ဂေါ့ထ်ဖားသားရုပ်ရှင်နဲ့ မလုံလောက်ဘူးထင်လို့ ထူးထွေဆန်းပြား ဂျိန်းစဘွန်းရုပ်ရှင်တွေ ကြည့်တယ်
ဂေါ့ထ်ဖားသားရုပ်ရှင်နဲ့ မလုံလောက်ဘူးထင်လို့ ရင်သပ်ရှုမောဖွယ် ကြယ်တာရာစစ်ပွဲရုပ်ရှင်တွေ ကြည့်တယ်
ဂေါ့ထ်ဖားသားရုပ်ရှင်နဲ့ မလုံလောက်ဘူးထင်လို့ ရင်တမမ ကြာပွတ်မင်းသားလူစွန့်စားရုပ်ရှင်တွေ ကြည့်တယ်
ဂေါ့ထ်ဖားသားရုပ်ရှင်နဲ့ မလုံလောက်ဘူးထင်လို့ ဆာမူရိုင်းတွေဓါးသိုင်းတဲ့ရုပ်ရှင်တွေ ကြည့်တယ်
ဂေါ့ထ်ဖားသားရုပ်ရှင်နဲ့ မလုံလောက်ဘူးထင်လို့ ကောင်းဘွိုင်တွေသေနပ်ချင်းယှဉ်ပစ်တဲ့ ရုပ်ရှင်တွေ ကြည့်တယ်
ဂေါ့ထ်ဖားသားရုပ်ရှင်နဲ့ မလုံလောက်ဘူးထင်လို့ ဆိုင်ကိုလူသတ်ကောင်ရုပ်ရှင်တွေ ကြည့်တယ်
ဂေါ့ထ်ဖားသားရုပ်ရှင်နဲ့ မလုံလောက်ဘူးထင်လို့ အံ့ဖွယ်သရဲ စူပါမင်း၊လင်းနို့လူသားနဲ့ပင့်ကူလူသား စူပါဟီးရိုးရုပ်ရှင်တွေ ကြည့်တယ်
ဂေါ့ထ်ဖားသားရုပ်ရှင်နဲ့ မလုံလောက်ဘူးထင်လို့ သွေးစုပ်ဖုတ်ကောင်နဲ့မကောင်းဆိုးဝါးရုပ်ရှင်တွေ ကြည့်တယ်
ဂေါ့ထ်ဖားသားရုပ်ရှင်နဲ့ မလုံလောက်ဘူးထင်လို့ အနာဂတ်ကမ္ဘာမှစက်ရုပ်များအန္တရာယ်တော်လှန်ရေးရုပ်ရှင်တွေ ကြည့်တယ်
ဂေါ့ထ်ဖားသားရုပ်ရှင်နဲ့ မလုံလောက်ဘူးထင်လို့ မိတ်ဆွေဂြိုဟ်သား(သို့)ကမ္ဘာဖျက်ဂြိုဟ်သားအန္တရာယ်ရုပ်ရှင်တွေ ကြည့်တယ်
ဂေါ့ထ်ဖားသားရုပ်ရှင်နဲ့ မလုံလောက်ဘူးထင်လို့ ဘလက်ဟိုးနဲ့ပိုးတီကောင်တွင်းဖြတ်ပြီးသွားတဲ့ အာကာသခရီးရုပ်ရှင်တွေ ကြည့်တယ်
Continue reading
Tag Archives: maung yu py
လှသန်း (စ – ဆုံး) (မောင်ယုပိုင်)
ကျွန်တော့်ကို ရန်စနေတယ်
အချိန်သိပ်မကျန်တော့ဘူးတဲ့။
(မိမိကိုယ်ကို အဓွန့်ရှည်ရေးမှ)
ပြန်ဖို့ရာ အိမ်အဆင်သင့်
သွားဖို့ရာ သံသရာ အဆင်သင့်
နားဖို့ရာ ခန္ဓာကိုယ် အဆင်သင့်။
နာခြင်းပင်လယ်ကို ရွက်လွှင့်ပြီးမှ
ပြန်လည်ရှင်သန်ခြင်းကမ်းခြေမှာ အပန်းဖြေရမှာလား
ဒါမှမဟုတ်
သေခြင်းကျွန်းစုမှာ ဆိုက်ကပ်မှာလား
(နာမကျန်းသောနေ့ရက်များ မှ)
ဒီဘ၀အတွက် မလေးရှားမှာ ကားရေဆေးတယ်
နောက်ဘ၀အတွက် ကဗျာရေးတယ်
ဒါဟာ ကျွန်တော်နဲ့လောကကြီး ဆက်ဆံရေးပါပဲ။
(လက်မောင်းသွေးကို ဖောက်ကြည့်ခြင်း (၁) မှ)
ငါ့ကိုယ်ငါ သရဏဂုံတင်ပြီးပြီ
ကိုဖော်ဝေးကို သစ္စာခံဖို့
ခေတ်ပေါ်ကဗျာစေတီမှာ ထီးတော်သစ်တင်လှူပူဇော်ဖို့
မြန်မာကဗျာတွေကို ပထမဆုံးအကြိမ် သင်္ဂါယနာတင်ဖို့
ငါရောက်လာခဲ့တယ်။
(လက်မောင်းသွေးကို ဖောက်ကြည့်ခြင်း (၂) မှ)
သူငယ်ချင်းရယ် ဒီဇာတ်လမ်းမှာ
လူဆိုးတွေ တစ်ယောက်မှ မသေသေးဘူးလား
လူကောင်းတွေမှာ ဒုက္ခများလှပါပြီကွယ်
(ကိုယ့်ဖိနပ်ဟာ ကိုယ့်ခံတပ်ပါပဲ)
လက်တစ်ကမ်းမှာ
အောင်မြင်မှု၊ သေခြင်းတရားနဲ့
မှုန်ဝါးဝါးရာစု အသစ်တစခုရှိနေရဲ့
