Tag Archives: zaw zaw aung
စာပေါင်းသိုက် အက်ဆေးများ (ဇော်ဇော်အောင်)
စတားဝါး ပီတာဇော်မြင့် (ဇော်ဇော်အောင်)
ကတ္တီပါလွမ်းချင်း (ဇော်ဇော်အောင်)
မေခလာနှင့် ပီတာဇော်မြင့် (ဇော်ဇော်အောင်)
ပင်လယ်ထဲကညသည် ပိတောက်ပန်းဖြစ်၏ (ဇော်ဇော်အောင်)
ကုဗတစ် (အုပ်စာတစ်) (ဇော်ဇော်အောင်)
ဆင်ခြင်မှုပန်းများ မတောက်ပမီ၊ အမုန်း၏ အချစ်ပေါင်းတစ်သိန်းအတွက် နှစ်တစ်ရာနေသည်။ ယခင် အထိမ်းအမှတ်ပွဲသည် ရမ္မက်အတွက် ထွက်ပေါက်တစ်ခု(လမ်းတစ်ခု) ရှာရန်ဖြစ်ကြောင်း ငါသဘောပေါက်ဖို့လိုသည်။ မင်းကတော့ (ထိုအချက်ကို) ကြိုက်မည်မဟုတ်။ (ထို)နေရာမှာ ပန်းချီကားများ ပန်းပွင့်များ ဖြန့်ကြဲထားကြောင်း သူမသိသွားပြီ။ ဘ၀နေရန်အတွက် အနုပညာကို ချစ်ခြင်းသည် လူတစ်ယောက်ကို လူကောင်းတစ်ယောက် ဖြစ်စေသည်။ သူသည် တိရစ္ဆာန်တစ်ကောင်၊ ဖားတစ်ကောင် သို့ မဟုတ် မိကျောင်းတစ်ကောင်လည်း ဖြစ်သည်။ သူတို့ သည် ရေထဲမှာရော၊ ကုန်းပေါ်မှာပါ နေနိုင်သည်။ ဘုရားပုထိုးတို့ တိုင်းပြည်သည် ခြင်္သေ့၏တိုင်းပြည် ဖြစ်နေသည်။ ကောင်းကင်ဘုံ၏ နှစ်(ကာလ)သည် ငရဲ၏ နှစ်ကာလနှင့် အလွန်ဝေးကွာနေလိ့မ်မည်။ သစ်ပင်များ ဘ၀ရှည်လွန်းစွ။ သူတို့သည် မျက်ရည်များကို မှေးမှိန်စေ၏။ လေညင်းတေးသံအလိုက်လည်း မြူးကတတ်ကြ၏။ သူတို့ ဘယ်သွားကြမည်လဲ။ အရှေ့ကိုလား၊ မြောက်ကိုလား။
ငါ (မိတ်ဆွေ) များလည်း သွားကြပြီ။ ငါသွားရန် မစွမ်းနိုင်ပါ။ ငါ့နေရာ သည်မှာရှိ၏။ နေရာကို ကန့်သတ်ပိုင်းခြားထားသော်လည်း ငါ့ဘ၀သံသရာသည် ရှည်၏ ။ ကြာပန်းများ ပွင့်ကြ၊ ကခုန်ကြ၊ သေဆုံးကြသော ငါ့ရေအိုင်သို့ လင်းယုန်ငှက်သည် မကြာခဏ ထိုးစိုက်ဆင်းသက်လာတတ်၏ ။ ကျီးသည် အပြစ်ကင်းသော အနက်ရောင်အတိုင်းသာ ရှိ၏။ အရုဏ်ဦး၏ အမှောင်ထုတွင်းသို့ ထီးကိုဖွင့်၍ တန်းတန်းမတ်မတ် ပျံသွားကြ၏။ နံနက်ခင်းမှာ အိမ်ဖော်မလေး စွန့်ပစ်သော အမှိုက်အညစ်တို့ကို စားရသော်လည်း သူတို့အသံသည် စန္ဒရားတစ်ထောင်ထက်သာသော သီချင်းဖြစ်၏ ။
နေသာသော နေ့တစ်နေ့မှာ မင်းလုလင်တစ်ယောက်သည် လူပြက်တစ်ယောက်နှင့် အတူလာ၏ ။ တနင်္ဂနွေနေ့အတွက် သူတို့နှစ်ယောက် တွဲဖက်ညီလှ၏။ အရပ်ရှည်ရှည် လူတစ်ယောက် တောအုပ်ထဲမှာ တုတ်တစ်ချောင်းနှင့် လမ်းလျှောက်နေ၏။ သူတို့ လက်သည်းခွံမှာ ဘာမှမရှိသော်လည်း သစ်ရွက်များသည် နှုတ်သီးနှင့် လေချွန်ကြ၏။ Continue reading
တာရာမင်းဝေ၏ နွားကဗျာအပေါ် ဝေဖန်ချက် (ဇော်ဇော်အောင်)
(မဟေသီ – ၁၉၉?)