လမ်းအိုလေး

Løøps of Resistance …

maung_day_extreme_biology_back_cover


Leave a comment

ခြေတစ်လှမ်းနဲ့တစ်လှမ်းကြားက အကွာအဝေးလို အကွာအဝေးတွေ (မောင်ဒေး)

အဝေးကကြည့်ရင် ကိုယ့်အမြီးကိုယ် ပြန်မြိုထားတဲ့မြွေ။ လမ်းလျှောက်တဲ့အခါ အနောက်က ဘယ်သူမှ ပါမလာဘူး။ ကင်မရာကနေ ချောင်းကြည့်မှသာ အားလုံးကို အတည့်မြင်ရတယ်။

ဒီကမ္ဘာမှာ ဘယ်သူဘာပြောပြော မှန်တာပဲ။ တစ်မြို့လုံး ဘတ်စ်ကားပေါ်ပါသွားတဲ့ အဲဒီညနေခင်းမှာ။ မျက်စိကိုသာ မှိတ်ထားလိုက်။ ဒါဆို ခင်ဗျားမြင်ရပြီ။ ဗုံးကြဲလေယာဉ်တွေက တခြား ကောင်းကင်ထဲမှာသာ ပျံသန်းနိုင်တာ။

လူစိမ်းအကြည့်တွေကို မိတ်ဆွေတွေဆီမှာ မြင်ရတာ။ ဒီတစ်ခါလည်း နောက်ဆုံးအကြိမ် မဟုတ်ပြန်ဘူး။

မီးခိုးကို သရဖူလုပ်ပြီး ပန်ထားတယ်။

ဒီဘက်ကဝင်သော်လည်း ဟိုဘက်က ပြန်ထွက်လာဖို့ မသေချာ။

ကိုယ့်ရုပ်တုကိုယ်ထူဖို့ နေရာအလွတ်တွေ အများကြီး။ ကြယ်တွေက သူတို့ရဲ့ ခြေထောက်အောက်မှာပဲ လင်းလက်တယ်။ တစ်ပေါက်ထဲနဲ့ မလုံလောက်တဲ့အခါ နောက်တစ်ပေါက်ကိုပါ သုံးရတယ်။
Continue reading

အစွန်းထွက် ဇီဝဗေဒ (မောင်ဒေး)


Leave a comment

ကိုင်ဆောင်သူ၏လက်မှတ် မတူပေမယ့် ပြောစရာကလည်း ဒီအကြောင်းပဲရှိတယ် (မောင်ဒေး)

အသားအရောင် ပြောင်းသွားတယ်။ မျက်လုံးအရောင် ပြောင်းသွားတယ်။ တယ်လီဖုန်း Ringtone ပြောင်းသွားတယ်။ တယ်လီဖုန်းထူးတဲ့အခါ ဟယ်လိုလို့ ပြောတဲ့အသံ ပြောင်းသွားတယ်။ နှုတ်ခမ်းစူပုံ ပြောင်းသွားတယ်။ ကိုယ်လိုရာ ကိုယ်ဆွဲပြောတတ်ပုံ ပြောင်းသွားတယ်။ အမွေးအရောင် ပြောင်းသွားတယ်။ သွေးအရောင် ပြောင်းသွားတယ်။ ပူစီအရောင် ပြောင်းသွားတယ်။ ပူစီအနံ့ ပြောင်းသွားတယ်။ ကျုံ့ပုံ၊ ဆွဲပုံ၊ ဖျစ်ညှစ်ပုံ ပြောင်းသွားတယ်။ စာကြောင်းနှစ်ကြောင်း ကြားကနေ စာကြောင်းတွေ ဆွဲထုတ်ပုံ ပြောင်းသွားတယ်။ စာကြောင်းဖြတ်တောက်ပုံ ပြောင်းသွားတယ်။ စက္ကူကို လုံးချေလွှင့်ပစ်ပုံ ပြောင်းသွားတယ်။ အသံထွက်ပုံ ပြောင်းသွားတယ်။ စကားလုံး ရွေးချယ်ပုံ ပြောင်းသွားတယ်။ စကားလုံး တစ်လုံးနဲ့ တစ်လုံးအကြား Continue reading

