လမ်းအိုလေး

Løøps of Resistance …

Hubble Glitch


Leave a comment

သစ်သီးနေ့ (ဏေသစ်)

အပျံသင်​ချိန်​​မှာ ဆိုရမယ့်​ သီချင်းလို့
ဘဝကို ရိုးစင်း​စေခိုင်းထားတဲ့ ရူးသွပ်​မှု

မင်းတွေ့ခဲ့ဖူးတဲ့ သူစိ​မ်း​တွေလို
အချိန်​ကျတဲ့အခါ မင်းဘဝကို မင်း​မေ့သွားမှာ

ဆိုတဲ့ Fortune Cookie လာ စာသားတွေ
အနက်​​ကောက်​ယူခြင်းထဲက ဆိုလိုရင်းအဖြူ​ထည်တွေ

မရှိ။ သူ့ ပကတိ အရှိ အဓိပ္ပာယ်​သက်​သက်​ကို
လက်​လွှတ်​ပြီးရင်း လက်​လွှတ်​​နေရတဲ့

ထပ်​တလဲလဲအဖြစ်​က မလွတ်​​မြောက်​နိုင်​ခြင်း​တွေ။
ကျမ်းစာပိုဒ်​​တွေ၊ သစ်​သီး​တွေ၊ အမှန်​တကယ်​​တွေ … ။

ဏေသစ်  (၂၀၁၇)
Image: HubbleSite

အရုပ်လုပ်သူ


1 Comment

ပဋိပစ္စည်း (​မောင်​​ဒေး)

မှန်တစ်ချပ်ရဲ့ ဟိုဖက်ခန်းမှာ ပြောင်းပြန်စကြဝဠာတစ်ခု ရှိတယ်။ အဲဒီ စကြဝဠာမှာ သူရူးတွေက သူကောင်းဖြစ်သွားတယ်။ အရိုးတွေက မြေကြီးအောက်ကနေ ကုပ်တွယ်ထွက်လာပြီး အချစ်ရဲ့ ပထမဆုံးသော အကျိအချွဲအဖြစ် ယုတ်လျော့ ပြောင်းလဲသွားတယ်။

ညနေဘက်ကျမှ နေက စထွက်တယ်။

အသက်တစ်ရက် ထပ်ငယ်ရလို့ဆိုပြီး ချစ်သူတွေ ငိုကြွေးကြတယ်။ မကြာခင်မှာ သူတို့ရဲ့ အပျော်တွေကို ငယ်ဘဝက အပြီးအပိုင် ယူငင် ရုပ်သိမ်းသွားတော့မှာလေ။

အဲသလို ကမ္တာ္ဘမျိုးမှာ ဝမ်းနည်းခြင်းတွေ သိပ်များတယ်။ အင်းလေ၊ အဲဒီဝမ်းနည်းခြင်းဟာ ပျော်ရွှင်ခြင်းပေါ့     …

(Antimatter)
The Childhood of an Equestrian (1973)


(အရုပ်လုပ်သူ – မောင်ဒေး။ မေ၊ ၂၀၁၇။ Black Swan Publishing.)
Selected Poems of Russell Edson)

အရုပ်လုပ်သူ


Leave a comment

ဖြစ်နေကျ ပုံစံကြီး (​မောင်​​ဒေး)

မိန်းမတစ်ယောက်က အဘိုးကြီးတစ်ယောက်ကို မွေးဖွားတယ်။

ငါတော့ ဒါမျိုး ထပ်ကြုံရပြီဆိုပြီး အဘိုးကြီးက အော်ငိုတယ်။ ပြီးတော့ မတတ်နိုင်ဘူးလေဆိုပြီး သက်ပြင်းကိုချ၊ မိန်းမရဲ့နို့ကို ပါးစပ်နဲ့ ငုံလိုက်တယ်။

မိန်းမကတော့ ကလေးရလို့ ပျော်နေတယ်။ အသက်ကြီးတဲ့ကလေး ဆိုသော်လည်းပေါ့လေ။

တစ်ယောက်ယောက်က တကယ့်ကလေးကို ထားရမယ့်နေရာမှာ အဘိုးကြီးကို မှားပြီး ထားခဲ့တာလဲ ဖြစ်ကောင်းဖြစ်မယ်။ ကလေးက ကြီးရင့်လွန်းနေတယ် ဆိုတာကို သူတို့ တွေ့တော့ ဒီမိန်းမအတွက်က ဒီလောက်ဆို ရပြီ။ တကယ်ဆို ဘာနဲ့မှတန်တဲ့မိန်းမ မဟုတ်ဘူးဆိုပြီး သူတို့ ပြောကြပါတယ်။

