လမ်းအိုလေး

beyond chaOs

တကယ်မရှိတဲ့အရာ (နေမျိုး)


Leave a comment

သမိုင်းဝင်ပထဝီစာအုပ် (နေမျိုး)

သမိုင်းဝင်ပထဝီ စာအုပ်တစ်အုပ်ကို ကျွန်တော်တွေ့ဖူးတယ်။ ကျွန်တော့်အဘိုးရဲ့ မိတ်ဆွေ အဘိုးကြီး တစ်ယောက်ရဲ့ စာကြည့်ခန်းထဲမှာ တွေ့ခဲ့ဖူးတာပါ။ ကျွန်တော့်အဘိုးရဲ့ မိတ်ဆွေ အဘိုးကြီးဟာ သူ့ဖခင်ဆီက အမွေဆက်ခံ ထိန်းသိမ်းထားခဲ့တဲ့ စာအုပ်ဖြစ်တယ်လို့ ဆိုပါတယ်။ သမိုင်းဝင်ပထဝီ စာအုပ်ဟာ စက္ကူတွေက ဝါကျင်ကျင် ဖြစ်နေပေမယ့် စာလုံးတွေကို ထင်ထင်ရှားရှား ဖတ်ရှုလို့ ရနေတုန်းပါပဲ။ ကမ္ဘာမြေကြီး တည်ရှိနေပုံ အစောဆုံး ပုံကြမ်းကိုလဲ သမိုင်းဝင် ပထဝီစာအုပ်ထဲမှာ တွေ့ကြရတယ်။ ဒါကြောင့်ပဲ သူ့ကို သမိုင်းဝင်ပထဝီစာအုပ်အဖြစ် သတ်မှတ်ခဲ့ကြတာပေါ့။ သမိုင်းဝင်ပထဝီစာအုပ်ကို ကူဗလိုင်ခန် လက်ထက်မှာ ပုံနှိပ်ခဲ့တယ်လို့ ဆိုကြတယ်။ တချို့သုတေသီတွေကတော့ မန်ချူးဧကရာဇ် လက်ထက်မှာ ပုံနှိပ်ခဲ့ကြတာလို့ ဆိုကြရဲ့။ ဘယ်လိုပဲဖြစ်ဖြစ် သူဟာ သမိုင်းဝင် ပထဝီစာအုပ်ပါ။ သူ့မှာ တန်ဖိုးကြီးတဲ့ ရှားပါးတဲ့ အချက်အလက်တွေကို ဖော်ပြထားတယ်။ ကုန်းမြေတည်နေပုံနဲ့ ရေပြင်တည်နေပုံကို ရှင်းလင်းဖော်ပြထားပြီး ကုန်းမြေရဲ့ မြေသားနဲ့ ကျောက်လွှာများအကြောင်းကိုလည်း ဖော်ပြထားပါတယ်။

ဒီကနေ့ခေတ် ကမ္ဘာ့မြေပုံထဲက မြင့်မားတဲ့ တောင်တန်းကြီး တစ်ခုကို သမိုင်းဝင် ပထဝီစာအုပ်ထဲမှာ ပင်လယ်ရေအောက် ကြမ်းပြင်အဖြစ် တွေ့ကြရတယ်။ သမိုင်းဝင် ပထဝီစာအုပ်ထဲမှာ ကမ္ဘာ့မြေသားပြင်ရဲ့ အလယ်ဗဟိုက အရည်ပျော်နေတဲ့ သတ္တုတွေအကြောင်း ဖော်ပြထားတယ်။ ပေါက်ကွဲပျက်စီးသွားတဲ့ မီးတောင် (၃၂)လုံးနဲ့ မပေါက်ကွဲသေးတဲ့ မီးတောင် (၁)လုံး အကြောင်းကိုလည်း သမိုင်းဝင် ပထဝီစာအုပ်ထဲမှာ ဖတ်ရှုနိုင်တယ်။ ပေါက်ကွဲပြီးစီးသွားတဲ့ မီးတောင်တွေထဲမှာ နောက်တစ်ကြိမ် ထပ်မံပေါက်ကွဲဖို့ အသင့်ဖြစ်နေတဲ့ မီးတောင်တွေလဲ ပါသတဲ့။ လုံးဝ မပေါက်ကွဲသေးတဲ့ မီးတောင်(၁)လုံးကတော့ စိတ်ဝင်စားစရာ ကောင်းလှတယ်။ Continue reading