ဘီလူးတို့ရဲ့ မြေနုလွင်ပြင် (မောင်ဒေး)


Leave a comment

ဘီလူးမျက်နှာဖုံး (မောင်ဒေး)

မသွားခင်ကတည်းက ကြီးစိုးထားတဲ့အရပ်
ပုဂ္ဂလိကပိုင် ပန်းခြံတစ်ခုပဲ၊
ရုပ်တု၊ အုပ်စုနဲ့ လူထု
လူသွားလမ်းမကြီးပေါ်က လင်းနို့အုပ်
သူတို့ ဒီမှာ ရှိခဲ့လို့ပဲ
စပေ့စ်ထဲ ရာစုနှစ်တွေ ပြုတ်ကျသွားသလို
(ပလုံစီနေတဲ့ ရေမျက်နှာပြင် ခံစားချက်)
သူတို့ကို ဆင်းသက်စေခဲ့တယ်၊
ဘီလူးမျက်နှာဖုံး (မောင်ဒေး)သူတို့နဲ့အတူ ခွေး၊ ကြောင်
များစွာ ပြိုင်တူ ဖြိုင်ဖြိုင်ကျ
နော်ဧရဲ့ ရင်သွေးတွေရဲ့
မုန်တိုင်းထဲက အများပြည်သူ
ခုံတန်းလျားပေါ် အသက်ကြီးကြီး
လူတစ်ယောက် လာထိုင်တယ်။
Continue reading

ဘီလူးတို့ရဲ့ မြေနုလွင်ပြင် (မောင်ဒေး)


Leave a comment

ရုပ်ပြဇာတ်လမ်း (၁) (မောင်ဒေး)

ရုပ်ပြဇာတ်လမ်း (၁) (မောင်ဒေး)

တစ်မနက်ခင်းမှာ ငါတို့အားလုံး အိပ်ရာကနိုးလာတော့ အံ့မခန်း စွမ်းအင်တွေကို ငါတို့ရနေတယ်။ အဲဒါက ပင့်ကူုကျွန်းရဲ့ ကောင်းကင်လျှောက်လမ်းပေါ်မှာ လျှောက်လှမ်းနိုင်စွမ်း။ တစ်နေ့တည်းမှာပဲ ငါတို့ဟာ ကတိပေးသူ၊ ရှေ့ဖြစ်ဟောသူ၊ လက်စားချေသူနဲ့ တရားစီးရင်သူတွေ ဖြစ်လို့ ရလာတယ်။ ငါတို့ဟာ လူသတ်ကွင်းကို ရေခဲလွှာပါးပါးနဲ့ ဖုံးထားပြီး ညရဲ့လုံခြုံမှုကို သံဆူးကြိုးနဲ့ ဝိုင်းကာထားတယ်။ တိတ်ဆိတ်မှုထဲမှာကိုပဲ တီးတိုးသာ ပြောကြတယ်။ ငါတို့ဟာ အမည်မရှိသေးတဲ့ အဆိပ်တွေအတွက် နာမည်တွေ စဉ်းစားကြတယ်။ ဘုရားသခင် အကြီးအမှူးပြုတဲ့ တိုက်ခန်းလှေကားထစ်တွေမှာ ကြွေအံကစားပြီး လမ်းထောင့် အမှောင်ရိပ်ထဲမှာ ဒေသခံ လူရိုင်းတွေ အလာကို စောင့်ကြတယ်။ အစက်ကလေးတွေကို တစ်ခုချင်းစီချပြီး စည်းမျဉ်းစည်းကမ်းတွေကို ဖော်ထုတ်နိုင်မယ့် အချိန်က သိပ်မလိုတော့ဘူး။ သယံဇာတက ကျိန်စာဖြစ်တယ်။ ဒီနေ့ကို ပြုလုပ်တဲ့ အရာက ဒီမြို့ကို ပြုလုပ်တယ်။ အနက်ရောင်သုတ်ပြီး ပိတ်လို့ရသလို အဖြူသုတ်ပြီးလည်း ပိတ်လို့ရတဲ့အခါ တို့ ဘာကိုရွေးမလဲ။