မိန်းမက တွေးတယ်။ အဖေအရွယ်လောက်ရှိတဲ့ ကလေးကို ရထားတဲ့ မိခင်ဆိုရင် သူတစ်ယောက်တည်းပဲလား၊ နောက်ထပ် ရှိသေးလားပေါ့။

(The Pattern)
What A Man Can See (1969)


(အရုပ်လုပ်သူ – မောင်ဒေး။ မေ၊ ၂၀၁၇။ Black Swan Publishing.
Selected Poems of Russell Edson)

အရုပ်လုပ်သူ


Leave a comment

ဆောင်းဦး (​မောင်​​ဒေး)

လူတစ်ယောက်ဟာ သစ်ရွက်နှစ်ရွက်ကို တွေ့တယ်။ သစ်ရွက်တွေကိုကိုင်ပြီး အိမ်ထဲဝင်လာရင်း သူ့မိဘတွေကို ပြောလိုက်တယ်။ ကျွန်တော်ဟာ သစ်ပင်တစ်ပင်ပါ။

ဒါဆိုရင် ခြံထဲကို သွားချေ။ ဧည့်ခန်းထဲ လာမပေါက်နဲ့။ နင့်ရဲ့ အမြစ်တွေက ကော်ဇောတွေကို ဖျက်ဆီးပစ်လိမ့်မယ်လို့ သူ့မိဘတွေက ပြန်ပြောတယ်။

သူက ပြောတယ်။ ကျွန်တော် လျှောက်နောက်နေတာပါ။ ကျွန်တော် သစ်ပင် မဟုတ်ပါဘူး။ ပြီးတော့ သူ့ရဲ့လက်ထဲက သစ်ရွက်တွေကို လွှတ်ချလိုက်တယ်။

ဒါပေမဲ့ သူ့မိဘတွေက ပြောတယ်။ ကြည့်ပါဦး သစ်ရွက်ကြွေတဲ့ ရာသီကိုတောင် ရောက်ပြီပဲ။

(The Fall)
What a man can see (1969)


အက်ဒ်ဆန်ဟာ ဆက်စပ်ဝန်းကျင်တွေကို ပဉ္စလက်ဆန်ဆန် ကိုင်တွယ် ပြုလုပ်ပြီး စကြဝဠာတစ်ခုကို ပြန်လည်ဖန်တီး၊ ပြန်လည်ကိုယ်စားပြုသူ ဖြစ်တယ်။ ရလဒ်အားဖြင့် တည်ဆောက်ရာမရ ဖြစ်လောက်အောင် ရယ်စရာလည်း ကောင်း၊ ထိတ်လန့်စရာလည်း ကောင်းတယ်လို့ မာ့ခ်တူရ်ဆီက ဆိုပါတယ်။ ဆက်စပ်အခြေအနေတွေကို စူးစမ်းရေးသားသွားတာ ဖြစ်တဲ့အတွက် သူ့ကဗျာတွေရဲ့ ဦးတည်ရာကို ကြိုတင်မှန်းဆဖို့ အင်မတန် ခက်ခဲပါတယ်။

– မောင်ဒေး


(အရုပ်လုပ်သူ – မောင်ဒေး။ မေ၊ ၂၀၁၇။ Black Swan Publishing.
Selected Poems of Russell Edson)

Src: Ai Weiwei


Leave a comment

ဖုန်တွေနဲ့အတူ မင်းကိုယ့်ကို စောင့်မျှော်လို့နေတယ် (ဇေယျာလင်း)

(မိမိပြန်အလာကို နေ့စဉ်စောင့်မျှော်ရှာတဲ့ ဇနီးသို့)

မင်းရဲ့နာမည်မှာ ဘာမှမကျန်ရစ်တော့ဘူး
ကိုယ့်ပြန်အလာကို စောင့်ဖို့ကလွဲလို့
ဘာမှ မကျန်ရစ်တော့ဘူး
ကိုယ်တို့အိမ်က ဖုန်တွေနဲ့ပဲအတူ မျှော်လင့်လို့။
အထပ်လိုက် အထပ်လိုက် ဖုန်တွေ
ထောင့်တိုင်းမှာ ဖုန်တွေဟာ လျှံကျလို့။
ခန်းဆီးတွေ မင်းမဖွင့်ရက်ဘူးလေ
ဖုန်တွေရဲ့ ငြိမ်သက်မှုကို အလင်းတွေနှောင့်ယှက်လိုက်မှာ
မင်းခမျာ စိုးရိမ်လို့။