တကယ်မရှိတဲ့အရာ (နေမျိုး)


Leave a comment

အချိန်အခါမဟုတ် မိုးရွာသွန်းခြင်း (နေမျိုး)

ခေတ်တိုင်းခေတ်တိုင်းမှာ ဒဏ္ဍာရီတွေ ရှိတယ်။ ဒဏ္ဍာရီတွေ အားလုံးကို လူတိုင်း နားလည်သိရှိနိုင်ခြင်း မရှိကြပေမယ့် တစ်ခါတစ်ရံမှာတော့ ဒဏ္ဍာရီတွေဟာ တကယ့်အဖြစ်အပျက်တွေထဲကို ဝင်ရောက်သွားပြီး မြို့ထဲမှာ လမ်းလျှောက်နေတတ်တယ်။ သူတို့ကို မြင်တွေ့သူတွေက သူတို့ဟာ ဒဏ္ဍာရီတွေဆိုတာ သိကောင်းမှ သိကြပေလိမ့်မယ်။ ဒါပေမဲ့ သူတို့ဟာ ဒဏ္ဍာရီတွေပါ။ သူတို့မှာ မယုံနိုင်စရာ အဖြစ်အပျက်တွေ ရှိကြတယ်။ တချို့တစ်ဝက်ကတော့ တကယ့်အဖြစ်အပျက်တွေပါပဲ။ သိပ်ဆန်းကြယ်တဲ့ ခံစားချက်တွေလည်း ပါတယ်။ ညနေဆည်းဆာ မှောင်ရီရီ လမ်းမီးတွေ လင်းလာပြီဆိုရင် ဒဏ္ဍာရီတွေဟာ သူတို့ရဲ့ မူလနေရာကို ပြန်သွားကြတယ်။ ဒါပေမဲ့ အကုန်လုံးဟာ သူ့မူလ နေရာကို ပြန်မရောက်နိုင်ကြတော့ဘူး။ ဒဏ္ဍာရီတွေဟာ မြို့ကြီးရဲ့ တကယ့်အဖြစ်အပျက်တွေထဲမှာ တစ်ဝက်တစ်ပျက် ရောနှောကျန်ရစ်ခဲ့ပြီလေ။ ဒါကြောင့် ငါတို့ဟာ ဘဏ်တိုက်ကြီးတွေကို မြင်တွေ့နေရပြီး ငါတို့ရဲ့ အမည်စာရင်းဟာ ဘဏ်တိုက်ထဲမှာ ရှိမနေတာပဲပေါ့။
Continue reading
တကယ်မရှိတဲ့အရာ (နေမျိုး)


Leave a comment

သန်းခေါင်ယံကလပ် (နေမျိုး)

ငါက ငွေစက္ကူတွေရေတွက်ရင်း သေတာ၊ အားလုံး ၃၉၈၂၇၆ရွက်တိတိ။ ငါက မြေကြီးကို ပေါက်တူးနဲ့ပေါက်ရင်း သေတာ၊ နေကြဦး၊ ငါမြေကြီးတွေ နေရာရွှေ့ပစ်ရဦးမယ်။ ကျုပ်က အိပ်ပျော်ရင်းသေတာ၊ အိပ်မက်ထဲမှာ ကျုပ်က လမ်းလျှောက်နေတာဗျ။ ခုလဲ အဲသလို လမ်းလျှောက်နေတုန်းပဲ။ ကျွန်တော်က သူ့လက်ကို ကိုင်ရင်းနဲ့သေတာ၊ သူ့လက်က ရေခဲလိုအေးစက်စက်နဲ့၊ ၁၉၈၂ခုနှစ်က အတိုင်းပဲ။ သူ့လက်ကလေး နွေးလာအောင် ကျွန်တော်လုပ်ရဦးမယ်။ ကျုပ်က စာအုပ်တစ်အုပ် ဖတ်ရင်းနဲ့သေတာ၊ ဒီမှာ ဂိုဒေါ့ရောက်လာပြီလား၊ ကျုပ်ကိုပြောပြပါ။ စာမျက်နှာ၈၂အထိတော့ ဂိုဒေါ့ ရောက်မလာသေးဘူး။ ကျုပ်က အရက်သောက်ရင်း အသက်ထွက်သွားတာ၊ ဒါပေမဲ့ ကျုပ်တကယ်မမူးသေးဘူး၊ နောက်တစ်ခွက်လောက် ထပ်သောက်ရမယ်၊ ဒီတစ်ခွက်ဆို မူးပါပြီ။ ငါက ဆေးပြားတွေ သောက်ရင်း သေတာ၊ ငါနေ့တိုင်းနေ့တိုင်း ဆေးပြားတွေ အများကြီး သောက်ရတယ်၊ မင်းတို့ရော ဆေးပြားတွေ သောက်ကြရသလား။ ဒါဆို မင်းတို့သောက်တဲ့ဆေးနဲ့ ငါသောက်တဲ့ဆေး လဲသောက်ကြရအောင်။ Continue reading
တကယ်မရှိတဲ့အရာ (နေမျိုး)


