လမ်းအိုလေး

Løøps of Resistance …

Src: Ai Weiwei


Leave a comment

ဖုန်တွေနဲ့အတူ မင်းကိုယ့်ကို စောင့်မျှော်လို့နေတယ် (ဇေယျာလင်း)

(မိမိပြန်အလာကို နေ့စဉ်စောင့်မျှော်ရှာတဲ့ ဇနီးသို့)

မင်းရဲ့နာမည်မှာ ဘာမှမကျန်ရစ်တော့ဘူး
ကိုယ့်ပြန်အလာကို စောင့်ဖို့ကလွဲလို့
ဘာမှ မကျန်ရစ်တော့ဘူး
ကိုယ်တို့အိမ်က ဖုန်တွေနဲ့ပဲအတူ မျှော်လင့်လို့။
အထပ်လိုက် အထပ်လိုက် ဖုန်တွေ
ထောင့်တိုင်းမှာ ဖုန်တွေဟာ လျှံကျလို့။
ခန်းဆီးတွေ မင်းမဖွင့်ရက်ဘူးလေ
ဖုန်တွေရဲ့ ငြိမ်သက်မှုကို အလင်းတွေနှောင့်ယှက်လိုက်မှာ
မင်းခမျာ စိုးရိမ်လို့။

စာအုပ်စင်ပေါ်မှာ လက်ရေးနဲ့ရေးထားတဲ့ လေဘယ်လ်ဟာ
ဖုန်တွေအောက်မြုပ်နေပြီပေါ့လေ
ကော်ဇောရဲ့ အဆင်ဒီဇိုင်းဟာလည်း
ဖုန်တွေကိုပဲ ရှူသွင်းတယ်
ကိုယ့်ဆီမင်း စာတစ်စောင်ရေးနေချိန်မှာ
ကလောင်သွားဟာ ဖုန်တက်နေတာ ချစ်စရာ
ကိုယ့်မျက်လုံးတွေကို နာကျင်မှုဟာ ဓားလိုထိုးတယ်။

အဲဒီမှာမင်း တစ်နေကုန်တစ်နေခန်း ထိုင်တယ်
မလှုပ်ရဲမယှက်ရဲ
မင်းခြေလှမ်းတွေဟာ ဖုန်တွေကို နင်းချေမိမှာ စိုးရိမ်လို့
အသက်ကိုတောင် ထိန်းထိန်းသိမ်းသိမ်း မင်းရှူတယ်
တိတ်ဆိတ်မှုကို သုံးစွဲပြီး ဇာတ်လမ်းတစ်ပုဒ်မင်းရေးတယ်
ဒီလိုအချိန်မျိုးမှာ အသက်ရှူကြပ်စေတဲ့ ဖုန်တွေဟာပဲ
တစ်ခုတည်းသော သစ္စာစောင့်သိရိုသေမှု။
Continue reading


Leave a comment

ကမ္ဘာကြီး တစ်ပတ်လည်တယ် နှစ်ပတ်လည်တယ် သုံးပတ်လည်တယ် (​မောင်​​ဒေး)

ကမ္ဘာကြီး တစ်ပတ်လည်တယ် နှစ်ပတ်လည်တယ် သုံးပတ်လည်တယ် တစ်နေ့ကို ထမင်းသုံးကြိမ်စားရလို့ ဝမ်းသာရတယ် တစ်ပတ်ကို ရုပ်ရှင် တစ်ကားကြည့်ရလို့ ပျော်ရတယ် ဆင်းရဲသားတွေပဲ စစ်တပ်ထဲကိုရောက် တိုက်ပွဲမှာသေရလို့ တော်ပါသေးရဲ့ဆိုပြီး ရင်ထဲက အလုံးကြီး ကျရတယ် သုံးရက်တစ်ခါလောက် လိင်ဆက်ဆံခွင့်ရ… တစ်နှစ်တစ်ခါလောက် ကဗျာ
Continue reading


Leave a comment

ရာသီဥတု ငါနဲ့အတူရှိပါစေ (​မောင်​​ဒေး)

ရာသီဥတု ငါနဲ့အတူရှိပါစေ ငါ့ရဲ့အခန်းထဲမှာ တစ်စုံတစ်ယောက်က
မှန်တစ်ချပ်လာထားသွားတယ် မနက်တိုင်းမှာ အဲဒီမှန်ကိုမကြည့်မိဖို့ ငါ ကြိုးစားရတယ် သစ္စာတရားဆိုတာ ရုပ်ကြွင်းလောင်စာလိုပဲ
၂၀၀၈ ခုနှစ်မှာ Peak ဖြစ်သွားပြီး အကျဘက်ကိုပဲ ရောက်လာခဲ့ပြီ
ငါတို့အထိတ်တလန့် ဖြစ်ရတဲ့အရာဟာ အခုအိမ်ရှေ့မှာ မဟုတ်ဘူး