(လက်မောင်းသွေးကိုဖောက်ကြည့်ခြင်း ၁ မှ)
ဟောဒီကျောက်နံရံထက်မှာ
ငါတို့မျိုးဆက်ရဲ့ အသံကို ထွင်းထုလိုက်မယ်
တစ်ချိန်မှာ မတန်တဆ အနစ်နာခံမှုတွေ
ကြီးမြတ်လှပစွာ ရှင်ပြန်ထမြောက်လာမယ်။
မွေးမြူရေးငါးတစ်ကောင် မဟုတ်ခဲ့တာကို
ဂုဏ်ယူပါရစေ။
(လက်မောင်းသွေးကို ဖောက်ကြည့်ခြင်း (၃) မှ)
မျှော်လင့်ချက်တွေဟာ လုပ်ကြံခံလိုက်ရတယ်
အနာဂတ်ကတော့ အသက်ငင်နေဆဲ
မကြာခင် ရှင်ပြန်ထမြောက်လေမလား။
(လူသားဆန်ချင်တာ တရားတယ် မှ)
အပူတပြင်းရေးလိုက်တဲ့ကဗျာ
နာရေးကြော်ငြာတစ်ခုလည်း ဖြစ်နိုင်ရဲ့။
(ကဗျာတစ်ပုဒ်ရဲ့ နာရေး)
လက်မရွံ့ကဗျာ UG စာအုပ်ထဲမှ စာသားများ မောင်ယုပိုင်မှ ဆက်စပ်ဖေါ်ပြသည်။
Source: MgYuPie @Facebook
▀■ Related Link
အမြဲတမ်း သစ္စာပန်း (မောင်ယုပိုင်)
(ချယ်ရီ မဂ္ဂဇင်း)
ကြယ်ပြာရောင်ကောင်းကင် (ဝေးခေါင်)
(မြှားနတ်မောင် – နိုဝင်ဘာ၊ ၂၀၀၂)
ဗြိစ္ဆာဖွား (မောင်ယုပိုင်)
(ရယ်စရာ – အောက်တိုဘာ၊ ၂၀၀၃)
နေ့များ (မောင်ယုပိုင်)
(စတိုင်သစ် – ဇွန်၊ ၂၀၀၄)
ဒါဒါတစ်ယောက်အကြောင်း (မောင်ယုပိုင်)
(ဟန်သစ် – ဇန်န၀ါရီ၊ ၂၀၀၄)
လူအအိပ်မက် (မောင်ယုပိုင်)
(ရနံ့သစ်)
မောင်ယုပိုင် Censorless [External Links]
- ဒေါသသင့် ဂရပ်ဖတီများ
- ဘာလိုလိုနဲ့ ကဗျာတစ်ပုဒ်
- တူ့  မိုင်ဒီးယား ဖလင်း
- ချူးချူးကို ချစ်ဖို့အရေး
- တစ်စုံတစ်ရာ ကန့်ကွက်ပြောဆိုရန်အတွက်
- တကယ့်ပြဿနာ
-့  ခေါင်မိုးနီအိပ်မက်တွေ
- ဒီလိုနဲ့ဒီတစ်ခေါက်
- ဒါပဲ
- ရွှေနိုင်ငံ ဘိတ်(ဆုံး)မြို့တွင် နေ(မထိ)ထိုင်(မသာ)ခြင်း
- ညီအစ်ကိုမိုနိုလော့
- တော်ရုံတန်ရုံအရေးအဖွဲ့
- လူကြီး / လူကောင်း
- ထမင်းစားရေသောက်အဓိပ္ပါယ်
သူငယ်ချင်းခင်မောင်အေးကောင်းမှု (မောင်ယုပိုင်)
ကြားကြားချင်းကဆို နောက်နေသလိုပဲ။ ဘယ်ခင်မောင်အေးလဲ။ တို့ခင်မောင်အေးတော့ မဖြစ်နိုင်ဘူး။ မသေနိုင်ဘူး။ သေမယ့်ကောင် မဟုတ်ဘူး။ နာမည်တော့ သေပြီ။ လူရော။ လူလည်း သေပါပြီ။ သေပါပြီကွာ။ အတည်ဆိုပေမယ့်လည်း ငိုလိုက်ရကောင်းမလား။ လက်တို့တာ စောင့်နေမိသလား။ ငိုစရာ ပါလို့လား။ ဘာလို့မပါရမှာလဲလို့ လူမှုရေးအရ ငါ့ကိုယ်ငါ လက်တို့လိုက်တာလား။ ဥပမာ ဒီမြို့က အပေါင်းအသင်းတွေက တို့နှစ်ယောက်ကို တွဲပြီး သိထားကြတာကို။ မင်းကိုတွေ့ရင် ငါ့ကိုမေးမယ်။ ငါ့ကိုတွေ့ရင် မင်းနဲ့မင်းအကြောင်း မေးမယ်။ ဒီလိုပဲပေါ့။ မတွေ့တာ နှစ်နဲ့ချီသွားတော့လည်း ဒီကောင် ရန်ကုန်မှာ ရှိနေတယ်ပေါ့။ အခု နာရေးကြော်ငြာ ဖတ်ပြီးပြီ။ ရက်လည်ဆွမ်း စားပြီးပြီ။ ရေဝေးမှာ မီးခိုးဖြစ်သွားတဲ့အထိ သူ့ဓာတ်ပုံတွေ ကြည့်လိုက်ရပြီးပြီ။ ငါ့စိတ်ထဲမှာတော့ ဒီကောင် ရန်ကုန်မှာပဲပေါ့။ Continue reading