Continue reading

ဘီလူးတို့ရဲ့ မြေနုလွင်ပြင် (မောင်ဒေး)


Leave a comment

ရုပ်ပြဇာတ်လမ်း (၂) (မောင်ဒေး)

ရုပ်ပြဇာတ်လမ်း (၂) (မောင်ဒေး)

မြို့ထဲကို သူတို့ရောက်လာတာနဲ့ မြို့သားတွေက သူတို့ရဲ့ အိမ်တံခါးတွေကို ပိတ်လိုက်ကြတယ်။ မြို့လည်နာရီစင်က ဒေါင်ဒေါင်ဒေါင်ဆိုပြီး ငါးချက်မြည်တယ်။ မိုးတစ်ချက် ချုန်းလိုက်ပြီး နာရီစင်ထိပ်က လေညွှန်တံကို မိုးကြိုးပစ်ချလိုက်တယ်။ မြို့လည်စာသင်ကျောင်းက ကျောင်းသားတွေရဲ့ စာအံသံလည်း တိတ်သွားတယ်။ ကျောင်းအုပ်ကြီးက လမ်းပေါ်ထွက်လာပြီး ‘ဟေ့ … မင်းတို့ ဘယ်သူတွေလဲကွ၊ တို့မြို့ကို ဘာလာလုပ်တာတုန်း’လို့ အော်တယ်။

တစ်ချိန်တည်းမှာပဲ ဝမ်းဗိုက်တစ်ခုထဲမှာ တဒုတ်ဒုတ်နဲ့ အသက်ဇီဝကို ကန်းကန်းရမ်းရမ်း ညှစ်ထုတ်ပေးနေတဲ့ နှလုံးနဲ့ သူ့အောက်ဆီဂျင်မှာ နေ့စဉ် ကြီးထွားနေတဲ့အရာ။ တစ်ခုတည်း မဟုတ်၊ နှစ်ခု။ ရမ်းရမ်းကားကား ဆာလောင်နေတဲ့ မိစ္ဆာအစ်ကိုနဲ့ ရှင်သန်ဖို့အရေးအတွက် ခက်ခက်ခဲခဲ ကြိုးပမ်းနေရတဲ့ ညီငယ်။ တစ်ယောက်တည်းမဟုတ်၊ နှစ်ယောက်ဖြစ်တယ်။ Continue reading

အစွန်းထွက် ဇီဝဗေဒ (မောင်ဒေး)


Leave a comment

ဘီးတဲလ်စ်၏ ရေဘဝဲဥယျာဉ်နှင့် အခြားတေးသီချင်းများ (မောင်ဒေး)

ဘီးတဲလ်စ်၏ ရေဘဝဲဥယျာဉ်နှင့် အခြားတေးသီချင်းများ (မောင်ဒေး)

လူမရှိတဲ့ လမ်းတွေမှာ နာမည်လဲ မရှိဘူး။ အဝတ်ဗလာနဲ့ သွားလာကြတဲ့အခါ တစ်ယောက်ကိုတစ်ယောက် ပိုမှတ်မိသလိုလို ရှိတယ်။ ဖိုလိင်အင်္ဂါပုံ တည်ဆောက်ထားတဲ့ မျှော်စင်တွေက မြင်ကွင်းတနံတလျားမှာ ကောင်းကင်ကို ကိုက်ဆွဲချနေတဲ့ သစ်ကုလားအုတ်တွေလို။ မိန်းမတွေက ရင်သွေးတွေကိုပွေ့ပြီး ဒရွတ်သွားနေကြတယ်။ ဒီတစ်ကြိမ် သည်းခံလိုက်ရင် နောက်ထပ် အလှည့်ကျသူက နောက်မျိုးဆက်။
ဟောဒီကြယ်တွေမှာလည်း နာမည်မရှိဘူး။