အိမ်ထဲကို ရောက်လာခဲ့ပြီ မန်ကျည်းပင်ပေါ်က ပုရွက်ဆိတ်ကလေးတွေ တစ်ကောင်ပြီးတစ်ကောင်ထပ်ပြီး စုလိုက်တော့ ငါ့ရဲ့ဦးခေါင်း ဖြစ်လပါလေရော — နေဟာ တစ်ယောက်ချင်းစီအတွက် လင်းတယ် — လေဟာ တစ်ယောက်ချင်းစီအတွက် တိုက်တယ်– ဒါပေမယ့် နောင်အနှစ်၅၀ မှာ ညအချိန်ဆိုတာ ရှိနိုင်ပါဦးမလား ဟိုက္ကူကဗျာတွေထဲမှာ ချယ်ရီပင်တွေ
Continue reading


Leave a comment

သူတို့က ငါတို့ကိုမုန်းတယ် ငါတို့ကကော သူတို့ကို ပြန်ချစ်နိုင်ပါ့မလား (​မောင်​​ဒေး)

သူတို့က ငါတို့ကိုမုန်းတယ်ငါတို့ကကော သူတို့ကို ပြန်ချစ်နိုင်ပါ့မလားေ မာင်းသူမဲ့အာကာသယာဉ်တွေထဲကို ခွေးတွေထည့်ပြီး မျောက်တွေထည့်ပြီး သူတို့စေလွှတ်တယ်ငါတို့ဟာ ကိုယ့်ချစ်သူရဲ့လက်ကိုဆွဲပြီး ကမ်းခြေဘက် ပြေးထွက်ခဲ့ကြတယ် ရုပ်ရှင်ရုံတွေထဲဝင်ခဲ့ကြတယ်သူတို့ကအမုန်းတရားအားဖြင့် ဖောက်လုပ်ခဲ့တဲ့လမ်းတွေကို ငါတို့ကခြေဗလာနဲ့ လျှောက်ခဲ့ကြတယ်
သူတို့က ဒေါသနဲ့ဆောက်လုပ်ခဲ့တဲ့တံတားတွေရဲ့အောက်မှာ ငါတို့က
Continue reading


Leave a comment

ဟယ်လို မြို့မငြိမ်း (အောင်ခင်မြင့်)

တံခါးများပိတ်နေပါပြီဆိုတဲ့ ခံစားချက်မဲ့ကြေငြာသံ
ရထားပလက်ဖောင်းအဟထဲ ပန်းတစ်ပွင့်ပြုတ်ကျသွား
ခုမပြောလည်းနောက်ပြောရမယ့် စကားများ ရင်ထဲမှာ

အထပ်မြင့်တိုက်များဆီမှ လွင့်ကျလာသောအင်္ကျီများ
မှိုင်းညို့မှုထဲတောင်ဝှေးနဲ့ ထောက်ရင်းစမ်းရင်းသွားခဲ့
လူဟာ ချောကလက်ကြီးအဖြစ် သရုပ်ဆောင်ရတဲ့ကမ္ဘာ

ခြင်္သေ့ကြီးက အရှိန်နဲ့လာနေတဲ့ရထားရှေ့မှာ ရပ်ခဲ့
သေခြင်းဟာ ပေါက်ပေါက်ဆုပ်များပမာ ချိုချိုမွှေးမွှေး
ငါခေါ်ဆိုနေသောဖုန်းဟာ ဘယ်သူ့ထံမှာ မြည်နေတာ


Text: Aung Khin Myint (2017)
Image: Aung Khin Myint: Recycled Meanings (2011)


Leave a comment

မူလဆီသွားခြင်း (အောင်ခင်မြင့်)

