လမ်းအိုလေး

beyond chaOs

အရုပ်လုပ်သူ


1 Comment

ပဋိပစ္စည်း (​မောင်​​ဒေး)

မှန်တစ်ချပ်ရဲ့ ဟိုဖက်ခန်းမှာ ပြောင်းပြန်စကြဝဠာတစ်ခု ရှိတယ်။ အဲဒီ စကြဝဠာမှာ သူရူးတွေက သူကောင်းဖြစ်သွားတယ်။ အရိုးတွေက မြေကြီးအောက်ကနေ ကုပ်တွယ်ထွက်လာပြီး အချစ်ရဲ့ ပထမဆုံးသော အကျိအချွဲအဖြစ် ယုတ်လျော့ ပြောင်းလဲသွားတယ်။

ညနေဘက်ကျမှ နေက စထွက်တယ်။

အသက်တစ်ရက် ထပ်ငယ်ရလို့ဆိုပြီး ချစ်သူတွေ ငိုကြွေးကြတယ်။ မကြာခင်မှာ သူတို့ရဲ့ အပျော်တွေကို ငယ်ဘဝက အပြီးအပိုင် ယူငင် ရုပ်သိမ်းသွားတော့မှာလေ။

အဲသလို ကမ္တာ္ဘမျိုးမှာ ဝမ်းနည်းခြင်းတွေ သိပ်များတယ်။ အင်းလေ၊ အဲဒီဝမ်းနည်းခြင်းဟာ ပျော်ရွှင်ခြင်းပေါ့     …

(Antimatter)
The Childhood of an Equestrian (1973)


(အရုပ်လုပ်သူ – မောင်ဒေး။ မေ၊ ၂၀၁၇။ Black Swan Publishing.)
Selected Poems of Russell Edson)

အရုပ်လုပ်သူ


Leave a comment

ဖြစ်နေကျ ပုံစံကြီး (​မောင်​​ဒေး)

မိန်းမတစ်ယောက်က အဘိုးကြီးတစ်ယောက်ကို မွေးဖွားတယ်။

ငါတော့ ဒါမျိုး ထပ်ကြုံရပြီဆိုပြီး အဘိုးကြီးက အော်ငိုတယ်။ ပြီးတော့ မတတ်နိုင်ဘူးလေဆိုပြီး သက်ပြင်းကိုချ၊ မိန်းမရဲ့နို့ကို ပါးစပ်နဲ့ ငုံလိုက်တယ်။

မိန်းမကတော့ ကလေးရလို့ ပျော်နေတယ်။ အသက်ကြီးတဲ့ကလေး ဆိုသော်လည်းပေါ့လေ။

တစ်ယောက်ယောက်က တကယ့်ကလေးကို ထားရမယ့်နေရာမှာ အဘိုးကြီးကို မှားပြီး ထားခဲ့တာလဲ ဖြစ်ကောင်းဖြစ်မယ်။ ကလေးက ကြီးရင့်လွန်းနေတယ် ဆိုတာကို သူတို့ တွေ့တော့ ဒီမိန်းမအတွက်က ဒီလောက်ဆို ရပြီ။ တကယ်ဆို ဘာနဲ့မှတန်တဲ့မိန်းမ မဟုတ်ဘူးဆိုပြီး သူတို့ ပြောကြပါတယ်။

မိန်းမက တွေးတယ်။ အဖေအရွယ်လောက်ရှိတဲ့ ကလေးကို ရထားတဲ့ မိခင်ဆိုရင် သူတစ်ယောက်တည်းပဲလား၊ နောက်ထပ် ရှိသေးလားပေါ့။

(The Pattern)
What A Man Can See (1969)


(အရုပ်လုပ်သူ – မောင်ဒေး။ မေ၊ ၂၀၁၇။ Black Swan Publishing.
Selected Poems of Russell Edson)

Src: Ai Weiwei


Leave a comment

ဖုန်တွေနဲ့အတူ မင်းကိုယ့်ကို စောင့်မျှော်လို့နေတယ် (ဇေယျာလင်း)

(မိမိပြန်အလာကို နေ့စဉ်စောင့်မျှော်ရှာတဲ့ ဇနီးသို့)