စာအုပ်စင်ပေါ်မှာ လက်ရေးနဲ့ရေးထားတဲ့ လေဘယ်လ်ဟာ
ဖုန်တွေအောက်မြုပ်နေပြီပေါ့လေ
ကော်ဇောရဲ့ အဆင်ဒီဇိုင်းဟာလည်း
ဖုန်တွေကိုပဲ ရှူသွင်းတယ်
ကိုယ့်ဆီမင်း စာတစ်စောင်ရေးနေချိန်မှာ
ကလောင်သွားဟာ ဖုန်တက်နေတာ ချစ်စရာ
ကိုယ့်မျက်လုံးတွေကို နာကျင်မှုဟာ ဓားလိုထိုးတယ်။

အဲဒီမှာမင်း တစ်နေကုန်တစ်နေခန်း ထိုင်တယ်
မလှုပ်ရဲမယှက်ရဲ
မင်းခြေလှမ်းတွေဟာ ဖုန်တွေကို နင်းချေမိမှာ စိုးရိမ်လို့
အသက်ကိုတောင် ထိန်းထိန်းသိမ်းသိမ်း မင်းရှူတယ်
တိတ်ဆိတ်မှုကို သုံးစွဲပြီး ဇာတ်လမ်းတစ်ပုဒ်မင်းရေးတယ်
ဒီလိုအချိန်မျိုးမှာ အသက်ရှူကြပ်စေတဲ့ ဖုန်တွေဟာပဲ
တစ်ခုတည်းသော သစ္စာစောင့်သိရိုသေမှု။
Continue reading


Leave a comment

ကမ္ဘာကြီး တစ်ပတ်လည်တယ် နှစ်ပတ်လည်တယ် သုံးပတ်လည်တယ် (​မောင်​​ဒေး)

ကမ္ဘာကြီး တစ်ပတ်လည်တယ် နှစ်ပတ်လည်တယ် သုံးပတ်လည်တယ် တစ်နေ့ကို ထမင်းသုံးကြိမ်စားရလို့ ဝမ်းသာရတယ် တစ်ပတ်ကို ရုပ်ရှင် တစ်ကားကြည့်ရလို့ ပျော်ရတယ် ဆင်းရဲသားတွေပဲ စစ်တပ်ထဲကိုရောက် တိုက်ပွဲမှာသေရလို့ တော်ပါသေးရဲ့ဆိုပြီး ရင်ထဲက အလုံးကြီး ကျရတယ် သုံးရက်တစ်ခါလောက် လိင်ဆက်ဆံခွင့်ရ… တစ်နှစ်တစ်ခါလောက် ကဗျာ
Continue reading


Leave a comment

ရာသီဥတု ငါနဲ့အတူရှိပါစေ (​မောင်​​ဒေး)

ရာသီဥတု ငါနဲ့အတူရှိပါစေ ငါ့ရဲ့အခန်းထဲမှာ တစ်စုံတစ်ယောက်က
မှန်တစ်ချပ်လာထားသွားတယ် မနက်တိုင်းမှာ အဲဒီမှန်ကိုမကြည့်မိဖို့ ငါ ကြိုးစားရတယ် သစ္စာတရားဆိုတာ ရုပ်ကြွင်းလောင်စာလိုပဲ
၂၀၀၈ ခုနှစ်မှာ Peak ဖြစ်သွားပြီး အကျဘက်ကိုပဲ ရောက်လာခဲ့ပြီ
ငါတို့အထိတ်တလန့် ဖြစ်ရတဲ့အရာဟာ အခုအိမ်ရှေ့မှာ မဟုတ်ဘူး

အိမ်ထဲကို ရောက်လာခဲ့ပြီ မန်ကျည်းပင်ပေါ်က ပုရွက်ဆိတ်ကလေးတွေ တစ်ကောင်ပြီးတစ်ကောင်ထပ်ပြီး စုလိုက်တော့ ငါ့ရဲ့ဦးခေါင်း ဖြစ်လပါလေရော — နေဟာ တစ်ယောက်ချင်းစီအတွက် လင်းတယ် — လေဟာ တစ်ယောက်ချင်းစီအတွက် တိုက်တယ်– ဒါပေမယ့် နောင်အနှစ်၅၀ မှာ ညအချိန်ဆိုတာ ရှိနိုင်ပါဦးမလား ဟိုက္ကူကဗျာတွေထဲမှာ ချယ်ရီပင်တွေ
Continue reading


Leave a comment

သူတို့က ငါတို့ကိုမုန်းတယ် ငါတို့ကကော သူတို့ကို ပြန်ချစ်နိုင်ပါ့မလား (​မောင်​​ဒေး)

