်းသာလမ်းပါ အနော်ရထာလမ်းလို့ ပြောစမ်းပါ
ကျွန်တော်တို့ခေတ်မှာ သန်မြန်သူနဲ့ မြင်းပျံ
မြို့ပတ်ရထားနဲ့ ကျောင်းပြေး
သစ်တောဝင်းအတွင်းဘက် သစ်တုန်းကန်မှာ ရေဆင်းကူး
တစ်ယောက်က ရန်စပေးလိုက်တာနဲ့
ကျောင်းဆင်းချိန်မှာ တစ်ကျောင်းနဲ့တစ်ကျောင်းရိုက်
ကရင်ခြံဝင်းထဲမှာ တစ်နေကုန်နေပြီး
ကျောင်းဆင်းချိန်ရောက်မှ ကျောင်းထဲကထွက်လာတဲ့ပုံစံနဲ့
အလုံလမ်းအတိုင်း ပြန်ပြန်လာ
မိဘခေါ်ရတဲ့အခါ လမ်းထိပ်က
ဆိုက်ကားသမားတစ်ယောက်ယောက် ခေါ်ခေါ်သွား
နောက်တစ်ခါထပ်ခေါ်ရတဲ့အခါ
အရင်လူမရှိတာနဲ့ အလှည့်ကျ ဆိုက်ကားသမားခေါ်သွား
ဆရာမက အဖေပြောင်းသွားပါလား ဆိုတဲ့အခါ
အုပ်ထိန်းသူ ဦးလေးတစ်ယောက်ပါခင်ဗျာ ပြင်ပြောရ
ရယ်စရာလူလျှင်လေးများ
ကျောင်းအကျီကော်လံအောက်မှာ ဆံပင်ရှည်ဘယ်လောက်သန်သန်
ခေတ်ဘယ်လောက်မြန်မြန်
အဖေ့ကို မချန်ခဲ့နိုင်ဘူး
တစ်နေ့မှာ အဖေ့လက်မောင်းက
စိန်ဂေါ်လီဆေးမင်ကြောင်ကို ကိုင်ကြည့်ရင်း
ငိုင်သွား ငေးသွား
ရူးနေတာပဲ လူငယ်နှစ်များ
ငါတို့တုန်းက စစ်တပ်က လမ်းတစ်နေရာမှာတားပြီး
ဆံပင်ရှည်ကို နောက်လှန်ဆွဲစု ဘက်နက်နဲ့ ဖြတ်ချပစ်တယ်
ကျွန်တော်တို့ခေတ် တစ်တိုင် နှစ်တိုင်ထဲမှာ ပုံပြင်ပမာ
လွပ်လပ်ရေးရပ်ကွက် မြစ်ကမ်းနားဘက်
ကုလားသချိုင်းထဲမှာ သတင်းစာနဲ့ထုပ်ထား ဆေးခြောက် ၅၀ သား
ဘယ်မှမပစ်ပဲနဲ့ နောက်တစ်နေ့မှာ ကုန်သွား
မုန့်စားသူများ ကြက်သားကာလသားချက် ချက်စားသူများ
ကျွန်တော် ဖျားသွားတယ်
Continue reading

ကမ္ဘာမြေသို့ ပန်းပို့သူများ (စိုင်းဝင်းမြင့်)


Leave a comment

ကမ္ဘာမြေသို့ ပန်းပို့သူများ (စိုင်းဝင်းမြင့်)

တစ်ယောက်ယောက်တော့
နောက်မှာအမြဲရှိနေ
ကမ္ဘာမြေသို့ ချစ်ခြင်း လွမ်းခြင်း
ပန်းခင်းများ ပို့နေ။
ပန်းလက်ဆောင်ဆိုတာ ယူသူက အပြုံး
ပေးသူက ဘေးလူက အရှုံးတွေ
အမုန်းတွေ ဆွေးမြေ့ဖွယ် သွေးနဲ့
အပြေး သွားကြရတယ် မတွေး
စမ်းချောင်းလေးရဲ့ အဖျား
အဖျားသွေးကပဲ စ
ပန်းစိုက်သူများ အစပြုလာ
ကမ္ဘာမြေကလည်း
ဘဝတစ်ခုစာ စောင့်နေပါတယ်။
Continue reading