Leave a comment

ဝက်သားစားလား (နေမျိုး)

ဝက်သားစားလား ဆိုတော့
ဟုတ်ကဲ့ – စားပါတယ် လို့ သူက ဖြေတယ်။

ဦးခေါင်းမှာ ပေါင်းထားတဲ့ တဘက်ကို ဖြေချလိုက်တယ်။ အစတစ်ဖက်နဲ့ နဖူးမှာ သီးနေတဲ့ ချွေးတွေကို သုတ်တယ်။ လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်တယ်။ နည်းနည်းတော့ သက်သောင့်သက်သာ ဖြစ်သွားတဲ့ပုံပါပဲ။ ပြီးတော့ စားပွဲပေါ်မှာ ဆောင့်ကြောင့်ထိုင်နေတယ်။ စားပွဲပေါ်မှာ ဘာမှမရှိဘူး။ သူ အလျင်မလိုပါဘူး။ ဖြည်းဖြည်းသက်သာပဲ။ တံတွေးတစ်ချက်တော့ မျိုလိုက်တယ်။ အဲဒီအချိန် လူတစ်ယောက် ရောက်လာတယ်။ ပြီးတော့ မေးမြန်းတယ်။ ဝက်သားစားလား တဲ့။ ဟုတ်ကဲ့ – စားပါတယ် လို့ သူကဖြေတယ်။ သေချာမှုတစ်ခုနဲ့ ဖြေတဲ့အဖြေပါ။ ပြီးတော့ သူတစ်ယောက်တည်း စားပွဲပေါ်မှာ ကျန်ခဲ့ပြန်တယ်။ ချွေးနည်းနည်း စို့လာတာကြောင့် လည်ပင်းမှာ ပတ်ထားတဲ့ ပေါင်းတဘက် အစတစ်ဖက်နဲ့ မျက်နှာကို ယပ်ခတ်နေတယ်။ စားပွဲပေါ်မှာ ငရုတ်သီးဖတ်ကလေး တစ်ဖတ်၊ ပုရွက်ဆိတ် တစ်ကောင်က စားပွဲပေါ်မှာ တရွရွ သွားနေတယ်။ ထမင်းလုံးစေ့ကလေး တစ်စေ့။ ခုချိန်ထိတော့ အရာရာဟာ အရင်အတိုင်းပါပဲ။ သူက စားပွဲပေါ်မှာ ဆောင့်ကြောင့်ထိုင်နေဆဲပဲ။ ငရုတ်သီးဖတ် နီနီကလေးရှိရာကို ပုရွက်ဆိတ်ကလေး ရောက်သွားတယ်။ ဒီဘက်မှာ ကုလားပဲဟင်း အစအန ပေကျံနေတယ်။

Continue reading

တကယ်မရှိတဲ့အရာ (နေမျိုး)


Leave a comment

တကယ်မရှိတဲ့အရာ (နေမျိုး)

တကယ်မရှိတဲ့အရာကို လေလံပွဲတစ်ခုက ကျွန်တော် ဝယ်ယူခဲ့တယ်။
တကယ်မရှိတဲ့အရာဟာ လူကြိုက်နည်းတဲ့ ပစ္စည်းတစ်ခုပါ။

