လမ်းအိုလေး

beyond chaOs

The Last Will and Testament of Rosalind Leigh


Leave a comment

Rodrigo Gudiño ၏ The Last Will and Testament of Rosalind Leigh (မောင်ဒေး)

ဒါပေမယ့် အဲဒီလို ဖတ်မယ်ဆိုရင် ကဗျာကိုပဲ တွေ့ရမှာပါ၊ မောင်ဒေးရဲ့ ရုပ်ရှင်ကဗျာကို တွေ့ရမှာ မဟုတ်ဘူး။ အကြောင်းက ဒီကဗျာတွေကိုက ရုပ်ရှင်ကဗျာ ဖြစ်နေတဲ့ အတွက်ပါပဲ ။ ဒီတော့ကာ မောင်ဒေး ဒိုင်ယာလော့ခ်လုပ်ထား၊ စမ်းသပ်ထားတဲ့ ကဗျာရဲ့ အစိတ်အပိုင်း​တစ်ရပ်ကိုသာလျင် စူးစမ်းမိမှာဖြစ်တယ်။ဒါပေမယ့် အကောင်းဆုံးကတော့ ရုပ်ရှင်ကဗျာလို့ ဆိုထားတဲ့အတိုင်းပဲ စာဖတ်သူဟာ မောင်ဒေးရဲ့ ကဗျာတွေကို သက်ဆိုင်ရာ ရုပ်ရှင်နဲ့ ဒိုင်ယာလော့ခ်လုပ်ပြီး ဖတ်ဖို့လိုမယ်။ ရုပ်ရှင်ရဲ့ ဘယ်အရာနဲ့ ဘယ်ကိုယ်စားပြုမှု ပုံစံနဲ့ ချိတ်ဆက်ရမယ်ဆိုတာကတော့ အသေမရှိပါဘူး။ ဒါကြောင့်လည်း ကိုယ်စားပြုနေခြင်း မဟုတ်ဘဲ၊ ဒိုင်ယာလော့ခ်​လုပ်နေခြင်း​လို့သာလျင် ဆိုရမယ်။ စာဖတ်သူဟာ မောင်ဒေးရဲ့ ရုပ်ရှင်ကဗျာတွေကို သူ့ချည်းသက်သက် ဖတ်လို့လည်း ရနိုင်ပါတယ်။

မင်းခက်ရဲ

မနေ့ကအထိရှိနေခဲ့သေးသောကမ္ဘာတွင် ဘာလုပ်၍ဘာကိုင်ရမည်ကို
ကျွန်တော်တို့သိကြသည်။ ကနေ့ဆောက်လုပ်ပြီးစီးသော အဖိုးနည်းအိမ်ရာ
သည် အပြင်ကကြည့်လျှင်ပို၍လှသည်။ ရေပိုက်ခေါင်းကိုပိတ်ဖို့ မေ့ခဲ့လျှင်
ဆူနာမီလာမည်။ ထမင်းစားပွဲပေါ်မှဇွန်းပြုတ်ကျလျင် ယောက်ျားတစ်ယောက်
ရောက်လာမည်ဖြစ်ပြီး၊ ခက်ရင်းပြုတ်ကျလျှင် မိန်းမတစ်ယောက်ရောက်
လာမည်။ ဓါးပြုတ်ကျခဲ့သော် လူမဟုတ်သောသတ္တဝါတစ်ကောင်
ရောက်လာမည်။ သက်တံကိုမြင်ချင်လျှင် မိုးရွာတာကိုသည်းခံဖို့လိုသည်
ဟူသောစကားသည် ကလေးတို့အတွက် အလုပ်ဖြစ်သော်လည်း
လူကြီးတို့အဖို့မူ မကောင်းမှု၏ရှိနေခြင်းကိုသိဖို့ရာ စစ်ပွဲတွင်သေရသော၊
သို့မဟုတ် အစာငတ်သေရသောကလေးတို့၏ဓါတ်ပုံများလိုအပ်သည်။
မနေ့ကအထိရှိနေသေးသောကမ္ဘာသည် လူအများကြားတွင် တိုးဝှေ့ထိုင်
လိုက်ပြီး လက်ဖက်ရည်ကိုတစ်ကျိုက်မော့လိုက်သည်။ လက်ခုပ်တီးလျှင်
တောထဲမှကျားလာမည်။ ရေပိုက်ခေါင်းကိုပိတ်ဖို့မေ့ခဲ့လျှင် ဆူနာမီလာမည်။

