မွန်းတည့်မှာရယ် မိုးသောက်မှာရယ် ငါတို့ သောက်ကြတယ်။ ညမှာ ငါတို့ သောက်ကြတယ်။
ငါတို့ သောက်ကြတယ်။ ငါတို့ သောက်ကြတယ်။
မိုးကောင်းကင်မှာ သေတွင်းတစ်တွင်း ငါတို့ တူးကြတယ်။ အဲဒီမှာ နေရာကောင်းကောင်း ဆန့်တယ်။
အိမ်ထဲမှာ ယောက်ျားတစ်ယောက် ထိုင်နေတယ်။ သူ့မြွေပွေးတွေနဲ့ ဆော့ကစားတယ်။ သူ စာရေးတယ်။
မှောင်လာရင် ဂျာမဏီကို သူစာရေးတယ်။ မင်းရဲ့ ရွှေရောင်ဆံပင်တွေ မာဂရက်။
အဲဒါရေးပြီးရင် အိမ်အပြင်ကို သူထွက်တယ်။ မိုးကောင်းကင်မှာ ကြယ်တွေ လင်းလက်နေကြတယ်။
သူ့ဂျူးတွေကို ၀ီစီမှုတ်ပြီး ခေါ်ထုတ်တယ်၊ မြေကြီးထဲမှာ သေတွင်းတစ်တွင်း လာတူးကြ။
ငါတို့ကို သူ အမိန့်ပေးတယ်၊ အကအတွက် ဂီတတစ်ခုခု တီးမှုတ်ကြ။
မနက်ခင်းရဲ့ နို့ရည်မည်းညမှာ မင်းကိုငါတို့ သောက်ကြတယ်။
မိုးသောက်မှာရယ် မွန်းတည့်မှာရယ် မင်းကိုငါတို့ သောက်ကြတယ်၊ ညနေမှာ မင်းကိုငါတို့ သောက်ကြတယ်။
ငါတို့ သောက်ကြတယ် ငါတို့ သောက်ကြတယ်။
အိမ်ထဲမှာ ယောက်ျားတစ်ယောက် ထိုင်နေတယ်။ သူ့မြွေပွေးတွေနဲ့ ဆော့ကစားတယ်။ သူ စာရေးတယ်။
မှောင်လာရင် ဂျာမဏီကို သူစာရေးတယ်။ မင်းရဲ့ ရွှေရောင်ဆံပင်တွေ မာဂရက်။
မင်းရဲ့ ပြာရောင်ဆံပင်တွေ ရှုလမက် မိုးကောင်းကင်မှာ သေတွင်းတစ်တွင်း ငါတို့တူးကြတယ်။ အဲဒီမှာ နေရာကောင်းကောင်း ဆန့်တယ်။
သူ အော်ဟစ်ကြိမ်းမောင်းတယ်၊ မြေကြီးထဲကို နက်နက်တူးစမ်း ဟေ့ကောင်၊ ဟိုကောင် သီချင်းဆိုစမ်း တီးမှုတ်စမ်း။
သူ့ခါးပတ်က လက်နက်ကို သူ ဆုပ်ကိုင်တယ် ထုတ်ပြီးဝှေ့ယမ်းတယ် သူ့မျက်လုံးတွေက အပြာရောင်။
မင်းတို့ တူရွင်းပြားတွေနဲ့ နက်နက်တူးစမ်း ဟေ့ကောင် ဟိုကောင် အဲဒီအကတေးသွားကို မရပ်လိုက်နဲ့။
မနက်ခင်းရဲ့ နို့ရည်မည်းညမှာ မင်းကို ငါတို့သောက်ကြတယ်။
မွန်းတည့်မှာရယ် မိုးသောက်မှာရယ် မင်းကို ငါတို့သောက်ကြတယ်၊ ညနေမှာ မင်းကို ငါတို့သောက်ကြတယ်။
ငါတို့ သောက်ကြတယ် ငါတို့ သောက်ကြတယ်။
အိမ်ထဲမှာ ယောက်ျားတစ်ယောက် နေထိုင်တယ် မင်းရဲ့ ရွှေရောင်ဆံပင်တွေ မာဂရက်
မင်းရဲ့ ပြာရောင်ဆံပင်တွေ ရှုလမက် သူ့မြွေပွေးတွေနဲ့ သူဆော့ကစားတယ်။
သူ အော်ဟစ်ကြိမ်းမောင်းတယ် တယောတွေကို ပိုမှောင်လာအောင် ထိုးကြစမ်း မီးခိုးငွေ့လို မိုးပေါ် မင်းတို့ပျံတက်သွားကြမယ်။
မိုးတိမ်တွေမှာ ကိုယ်ပိုင်သေတွင်း ရကြမယ်၊ အဲဒီမှာ နေရာကောင်းကောင်း ဆန့်တယ်။
မနက်ခင်းရဲ့ နို့ရည်မည်းညမှာ မင်းကို ငါတို့သောက်ကြတယ်။
မွန်းတည့်မှာ မင်းကို ငါတို့သောက်ကြတယ် သေမင်းဟာ ဂျာမဏီက သခင်တစ်ပါး။
ညနေမှာရယ် မိုးသောက်မှာရယ် မင်းကိုငါတို့ သောက်ကြတယ် ငါတို့ သောက်ကြတယ်။ ငါတို့ သောက်ကြတယ်။
သေမင်းဟာ ဂျာမဏီက သခင်တစ်ပါး သူ့မျက်လုံးက အပြာရောင်။
သူ့ခဲသား ကျည်ဆံတွေနဲ့ မင်းကို ပစ်ခတ်တယ် သူ့ပစ်မှတ်ဟာ မင်းပဲ။
အိမ်ထဲမှာ ယောက်ျားတစ်ယောက် နေထိုင်တယ် မင်းရဲ့ ရွှေရောင်ဆံပင်တွေ မာဂရက်။
ငါတို့ကို လိုက်ကိုက်ဖို့ သူ့ခွေးတွေကို လွှတ်ပေးလိုက်တယ် မိုးကောင်းကင်မှာ သေတွင်းတစ်တွင်း ငါတို့ကို ပေးသနားတယ်။
သူ့မြွေပွေးတွေနဲ့ ဆော့ကစားတယ် စိတ်ကူးအိပ်မက်တွေ မက်တယ် သေမင်းဟာ ဂျာမဏီက သခင်တစ်ပါး။
မင်းရဲ့ ရွှေရောင်ဆံပင်တွေ မာဂရက်။
မင်းရဲ့ ပြာရောင်ဆံပင်တွေ ရှုလမက်။
(၁၉၉၄)
(Ref: ‘Todesfuge – Paul Celan‘:
English Translation: Karl S. Weimar PMLA Vol. 89: 1974)
(ကဗျာဘ၀ ရှာတော်ပုံ – ဇေယျာလင်း။ နှစ်ကာလများ – ဒီဇင်ဘာ ၂၃၊ ၂၀၀၉)
Pingback: လာလာလေ တူးကြ – zlkontempo