လမ်းအိုလေး

beyond chaOs

ညီမလေးဖျားတုန်းက (နေမျိုး)


Leave a comment

ဝမ်းမနည်းကြေး (နေမျိုး)

ဝမ်းနည်းရခြင်းများသည် မဖိတ်ခေါ်ပဲ ရောက်လာသော ဧည့်သည်ဖြစ်သည်။ ဝမ်းနည်းရခြင်းများသည် ခေါင်းလောင်းသံလို ကျယ်လောင်စွာ မြည်ဟီးနေခဲ့သည်။ ဝမ်းနည်းရခြင်းများသည် ကျွန်တော်တို့ အိမ်ကလေးထဲမှ ထောင့်ကွေး သေးသေးလေးပါမကျန် အပ်နဖားပေါက်ကလေးထဲအထိ ပျံ့နှံ့ရောက်ရှိလာသည်။ သို့သော်လည်း ဤစာပိုဒ်၏ ခေါင်းစဉ်ကို ကျွန်တော် ဤသို့ပေးနိုင်ခဲ့သည် ‘ဝမ်းမနည်းကြေး’။
.

Continue reading

ညီမလေးဖျားတုန်းက (နေမျိုး)


Leave a comment

လူမိုက်ကြီးများ (နေမျိုး)

တောင်တွေရွေ့အောင်
ဦးခေါင်းနဲ့ ပြေးပြေးဆောင့်ခဲ့ကြ
ကြယ်တွေမြင်ခဲ့၊ လတွေမြင်ခဲ့
မီးတွေပွင့်ခဲ့
ငါတို့ဦးခေါင်းမှာ
အမာရွတ်နဲ့ချုပ်ရိုးတွေ
ငါတို့အမာရွတ်တွေအကြောင်း
ငါတို့ချုပ်ရိုးတွေအကြောင်း
နှောင်းလူတွေအတွက်
စာစီစာကုံးရေးကြပါစို့။
.

Continue reading

ညီမလေးဖျားတုန်းက (နေမျိုး)


Leave a comment

နာကျင်မှုမှတ်တမ်းမှ နောက်ဆုံးစာမျက်နှာ (နေမျိုး)

သင်နာကျင်ပြီးပြီလား။
သင် ငိုကြွေးပြီးပြီလား။
လာပါလေမိတ်ဆွေ
ပူပြင်းသော ဘဝရဲ့ လမ်းမကြီးထက်မှာ ကျွန်ုပ်တို့ တွေ့ဆုံကြပါစို့။
.

Continue reading

Khin Maung Yin


Leave a comment

စာနာခြင်းသစ်ပင် (နေမျိုး)

ဘဝအကြောင်း စာလုံးပေါင်းတဲ့အခါ
ငါ့နာမည် ပါပါစေ
အခက်အခဲတစ်ခုကြုံတိုင်း
စိတ်ညီသူတွေ အတူတကွ
လက်တွဲကြတဲ့အခါ
ငါ့နာမည်ကို စာရင်းထဲထည့်ပါ။

ဆောင်းရာသီ တောလမ်းကလေး
ယုန်ကလေး ပြေးဆော့ရာ
အမည်မရှိတဲ့ ပန်းတွေဖူးပွင့်ရာ
ကျောက်တုံးတွေအကြား
ရေဟာလျှောကျစီးဆင်းရာ
အဲဒီနေရာ
လမ်းလျှောက်ထွက်ရင်
ငါ့ကို အရင်ဆုံး ခေါ်ငင်ပါ။

စားစရာ နည်းနည်းပဲရှိလို့
ကလေးတွေအတွက် ခွဲဝေဖို့
ဝေစုကို လျှော့ချဖို့လိုရင်
ငါ့အမည် စာရင်းကို အရင်တင်သွင်းပါရစေ။
Continue reading

ကဗျာလောက စုစည်းမှု-၁


Leave a comment

နေ့လယ်ခင်း (၁) (နေမျိုး)

တိုက်ခတ်နေတဲ့ လေက ပူတယ်
ငါ့အခန်းကလေးထဲမှာ ပူတယ်
အပြင်ဘက် လမ်းမပေါ်လည်း ပူနေမှာပဲ
နေရောင်ခြည်က ဗာဒံရွက်တွေပေါ်မှာ
ဝရန်တာမှာ ဘယ်သူမှ မရှိ
ကုလားထိုင်ဟောင်းတစ်လုံး ငြိမ်သက်လို့ နေရောင်ထဲမှာ
ငါ့ကို ငိုက်မျဉ်းစေတဲ့နေ့လယ်ခင်း
အလင်းရောင် ပူပူထဲမှာ
တရွေ့ရွေ့တိုးဝင်သွား
ကျီးကန်းတွေ။

၂၀၁၂.၇.၁၆
ညနေ ၄း၀၂ နာရီ


(ကဗျာလောက စုစည်းမှု-၁။ စက်တင်ဘာ၊ ၂၀၁၂ – နှစ်ကာလများ။)

ကဗျာလောက စုစည်းမှု-၁


Leave a comment

နေ့လယ်ခင်း (၂) (နေမျိုး)

