လမ်းအိုလေး

Løøps of Resistance …


Leave a comment

ကမ္ဘာကြီး တစ်ပတ်လည်တယ် နှစ်ပတ်လည်တယ် သုံးပတ်လည်တယ် (​မောင်​​ဒေး)

ကမ္ဘာကြီး တစ်ပတ်လည်တယ် နှစ်ပတ်လည်တယ် သုံးပတ်လည်တယ် တစ်နေ့ကို ထမင်းသုံးကြိမ်စားရလို့ ဝမ်းသာရတယ် တစ်ပတ်ကို ရုပ်ရှင် တစ်ကားကြည့်ရလို့ ပျော်ရတယ် ဆင်းရဲသားတွေပဲ စစ်တပ်ထဲကိုရောက် တိုက်ပွဲမှာသေရလို့ တော်ပါသေးရဲ့ဆိုပြီး ရင်ထဲက အလုံးကြီး ကျရတယ် သုံးရက်တစ်ခါလောက် လိင်ဆက်ဆံခွင့်ရ… တစ်နှစ်တစ်ခါလောက် ကဗျာ
Continue reading


Leave a comment

ရာသီဥတု ငါနဲ့အတူရှိပါစေ (​မောင်​​ဒေး)

ရာသီဥတု ငါနဲ့အတူရှိပါစေ ငါ့ရဲ့အခန်းထဲမှာ တစ်စုံတစ်ယောက်က
မှန်တစ်ချပ်လာထားသွားတယ် မနက်တိုင်းမှာ အဲဒီမှန်ကိုမကြည့်မိဖို့ ငါ ကြိုးစားရတယ် သစ္စာတရားဆိုတာ ရုပ်ကြွင်းလောင်စာလိုပဲ
၂၀၀၈ ခုနှစ်မှာ Peak ဖြစ်သွားပြီး အကျဘက်ကိုပဲ ရောက်လာခဲ့ပြီ
ငါတို့အထိတ်တလန့် ဖြစ်ရတဲ့အရာဟာ အခုအိမ်ရှေ့မှာ မဟုတ်ဘူး

အိမ်ထဲကို ရောက်လာခဲ့ပြီ မန်ကျည်းပင်ပေါ်က ပုရွက်ဆိတ်ကလေးတွေ တစ်ကောင်ပြီးတစ်ကောင်ထပ်ပြီး စုလိုက်တော့ ငါ့ရဲ့ဦးခေါင်း ဖြစ်လပါလေရော — နေဟာ တစ်ယောက်ချင်းစီအတွက် လင်းတယ် — လေဟာ တစ်ယောက်ချင်းစီအတွက် တိုက်တယ်– ဒါပေမယ့် နောင်အနှစ်၅၀ မှာ ညအချိန်ဆိုတာ ရှိနိုင်ပါဦးမလား ဟိုက္ကူကဗျာတွေထဲမှာ ချယ်ရီပင်တွေ
Continue reading


Leave a comment

သူတို့က ငါတို့ကိုမုန်းတယ် ငါတို့ကကော သူတို့ကို ပြန်ချစ်နိုင်ပါ့မလား (​မောင်​​ဒေး)

သူတို့က ငါတို့ကိုမုန်းတယ်ငါတို့ကကော သူတို့ကို ပြန်ချစ်နိုင်ပါ့မလားေ မာင်းသူမဲ့အာကာသယာဉ်တွေထဲကို ခွေးတွေထည့်ပြီး မျောက်တွေထည့်ပြီး သူတို့စေလွှတ်တယ်ငါတို့ဟာ ကိုယ့်ချစ်သူရဲ့လက်ကိုဆွဲပြီး ကမ်းခြေဘက် ပြေးထွက်ခဲ့ကြတယ် ရုပ်ရှင်ရုံတွေထဲဝင်ခဲ့ကြတယ်သူတို့ကအမုန်းတရားအားဖြင့် ဖောက်လုပ်ခဲ့တဲ့လမ်းတွေကို ငါတို့ကခြေဗလာနဲ့ လျှောက်ခဲ့ကြတယ်
သူတို့က ဒေါသနဲ့ဆောက်လုပ်ခဲ့တဲ့တံတားတွေရဲ့အောက်မှာ ငါတို့က
Continue reading


Leave a comment

မူလဆီသွားခြင်း (အောင်ခင်မြင့်)