(Source: Maung Day Blog)

James Cameron ၏ Titanic


Leave a comment

James Cameron ၏ Titanic (မောင်ဒေး)

ညသည် မည်း၍ ကြယ်များလက်နေသည်။
လီယိုသည် သူ၏ပုံဆွဲစာအုပ်လေးကိုထုတ်၍ ကိတ်၏ပုံကို
စကတ်ခ်ျလိုက်သည်။ ရေထဲကို ကျွန်တော် ခြေတစ်ဖက်ချသည်။
နောက်တစ်ဖက်ချသည်။ ရေသူမတစ်ယောက်က ကျောက်ဆောင်ကို
ကွယ်၍ ကျွန်တော့်ကို ချောင်းကြည့်၏။ သူ့ကို ကျွန်တော့်ကင်မရာနှင့်
ဓာတ်ပုံရိုက်လိုက်သည်။ သင်္ဘောက လှုပ်လာသည်၊
ဖန်ခွက်တွေ ကျကွဲသည်၊ ဘွိုင်လာမှ ရေတွေလျှံကျလာသည်၊
အင်ဂျင်ပေါက်ကွဲသံကို ကြားရ၏။ တို့တတွေဟာ
သင်္ဘောမမြုပ်ခင်ကတည်းက သေခဲ့ပြီးသားပါဟု ကပ္ပတိန်ကပြောသည်။
ရေသူမလေးကို ထပ်၍မြင်ရနိုးနှင့် ကျွန်တော်ရှာဖွေသည်။ မတွေ့။
သို့ပေမယ့် သူ့ရဲ့ဓာတ်ပုံလေးကိုတော့ ကျွန်တော်ရလိုက်သည်။

(ခေတ်ပြိုင်ကဗျာများ – ၆၀း၁၅း၀၃ဝ – စိတ်ကူးချိုချို)

Spike Jonze ၏ Her


Leave a comment

Spike Jonze ၏ Her (မောင်ဒေး)

ကျွန်တော်နှင့် ကျွန်တော်၏တရုတ်နိုင်ငံလုပ် စမတ်ဖုန်းတို့
တစ်ယောက်ကိုတစ်ယောက် အသည်းအသန်ချစ်မိကြသည်။
ချစ်မိလျှင် ပို၍ပိုင်ဆိုင်ချင်သည်။ ပိုင်ဆိုင်မိလျှင် ပို၍ချစ်ချင်သည်။
လောကကြီးသည် ဖြေရခက်သော မေးခွန်းများနှင့်ပြည့်နေ၏။
သို့ပေမယ့် ထိုမေးခွန်းတို့၏အဖြေကို ကျွန်တော်မသိချင်ပါ။
သိလိုစိတ်သည် ပညာတတ်တို့၏ ဘိန်းဖြစ်သည်။
ဟိုတလောဆီက မုတ်သုံလေထံမှစာလာသည်။
ဒီနှစ် သူမလာနိုင်ဟုဆို၏။ ဒါကိုလည်း ကျွန်တော်ဂရုမစိုက်ပါ။
အဲဒါငါ့စောက်လုပ်မဟုတ်ဘူးဟဲ့ဟု စာပြန်ရေးလိုက်သည်။

(Source: Maung Day Blog)

Yojiro Takita ၏ Departures


Leave a comment

Yojiro Takita ၏ Departures (မောင်ဒေး)

မှန်ကြည့်သောသူများကို ကြည့်မှန်ကမြင်သည်။
မှန်ပေါ်မှသနပ်ခါးစက်တို့ကို တံတွေးနှင့်ဖျက်သော်လည်း
အပွေးကိုမမြင်ခဲ့သူမှာ အပင်ကိုမသိချေ။
ရေချိုးဇလုံ၏ဆဲလ်ကိုယူ၍ ရေချိုးဇလုံနောက်တစ်ခုကို
ပြုလုပ်၍မရပါ။ မှန်တစ်ခါကြည့်တိုင်းသာ
ဆပ်ပြာမြှုပ်တို့၏အောက်သို့ ဝါးတစ်ပြန်စာနစ်ရသည်။
လက်မကြီးတစ်ခုသည် ဓါတ်ပုံပေါ်မှ မိသားစုဝင်တို့၏မျက်နှာကို
အကြိမ်ကြိမ်ပွတ်၍ ဖျက်၏။ အမှန်တကယ်အသက်ရှင်ခဲ့သူကော၊
မှန်ထဲ၌သာ အသက်ရှင်ခဲ့သူပါ နောက်ဆုံးတွင်သေကြရသည်။
မည်သို့ပင်ဆိုစေ သေသူ၏အုတ်ဂူကို မလေးမစားမပြုလုပ်အပ်ပါ။