ဖွင့်ထားတဲ့ တံခါးရွက်ဟာ ငြိမ်လို့
ကြမ်းပြင်ပေါ်မှာ နေရောင်ခြည်က လင်းလို့
အခန်းဟာ တိတ်ဆိတ်လို့
လမ်းမကြီးပေါ်မှာ စစ်ကျန် ဘတ်(စ်)ကား
ဖြတ်သန်းသွားပေါ့
ငြီးငွေ့မှုဟာ ငါ့မှတ်ဥာဏ်မှာ ထိုးဆိုက်လာပြီ
ဘယ်သူမှမရှိ သည်နေရာမှာ
မြင်းအိုကြီးတစ်ကောင်သာ
ရပ်လို့
ငါအသက်ရှူနေဆဲ
လေထုထဲက အထိအတွေ့ကို မှတ်တမ်းရေးစဉ်
ဗာဒံပင် သစ်ရွက်လေတိုးသံ ကြားမိ။

၂၀၁၂.၇.၁၇
မွန်းလွဲ ၂း၄၆ နာရီ


(ကဗျာလောက စုစည်းမှု-၁။ စက်တင်ဘာ၊ ၂၀၁၂ – နှစ်ကာလများ။)

ကဗျာလောက စုစည်းမှု-၁


Leave a comment

နေ့လယ်ခင်း (၃) (နေမျိုး)

မနေ့က တံခါးရွက် ဒီနေ့လည်း ဖွင့်ထားလျက်
မနေ့က အခန်းထဲမှာ ဒီနေ့လည်းငါ
ထိုင်နေလျက်ပါ
မနေ့က မြင်ကွင်းများ ဒီနေ့လည်း ပြီးဆုံးမသွား
ဘတ်(စ်)ကားများ ဖြတ်မောင်းဆဲ
ကျီးကန်းများ ပျံဝဲ
ဈေးသည်တွေ အော်ဟစ် ရွေ့လျားနေမြဲ
နေရောင်ခြည်ထဲမှာ
လေဟာ နွေးနေတာ။

၂၀၁၂.၇.၁၈
မွန်းလွဲ ၂း၅၇ နာရီ


(ကဗျာလောက စုစည်းမှု-၁။ စက်တင်ဘာ၊ ၂၀၁၂ – နှစ်ကာလများ။)

ကဗျာလောက စုစည်းမှု-၁


Leave a comment

နေ့လယ်ခင်း (၄) (နေမျိုး)

လမ်းပေါ်က အသံတွေ နီးလာလိုက်
လမ်းပေါ်က အသံတွေ ဝေးသွားလိုက် တတီတီ
တဒီးဒီး တဝေါဝေါ တစ်ဟုန်ထိုး
ဖြည်းဖြည်းချင်း အရှိန်အဟုန်နဲ့ တရွေ့ရွေ့
ခေါင်းရွက်ဗျပ်ထိုး၊ ဘတ်(စ်)ကား၊
ခြေကျင်သွားသူ
စက်ဘီး၊ ဆိုင်ကယ်၊ ခရီးသည်တင်၊
ကုန်တင်ယာဉ်များ
လမ်းမပေါ်တွင် ခရီးနှင်ကြ
ငါက တမူ
လူသံကင်းဆိတ် ငြိမ်တိတ်အေးချမ်း
အခန်းထဲမှာ တစ်ယောက်တည်း။

၂၀၁၂.၇.၁၉
မွန်းလွဲ ၃း၂၇ နာရီ


(ကဗျာလောက စုစည်းမှု-၁။ စက်တင်ဘာ၊ ၂၀၁၂ – နှစ်ကာလများ။)

ကဗျာလောက စုစည်းမှု-၁


Leave a comment

နေ့လယ်ခင်း (၅) (နေမျိုး)

ဒီနေ့ မိုးနည်းနည်းအုံ့တယ်
နေရောင်မှိုင်းမှိုင်း
ဗာဒံရွက်ပေါ်မှာ ငှက်ချေးပြောက်တွေ
ဒီနေ့ လေနည်းနည်းငြိမ်တယ်
သစ်ရွက်တွေ လှုပ်တယ်ဆိုရုံမျှ
ဒီနေ့ ငါအခန်းထဲမှာထိုင်ရင်း
သတင်းစာဟောင်းတစ်စောင် ကောက်ဖတ်မိ
လူပျောက်ကြော်ငြာထဲမှာ
လူအိုတစ်ယောက်ဟာ ငြိမ်သက်နေတာ။

၂၀၁၂.၇.၂၀
မွန်းလွဲ ၂၀၅ နာရီ


(ကဗျာလောက စုစည်းမှု-၁။ စက်တင်ဘာ၊ ၂၀၁၂ – နှစ်ကာလများ။)

ကဗျာလောက စုစည်းမှု-၁


Leave a comment

နေ့လယ်ခင်း (၆) (နေမျိုး)

မိုးဖွဲဖွဲရွာတယ်
ပြီးတော့ ပြန်တိတ်သွား
အိုက်စပ်စပ် ကတ္တရာလမ်းမ
မိုးသားတွေက ငုံ့ကြည့်ခဲ့
မြို့ရဲ့ခေါင်မိုးပေါ်မှာ
လေနှင်ရာ ဟိုတစ်ဖက်ကို တရွေ့ရွေ့ထွက်ခွာသွား
မိုးသားတိမ်တိုက်တွေ
ငါက ဒီအခန်းထဲမှာလေ
ကျောက်ချထိုင်နေဆဲ
အိမ်ပြန်ဖို့ကို သတိမရဘဲ။

၂၀၁၂.၇.၂၁
နေ့လယ် ၁၂း၅၅ နာရီ


(ကဗျာလောက စုစည်းမှု-၁။ စက်တင်ဘာ၊ ၂၀၁၂ – နှစ်ကာလများ။)