မူလဆီသွားဖို့ လေထဲမှာ စက်ဝိုင်းကို သင်ရေးဆွဲလိုက်တယ်။ စက်ဝိုင်းဟာ သိပ်မဝိုင်းလှဘူး။ အိမ်ထဲကမထွက်ခင် အိမ်ဖော်မလေး ရဲ့ပါးကို သင်ခိုးနမ်းခဲ့သေးတယ်။ သင့် မိန်းမ ဖုန်းပြောနေတုန်း။ မူလဆီသွားခြင်းဟာ မူလဆီပြန်ခြင်း မဟုတ်ဘူး။ အဲဒါကို မသိရင် မြင်းဟာ ကျာပွတ်ဖြစ်သွားလိမ့်မယ်။ ပြီးတော့ အဲဒီခြေကြိုခြေကြားတွေထဲ လိမ့်နေတဲ့ မျက်ရည်ယိုဗုံး နောက်လည်း တကောက်ကောက်လိုက်စရာ မလိုပါဘူး။ လူတိုင်း ဟာ ဘဝမှာ တစ်ကြိမ်ဖြစ်ဖြစ် ကြောင်ကို ခြေထောက်နဲ့ ကန်မိတာပဲ။ ဒါဟာ မူလဆီသွားဖို့ ဖြစ်လာစေမယ့် အကြောင်းတစ်ခုလို့ ဘယ်သူက သိနိုင်မှာလဲ။ မူလဆီသွားဖို့ သူဟာ သူ့မျက်လုံးတွေကို ထိုးဖောက်လိုက်တယ်။ ဒီလိုလုပ်ဖို့ လိုမလို သူလည်းမသေချာဘူး။ လေဆိပ်က လူဝင်မှုကြီးကြပ်ရေး အရာရှိရှေ့က ကင်မရာလို သူဟာ မျက်နှာတွေကို ငြီးငွေ့လာလို့လား။ ဂင်္ဂါမြစ်ပေါ်မှာ ခြေတစ်ဖက်တည်းနဲ့ ရပ်နေတဲ့ ဆာဒူးတွေရော မူလဆီ သွားနေတာလား။ အထည်ချုပ် အလုပ်သမလေးဟာ မူလဆီမသွားခင် တင်ပါးပေါ်မှာ အသည်းပုံတက်တူး ထိုးလိုက်တယ်။ Continue reading


Leave a comment

Facebook မှာ ဓာတ်ပုံတွေ့တယ် (ရဲမြင့်သူ)

Facebookမှာ ဓာတ်ပုံတွေ့တယ် (ရဲမြင့်သူ)
Facebookမှာ ဓာတ်ပုံတွေ့တယ် (ရဲမြင့်သူ)


(မြင်းရုပ်ချားရဟတ်တွေလည်ရင်း သမိုင်းဟာ ကုန်လွန်ရင်း – ရဲမြင့်သူ။ စက်တင်ဘာ – ၂၀၁၂။ နှစ်ကာလများ )


Leave a comment

ဟာလာဟင်းလင်းသည် ခုချိန်ခါများ (ရဲမြင့်သူ)

ဟာလာဟင်းလင်းသည် ခုချိန်ခါများ (ရဲမြင့်သူ)
ဟာလာဟင်းလင်းသည် ခုချိန်ခါများ (ရဲမြင့်သူ)


(မြင်းရုပ်ချားရဟတ်တွေလည်ရင်း သမိုင်းဟာ ကုန်လွန်ရင်း – ရဲမြင့်သူ။ စက်တင်ဘာ – ၂၀၁၂။ နှစ်ကာလများ )

ဘီလူးတို့ရဲ့ မြေနုလွင်ပြင် (မောင်ဒေး)


Leave a comment

လူတိုင်းကို ပျော်အောင်ထားခြင်း/ မျိုးသုဉ်းသွားပြီဖြစ်သော အမွေးရှည် အစွယ်ကောက် ဆင်ကြီးတစ်မျိုး (မောင်ဒေး)

တည်ဆောက်။ ဖျက်ဆီး။ ပြန်လည်တည်ဆောက်။ ဖျက်ဆီး။ တည်ဆောက်။
ဖျက်ဆီး။ ပြန်လည်တည်ဆောက်။ ဖျက်ဆီး။ တည်ဆောက်။ ဖျက်ဆီး။
ပြန်လည်တည်ဆောက်။ ဖျက်ဆီး။ တည်ဆောက်။ ဖျက်ဆီး။ ပြန်လည်
တည်ဆောက်။ ဖျက်ဆီး။ တည်ဆောက်။ ဖျက်ဆီး။ ပြန်လည်တည်ဆောက်။
ဖျက်ဆီး။ တည်ဆောက်။ ဖျက်ဆီး။ ပြန်လည်တည်ဆောက်။ ဖျက်ဆီး။
တည်ဆောက်။ ဖျက်ဆီး။ ပြန်လည်တည်ဆောက်။ ဖျက်ဆီး။ တည်ဆောက်။
ဖျက်ဆီး။ ပြန်လည်တည်ဆောက်။ ဖျက်ဆီး။ တည်ဆောက်။ ဖျက်ဆီး။
ပြန်လည်တည်ဆောက်။ ဖျက်ဆီး။ တည်ဆောက်။
Continue reading