မင်းရဲ့နာမည်မှာ ဘာမှမကျန်ရစ်တော့ဘူး
ကိုယ့်ပြန်အလာကို စောင့်ဖို့ကလွဲလို့
ဘာမှ မကျန်ရစ်တော့ဘူး
ကိုယ်တို့အိမ်က ဖုန်တွေနဲ့ပဲအတူ မျှော်လင့်လို့။
အထပ်လိုက် အထပ်လိုက် ဖုန်တွေ
ထောင့်တိုင်းမှာ ဖုန်တွေဟာ လျှံကျလို့။
ခန်းဆီးတွေ မင်းမဖွင့်ရက်ဘူးလေ
ဖုန်တွေရဲ့ ငြိမ်သက်မှုကို အလင်းတွေနှောင့်ယှက်လိုက်မှာ
မင်းခမျာ စိုးရိမ်လို့။

စာအုပ်စင်ပေါ်မှာ လက်ရေးနဲ့ရေးထားတဲ့ လေဘယ်လ်ဟာ
ဖုန်တွေအောက်မြုပ်နေပြီပေါ့လေ
ကော်ဇောရဲ့ အဆင်ဒီဇိုင်းဟာလည်း
ဖုန်တွေကိုပဲ ရှူသွင်းတယ်
ကိုယ့်ဆီမင်း စာတစ်စောင်ရေးနေချိန်မှာ
ကလောင်သွားဟာ ဖုန်တက်နေတာ ချစ်စရာ
ကိုယ့်မျက်လုံးတွေကို နာကျင်မှုဟာ ဓားလိုထိုးတယ်။

အဲဒီမှာမင်း တစ်နေကုန်တစ်နေခန်း ထိုင်တယ်
မလှုပ်ရဲမယှက်ရဲ
မင်းခြေလှမ်းတွေဟာ ဖုန်တွေကို နင်းချေမိမှာ စိုးရိမ်လို့
အသက်ကိုတောင် ထိန်းထိန်းသိမ်းသိမ်း မင်းရှူတယ်
တိတ်ဆိတ်မှုကို သုံးစွဲပြီး ဇာတ်လမ်းတစ်ပုဒ်မင်းရေးတယ်
ဒီလိုအချိန်မျိုးမှာ အသက်ရှူကြပ်စေတဲ့ ဖုန်တွေဟာပဲ
တစ်ခုတည်းသော သစ္စာစောင့်သိရိုသေမှု။
Continue reading


1 Comment

၁၉၉၀ အထူးသီးသန့်​ (သီဟသူ)

နှစ်​​ပေါက်​​အောင်​ ဝတ်
အရိုးအထိ ငြီး​ငွေ့၊
အ​မှောင်​ထဲမှာ
အ​မှောင်​နဲ့အတူ က၊
ကိုယ့်​ကိုယ်​ကို သတ်​​သေမယ့်​ချာတိတ်
ဆံပင်​​တွေဖြူလာ။

အား၊ မြန်​ဆန်​​သော​နွေများ
ပြီးစီးပြီး ကုန်​ဆုံးသွား
အမြဲထာဝရ။

အခု
သေခြင်းက
ကျုပ်​ကို ​ချောင်းကြည့်​​နေပြီလား။

ဟင့်​အင်း၊ အဲဒါ ကျုပ်​ရဲ့​ကြောင်​ပါ၊
ဒီ
တစ်​ခါ။


( Charles Bukowski ရဲ့ 1990 special မြန်​မာပြန်​ – သီဟသူ။)


Leave a comment

အိုး၊ ရက်​စ် (သီဟသူ)

အထီးကျန်
ဖြစ်​ရတာထက်​ ပိုဆိုးတဲ့အရာ​တွေ အများကြီး
ဒါ​ပေမဲ့ ဆယ်​စုနှစ်​​ပေါင်းများစွာ ကြာတယ်
ဒါကို သိနားလည်​ဖို့
နောက်​ပြီး မကြာခဏဆိုသလို
ခင်​ဗျား နားလည်​တဲ့အခါ
အရမ်း ​နောက်​ကျသွားပြီ
အရမ်း​နောက်​ကျ
တာထက်
ဆိုးတာ ဘာမှမရှိ​တော့။


( Charles Bukowski ရဲ့ oh, yes မြန်​မာပြန်​ – သီဟသူ။)


Leave a comment

လျှို့ဝှက်​ရယ်​သံ (သီဟသူ)

