လမ်းအိုလေး

beyond chaOs


Leave a comment

ဘိန်းစားနဲ့ ကဗျာဆရာ (ခင်ဇော်မြင့်)

20130825-223316.jpg


Leave a comment

ပလိန်းကိတ်ရဲ့ အရသာ (ခင်ဇော်မြင့်)

ကိုယ်နှင့်ဝေးသော နေရောင်ခြည်ကို
ပူတယ်အေးတယ် မပြောလိုတော့။

ကိုယ့်နှလုံးသားက
ကမ္ဘာနှင့်အမျှပွင့်သော ပန်းရနံ့တို့ စွဲတယ်
ဘယ်လောက်တန်ဖိုးရှိမလဲ။

ဒီနေ့ တနင်္ဂနွေ
ရေနွေးအိုးတစ်လုံး တည်မယ်
ကဗျာတစ်ပုဒ် တွေးမယ်
ထမင်းလည်း တစ်ခါပဲစားမယ်
ဒီထက်ချွေတာလို့လည်း မရ
ဒီထက်အကျယ်ချဲ့လို့လည်း မရ။
Continue reading

ကဗျာဆိုတာ ပြုလုပ်ခြင်း (ဇေယျာလင်း) - Cover Art


Leave a comment

ဗစ်ဂင်ရှတိုင်းန်နဲ့ သီသီလေးလွဲသွားတဲ့ ကိုအောင်ဝင်း (ဇေယျာလင်း)

ဗစ်ဂင်ရှတိုင်းန်နဲ့ သီသီလေးလွဲသွားတဲ့ ကိုအောင်ဝင်း (ဇေယျာလင်း)

“နှစ်ပေါင်းများစွာ အတူနေခဲ့ကြ” တဲ့အနက်ဟာ ဘယ်မှာဘာအရောင်လဲ။
ကျွန်တော်တို့ ကိုယ်တိုင်ဟာ နာကျင်ရတဲ့ဘာသာစကားသက်သေခံပစ္စည်းတွေပဲ။
အဲ့ဒါကို ထပ်ဝန်းရံဖို့ လိုသလားဆီ ဦးတည်တော့
သူသေပြီ မနက်လင်းအား မှိန်မှိန်မှာ ကျောက်ပန်းတောင်းမှာ။
မဖြစ်လာသေးတဲ့ ကိစ္စတစ်ခုကို “လင်ဂွစ္စတစ်က် အနဲလဆစ္စ” လုပ်ဖို့
မိခင်ဘာသာစကားထဲမှာပဲ စူးစူးဝါးဝါးရယ်သံအက်ကွဲကြီးတစ်ခု။
နောက်မျိုးဆက်လည်း စိတ်ကူးခဲ့တာ အလင်းအားနည်းတဲ့ ဘာသာစကားတစ်နေရာ
မှော်တွေဝင်ခိုနေတဲ့ အဓိပ္ပာယ်တွေ ကြွေတစ်ချို့ ဝေတစ်ချို့ ပြိုင်းပြိုင်းအရပ်မှာ
သံသယဖြစ်ဖွယ်လင်းပွင့်မှုဟာ ဘာသာဗေဒတိုက်လေတစ်မျိုးပဲ။
ကျွန်တော်တို့ တစ်ထစ်ချ ယုံကြည်ခဲ့ကြသလား။ ကြယ်ရည်တွေလို မသေချာ။
သူ့အမှတ်ရမှုတွေကို ဘယ်လိုစကားလွဲချော်မှုတွေထဲ စိမ့်ခဲ့သလဲ။
မှတ်မိပါသေးတယ် သူနဲ့ စကားပြောရတာ တစ်ခါတစ်ခါ မပွင့်တဲ့
လေထီးကြိုးဆွဲပြီး မော့ချလိုက်တာပဲ … ကမ္ဘာကြီးဟာ…
မပြီးဆုံးဝါကျတွေ အများကြီးနဲ့ အစချီထားတာ ဆိုတော့ကာ။
Continue reading

တောလား (အောင်ချိမ့်)


Leave a comment

တောလား (အောင်ချိမ့်)

ခင်ဗျားစိတ်ဝင်စားရဲ့လား

အသက် ၅ဝ ပြည့်တော့ လူဟာ နည်းနည်းတုန်လှုပ်ပြီး အံ့အားတသင့် ဖြစ်မိတယ်။ အဲ့ဒါနဲ့ ကိုယ့်လမ်းကြောင်း ကိုယ်ပြန်ကြည့်ရာက ‘တောလား’ ကို ရေးခဲ့နိုင်တယ်။ ၁၉၉၈ ခုနှစ်မှာပေါ့။ တိုက်ဆိုင်မှုအနေနဲ့ ‘ဖော်ဝေးကွယ်လွန်ခြင်း နှစ် ၂ဝ ပြည့်’နှစ်လည်း ဖြစ်ပါတယ်။ ‘သေခြင်း’ နဲ့ ‘ရှင်ခြင်း’ ဟာ ယှဉ်လျက်သားပဲ။ ဒါကြောင့် ဖော်ဝေးကွယ်လွန်ခြင်းကို ထည့်ရည်ညွှန်းခဲ့တယ်။