ကိုးဆယ့်တစ် - Pemskool Pdf Poetry


Leave a comment

မူးယစ်နေသူများမှတပါး မည်သူမျှ မရယ်မောနိုင် (ခင်အောင်အေး)

တစ်ဖက်မှာ ပျားတုပ်လျက် အခြားတစ်ဖက်မှာ တော်လှန်ရေး(မိမိကိုယ်မှ မိမိ)
မိမည် မမိမည် မသိရသေးပါ တော်လှန်ရေးကာလ တလျှောက် မမိသေးဘူး
လို့ပဲ ကိုယ့်ကိုယ်ကိုယ်ထင် ကုတင်ရွှေနန်း လျက်ပေါ့ မပေါ့တာ သေချာမှ နှုတ်လိုက်
တော့မယ် ဘာမှလဲ ကြိုတင်မသေချာ နောက်ကျတော့လဲ မသေချာ ဒါဆို ဝင်းဦး နှုတ်
ခမ်းမွေးပေါ့ ဘာဆိုင်လို့လဲ ဆိုင်မှ ပြောရမှာလားဆိုတော့ နောက်ဆုတ်သွားတယ်
ဘာဆိုင် သမ္ဘန်ခပ်ပေါ့ လို့ ခပ်ဆိုင်းဆိုင်းပြောတယ် ကျွန်တော်ချစ်တယ် ကျွန်တော်မုန်းတယ်
အဲဒီလိုကိစ္စမျိုး အမျိုးအမည်မသိ ယူ၊အက်ဖ်၊အို လို့လဲပြောတယ် မင်းဟာ ဟုတ်ရဲ့လား
ဆိုတော့လဲ တောင်ကျရေတွေကိုကြည့်ပေါ့ လို့ပြောတယ် ဘယ်လို ဥပမာ တင်စားမှုမျိုးလဲ
…ဟ ကောင်ရ မင်းက အပျင်းချည့်တက်မနေနဲ့လေ ပေါ့၊ သူ့စကားကြောမှာ ငါမျောမိပြီ
ငါ မိပြီ ငါ့ကိုယ်ငါ မိပြီ ဒါ..တော်လှန်ရေးပဲ မင်း ငါ့ကို မရွဲ့နဲ့နော် သြော် မင်းမှ ပိတောက်တွေ
ပွင့်တာနဲ့ မကြုံလိုက်တာ ကိုယ့်ကိုယ်ကို မိတာ မိတဲ့ အခိုက် တော်လှန်ရေးအခိုက်ပဲ နည်းနည်း Continue reading


Leave a comment

ဟရုကိ မူရာကာမီနှင့် ကြိုတင်ချိန်းဆိုမှုယူခြင်း (ရဲမြင့်သူ)

ဟရုကိ မူရာကာမီနှင့် ကြိုတင်ချိန်းဆိုမှုယူခြင်း (ရဲမြင့်သူ)
ဟရုကိ မူရာကာမီနှင့် ကြိုတင်ချိန်းဆိုမှုယူခြင်း (ရဲမြင့်သူ)


(မြင်းရုပ်ချားရဟတ်တွေလည်ရင်း သမိုင်းဟာ ကုန်လွန်ရင်း – ရဲမြင့်သူ။ စက်တင်ဘာ – ၂၀၁၂။ နှစ်ကာလများ )

ဘယ်လောက်ဝေးဝေး ဆက်သွယ်ရေး (ဟံလင်း)


Leave a comment

အလောင်း၏ ရှည်လျားသောဆံပင်များကို တစ်ပင်ပြီးတစ်ပင် (ဟံလင်း)

အလောင်း၏ ရှည်လျားသောဆံပင်များကို တစ်ပင်ပြီးတစ်ပင် (ဟံလင်း)
မီးခိုးငွေ့များအားလုံး မိုးစက်များအဖြစ်သို့ပြောင်းလဲ တစ်ပုဒ်လုံး
လိုဏ်ခေါင်း ရက်စက်ကြမ်းကြုတ်သောအကြည့်မျိုးဖြင့် မျက်စောင်း
ပေးထားတဲ့ကတိကိုဖောက်ဖျက်တဲ့အခါ ဘယ်လိုသက်ရောက်တတ်တယ်ဆိုတာ

Continue reading