မူလဆီသွားဖို့ လေထဲမှာ စက်ဝိုင်းကို သင်ရေးဆွဲလိုက်တယ်။ စက်ဝိုင်းဟာ သိပ်မဝိုင်းလှဘူး။ အိမ်ထဲကမထွက်ခင် အိမ်ဖော်မလေး ရဲ့ပါးကို သင်ခိုးနမ်းခဲ့သေးတယ်။ သင့် မိန်းမ ဖုန်းပြောနေတုန်း။ မူလဆီသွားခြင်းဟာ မူလဆီပြန်ခြင်း မဟုတ်ဘူး။ အဲဒါကို မသိရင် မြင်းဟာ ကျာပွတ်ဖြစ်သွားလိမ့်မယ်။ ပြီးတော့ အဲဒီခြေကြိုခြေကြားတွေထဲ လိမ့်နေတဲ့ မျက်ရည်ယိုဗုံး နောက်လည်း တကောက်ကောက်လိုက်စရာ မလိုပါဘူး။ လူတိုင်း ဟာ ဘဝမှာ တစ်ကြိမ်ဖြစ်ဖြစ် ကြောင်ကို ခြေထောက်နဲ့ ကန်မိတာပဲ။ ဒါဟာ မူလဆီသွားဖို့ ဖြစ်လာစေမယ့် အကြောင်းတစ်ခုလို့ ဘယ်သူက သိနိုင်မှာလဲ။ မူလဆီသွားဖို့ သူဟာ သူ့မျက်လုံးတွေကို ထိုးဖောက်လိုက်တယ်။ ဒီလိုလုပ်ဖို့ လိုမလို သူလည်းမသေချာဘူး။ လေဆိပ်က လူဝင်မှုကြီးကြပ်ရေး အရာရှိရှေ့က ကင်မရာလို သူဟာ မျက်နှာတွေကို ငြီးငွေ့လာလို့လား။ ဂင်္ဂါမြစ်ပေါ်မှာ ခြေတစ်ဖက်တည်းနဲ့ ရပ်နေတဲ့ ဆာဒူးတွေရော မူလဆီ သွားနေတာလား။ အထည်ချုပ် အလုပ်သမလေးဟာ မူလဆီမသွားခင် တင်ပါးပေါ်မှာ အသည်းပုံတက်တူး ထိုးလိုက်တယ်။ Continue reading

နှစ်ယောက် (ခင်ဝမ်း)

Leave a comment

နှစ်ယောက် (ခင်ဝမ်း)


1 Comment

၁၉၉၀ အထူးသီးသန့်​ (သီဟသူ)

နှစ်​​ပေါက်​​အောင်​ ဝတ်
အရိုးအထိ ငြီး​ငွေ့၊
အ​မှောင်​ထဲမှာ
အ​မှောင်​နဲ့အတူ က၊
ကိုယ့်​ကိုယ်​ကို သတ်​​သေမယ့်​ချာတိတ်
ဆံပင်​​တွေဖြူလာ။

အား၊ မြန်​ဆန်​​သော​နွေများ
ပြီးစီးပြီး ကုန်​ဆုံးသွား
အမြဲထာဝရ။

အခု
သေခြင်းက
ကျုပ်​ကို ​ချောင်းကြည့်​​နေပြီလား။

ဟင့်​အင်း၊ အဲဒါ ကျုပ်​ရဲ့​ကြောင်​ပါ၊
ဒီ
တစ်​ခါ။


( Charles Bukowski ရဲ့ 1990 special မြန်​မာပြန်​ – သီဟသူ။)


Leave a comment

အိုး၊ ရက်​စ် (သီဟသူ)

အထီးကျန်
ဖြစ်​ရတာထက်​ ပိုဆိုးတဲ့အရာ​တွေ အများကြီး
ဒါ​ပေမဲ့ ဆယ်​စုနှစ်​​ပေါင်းများစွာ ကြာတယ်
ဒါကို သိနားလည်​ဖို့
နောက်​ပြီး မကြာခဏဆိုသလို
ခင်​ဗျား နားလည်​တဲ့အခါ
အရမ်း ​နောက်​ကျသွားပြီ
အရမ်း​နောက်​ကျ
တာထက်
ဆိုးတာ ဘာမှမရှိ​တော့။


( Charles Bukowski ရဲ့ oh, yes မြန်​မာပြန်​ – သီဟသူ။)


Leave a comment

လျှို့ဝှက်​ရယ်​သံ (သီဟသူ)

ရှာ​ဖွေခံ​နေရတဲ့ လူလိမ်​ဟာ
ခင်​ဗျား​နောက်​ဆုံးမှ ရှာကြည့်​​လောက်​မယ့်
နေရာမှာ ပုန်း​နေ
နောက်​ပြီး ရှာ​တွေ့ရင်​​တောင်​မှ ခင်​ဗျား ယုံမှာမဟုတ်
အဲဒီမှာ တကယ်​ရှိ​နေတယ်​ဆိုတာ
တစ်​ပုံစံထဲပဲ
သာမန်​လူတစ်​​ယောက်
တကယ့်​ပန်းချီကား​ကောင်းတစ်​ချပ်​ကို မယုံကြည်​သလိုမျိုး။


( Charles Bukowski ရဲ့ secret laughter မြန်​မာပြန်​ – သီဟသူ။)