အဲ့ဒီကနေ ၁ဝ နှစ်ကျော်ခဲ့ပါပြီ။ ပြန်ဖတ်တော့ နှစ် ၅ဝ ဆိုတာကြီးကို ကျွန်တော် အံ့အားသင့်တုန်းပဲ။ ရာစုရဲ့ ထက်ဝက် မဟုတ်လား။ အဲ့ဒါဟာ ‘တောလား’ ကို ထုတ်ဝေဖို့ ပြန်လည်နိုးကြားစေတဲ့ အဓိက အကြောင်းပါပဲ။

သမိုင်း မဟုတ်ဘူး ရာဇဝင် မဟုတ်ဘူး ဒီစာအုပ်ကို ကဗျာဖတ်သူ ဖတ်တဲ့အခါ ‘ရုပ်ရှင်ကား တစ်ကားလောက် ကြည့်ရတဲ့ သဘောပဲ’ ဟူပါက ကျွန်တော့်ဘက်ကလည်း သဘောတူလိုပါတယ်။ အနုပညာပြုလုပ်မှုမျှသာ။

အဲ့ဒါ ကျွန်တော့် နှစ်ငါးဆယ်။ အဲ့ဒါ ကျွန်တော့် တောလား။
ခင်ဗျား စိတ်ဝင်စားရဲ့လား။

လေးစားစွာဖြင့်
အောင်ချိမ့်
၂၃-၅-၂ဝဝ၉
Continue reading


Leave a comment

ပိတောက်ရစ်သမ် (တာရာမင်းဝေ)

ပိတောက်ရစ်သမ် (တာရာမင်းဝေ) Continue reading

သူပဲအကြမ်း သူပဲအချော (မိုးဝေး)


Leave a comment

တည်ဆောက်ရေးလုပ်ငန်းတစ်ခုခုမှာ အလုပ်လုပ်တယ်လို့ပြော (မိုးဝေး)

ခုန်ထွက်လိုက်သလို
ဘဝဆိုတာ ဒီလိုပါလားလို့ ပုံသေ သတ်မှတ်လို
အချိန် နှောင်း မနှောင်း
အဖွဲ့အနွဲ့ ကောင်းသူလက်ထဲက လက်ဖွဲ့
“ငါ ဆိုတာ ပျင်းစရာ ဘုံကြီးပါ” ပုံပါ တီရှပ်နဲ့ ဟို ကတုံး (ခေါင်းတုံး)
လူတစ်ယောက်ရဲ့ ကျောပြင်မှာ
ပြတင်းပေါက် တစ်ခုဟာ အမြဲနာကျင်နေပါတယ်
ဒီထက်ကောင်းတဲ့ ကဗျာတွေ ရေးချင်ပါတယ် တေးများ ကို သတိရ
လမ်းပေါ်ရောက်ရောက်ချင်း ချုပ်ရိုးပေါ်က ကန်ကန်ထွက်မိတဲ့
အဟာရ နွားနို့ သူ့ဖို့ချည်းပဲ ဆိုတဲ့ ဈေးမှုဗေဒ စကားကျမ်းအဖွင့်
စပယ်ပန်းတိုင်း မွှေးသလား ဟေ့လူ
ဘယ်နေ့ကို ဒီနေ့ လို့ပြောမလဲ
မမြဲခြင်းကို လိုက်ဖမ်းနေတဲ့ ဟို စမတ်ကျကျ လူရော
သူ့နာမည် ပြန်ပြန်မေးနေတာ ပတ်ဝန်းကျင်နဲ့ ဆိုင်မဆိုင်
Continue reading

သူပဲအကြမ်း သူပဲအချော (မိုးဝေး)


Leave a comment

ဆပ်ပြာပူဖောင်းကုမ္ပဏီ (မိုးဝေး)