ဒါပေမဲ့ ကျွန်တော့်မှာပါတဲ့ငွေနဲ့ ဈေးသက်သက်သာသာ ဝယ်ယူနိုင်တာကြောင့် ကျွန်တော်ဝယ်ယူခဲ့တယ်။ လေလံပွဲက အလုပ်သမားတစ်ယောက်နဲ့ ကျွန်တော်ဟာ တကယ်မရှိတဲ့အရာကို မနိုင့်တနိုင်နဲ့သယ်ပြီး တက္ကစီပေါ် တင်ခဲ့ကြတယ်။ လေလံပွဲက မပြီးသေးဘူး။ ကျွန်တော်က ကားပေါ်တက်ပြီး တက္ကစီသမားကို မောင်းတော့လို့ ပြောလိုက်တယ်။ မြို့ထဲရှုပ်ထွေးတဲ့ လမ်းမကြီးတွေကိုဖြတ်တော့ ကျွန်တော်ဟာ တကယ်မရှိတဲ့အရာကို မလှုပ်အောင် လက်တစ်ဖက်နဲ့ ထိန်းကိုင်လာခဲ့ရတယ်။ တကယ်မရှိတဲ့အရာဟာ တက္ကစီပေါ်မှာ ငြိမ်ငြိမ်သက်သက် ပါလာခဲ့ပါတယ်။ ကျွန်တော့်အိမ်က ဘူတာရုံနဲ့ နီးနီးကလေးပါ။ ဘူတာရုံနားကိုရောက်တော့ ကားကခုန်တယ်။ ဒါပေမဲ့ ကျွန်တော်ဟာ တကယ်မရှိတဲ့အရာကို မကျိုးမပဲ့ပဲ အကောင်းအတိုင်း သယ်ဆောင်လာနိုင်ခဲ့တယ်။ တကယ်မရှိတဲ့အရာဟာ ရှေးဟောင်းပစ္စည်းတစ်ခု မဟုတ်ပေမယ့် သူ့ရဲ့သက်တမ်းဟာ ကျွန်တော့်ထက် ကြီးရင့်ပါတယ်။

Continue reading

တကယ်မရှိတဲ့အရာ (နေမျိုး)


Leave a comment

ငါ့အမေကို ဘာလုပ်တာလဲ (နေမျိုး)

ငါ့အမေကို ဘာလုပ်တာလဲ၊ ကလေးတစ်ယောက်က မေးတယ်၊ သူ့ခါးကိုထောက်လို့။ ငါ့အမေကို ဘာလုပ်တာလဲ။ ဟေ့ ဒီမှာ မေးနေတယ်ကွ။ မင်းပဲဖြေလိုက်ကွာ။ ငါမသိဘူး၊ ငါမသိတာတွေ အများကြီးကွ။ မင်းအမေက မင်းတို့အိမ်ထဲမှာ အိပ်ပျော်နေမှာပေါ့ကွာ၊ ထပ်မေးတယ် ကလေးက။ ငါ့အမေကို ဘာလုပ်တာလဲ၊ အေး ငါတို့လည်း အဲဒါကိုပဲ သိချင်နေကြတာ။ မင်းသိရင် ပြောလေ။ မင်းကို သရဲသကြားလုံး ကျွေးမယ်။ ဟေ့ကောင် ငါတို့ဆီမှာ သရဲသကြားလုံး မရှိဘူး။ သိပ်ခါးတဲ့ ဆေးပြားတွေပဲ ရှိတယ်။ ဟိတ်-ချာတိတ် မင်းသောက်မလား။ ငါ့အမေကို ဘာလုပ်တာလဲ။ ကလေးဟာ သူ့မေးခွန်းကို ဆက်လက်မေးမြန်းတယ်။ သူ့ခါးကို ထောက်မြဲ၊ မှောင်တော့မ.်ကလေး။ မင်းအိမ်ပြန်တော့။ မင်းအမေက မင်းကိုစောင့်နေလိမ့်မယ်။ ငါတို့မှာ အချိန်မရှိဘူး၊ ပြီးတော့ ငါတို့မှာ အမေမရှိဘူးကွ။ ဘယ်သူပြောတာလည်း။ လူအ-။ မင်းအမေက နယူးယောက်မှာ၊ ငါ့အမေက ဂျိုဟာနစ္စဘတ်မှာ။ ဒီကောင့်အမေက ဟေတီမှာ။ ဟေ့ကောင် ငါ့အမေက ဟေတီမှာ မဟုတ်ဘူး တရုတ်ပြည်မှာကွ။ ငါ့အမေက အားလုံးထဲမှာ အသက်အကြီးဆုံး၊ ညညဆို မှန်အိမ်လေးထွန်းပြီး ကျမ်းစာအမြဲဖတ်တယ်။ ငါ့အမေက သွားတွေ တချောင်းမှ မရှိတော့ဘူးကွ၊ သူက နွားနို့ပူပူကြိုက်တယ်၊ ရေဒီယို နားထောင်တယ်။ ငါ့အမေက မျက်စိသိပ်မှုန်တာ ဒါပေမဲ့ ငါ့ကို ဘယ်တော့ဖြစ်ဖြစ် မှတ်မိတယ်။ သူက အမှောင်ထဲမှာထိုင်ရင်း ငါ့ကို အမြဲစောင့်နေတာ၊ မေရီ့မှာ သိုးကလေးတစ်ကောင်ရှိတယ်ဆိုတဲ့တေး မင်းတို့ နားထောင်ဖူးလား။ ငါ့အမေကို ဘာလုပ်တာလဲ။ ကလေးက မေးတယ်။ နှစ်ကာလတွေက သူ့ကို သေသေချာချာကြည့်တော့ ကလေးဟာ အဘိုးကြီးတစ်ယောက်အဖြစ် ပြောင်းလဲသွားတယ်။ သူက ဆက်မေးလေတယ်။ ငါ့အမေကို ဘာလုပ်တာလဲ။ မင်းပဲ ဖြေလိုက်ပါကွာ။

