လမ်းအိုလေး

beyond chaOs

ငါ့စုဗူး (အောင်ချိမ့်)


Leave a comment

ငါ့စုဗူး – ၃၉ (အောင်ချိမ့်)

အရာရာတိုင်းဟာ မျှော်လင့်တိုင်း ဖြစ်လာရင်
သင်ဟာ နောက်တစ်ခါ
မျှော်လင့်ချင်ဦးမှာလား
မမျှော်လင့်ချင်တော့ဘူးလား
ပျင်းလာ ငြီးငွေ့လာမှာလား
ပျော်ရွှင်
နောက်ထပ် ပျော်ရွှင်လာမှာလား
ကျွန်တော့်ကို ပြောပြနိုင်ပါသလား။

ဥာဏ်နည်းသူမို့
ကျွန်တော့်ကို ပြောပြနိုင်ပါသလား။
ကံနည်းသူမို့
ကျွန်တော် သိချင်လှပါတယ်။


(ငါ့စုဗူး – အောင်ချိမ့်။ ၂၀၁၄။)

ငါ့စုဗူး (အောင်ချိမ့်)


Leave a comment

ငါ့စုဗူး – ၃၈ (အောင်ချိမ့်)

စာရွက်တွေ
မြေပုံတွေ
သက်သေပြချက်တွေ
ဖြစ်ပုံ ပျက်ပုံတွေ
ဒါ များလွန်းတယ်။

ကိုယ့်အမှန်ကို
ဒီလိုပြလို့ လိုအပ်သလား။

ဒီလိုဆို
မှားနေပြီ။


(ငါ့စုဗူး – အောင်ချိမ့်။ ၂၀၁၄။)

ငါ့စုဗူး (အောင်ချိမ့်)


Leave a comment

ငါ့စုဗူး – ၃၄ (အောင်ချိမ့်)

မတွေ့တာ ကြာခဲ့
ခုတော့ တွေ့ကြ။

ငါတို့ကြားမှ သစ်ရွက်လှုပ်သံများ
ဖြတ်ပြီး …
မင်းအော်သံဟာ
ငါ့ဆီ လာတော့မယ်။

စိတ်မကောင်းစရာကဗျာ
ငါ မစပ်တော့ပါဘူးကွာ။


(ငါ့စုဗူး – အောင်ချိမ့်။ ၂၀၁၄။)

ငါ့စုဗူး (အောင်ချိမ့်)


Leave a comment

ငါ့စုဗူး – ၄၈ (အောင်ချိမ့်)

နံနက် ၁ နာရီမှာ အရက်စသောက်တယ်
အဖော်မရှိ
အခြားမရှိ
သေရသလိုပဲ။


(ငါ့စုဗူး – အောင်ချိမ့်။ ၂၀၁၄။)

ငါ့စုဗူး (အောင်ချိမ့်)


Leave a comment

ငါ့စုဗူး – ၃၁ (အောင်ချိမ့်)

တစ်ယောက်ယောက် လာမှ
လက်ဖက်ရည်သောက်မလို့
တစ်ယောက် တစ်ဝက်
နှစ်ယောက် တစ်ခွက်ပေါ့။

ချစ်ခင်မှုနဲ့ စိတ်ရွှင်လန်း
လူရွှင်လန်းစေဖို့။

လာစေချင်သူ လာခဲ့ရင်
ကောင်းတာပေါ့။


(ငါ့စုဗူး – အောင်ချိမ့်။ ၂၀၁၄။)

ငါ့စုဗူး (အောင်ချိမ့်)


Leave a comment

ငါ့စုဗူး – ၂၅ (အောင်ချိမ့်)

ငါဟာ ရောက်ပြီးသားတွေ ပြန်ပြန်ရောက်နေတယ်
ငါဟာ ဖြစ်ပြီးသားတွေ ပြန်ပြန်ဖြစ်နေတယ်
ငါဟာ တိုင်ပတ်နေတယ်
ငါဟာ ရွာလည်နေတယ်။
ဒါဟာ ကမ္ဘာကြီး လိမ္မော်သီးကဲ့သို့
လုံးဝန်းနေကြောင်း၊ လုံးကြောင်း
သေချာရေရာအောင်
ငါပြောနိုင်ခဲ့တာပဲ။


(ငါ့စုဗူး – အောင်ချိမ့်။ ၂၀၁၄။)

ငါ့စုဗူး (အောင်ချိမ့်)


Leave a comment

ငါ့စုဗူး – ၂၀ (အောင်ချိမ့်)

အခု ငါတို့ရောက်နေတာ
အရင်တုန်းက အဝေးကြီးမှာ
အဝေးကြီးတွေ နီးလာပေါ့။

အခု၊ ငါ့အသက်
အသက် ဘယ်လောက်ရှိပြီလဲ။
အဝေးကြီးတွေ
အနီးလေး ရောက်လာတာပေါ့လေ။


(ငါ့စုဗူး – အောင်ချိမ့်။ ၂၀၁၄။)

ဆေးရှူတဲ့မောင် (အောင်ချိမ့်)


Leave a comment

ဘတ်စ်ကားစီးသူ (အောင်ချိမ့်)

ကလေးငယ်ဟာ ဖုန်တွေနဲ့ဆော့နေတယ်
ကလေးဟာ ပျော်နေတယ်
ဖုန်တွေကြားမှာ
ကလေးဟာ ကြည်လင်နေတယ်။

တစ်ပင်လုံးကြွေတော့မယ့် ဗန်ဒါရွက်တွေ
ကြောက်စရာကောင်းလောက်အောင် လှလို့
(အဲဒီကြွေသွားတဲ့အထဲ
ဗန်ဒါရွက်အပြင် ဘာတွေပါသေးလဲ)
ငါအံ့အားသင့်ရ။

ဖြစ်စဉ်တရား
အလှတရား
ပြိုင်တူဖူးပွင့်
ပြိုင်တူဖွင့်ဆိုနေသည့်နှယ်။
Continue reading

ဆေးရှူတဲ့မောင် (အောင်ချိမ့်)


Leave a comment

မုန်းတော်မူ (အောင်ချိမ့်)

ငါတို့ကြိုက်ခဲ့တာတွေ
မကြိုက်ကြတော့ဘူး
မကြိုက်တော့ဘူး
မကြိုက်တော့၍ ကြိုက်ပါလို့ ပြောလို့မရ
ပြောလို့မရတော့တဲ့ အခြေ။

ငါ့ကြက်ဟင်းခါးတွေ
ငါ့ပေါင်မုန့်မီးကင်တွေ
ငါ့ဤလူ့ဘောင်တွင်တွေ
ငါ့ Bjork တွေ
ငါ့မေရှင်တွေ
ကုန်ပြီ။
Continue reading

ဆေးရှူတဲ့မောင် (အောင်ချိမ့်)


Leave a comment

ချစ်စကား (အောင်ချိမ့်)

ငယ်ဘဝနှင်းများ
သီချင်းများ
ဒီကနေ ငါ တစ်ခါမှ
ငါ တစ်ခါမှမရ။
ပြည်တွင်းစစ်အတွင်း ရထားစီးရသလို
ရထားစီးရသလို
ဇာတ်လမ်းမှာ ဖတ်မဝအောင်ရှိ၍
ငါတို့မှာ ထောင့်တောင့်တောင့်ဖက်နမ်း၏။

ဘာကိုကြားရပါသလဲ
မြစ်ရေစီးများ၊ ရေစီးများ။
Continue reading