လမ်းအိုလေး

beyond chaOs

ဘဏ်ဓားပြ (သုခမိန်လှိုင်)


Leave a comment

ဆုကြေး (သုခမိန်လှိုင်)

ဘဏ်တိုက်ကြီးထဲက
ငွေတွေကိုသာ
လိုချင်ခဲ့တဲ့ ဓားပြ။

တန်ရာတန်ကြေးကတော့
ကျည်ဆန်တွေသာရခဲ့ရ။


အစိမ်းရောင် ဘောလုံးအသင်း (၂၀၀၀)
(ဘဏ်ဓားပြ – သုခမိန်လှိုင်။ သြဂုတ် – ၂၀၁၃၊ ကျော်မွှေးစာပေ။)

ဘဏ်ဓားပြ (သုခမိန်လှိုင်)


Leave a comment

အနုပညာ (သုခမိန်လှိုင်)

အနုပညာ
ဪ … အမှားအပြည့် လောကီအပေါ်
နေပျော်သော လူ့ရွာ
ငါ ရှာကြံခဲ့မိလေသလော။

ကြိုးစားပါတယ်
စွမ်းဆောင်ပါတယ်
တိုင်ထိပြီး ထွက်လာတဲ့ ဘောလုံးပါ
ဂိုးမရပါဘူး။
Continue reading

ဘဏ်ဓားပြ (သုခမိန်လှိုင်)


1 Comment

ကဗျာ (သုခမိန်လှိုင်)

စကြဝဠာကို ကြိုးနဲ့ဆွဲခေါ်လာပြီး
ကမ်းခြေကို ပို့ပေးခဲ့တယ်။
သက်သက်သာသာ နေဝင်သွားတယ်
သက်သက်သာသာ အိမ်ပြန်ကြတယ်
သက်သက်သာသာ မီးထွန်းကြတယ်
သက်သက်သာသာ သေကြတယ်။


အစိမ်းရောင် ဘောလုံးအသင်း (၂၀၀၀)
(ဘဏ်ဓားပြ – သုခမိန်လှိုင်။ သြဂုတ် – ၂၀၁၃၊ ကျော်မွှေးစာပေ။)

ဘဏ်ဓားပြ (သုခမိန်လှိုင်)


Leave a comment

ကာရန် (သုခမိန်လှိုင်)

အောင်မြင်ခြင်းဟာ ပျင်းဖို့ကောင်းတယ်
အနုပညာနဲ့ ကမ္ဘာကြီးကို
ကိုယ့်ဘက်ကပဲ ချစ်ရတာကောင်းတယ်။
Continue reading

ဘဏ်ဓားပြ (သုခမိန်လှိုင်)


Leave a comment

သံစဉ် (သုခမိန်လှိုင်)

ငါ့ကို
စိတ်ဆိုးမာန်ဆိုး ဖြစ်စေမဲ့ နေ့ကလေးကိုပေးတော့
ငါ့မှာ
ချော့မြှူရတယ်
ပွတ်သပ်ရတယ်
ပြီးမှ
သီချင်းလုပ်ပြီး ဆိုခဲ့ရတယ်။


အစိမ်းရောင် ဘောလုံးအသင်း (၂၀၀၀)
(ဘဏ်ဓားပြ – သုခမိန်လှိုင်။ သြဂုတ် – ၂၀၁၃၊ ကျော်မွှေးစာပေ။)

ဘဏ်ဓားပြ (သုခမိန်လှိုင်)


Leave a comment

စာသား (သုခမိန်လှိုင်)

အသံကြားတယ်
ကမ္ဘာကြီးကို ခေါင်းတိုက်မိတာပါ
မနာပါဘူး
စိတ်အလိုဆန္ဒရှိ နေ့များ။
Continue reading

ဘဏ်ဓားပြ (သုခမိန်လှိုင်)


Leave a comment

ဂြိုဟ်သား (သုခမိန်လှိုင်)

ကမ္ဘာကြီးက
ကုလားကားပဲ။

မြို့တက်
စိတ်ညစ်
တောပြန်။

မြို့တက်
စိတ်ညစ်
တောမပြန် Continue reading

ဘဏ်ဓားပြ (သုခမိန်လှိုင်)


Leave a comment

အသက်ရှူခြင်း သံခိပ် (သုခမိန်လှိုင်)

ကန်တင်လိုက်တယ် တနင်္ဂနွေတစ်ခု
ကန်တင်လိုက်တယ် ငါ့ကို
ကနတင်လိုက်တယ် အိုက်စကရင်တစ်ခွက်
ကန်တင်လိုက်တယ် ကိုဆိုဗိုစစ်ပွဲများ
ကန်တင်လိုက်တယ် ဘလက်မိုးနိုက်တေးများ
ကန်တင်လိုက်တယ် အမျိုးအမည်မတူ ဒုက္ခချင်းတူတဲ့ အနာတရများ။
Continue reading

ဘဏ်ဓားပြ (သုခမိန်လှိုင်)


Leave a comment

So So Close (သုခမိန်လှိုင်)

So So Close
So So Close
ဘောလုံးပွဲ ကြေညာသူရဲ့အသံ
ဘာသာပြန်ရင် ပျက်သွားမှာစိုးလို့။

So So Close
ပိတ်ဆို့မှုတွေကြားမှာ
သွင်းသွားတဲ့ဂိုးကို
ကြေညာရင်း သုံးသွားတာပါ။
Continue reading

ဘဏ်ဓားပြ (သုခမိန်လှိုင်)


Leave a comment

ဂိုးသမား (သုခမိန်လှိုင်)

ကိုယ့်အချစ်နဲ့ကိုယ်
ရူးသွပ်မှုတွေကြောင့်သာ
ငါ့တာဝန်တွေ ဖြစ်ပေါ်လာခဲ့။

မိုးတိမ်တွေကို စောင့်ဖမ်းသူ
ကြယ်ပွင့် အိပ်မက်
ရာသီ ပန်းပွင့်
ရှုမျှော်ခင်းတွေ စောင့်ဖမ်းသူ။
Continue reading