၂၀၁၀-၃-၁၆
(တကယ်မရှိတဲ့အရာ (ခေတ်ပေါ်ကဗျာ) – နေမျိုး။ ဇန်နဝါရီ – ၂၀၁၂၊ ထန်းရွက်ပုတီး စာအုပ်တိုက်။)


Leave a comment

ကျွန်တော် ခင်ဗျားရဲ့ လေဟာနယ် နည်းနည်းယူမယ်နော် (ဇေယျာလင်း)

တကယ့်ဘဝ

တကယ့်ဘဝ

ယူပြီး ဘာလုပ်မှာလဲ။ မြို့ကြီးပြကြီးတည်မယ်ဗျာ။ အင်္ဂါစုံတဲ့ မြို့ကြီးပြကြီးပေါ့။ တစ်ချိန်မှာ မြေပုံဖြစ်လာမယ့် မြို့ကြီးပြကြီးပေါ့။ ပြီးတော့ လိုအပ်တဲ့ မြို့တော်သူ မြို့တော်သားတွေ၊ အကျင့်စရိုက်တွေ၊ အနုပညာတွေ၊ လျှပ်စစ်မီးဖွေးညတွေ။ ကောင်းပါပြီရဲ့။ ခင်ဗျားရဲ့ မြို့ကြီးပြကြီးတစ်ဖြစ်လဲ ကျွန်တော့်လေဟာနယ် နည်းနည်းထဲမှာ ကိုယ့်အိမ်ထဲ ပြည်နှင်ဒဏ် ခံနေရတဲ့ စိတ်ကလေးကို ဘယ်နေရာမှာ ထားမလဲ။???

Continue reading


Leave a comment

နယ်နမိတ်များကို လေ့လာခြင်း (ဇေယျာလင်း)

တကယ့်ဘဝ

တကယ့်ဘဝ

နယ်ခြားမျဉ်းသူ / သား။ အချို့ ဘယ်တော့မှ အရွယ်ရောက်မလာကြပဲ ‘ဘွန်ဆိုင်း’စိတ်ပုလေးတွေ ဖြစ်သွားကြတယ်။ ဂျစ်ပ်စီလှည်းတွေရဲ့ အရက်စော်နံ သီချင်းတွေ တထောင်းထောင်းထ။ ဘယ်လရောင်အောက်မှာမဆို ဒဏ္ဍာရီတွေဟာ အသက်ဝင်လှုပ်ရှားကြတယ်။ ဥပမာ ‘အချစ်’။ မျက်လုံးနောက်ကွယ်က ရုပ်ရှင်ပြစက်ဟာ မသွားတစ်ချက် သွားတစ်ချက်။