ရှာ​ဖွေခံ​နေရတဲ့ လူလိမ်​ဟာ
ခင်​ဗျား​နောက်​ဆုံးမှ ရှာကြည့်​​လောက်​မယ့်
နေရာမှာ ပုန်း​နေ
နောက်​ပြီး ရှာ​တွေ့ရင်​​တောင်​မှ ခင်​ဗျား ယုံမှာမဟုတ်
အဲဒီမှာ တကယ်​ရှိ​နေတယ်​ဆိုတာ
တစ်​ပုံစံထဲပဲ
သာမန်​လူတစ်​​ယောက်
တကယ့်​ပန်းချီကား​ကောင်းတစ်​ချပ်​ကို မယုံကြည်​သလိုမျိုး။


( Charles Bukowski ရဲ့ secret laughter မြန်​မာပြန်​ – သီဟသူ။)


Leave a comment

လှပသောအရာများနှင့် နက်နဲသိမ်မွေ့သောအရာများအကြောင်း (​မောင်​​ဒေး)

ဒေးဗစ်​​ လေးမန်း

…. ​​သူ့ရဲ့ကဗျာ​တွေဟာ (၁) ရယ်​စရာ​ကောင်းတယ်​၊ ရွှင်​တယ်​။ (၂) ကိုယ်​​ရေးရာဇဝင်​ ဆန်​တယ်​။ (၃) အ​ကြောင်းကိစ္စ​တွေရဲ့ ​ရှေ့​နောက်​မညီညွတ်​မှု​တွေ ယှဉ်​တွဲတည်​ရှိ​နေတာကို ပြပြီး အတွင်းပဋိပက္ခကို ​ဖော်​ထုတ်​တယ်​။ ကျွန်​​တော်​ သူ့ကိုကြိုက်​တာမှာ ရွှင်​တာက အ​ကြောင်းတစ်​ချက်​ ဖြစ်​ပါတယ်​။ ….

– ​မောင်​​ဒေး

အသိပညာဟာလှတယ်၊ နားလည်သဘောပေါက်မှုက နက်နဲသိမ်မွေ့တယ်။

— ခါးန့်ထ်

၁။
ရေဒီယိုဟာ အပူမီဒီယာဖြစ်တယ်။
တယ်လီဗီးရှင်းက အေးတယ်။*

ရုရှားနိုင်ငံမှာ ရထားခရီးစဉ်တစ်ခုဟာ ဝတ္ထုရှည်တစ်ပုဒ်ဖြစ်တယ်။
ရှီကာဂိုမြို့ကို ရထားနဲ့သွားတာဟာ ရုပ်ရှင်တစ်ကားဖြစ်တယ်။
မိုင်ယာမီမြို့ကို ​လေယာဉ်နဲ့သွားတာဟာ
ဘေးဒုက္ခဆိုးတွေအကြောင်း ရိုက်ထားတဲ့ ရုပ်ရှင်တစ်ကားဖြစ်တယ်။

ကျောက်ထင်းရှုးပင်တစ်ပင်ဟာ ကဗျာတစ်ပုဒ်ဖြစ်တယ်။
ညောင်မုတ်ဆိတ်ပင်တစ်ပင်ဟာ
ရေ့ဖ်ဝေါ်လ်ဒိုအီမာဆန်ရဲ့ စကားပြေဖြစ်တယ်။
Continue reading


Leave a comment

နံရံကို ကျွန်​မ ​ခေါင်းနဲ့ ဝင်​​ဆောင့်​ပစ်​ခဲ့တယ်​ (​​မောင်​​ဒေး)

Anna Swir

အန်​နာဆွားရ်

…. ​နောက်​တစ်​ခု သတိထားမိတာက​တော့ သူ့ကဗျာ​တွေထဲမှာ ပုဂ္ဂလဓိဌာန်​နဲ့ ဓမ္မဓိဌာန်​ဟာ ပူးချည်​ခွာချည်​ ဖြစ်​​နေတာ။ တစ်​ခါတစ်​ခါမှာ လှိုက်​လှိုက်​လှဲလှဲ ဖွင့်​ဟဝန်​ခံသလို ဖြစ်​​နေပြီး တစ်​ခါတစ်​ခါမှာကျ​တော့ သူ့ကိုယ်​သူ အ​ဝေးက​နေ ခွာကြည့်​တယ်​။ ….

