လမ်းအိုလေး

Løøps of Resistance …

Src: Ai Weiwei

ဖုန်တွေနဲ့အတူ မင်းကိုယ့်ကို စောင့်မျှော်လို့နေတယ် (ဇေယျာလင်း)

Leave a comment

(မိမိပြန်အလာကို နေ့စဉ်စောင့်မျှော်ရှာတဲ့ ဇနီးသို့)

မင်းရဲ့နာမည်မှာ ဘာမှမကျန်ရစ်တော့ဘူး
ကိုယ့်ပြန်အလာကို စောင့်ဖို့ကလွဲလို့
ဘာမှ မကျန်ရစ်တော့ဘူး
ကိုယ်တို့အိမ်က ဖုန်တွေနဲ့ပဲအတူ မျှော်လင့်လို့။
အထပ်လိုက် အထပ်လိုက် ဖုန်တွေ
ထောင့်တိုင်းမှာ ဖုန်တွေဟာ လျှံကျလို့။
ခန်းဆီးတွေ မင်းမဖွင့်ရက်ဘူးလေ
ဖုန်တွေရဲ့ ငြိမ်သက်မှုကို အလင်းတွေနှောင့်ယှက်လိုက်မှာ
မင်းခမျာ စိုးရိမ်လို့။

စာအုပ်စင်ပေါ်မှာ လက်ရေးနဲ့ရေးထားတဲ့ လေဘယ်လ်ဟာ
ဖုန်တွေအောက်မြုပ်နေပြီပေါ့လေ
ကော်ဇောရဲ့ အဆင်ဒီဇိုင်းဟာလည်း
ဖုန်တွေကိုပဲ ရှူသွင်းတယ်
ကိုယ့်ဆီမင်း စာတစ်စောင်ရေးနေချိန်မှာ
ကလောင်သွားဟာ ဖုန်တက်နေတာ ချစ်စရာ
ကိုယ့်မျက်လုံးတွေကို နာကျင်မှုဟာ ဓားလိုထိုးတယ်။

အဲဒီမှာမင်း တစ်နေကုန်တစ်နေခန်း ထိုင်တယ်
မလှုပ်ရဲမယှက်ရဲ
မင်းခြေလှမ်းတွေဟာ ဖုန်တွေကို နင်းချေမိမှာ စိုးရိမ်လို့
အသက်ကိုတောင် ထိန်းထိန်းသိမ်းသိမ်း မင်းရှူတယ်
တိတ်ဆိတ်မှုကို သုံးစွဲပြီး ဇာတ်လမ်းတစ်ပုဒ်မင်းရေးတယ်
ဒီလိုအချိန်မျိုးမှာ အသက်ရှူကြပ်စေတဲ့ ဖုန်တွေဟာပဲ
တစ်ခုတည်းသော သစ္စာစောင့်သိရိုသေမှု။

မင်းရဲ့အမြော်အမြင်၊ ဝင်သက်ထွက်သက်နဲ့ အချိန်ဟာ
ဖုန်တွေထဲကို စိမ့်ဝင်တယ်
မင့်နှလုံးသားရဲ့ အနက်ရှိုင်းဆုံးထဲ
အုတ်ဂူဟာ တစ်လက်မပြီးတစ်လက်မ မြင့်တက်လာနေတယ်
မင်းရဲ့ခြေထောက်တွေကနေ
မင်းရဲ့ရင်ဘတ်
ပြီး … မင်းရဲ့လည်မြို

အုတ်ဂူဟာပဲ မင်းအတွက် အကောင်းဆုံး
နားခိုရာဆိုတာ မင်းသိတယ်
အဲဒီမှာ မင်းကိုယ့်ကို စောင့်နေတယ်
ကြောက်စရာမရှိ ထိတ်လန့်စရာနတ္ထိ
အဲဒါကြောင့်ပဲ အမှောင်ထဲမှာ
ဖုန်တွေကိုပဲ မင်းရွေးတာ
တည်ငြိမ်တဲ့ အသက်ရှူကြပ်ရခြင်းထဲမှာ
မင်းစောင့်မျှော်နေတာ
ကိုယ့်ပြန်အလာကို မင်းစောင့်နေတာ
ဖုန်တွေနဲ့အတူ ကိုယ့်ကိုမင်း စောင့်မျှော်နေတာ။

နေ့အလင်းရောင်ကို မင်းငြင်းပယ်လိုက်တယ်
လေရဲ့လှုပ်ရှားမှုကို မင်းငြင်းပယ်လိုက်တယ်
ဖုန်တွေပဲ မင်းကို မြှုပ်နှံလိုက်ကြပါစေတော့
ဖုန်တွေထဲပဲ အိပ်မောကျသွားပါစေတော့
ကိုယ်ပြန်ရောက်လာတဲ့အထိပေါ့
အဲဒီအချိန်မှာ မင်းလည်း နိုးထလာလိမ့်မယ်
မင်းရဲ့ကိုယ်ပေါ်က မင်းရဲ့ နှလုံးသားပေါ်က
ဖုန်တွေကို သုတ်သင်ဖယ်ရှားပစ်လိုက်မယ်။

ကောင်းချီးအံ့ဖွယ်သရဲပဲ
မင်းနဲ့ကိုယ်ဟာ သေရွာပြန်တွေစစ်စစ်ပေါ့။ ။

လျူရှောက်ဘို
ဧပြီ၊ ၉၊ ၁၉၉၉


In memory of Liu Xiaobo (1955-2017)
You Wait For Me With Dust – Liu Xiaobo (English trans.: Zheng Danyi, Shirley Lee and Martin Alexander)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s