Continue reading


Leave a comment

သူတို့ရဲ့ အမှန်တရားက ဗလပိုတောင့်လေသလားမသိ (ကဲဆုသာ)

သူတို့ရဲ့ အမှန်တရားက ဗလပိုတောင့်လေသလား မသိ (ကဲဆုသာ)

အခြားတစ်ခုခုကို အမှန်တရားလို့ သူတို့က အမည်ပေးလိုက်တာကနေ စခဲ့တာပါပဲ ။ အဲဒီကိစ္စမှာ ပါဝင်ခဲ့သူတွေက သူတို့ကိုယ်သူတို့ အသာလေး ၀ှက်ထားလိုက်ကြတယ် ။ ဆိုကရေးတီးလောက် တာဝန်မဲ့တာ မရှိဘူးလို့ ကျွန်တော်ကပြောရင် ဘယ်လိုထင်မလဲ ။ အမှန်တရားအတွက် အသက်ကို ဆန့်ထုတ်ပေးရမယ်လို့ပဲ ကျွန်တော်က ယုံကြည်တယ်။ သေပေးရမယ်လို့ မယုံကြည်ဘူး ဆိုကရေးတီးလိုမျိုး။

မနေ့က ကို ဘယ်သူတွေ ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့ကြသလဲ၊ ကျွန်တော်ကိုယ်တိုင်ကော၊ သိပ်ပြီး ဝေးလွန်းရင်လည်း မမြင်ရပြန်ဘူး၊ နီးလွန်းတော့လည်း မျက်စိလျှမ်းပြန်တယ်။ အဲဒီလိုကြောင့်ပဲပေါ့၊ ကျွန်တော်တို့ နဲ့ ခုတွေ အကြိမ်ကြိမ် အလီလီ လွဲလွဲနေရတာ။  နောက်တစ်ခေါက်ပေါင်းလည်း မနည်းတော့ဘူး ထင်တယ် ဆရာစိုင်းခမ်းလိတ်ရေ။

အရင်က ဟိုနေရာလား ခုဘယ်ရောက်သွားပါလိမ့် ဆိုတာမျိုးလား ယုံကြည်ခြင်းတွေ သဲထဲမှာ ခပ်တည်တည်စိုက်ထူထားတဲ့ အလံတိုင်တစ်တိုင်လိုထက် Continue reading


Leave a comment

သည်ဒုက္ခမှာမြူးမိတယ် (နေမျိုး)

ကဗျာဆရာဝံပုလွေ (နေမျိုး) - Cover Art
သည်ဒုက္ခမှာမြူးမိတယ်။ သြော် . . . ဒုက္ခ ဒုက္ခ . . . ။ ဒီဒုက္ခမှာမြူးမိ
တယ်။ သြော် . . . ဒုက္ခ ဒုက္ခ သင်ဟာ ဒုက္ခလို့ထင်ရက်စရာမရှိအောင်ပါပဲ။
သင့်ကိုယ်သင်းနံ့က ငါ့ကို ကလေးဘ၀ဆီထိပြန်အမှတ်ရစေပြီး တောင်
ကုန်းကြီးတစ်ခုပေါ်ကို တေးတကြော်ကြော်နဲ့တက်နေမိသလိုပါပဲကွာ။
သည်ဒုက္ခမှာ မြူးမိတယ်။ သင့်ဆံနွယ်တွေဟာ မဟူရာ။ ငါ့ကိုဖမ်းယူမယ့်
မဟူရာကွန်ယက်လို့ မသိတတ်နိုင်အောင်ပါပဲ။ မဟူရာကွန်ယက်ထဲမှာ
ငါဟာငြိတွယ်ခဲ့။ သည်ဒုက္ခမှာမြူးမိတယ်။ သြော် . . . ဒုက္ခ ဒုက္ခ
မြူးမိလေပေါ့ သည်ဒုက္ခမှာ။ ညအခါ ကြယ်စင်မင်းထွန်းလင်းသလို
ဝင်းဝင်းပပ ရွှန်းမြ မင်းမျက်ဝန်းတွေတစ်ကမ္ဘာ ငါမက်မြင်ဖို့အိပ်မက်တွေဟာ
လတ်လတ်ဆတ်ဆတ်အတောင်တဖျပ်ဖျပ်ခတ်သံတောင် ကြားမိပါရဲ့။
Continue reading