– ​မောင်​​ဒေး

ကလေးအရွယ်တုန်းက
သူတော်စင်
ဖြစ်ဖို့ဆိုပြီး
ကျွန်မရဲ့လက်ချောင်းကို မီးထဲထိုးထည့်ခဲ့တယ်။

ဆယ်ကျော်သက်အရွယ်မှာ
နံရံကိုခေါင်းနဲ့ နေ့စဉ်ဝင်ဆောင့်ပစ်ခဲ့တယ်။

မိန်းမပျိုလေးဖြစ်လာတော့
ခုန်ချဖို့ဆိုပြီး
ထပ်ခိုးပြတင်းပေါက်ကတစ်ဆင့်
အမိုးပေါ် ကျွန်မတက်ခဲ့တယ်။

မိန်းမကြီးအရွယ်ရောက်တော့
ကျွန်မတစ်ကိုယ်လုံးမှာ သန်းတွေမြင်မကောင်းဘူး။
ကျွန်မရဲ့ဆွယ်တာကို မီးပူတိုက်တဲ့အခါများ
ပေါက်ပေါက်ဆုပ်တွေလို တဖောက်ဖောက်။
Continue reading


Leave a comment

အကျဉ်းသား (​မောင်​​ဒေး)

အဒိုးနိစ်

…. ​ဒါ​ပေမယ့်​ ကဗျာက အရာဝတ္ထု​တွေနဲ့ ဘာသာစကားကြားက ဆက်​သွယ်​ချက်​ကို ​ပြောင်းလဲ​ပေးပြီး ကမ္ဘာသစ်​ရဲ့ ပုံရိပ်​ကို ဖန်​တီး​ပေးနိုင်​တယ်​။ ကဗျာနဲ့ ပတ်​သက်​ပြီး သီအိုရီထုတ်​ရတာဟာ အချစ်​အ​ကြောင်း ​ပြောရတာလိုပါပဲ။ ရှင်းပြလို့မရတဲ့ အရာ​တွေ အများကြီး ရှိပါတယ်​။ ကမ္ဘာကို ဖန်​တီးထားတာ နားလည်​ဖို့မဟုတ်​၊ ရှုမှတ်​ဆင်​ခြင်​ဖို့နဲ့ ​မေးခွန်းထုတ်​ဖို့သာဖြစ်​တယ်​လို့ (အဒိုးနိစ်​က) ​ပြောခဲ့ပါတယ်​။ ….

– ​မောင်​​ဒေး

မြက်​ပင်​နဲ့ ပန်းမာလာ အငုံအဖူးတို့ရဲ့ အကျဉ်းစံ ငါက
ကမ်းစပ်​က သစ်​ကိုင်း​တွေကို ယှက်​​ဖောက်​ပြီး
ကျွန်းတစ်​ကျွန်းကို စိတ်​ထဲမှာ ​ဆောက်​တယ်​။
သ​င်္ဘောဆိပ်​​တွေ ​ပျောက်​ကွယ်​သွားတယ်​။
အနက်​​ရောင်​မျဉ်း​တွေလည်း ရွက်​ထည်​က​နေ
ပြုတ်​ထွက်​သွားတယ်​။ ငါဟာ
Continue reading

Embryoyo: New Poems (Dean Young)


Leave a comment

ဈာန်ဝင်စားမှု ၁၀ခု (ဇေယျာလင်း)

‘ကဗျာဆရာဆိုတာ ချောက်ကမ်းပါးထိပ်ကနေ ခုန်ဆင်းချလိုက်တဲ့ ကာတွန်းဇာတ်ကောင်နဲ့လည်း တူရဲ့။ ကာတွန်းဆိုတော့ ဇာတ်ကောင်ကလည်း အောက်ကျမသွားပဲ လေထဲ ဝဲနေတာပေါ့။ ဘယ်အချိန်မှာမှ ကျသွားသလဲ​ဆိုတော့ သူ့ဒုက္ခ​ဟာ ဆင်ခြင်တုံတရားနဲ့ မကိုက်ညီဘူးလို့ သဘောပေါက်လိုက်​မိချိန်မှာ ဖြစ်တယ်။ ကဗျာဆရာ​အဖို့တော့ သူ့ရဲ့ စိတ်ကူး​ဖြန့်ကြက်နိုင်စွမ်းဟာ သူ့ကို လေထဲ ဝဲနေစေတာ ဖြစ်တယ်။ အဲသလို ဝဲနေတာမို့လို့လဲ ရှုခင်းကို ပိုကျယ်ကျယ်​ ပြန့်ပြန့်​လေး မြင်ရတာ​ဖြစ်တယ်။ ဖတ်သူဘက်က​ကြည့်ရင် ချောက်ကမ်းပဲထဲ ပြုတ်ကျရလိမ့်မယ်လို့ ဧကန်မုချ သိနေပေမယ့် အဲသလို ပြုတ်ကျမယ့်​အချိန်ကို ရွှေ့ဆိုင်း​ထားလိုက်ခြင်းဟာ ဖတ်သူကို နှစ်လိုဖွယ် ဆွဲဆောင်​ထားလိုက်တာ ဖြစ်တယ်’

