လမ်းအိုလေး

beyond chaOs

ငါ့စုဗူး (အောင်ချိမ့်)


Leave a comment

ငါ့စုဗူး – ၃၉ (အောင်ချိမ့်)

အရာရာတိုင်းဟာ မျှော်လင့်တိုင်း ဖြစ်လာရင်
သင်ဟာ နောက်တစ်ခါ
မျှော်လင့်ချင်ဦးမှာလား
မမျှော်လင့်ချင်တော့ဘူးလား
ပျင်းလာ ငြီးငွေ့လာမှာလား
ပျော်ရွှင်
နောက်ထပ် ပျော်ရွှင်လာမှာလား
ကျွန်တော့်ကို ပြောပြနိုင်ပါသလား။

ဥာဏ်နည်းသူမို့
ကျွန်တော့်ကို ပြောပြနိုင်ပါသလား။
ကံနည်းသူမို့
ကျွန်တော် သိချင်လှပါတယ်။


(ငါ့စုဗူး – အောင်ချိမ့်။ ၂၀၁၄။)

ငါ့စုဗူး (အောင်ချိမ့်)


Leave a comment

ငါ့စုဗူး – ၃၈ (အောင်ချိမ့်)

စာရွက်တွေ
မြေပုံတွေ
သက်သေပြချက်တွေ
ဖြစ်ပုံ ပျက်ပုံတွေ
ဒါ များလွန်းတယ်။

ကိုယ့်အမှန်ကို
ဒီလိုပြလို့ လိုအပ်သလား။

ဒီလိုဆို
မှားနေပြီ။


(ငါ့စုဗူး – အောင်ချိမ့်။ ၂၀၁၄။)

ငါ့စုဗူး (အောင်ချိမ့်)


Leave a comment

ငါ့စုဗူး – ၃၄ (အောင်ချိမ့်)

မတွေ့တာ ကြာခဲ့
ခုတော့ တွေ့ကြ။

ငါတို့ကြားမှ သစ်ရွက်လှုပ်သံများ
ဖြတ်ပြီး …
မင်းအော်သံဟာ
ငါ့ဆီ လာတော့မယ်။

စိတ်မကောင်းစရာကဗျာ
ငါ မစပ်တော့ပါဘူးကွာ။


(ငါ့စုဗူး – အောင်ချိမ့်။ ၂၀၁၄။)

ငါ့စုဗူး (အောင်ချိမ့်)


Leave a comment

ငါ့စုဗူး – ၄၈ (အောင်ချိမ့်)

နံနက် ၁ နာရီမှာ အရက်စသောက်တယ်
အဖော်မရှိ
အခြားမရှိ
သေရသလိုပဲ။


(ငါ့စုဗူး – အောင်ချိမ့်။ ၂၀၁၄။)

ငါ့စုဗူး (အောင်ချိမ့်)


Leave a comment

ငါ့စုဗူး – ၃၁ (အောင်ချိမ့်)

တစ်ယောက်ယောက် လာမှ
လက်ဖက်ရည်သောက်မလို့
တစ်ယောက် တစ်ဝက်
နှစ်ယောက် တစ်ခွက်ပေါ့။

ချစ်ခင်မှုနဲ့ စိတ်ရွှင်လန်း
လူရွှင်လန်းစေဖို့။

လာစေချင်သူ လာခဲ့ရင်
ကောင်းတာပေါ့။


(ငါ့စုဗူး – အောင်ချိမ့်။ ၂၀၁၄။)

ငါ့စုဗူး (အောင်ချိမ့်)


Leave a comment

ငါ့စုဗူး – ၂၅ (အောင်ချိမ့်)

ငါဟာ ရောက်ပြီးသားတွေ ပြန်ပြန်ရောက်နေတယ်
ငါဟာ ဖြစ်ပြီးသားတွေ ပြန်ပြန်ဖြစ်နေတယ်
ငါဟာ တိုင်ပတ်နေတယ်
ငါဟာ ရွာလည်နေတယ်။
ဒါဟာ ကမ္ဘာကြီး လိမ္မော်သီးကဲ့သို့
လုံးဝန်းနေကြောင်း၊ လုံးကြောင်း
သေချာရေရာအောင်
ငါပြောနိုင်ခဲ့တာပဲ။


(ငါ့စုဗူး – အောင်ချိမ့်။ ၂၀၁၄။)

ငါ့စုဗူး (အောင်ချိမ့်)


Leave a comment

ငါ့စုဗူး – ၂၀ (အောင်ချိမ့်)

အခု ငါတို့ရောက်နေတာ
အရင်တုန်းက အဝေးကြီးမှာ
အဝေးကြီးတွေ နီးလာပေါ့။

အခု၊ ငါ့အသက်
အသက် ဘယ်လောက်ရှိပြီလဲ။
အဝေးကြီးတွေ
အနီးလေး ရောက်လာတာပေါ့လေ။


(ငါ့စုဗူး – အောင်ချိမ့်။ ၂၀၁၄။)

အများဆိုင်နာမ် (မင်းညွှန့်လှိုင်၊ ရန်လင်းအောင်)


Leave a comment

ကိုယ်ရေးအကျဉ်း (မင်းညွန့်လှိုင်)

ငါခံရတယ်
ငါနိုင်တယ်
ငါကဗျာရေးတယ်။
Continue reading

အများဆိုင်နာမ် (မင်းညွှန့်လှိုင်၊ ရန်လင်းအောင်)


Leave a comment

စစ်သင်္ချုံင်း (မင်းညွန့်လှိုင်)

နောက်ပေါက်ကလေးတွေ စူးစမ်းကြ
ရှေ့လူများကို အံ့သြကြရဲ့။

မိသားစုတွေ စုံတွဲတွေ
လည်ကြ ပတ်ကြ အပန်းဖြေကြနဲ့
စစ်ဟာ မဖြစ်ခဲ့သလို။
Continue reading

အများဆိုင်နာမ် (မင်းညွှန့်လှိုင်၊ ရန်လင်းအောင်)


Leave a comment

တွင်းထွက် (ရန်လင်းအောင်)

ရင်ပူခဲ့တယ်
ကျောချမ်းခဲ့တယ်
လူလားမြောက်ခဲ့တယ်။
Continue reading