မြို့တွေ၊ ရွာတွေ၊ ကဗျာတွေ (ဇာတိရနံ့ ကဗျာများ)


Leave a comment

ပုဂံ (စိုင်းဝင်းမြင့်)

စေတီထဲ နေရောင်သွင်းယူခဲ့ပုံက
အံ့သြဖွယ်။
အုတ်တစ်ချပ်ချင်းစီမှာ
ရာဇဝင်ရှိတယ်။
ဧရာဝတီ
အဝေးရောက်နံရံဆေးရေး
ဆွေးမြည့်စရာ။
Continue reading

kmy 1995


Leave a comment

ငြိမ်းချမ်းရေးညစာဆိုရင် မနက်စာကိုမစားရသေးတဲ့လူတွေကြား သွားဆရာ (စိုင်းဝင်းမြင့်)

နောက်ဆုံးဒြပ်စင်ထဲက ဇာတ်လိုက်ကိုသတိရ
နောက်ဆုံးတစ်ခွက်ကပဲ ပြန်စပေါ့
ပြန်စတဲ့အခါ စစချင်းပြန်ရမှာက ငြိမ်းချမ်းရေး
နံရံမှာ ဘာရေးထားသလဲဆိုတော့
ယခင် ၁၀၀၀၀
အခု ၈၀၀၀
ဘာငါးလဲဆိုတော့ ကြယ်ငါး ဆယ်လမွန်ငါး
ငါးနာမည်မပါတဲ့ငါး
ထိစမ်းကြည့်မလားဆိုတော့မှ
အနာဂတ် ငါးမှာ
ဒီမှာ ကြွယ်သူတွေချည်းပဲ
ဉာဏ်ရှိမှ အနားလာ
ဉာဏ်ရှိနေလို့သာရယ်ရ
စက်တွေနဲ့သာမယဉ်ပါးရင်နေရမယ်
ရယ်စရာကို ပိုက်ဆံနဲ့ကြည့်လာသူတွေ
မှာမိတာက အနာဂတ် ငါး
အနာဂတ် ငါး ဆိုတော့ အနာဂတ်ဈေးပေါ့
၆၀၀၀ နဲ့မရ
၆၀၀
တစ်ပေပတ်လည်မှာ
နာရေးကြော်ငြာ တစ်လက်မ နှစ်ကော်လံမှာ ကုဋေ ၆၀၀၀လည်း ဖြစ်နိုင်သေးတာပဲ
ငြိမ်းချမ်းရေးက ဈေးသာမပေးတာ
လိုချင်တာက ဝေလငါးလောက် Continue reading

ပျော်ရွှင်ဖွယ်ရာကမ္ဘာာာားးးးးး (စိုင်းဝင်းမြင့်)


Leave a comment

ပျော်ရွှင်ဖွယ်ရာကမ္ဘာာာားးးးးး (၁၁) (စိုင်းဝင်းမြင့်)

မေလဟာ မျှတပါတယ်
တစ်ယောက်ကျ နှစ်ယောက်ကျ
တစ်နေရာရာမှာ ပြန်ရတဲ့အခါ လွမ်းသူ့ပန်းခွေပဲ
စာစီ စာရိုက် ပုံနှိပ်စက် ဓားစက်ထဲမှာ စက်ဆရာ
ပျော်စရာများ နည်းနေတဲ့ကြားထဲက
(မိုးရေထဲမှာ ကျွန်တော်သွားတွေ့၊ ကျွန်တော့်ကို လာတွေ့သွားပါတယ်)
ချစ်မိရုံနဲ့ မမှား
ခြစ်မိရုံမျှနဲ့ မများဆိုရင် (ဒီတစ်ခါတော့ နည်းနည်းများသွားပြီ ဆိုတဲ့စကား ရှိပါတယ်)
ကိုယ့်လမ်းကိုယ် ဆက်သွားလို့ရ
ဒီထက်မက ပြန်စဉ်းစားရမယ် Continue reading