Continue reading

maung_day_extreme_biology_back_cover


Leave a comment

ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ ကဗျာဖတ်ခြင်း (မောင်ဒေး)

ဒီကဗျာကို ဖတ်နေပြီ ဆိုကတည်းက ကဗျာဖတ်ရတာကို ခင်ဗျားကြိုက်လို့ပဲ ဖြစ်မယ်လို့ ကျွန်တော် ယူဆပါတယ်။ အကယ်၍ ခင်ဗျားဟာ ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုမှာ အလုပ်လုပ်သူတစ်ယောက်၊ ကဗျာလည်း ဖတ်လေ့ရှိပြီး အခု ဒီကဗျာကို ခင်ဗျားရဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ဖတ်နေတာ ဆိုရင်တော့ သံချည်သံကွေး အလုပ်သမားတွေဆီက ထုသံထောင်းသံတွေ၊ အင်္ဂတေဖျော်စက်ရဲ့ တဒီးဒီးမြည်သံ၊ ပန်းရံအလုပ်သမားတွေရဲ့ အော်သစ်ဆူညံသံတွေကြားမှာ ဖတ်ရတာဆိုတော့ ကဗျာပေါ်မှာ အာရုံစိုက်ရတာ ခက်ခဲမှာ အမှန်ပဲ။ ပြီးတော့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ “ဘေးအန္တရာယ် ကင်းရှင်းရေးသည် ပထမ”ဗျ။ ဒီတော့ အခု ဒီကဗျာကို ဖတ်နေတုန်း ကဗျာထဲ အာရုံနစ်နေခိုက် မတော်တဆ ထိခိုက်မှုကို ခင်ဗျား ကြုံချင်ကြုံရမှာပါလားလို့ ခင်ဗျား တွေးမိမှာပဲ။ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ကဗျာဖတ်တာဟာ လုပ်ငန်းခွင်ထဲ ခမောက်မပါပဲ လမ်းလျှောက်သလိုမျိုး အန္တရာယ်လည်းကြီး၊ စည်းကမ်း ဖောက်ဖျက်ခြင်းလည်း မည်တယ်။ ဒီတော့ ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲမှာ ကဗျာဖတ်ရတဲ့ အတွေ့အကြုံဟာ ခင်ဗျားအတွက် သာသာယာယာ မဟုတ်တော့ဘူး။ အကယ်၍ ခင်ဗျားဟာ လုပ်ငန်းခွင်ပြင်ပ အချိန်တွေမှာလည်း ကဗျာဖတ်ခွင့်မရ၊ အခုတစ်ဖန် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ဖတ်ဖို့ ကြိုးစားတော့လည်း အဆင်မပြေဆိုတဲ့ အဖြစ်မျိုး ကြုံရတယ်ဆိုရင် အကျိုးဆက်အနေနဲ့ ခင်ဗျား စိတ်တို၊ စိတ်ဆတ်၊ စိတ်အလိုမကျ ဖြစ်လာမယ်။ ဘဝကို ငြီးငွေ့လာမယ်။ ခင်ဗျားက သောက်တတ်စားတတ်သူဆိုရင် အလုပ်ကနေအပြန် အရက်ဆိုင်ဝင်ပြီး မိတ်ဆွေတွေနဲ့ သောက်တဲ့အခါ ခင်ဗျားရဲ့ ပြဿနာကို သူတို့ကို ပြောပြမိမယ်။ အကယ်၍ ခင်ဗျားရဲ့ မိတ်ဆွေတွေက ကဗျာကို ခင်ဗျားလို မသိ၊ မကြိုက်၊ တန်ဖိုးမထားရင် သူတို့က ခင်ဗျားကို ဟားလိမ့်မယ်။ သူတို့ရဲ့ ဘဝပြဿနာ (ဥပမာ – သူတို့ရဲ့ ကြွေးမြီပြဿနာ၊ အိမ်ထောင်ရေး အဆင်မပြေမှု) စတာတွေနဲ့ ယှဉ်ပြောပြီး ခင်ဗျားရဲ့ ပြဿနာကို သေးဖွယ်နုံနဲ့စွာ သဘောထားကြမယ်။ ခင်ဗျားကလည်း အကျိုးအကြောင်းနဲ့ ပြန်ငြင်းမယ်။ နောက်ဆုံး သူတို့ထဲ တစ်ယောက်ကို Continue reading