(A Andaman’s Review of ‘Fall Higher’)


စွပ်ပြုတ်လုပ်ဖို့ သင် ဆုံးဖြတ်လိုက်တယ်။
သင့်မှာ ကြက်သွန်နီလည်း မရှိ၊ မုန်လာဥဝါလည်း မရှိ။
ကြက်သားလည်း မရှိ၊ ဟင်းသီးဟင်းရွက်လည်း မရှိ၊ တရုတ်နံနံလည်း မရှိ။
ရေနဲ့ ဆားတော့ သင့်မှာ ရှိတယ်။
ဆယ်မိနစ် ပြုတ်။ ခူးခပ်ထည့်။
ပြီးရင် ဟောဒီ စွပ်ပြုတ်ရိုးရိုးနဲ့ပဲ
သင့်မျက်နှာ သစ်ချင်သစ်လိုက်ပေါ့။


အကောင်းဆုံးလက်ရာ ဖန်တီးဖို့ သင် ဆုံးဖြတ်လိုက်တယ်။
သင့်မှာ ပန်းချီဆေးလည်း မရှိ၊ စူးလည်း မရှိ၊
ပါရမီလည်း မရှိ၊ စက္ကူလည်း မရှိ၊ ပီယာနိုလည်း မရှိ
တုတ်ချောင်းလေးတွေ ခဲဖျက်လေးတွေလည်း မရှိ။
လေတော့ သင့်မှာ ရှိတယ်။
သံသယဖြစ်ဖွယ်ရာ ဘာမှမရှိဘူး၊ သေချာတယ်
အကောင်းဆုံးလက်ရာပါပဲ။


နတ်ဘုရားတစ်ပါး ပြုလုပ်ဖို့ သင် ဆုံးဖြတ်လိုက်တယ်။
သင့်မှာ ဘာပညတ်တော်မှလည်း မရှိ၊
ရီနေးဆန့်စ်ခေတ် ဘုရားစင် နောက်ခံနံရံပန်းချီ မရှိ၊
ဘယ်သူတော်စင် ဓာတ်တော်မွေတော် မရှိ၊ အခွန်ဆောင်စရာ
မလိုတဲ့ တီဗီ ဧဝံဂေလိ တရားဟောဆရာတွေ၊ ထူးထူးဆန်းဆန်း
ရယ်စရာဦးထုပ်တွေ မရှိ။
သင့်ကိုယ်သင်တော့ ရှိတယ်။
စွမ်းပါ့ကွာ၊ နတ်ဘုရားတွေဟာ ဝေါ့လ်တ်ဝှစ်တမင်းန်လို
လုပ်ရည်ကိုင်ရည် ရှိကြပါဘိ။


သင့်ချစ်သူကို ဖွင့်ပြောလိုက်ဖို့ သင် ဆုံးဖြတ်လိုက်တယ်။
သူနဲ့ ဆက်ဆံရတာ ဘယ်လောက်ကြိုက်တယ်ဆိုတာ
ဒါပေမယ့် သင်ပြီးတော့မယ့် အချိန်မှာပဲ
ချစ်သူရဲ့ ရင်သီးလေးတွေဟာ သင့် လက်ဖဝါးအောက်မှာ
ပုလဲလုံးလေးတွေလို မာတောင်နေတဲ့ အချိန်မှာပေါ့၊
သင့်စိတ်ထဲ ဖြစ်တာ သင်သိတာက
ဒီထက် ပိုနက်ရှိုင်းတဲ့ အရာတစ်ခုခု သင်ချစ်နေတယ်ဆိုတာ။


ပန်းတစ်ပွင့်ပြုလုပ်ဖို့ သင် ဆုံးဖြတ်လိုက်တယ်။
သင့်မှာ သစ်စေ့မရှိ၊ ပျား မရှိ၊ လင်းနို့ချေး မရှိ၊
ကျောက်သားကမ္ပည်းထိုးပုံ၊ ကောက်ဆွ၊ နေရောင်ခြည်၊
စာခြောက်ရုပ်တွေ မရှိ။
ခံစားမှုတစ်ခုတော့ သင့်မှာ ရှိတယ်။
ဥုံဖွ။
Continue reading