မိုးသားများထဲ အသားကျ နေထိုင်
ရ့က်ကြမ်းရေကျို ကိုင်းဖျားတစ်ယောက်
ငယ်သူအိပ်မက် အိမ်က ထွက်ခဲ့
ချစ်လျက်ဆွဲကာ ခေတ်ရေစီးထဲ
မိုးသားများ အသားကျ လွင့်မျော
ပွင့်ချပါလျက် အပွင့်ခက်သည့် ခေတ်
သူဌေးကလေ သမီးကို အမြဲတမ်း ခေါ်တယ်
အရောင်းမြှင့်တင်ရေးမှာ နင်ဟာလေ
ဟောဒီပိုးသားဆူးကလေးဟာ သမီးဘ၀ရဲ့ သရဖူပေါ့။
သမီးသာ အိပ်မက်တိုင်း ဖောက်လို့ရတဲ့ လမ်း
သမီးတို့ ထုတ်လုပ်တဲ့ ပစ္စည်းရဲ့
ကုန်ကြမ်းဟာလည်း သမီးပဲ၊
ကုန်ချောဟာလည်း ကဲ . . . ကြည့် မချောဘူးလား
သမီးဟာ
ပေါက်ကွဲဖို့ အဆင်သင့် ဖြစ်နေတဲ့ ဗုံး
ပြည်တွင်းစစ်နဲ့ ဆက်စပ်တဲ့သူတွေက ပြောတယ်
သူတို့ ပြောတာ သူတို့နယ်ပယ်က စကားပေါ့
ကုမ္ပဏီမှာတော့ သမီးဟာ အလင်းလက်ဆုံး
Continue reading


Leave a comment

ငါတို့လူငယ်ဘ၀ (ခရမ်းပြာထက်လူ)

ငါတို့လူငယ်ဘ၀ (ခရမ်းပြာထက်လူ)

သူပဲအကြမ်း သူပဲအချော (မိုးဝေး)


Leave a comment

အဖြစ်အပျက်တွေကိုလား (မိုးဝေး)

ငယ်ငယ်တုန်းက ဘာဖြစ်ချင်ခဲ့သလဲလို့
ကဗျာတစ်ပုဒ်ရေးရင်း သူတွေးနေတယ်
ဗမာပြည်မှာ ဇန်န၀ါရီလ ဆောင်းညပေါ့
အိပ်လို့မပျော်တာလည်း ပါဝင်ပတ်သက်နေပါတယ်
ဥပမာ-တစ်နေ့လုံး ဘယ်သွားခဲ့မှန်းလည်း မသိဘူး
တွေးစရာအခြားလည်း ဘာမှမရှိတဲ့ညပေါ့
ဂစ်တာသံ ခပ်ထွေထွေကြားနေရတယ်
တစ်ခန်းလုံးလည်း လင်းထိန်နေတာထဲညဟာ
စိမ့်ဝင်နေတာ မနေ့ကကြုံခဲ့ဖူးတယ်
ဟိုးခပ်ဝေးဝေးမှာ သင်္ဘောတွေမြစ်ကိုဖြတ်နေတာ
အအေးဓာတ်က လက်မောင်းမှာစီးပတ်နေတာပေါ့
သူငယ်ချင်းတွေတချို့ သတိရစရာတချို့
မင်းကိုဘယ်သူကပြောခဲ့တာလဲလို့ပြန်မေးလိုက်တဲ့အသံ
တစ်နေ့ခွဲကြရတဲ့အခါ ဘယ်သူမဆိုဟာ
တစ်နေ့တော့ ဆုံကြဦးမယ်လေ
Continue reading


Leave a comment

ရိုဒင်ငါတော့လစ်ပြီ (ခရမ်းပြာထက်လူ)

ရိုဒင်
ခင်ဗျားထွင်းထုထားတဲ့ ကိုယ်လုံးတီးတွေးခေါ်နည်းနဲ့
ထိုင်နေတယ်၊ ထသွားရအခက်
ထိုင်နေတယ်၊ ဘာမှဖြစ်မလာလည်း ထိုင်နေတယ်
ဖြစ်လာလည်း ထိုင်နေတယ် ထိုင်နေတယ်အနည်ထိုင်သလို
ပင်လယ်ကြမ်းပြင်အောက် ပစ်ကျသွားသလို ထိုင်နေပေါ့
ဝေါ့ထရိတ်စင်တာကြီး ပြိုမကျခင် အခန်းထဲ
ဘုရားသခင်နဲ့ နှစ်ယောက်ချင်း ခေါင်းချင်းဆိုင်သလို ထိုင်နေပေါ့
လှမ်းကြည့်လိုက်တော့ ကြိုးတန်းပေါ်
လှမ်းထားတဲ့ ရှုမျှော်ခင်းတွေတွေ့တယ်
သွေးတိုးနေတာလား သွေးပျက်နေတာလား
မျက်နှာကြီးအန်းလို့ ဥယျာဉ်
ဘဲငန်းတွေက ဘယ်ဆီဘယ်ဝယ် ရေအိုင်မှာဝဲလည်လို့
ထိုင်နေတယ် ငါဟာ ကျွန်တော်ဟာ
ခုန်ထလို့ မရတော့တဲ့ ခုံတစ်ခုံပေါ် ရှုခင်းကို
ကသိုဏ်း ၁၀ပါးထဲက လူသေကသိုဏ်းရှုသလို ရှုစားရင်း
ပစ်ချလို့မရအောင် လောင်ကျွမ်းနေတဲ့ Continue reading