ပျော်ရွှင်ဖွယ်ရာကမ္ဘာာာားးးးးး (စိုင်းဝင်းမြင့်)


Leave a comment

ပျော်ရွှင်ဖွယ်ရာကမ္ဘာာာားးးးးး (၇) (စိုင်းဝင်းမြင့်)

စောင့်/လျှောက်ခဲ့ရတယ်ဆိုရင်
တစ်နေ့ခင်းလုံး အငမ်းမရ အလင်းမရ လမ်းများမှ
၂၄နာရီ အရိပ်ရ လမ်းများမှ
လက်ဖက်ရည်ချိန်များ
ထမင်းစားချိန်လွန် လက်ဖက်ရည်ချိန်များ
တကယ်တော့ အချိန်ကိုက်စရာမလို
တခုခု မှာရမယ်ဆိုလို့သာ မှာရ
ရေသန့် အချိုရည် အဆာပြေမုန့် တစ်ခုခုပေါ့
အဖော်ကောင်းလို့ လိုက်လာ အပျော်သမား
မြို့လယ်ထဲ ဖြတ် မြို့စွန် ဖောက်ထွက်သွားမယ် Continue reading

ပျော်ရွှင်ဖွယ်ရာကမ္ဘာာာားးးးးး (စိုင်းဝင်းမြင့်)


Leave a comment

ပျော်ရွှင်ဖွယ်ရာကမ္ဘာာာားးးးးး (၈) (စိုင်းဝင်းမြင့်)

လောင်းကို ရေချိုးခြင်း
သေသူများကို သင်္ဂြိုဟ်ခြင်းနဲ့စ၊
ဧပြီဟာ အရက်စက်ဆုံးလပါပဲ
ရည်ညွှန်းမှာတော့ ပိုမိုလက်စောင်းထက်သူ အက်ဇရာပေါင်းအတွက်
ငါ သေချင်ပြီတဲ့
ကန္တာရမြေမှာ နေထိုင်ကြသူတွေရဲ့ ကိုယ်စား
သတင်းစာဖတ်တဲ့အခါ လေသံအမျိုးမျိုးနဲ့
ဖတ်တတ်တယ်စကား ကိုးကား
အဲဒီတုန်းက (ကဗျာရေးသူတစ်ဦး၏ အမှတ်ရချက်များ ၁၉၉၆)
အဲဒီတုန်းက နွေဟာ အပူဆုံးလို့ ထင်ရတဲ့ကြားထဲက
သစ်ရွက်ကြွေအောက် အရိပ်ရ အေးမြ Continue reading

ပျော်ရွှင်ဖွယ်ရာကမ္ဘာာာားးးးးး (စိုင်းဝင်းမြင့်)


Leave a comment

ပျော်ရွှင်ဖွယ်ရာကမ္ဘာာာားးးးးး (၁၀) (စိုင်းဝင်းမြင့်)

မိုးမှောင်ကျလာတော့ လူရောင်ပိုတောက်ပလာတယ်
တစ်မိုးအောက်တစ်ယောက်တည်း မဟုတ်ဘူးဆိုလည်း ပြန်တွေ့ရတယ်
ရာသီပေါ်သီးနှံတွေကတော့ တစ်နှစ်တစ်ခါ ပြန်လာ
သယ်ဆောင်သူတွေသာ လဲသွားမယ် စားသုံးသူမလွဲ
ရန်ကုန်မြို့ထဲ လှေကားတစ်နေရာရာ တစ်ယောက်မက
တစ်ခါလောက်တော့ ဝင်ခိုခဲ့ဖူးမယ်
ကိုလိုနီခေတ်လက်ရာ ဗိသုကာဟာ ခမ်းနား
အဘိုးအိုတစ်ယောက် မိုးရေထဲ ဖြတ်ပြန်သွားနေတာ
မြင်ကွင်းက ပျောက်ကွယ်သွားသည်အထိ
လမ်းတစ်ဖက်က ဆောက်လက်စ အဆောက်အအုံ
မော့မော့ကြည့်နေရင်းကပဲ ဘဝခြားသွားသလို Continue reading