(Source: Maung Day Blog)

David Fincher ၏ Fight Club


Leave a comment

David Fincher ၏ Fight Club (မောင်ဒေး)

တစ်မြို့လုံးရှိ မီးလုံးများ၊ မီးချောင်းများ တစ်ခုချင်းစီ
ပိတ်သွားသည်။ ဘဝကိုငြီးငွေ့နေသူ လူငယ်တို့သည်
လမ်းပေါ်ထွက်လာကြပြီး အများသုံးရေကန်ထဲသို့
အမ်ဖီတမင်းဖျော်ရည်ဂါလံနှစ်ဆယ်ကို လောင်းထည့်လိုက်သည်။
ကန်ထဲမှငါးတို့ကိုဖမ်းကာ ကန်ပေါင်ပေါ်၌ပင် ကင်စားလိုက်ကြသည်။
ဘေးချင်းကပ်မြို့တွင် မီးများလင်းနေပြီး ၄င်းကို “ကြတ်ကုန်း”ဟုခေါ်သည်။
အမှောင်ကိုကြောက်သူတို့သည် အမှောင်ထဲတွင် လေချွန်တတ်ကြသည်။
သူတို့၏လေချွန်သံကိုပြန်ကြားကာ ပို၍ကြောက်သွားတတ်ကြသည်။
မိန်းမများထဲတွင် ကြိုက်ကုန်းများက အလှဆုံးဖြစ်၏။
မြင်ကွင်းများထဲတွင် မီးလောင်နေသောပွဲဈေးတန်းက အလှဆုံးဖြစ်၏။
ဤကဗျာသည် အင်တာနက်လို၊ မူးယစ်ဆေးဝါးလို၊ ကော်ဖီနှင့်စီးကရက်လို
သင်၏စိတ်နှင့်ရုပ်ကို ထိခိုက်စေနိုင်ပါသည်။

(Source: Maung Day Blog)

အပျော်စီးပင်လယ် (မောင်ဒေး)


Leave a comment

ကောင်းကင်ဘုံ … လာလမ်းအတိုင်း (မောင်ဒေး)

ကောင်းကင်အကြောင်း စတွေးမိပြီဆိုတာနဲ့
စိတ်လက်မအီမသာ
အိပ်ရေးမဝ၊ ပုံမှန်အနေအထားမဟုတ်
အခေါင်းထဲလှဲဝင်အိပ်သွားတဲ့ ဆိုရိုးစကားတွေလို
ဘာပဲဖြစ်ဖြစ်၊ အဲဒီညက အခင်းဖြစ်ပွားရာဆီရောက်တော့
ကောင်းကင်ဘုံက သေနှင့်ပြီ၊၊ ဓားတန်းလန်းနဲ့
အနုပညာလား အတတ်ပညာလားတော့မသိ
ကျမ်းစာအုပ်ထဲက ဗီလိန်ကပဲလုပ်ကြံသွားတာတဲ့
အဲဒီညမှာ ရုပ်ထုတွေဟာလည်း
ပထမဆုံးအကြိမ်အဖြစ် ရုပ်ထုသက်သက်ဖြစ်သွားကြ
နောက်ကျပြီးရောက်လာတဲ့ မျိုးဆက်သစ်တွေကတော့
ကောင်းကင်ဘုံ ရုပ်ကလာပ်ပေါ်မှာ
ဖယောင်းတိုင်ခုနစ်တိုင်ထွန်း၊၊ ကိတ်မုန့်ကို
ဓားနဲ့လှီးပြီး စားပစ်လိုက်ကြပါရောလား။ Continue reading

အပျော်စီးပင်လယ် (မောင်ဒေး)


Leave a comment

သမိုင်းသင်ရိုးထဲက ဆင်ဖိုနီ (မောင်ဒေး)