Mother and Child Abstract


Leave a comment

အမေပြောခဲ့တာတွေ (ခင်ဇော်မြင့်)

( ၁၉၄၀-၅၀)

ဒုတိယကမ္ဘာစစ်ကြီးဖြစ်သတဲ့။ အင်္ဂလိပ်တွေအ၀င်ဂျပန်တွေပြန်လည် ဆုတ်ခွာချိန်မှာမြို့ ရဲ့ မြောက်ဘက်`ကပိုင်´ဆိုတဲ့  ရွာကလေးဆီတစ်မိသားစုလုံးစစ်ပြေးခဲ့ရသတဲ့။ ရွာဦးကျောင်းမှာလည်းအမေတို့ လိုစစ်ပြေးသူ(ဒုက္ခသည်)တွေနဲ့ ပြည့် နေသတဲ့။
ကျွဲညီနောင်တွေအချိန်ပြည့် နီးပါး ပျံဝဲနေလို့ ဗုံးခိုကျင်းတွေထဲမှာ ထမင်းစားရသတဲ့။ စစ်အတွင်းမှာရောဂါတွေကလည်း
ထူပြောသတဲ့။အမေ့မောင်တစ်ယောက်လည်းကျောက်ရောဂါနဲ့ ဆုံသွားသတဲ့။ ကပိုင်ရွာကလေးမှာပဲဖြစ်သလိုသင်္ဂြိုဟ်ရသတဲ့။
စစ်ကြီးပြီးသလောက်ရှိတော့မှမြို့ ကိုပြန်ကြသတဲ့။

(၁၉၅၀-၆၀)

အဲဒီခေတ်ကမိန်းကလေးဆိုတာအတန်းပညာ သိပ်တတ်စရာမလိုဘူးတဲ့။အရောင်းအ၀ယ်လုပ်တတ်ဖို့ ပဲ အရေးကြီးသတဲ့။ အဲဒါနဲ့ ငယ်ငယ်ရွယ်ရွယ်(၁၄)နှစ်သမီးမှာပဲဈေးချိုသူဖြစ်သတဲ့ ။
Continue reading

ဘယ်လောက်ဝေးဝေး ဆက်သွယ်ရေး (ဟံလင်း)


Leave a comment

အလောင်း၏ ရှည်လျားသောဆံပင်များကို တစ်ပင်ပြီးတစ်ပင် (ဟံလင်း)

အလောင်း၏ ရှည်လျားသောဆံပင်များကို တစ်ပင်ပြီးတစ်ပင် (ဟံလင်း)
မီးခိုးငွေ့များအားလုံး မိုးစက်များအဖြစ်သို့ပြောင်းလဲ တစ်ပုဒ်လုံး
လိုဏ်ခေါင်း ရက်စက်ကြမ်းကြုတ်သောအကြည့်မျိုးဖြင့် မျက်စောင်း
ပေးထားတဲ့ကတိကိုဖောက်ဖျက်တဲ့အခါ ဘယ်လိုသက်ရောက်တတ်တယ်ဆိုတာ

Continue reading