သူတို့က ငါတို့ကိုမုန်းတယ်ငါတို့ကကော သူတို့ကို ပြန်ချစ်နိုင်ပါ့မလားေ မာင်းသူမဲ့အာကာသယာဉ်တွေထဲကို ခွေးတွေထည့်ပြီး မျောက်တွေထည့်ပြီး သူတို့စေလွှတ်တယ်ငါတို့ဟာ ကိုယ့်ချစ်သူရဲ့လက်ကိုဆွဲပြီး ကမ်းခြေဘက် ပြေးထွက်ခဲ့ကြတယ် ရုပ်ရှင်ရုံတွေထဲဝင်ခဲ့ကြတယ်သူတို့ကအမုန်းတရားအားဖြင့် ဖောက်လုပ်ခဲ့တဲ့လမ်းတွေကို ငါတို့ကခြေဗလာနဲ့ လျှောက်ခဲ့ကြတယ်
သူတို့က ဒေါသနဲ့ဆောက်လုပ်ခဲ့တဲ့တံတားတွေရဲ့အောက်မှာ ငါတို့က
Continue reading


Leave a comment

ဟယ်လို မြို့မငြိမ်း (အောင်ခင်မြင့်)

တံခါးများပိတ်နေပါပြီဆိုတဲ့ ခံစားချက်မဲ့ကြေငြာသံ
ရထားပလက်ဖောင်းအဟထဲ ပန်းတစ်ပွင့်ပြုတ်ကျသွား
ခုမပြောလည်းနောက်ပြောရမယ့် စကားများ ရင်ထဲမှာ

အထပ်မြင့်တိုက်များဆီမှ လွင့်ကျလာသောအင်္ကျီများ
မှိုင်းညို့မှုထဲတောင်ဝှေးနဲ့ ထောက်ရင်းစမ်းရင်းသွားခဲ့
လူဟာ ချောကလက်ကြီးအဖြစ် သရုပ်ဆောင်ရတဲ့ကမ္ဘာ

ခြင်္သေ့ကြီးက အရှိန်နဲ့လာနေတဲ့ရထားရှေ့မှာ ရပ်ခဲ့
သေခြင်းဟာ ပေါက်ပေါက်ဆုပ်များပမာ ချိုချိုမွှေးမွှေး
ငါခေါ်ဆိုနေသောဖုန်းဟာ ဘယ်သူ့ထံမှာ မြည်နေတာ


Text: Aung Khin Myint (2017)
Image: Aung Khin Myint: Recycled Meanings (2011)


Leave a comment

မူလဆီသွားခြင်း (အောင်ခင်မြင့်)

မူလဆီသွားဖို့ လေထဲမှာ စက်ဝိုင်းကို သင်ရေးဆွဲလိုက်တယ်။ စက်ဝိုင်းဟာ သိပ်မဝိုင်းလှဘူး။ အိမ်ထဲကမထွက်ခင် အိမ်ဖော်မလေး ရဲ့ပါးကို သင်ခိုးနမ်းခဲ့သေးတယ်။ သင့် မိန်းမ ဖုန်းပြောနေတုန်း။ မူလဆီသွားခြင်းဟာ မူလဆီပြန်ခြင်း မဟုတ်ဘူး။ အဲဒါကို မသိရင် မြင်းဟာ ကျာပွတ်ဖြစ်သွားလိမ့်မယ်။ ပြီးတော့ အဲဒီခြေကြိုခြေကြားတွေထဲ လိမ့်နေတဲ့ မျက်ရည်ယိုဗုံး နောက်လည်း တကောက်ကောက်လိုက်စရာ မလိုပါဘူး။ လူတိုင်း ဟာ ဘဝမှာ တစ်ကြိမ်ဖြစ်ဖြစ် ကြောင်ကို ခြေထောက်နဲ့ ကန်မိတာပဲ။ ဒါဟာ မူလဆီသွားဖို့ ဖြစ်လာစေမယ့် အကြောင်းတစ်ခုလို့ ဘယ်သူက သိနိုင်မှာလဲ။ မူလဆီသွားဖို့ သူဟာ သူ့မျက်လုံးတွေကို ထိုးဖောက်လိုက်တယ်။ ဒီလိုလုပ်ဖို့ လိုမလို သူလည်းမသေချာဘူး။ လေဆိပ်က လူဝင်မှုကြီးကြပ်ရေး အရာရှိရှေ့က ကင်မရာလို သူဟာ မျက်နှာတွေကို ငြီးငွေ့လာလို့လား။ ဂင်္ဂါမြစ်ပေါ်မှာ ခြေတစ်ဖက်တည်းနဲ့ ရပ်နေတဲ့ ဆာဒူးတွေရော မူလဆီ သွားနေတာလား။ အထည်ချုပ် အလုပ်သမလေးဟာ မူလဆီမသွားခင် တင်ပါးပေါ်မှာ အသည်းပုံတက်တူး ထိုးလိုက်တယ်။ Continue reading