ဒါက ခေတ်ပေါ်သမိုင်း၊ ဒါက ခေတ်ပြိုင်လူ့အဖွဲ့အစည်း
ဒါက အရိုးပေါ်မှာရိုက်နှိပ်ထားတဲ့
နိုင်ငံတကာ အသိအမှတ်ပြုအသားတံဆိပ်
ဒါက ကျောက်ဆစ်ရုပ်တုမြို့ထဲဝင်လာပုံ
ဒါက ဓားတစ်လက် အခြားဓားတစ်လက်ထဲ ဝင်ရောက်သွားဟန်
ဒါက သူရဲကောင်းတစ်ယောက် မြင်းတစ်ကောင်
ဒါက အမှောင်ထုကျရောက်လာသံ
ဒါက မဖြစ်ရသေးတဲ့စစ်တွေ မပစ်ရသေးတဲ့မြှားတွေ Continue reading

အပျော်စီးပင်လယ် (မောင်ဒေး)


Leave a comment

ဓနိယနွားကျောင်းသား ဆို၏ (မောင်ဒေး)

အရှင့်ကိုဖျော်ဖြေချင်လို့ပါ
ခြေတစ်လှမ်းစီ လှမ်းခဲ့တယ်
တယ်သည့်ကြက်ငှက်၊ အမိန့်ဆင့်ဆိုချက်
ဟယ်လို…ငရဲဘုံ၊ ဒုက္ခထူပြောသည့်အရပ် ပရမ်းပတာ
သင့်ကောင်းမှုကို ကောင်းကင်ဘုံမှာပြန်ပေးမယ်
ဟိုအာရပ်တွေ ဘယ်သွားနေကြသလဲ
ပိုပြီးဝေးလံတဲ့ဗလီဆီသွား
ပိုပြီးစိမ်းလန်းတဲ့စားကျက်ဆီလား
“ဂျုံးအော့ဖ်အာ့ခ်”ကျူးကျော်သူအင်္ဂလိပ်တွေကို
ရဲဝံ့စွာခုခံခဲ့သူ ပြင်သစ်သူရဲကောင်းအမျိုးသမီး
အတူပိုင်ဆိုင်သော၊ ဖက်စပ်ဖြစ်သော
အီဗရာဟင်… အီဗရာဟင်….သူရေမကူးတတ်ဘူး
သိုးဟာအီကနဲအော်ပြီး လည်ပင်းပြတ်ကျသွားတယ် Continue reading

အပျော်စီးပင်လယ် (မောင်ဒေး)


Leave a comment

အပျော်စီးပင်လယ် (မောင်ဒေး)

(ဧပြီ၊ ၂၀၀၆ – ကျော်မွှေးစာပေ။)

မောင်ဒေး ကဗျာများ


Leave a comment

ဧည့်မြှောင် (မောင်ဒေး)

နောက်ဆုံးကျန်တဲ့ ကြောင်တွေဟာ
ကြောင်မျိုးပြုတ်သုတ်သင်ရေးဌာန အဆောက်အဦးပေါ်ကနေ
ခုန်ချ လွတ်မြောက်သွားတယ်။ ငါတို့ဟာ ငါတို့တစ်ဝက်၊ ငါတို့မဟုတ်တာ
တစ်ဝက်။ ရန်ကုန်က Notorious B.I.G. လိုခေါင်းစွပ်အနက် ဝတ်ထားတယ်။
ငါတို့ဟာ ရာသီသွေးပေါ်ခါစ အချိန်လို စိတ်လှုပ်ရှားမှုအပြည့်
မျှော်လင့်ချက်အပြည့်နဲ့ ဖြစ်ပါတယ်။ အမေ့လျော့ခံ တောင်ကြားတွေကို
ငါတို့ မျက်လုံးမှေးပြီး ကြည့်ကြတယ်။ မောင်းသူမပါတဲ့ ဒရုန်းလေယာဉ်တွေက
ငါတို့ရဲ့ဇာတ်တော်လာ သတ္တဝါတွေကို တိုက်ခိုက်ဖျက်ဆီးခဲ့တယ်။
ငါးရှဥ့်တွေဟာ သူတို့ရဲ့တွင်းထဲကနေ ထွက်လာပြီး
အိုဘားမားရဲ့ ဗဂျိုင်းနားဆီကို အိတ်ဖွင့်ပေးစာတွေ လှမ်းရေးကြတယ်။
ကိစ္စတိုင်းဟာ သမ္မတနဲ့ သက်ဆိုင်ပါတယ်။
ကိစ္စတိုင်းဟာ သမ္မတနဲ့ မသက်ဆိုင်ပါဘူး။ Continue reading