လမ်းအိုလေး

beyond chaOs

Khin Maung Yin


Leave a comment

စာနာခြင်းသစ်ပင် (နေမျိုး)

ဘဝအကြောင်း စာလုံးပေါင်းတဲ့အခါ
ငါ့နာမည် ပါပါစေ
အခက်အခဲတစ်ခုကြုံတိုင်း
စိတ်ညီသူတွေ အတူတကွ
လက်တွဲကြတဲ့အခါ
ငါ့နာမည်ကို စာရင်းထဲထည့်ပါ။

ဆောင်းရာသီ တောလမ်းကလေး
ယုန်ကလေး ပြေးဆော့ရာ
အမည်မရှိတဲ့ ပန်းတွေဖူးပွင့်ရာ
ကျောက်တုံးတွေအကြား
ရေဟာလျှောကျစီးဆင်းရာ
အဲဒီနေရာ
လမ်းလျှောက်ထွက်ရင်
ငါ့ကို အရင်ဆုံး ခေါ်ငင်ပါ။

စားစရာ နည်းနည်းပဲရှိလို့
ကလေးတွေအတွက် ခွဲဝေဖို့
ဝေစုကို လျှော့ချဖို့လိုရင်
ငါ့အမည် စာရင်းကို အရင်တင်သွင်းပါရစေ။
Continue reading

နောက်ဆုံးတော့ ကျွန်တော်တစ်ယောက်တည်း ကျန်နေမှာပါပဲ (ခင်မောင်ရင်)


Leave a comment

နောက်ဆုံးတော့ ကျွန်တော်တစ်ယောက်တည်း ကျန်နေမှာပါပဲ – အခန်း (၂၆ – ၃၁) (ခင်မောင်ရင်)

“ငါ့ဘ၀မှာ တစ်သက်လုံး နှစ်ခါပဲ ကြုံဖူးခဲ့တယ်။ ငါ့စိတ်ဆင်းရဲခြင်း၊ ငါ့ရဲ့ အလွန် စိတ်ဓာတ်ကျခြင်းနှင့် ငါ့ရဲ့ အလွန် ဝမ်းနည်းခြင်း”

“ဆိုပါဦး”

“မင်း ပန်းချီကားကိစ္စ၊ အတုဖန်တီးထားတာကို တွေ့ရတာက ဒုတိယ။

ပထမ, သဗ္ဗညုဘုရားရဲ့ အရှေ့ဖက်ကစေတီမှာ ငါတို့ ၁၉၅၆ခုနှစ်က တွေ့ခဲ့တဲ့ ကချေသည်နှင့် ဗုံတီးသူ (The Dancer and The Drummer) ဆိုတဲ့ စဥ့်ကွင်းနှစ်ခု။ ငါ ဆယ်နှစ်ကြာလို့ ပြန်သွားတော့ ပျောက်သွားတယ်။ အဲဒါ … အဲဒါ … ငါ့ရဲ့ အသက်ထက် စိတ်ဆင်းရဲမှု၊ အခုထိ စိတ်ဆင်းရဲနေခြင်း၊ အဲဒီနှစ်ခုကို အခု ငါပြန်လိုချင်တယ်။ ငါတို့၏ Dancer နှင့် ငါတို့၏ Drummer သည် ငါတို့၏ အသည်း၌ အမြဲရှိနေလေ၏။ ငါတို့ဆိုသည်မှာ ငါတို့ ဗိသုကာကျောင်းသားများ။ အခုတော့ ဒါတွေမရှိတော့။ အခုတော့ ဒါတွေ ဘယ်သူ ပြန်လုပ်မှာလဲ”။

ကျွန်တော်သည် လွမ်းနေမိ၏။


အခန်း(၂၆) … မှ

Continue reading


1 Comment

၂၀၁၁ လက်ရာများ (ခင်မောင်ရင်)

(ခင်မောင်ရင် - ၂၀၁၁)

(ခင်မောင်ရင် - ၂၀၁၁)


Note:
• Minor distortions have occurred during image refinements.
• Color Settings: Adobe RGB (1998)
• Many Thanks: KPS.


2 Comments

နောက်ဆုံးတော့ ကျွန်တော်တစ်ယောက်တည်း ကျန်နေမှာပါပဲ – အခန်း (၂၆) (ခင်မောင်ရင်)

နောက်ဆုံးတော့ ကျွန်တော်တစ်ယောက်တည်း ကျန်နေမှာပဲ (ခင်မောင်ရင်) - Cover Art

Cover Art

“ငါ့ဘ၀မှာ တစ်သက်လုံး နှစ်ခါပဲ ကြုံဖူးခဲ့တယ်။ ငါ့စိတ်ဆင်းရဲခြင်း၊ ငါ့ရဲ့အလွန်စိတ်ဓာတ်ကျခြင်းနှင့် ငါ့ရဲ့အလွန်ဝမ်းနည်းခြင်း”
“ဆိုပါဦး”
“မင်း ပန်းချီကားကိစ္စ၊ အတုဖန်တီးထားတာကို တွေ့ရတာက ဒုတိယ။
ပထမ, သဗ္ဗညုဘုရားရဲ့ အရှေ့ဖက်ကစေတီမှာ ငါတို့ ၁၉၅၆ခုနှစ်က တွေ့ခဲ့တဲ့ ကချေသည်နှင့် ဗုံတီးသူ (The Dancer and The Drummer) ဆိုတဲ့ စဥ့်ကွင်းနှစ်ခု” …


2 Comments

ကုဗတစ် (အုပ်စာတစ်) (ဇော်ဇော်အောင်)

အနုပညာ … စာ (ခင်မောင်ရင်) - Cover Artဆင်ခြင်မှုပန်းများ မတောက်ပမီ၊ အမုန်း၏ အချစ်ပေါင်းတစ်သိန်းအတွက် နှစ်တစ်ရာနေသည်။ ယခင် အထိမ်းအမှတ်ပွဲသည် ရမ္မက်အတွက် ထွက်ပေါက်တစ်ခု(လမ်းတစ်ခု) ရှာရန်ဖြစ်ကြောင်း ငါသဘောပေါက်ဖို့လိုသည်။ မင်းကတော့ (ထိုအချက်ကို) ကြိုက်မည်မဟုတ်။ (ထို)နေရာမှာ ပန်းချီကားများ ပန်းပွင့်များ ဖြန့်ကြဲထားကြောင်း သူမသိသွားပြီ။ ဘ၀နေရန်အတွက် အနုပညာကို ချစ်ခြင်းသည် လူတစ်ယောက်ကို လူကောင်းတစ်ယောက် ဖြစ်စေသည်။ သူသည် တိရစ္ဆာန်တစ်ကောင်၊ ဖားတစ်ကောင် သို့ မဟုတ် မိကျောင်းတစ်ကောင်လည်း ဖြစ်သည်။ သူတို့ သည် ရေထဲမှာရော၊ ကုန်းပေါ်မှာပါ နေနိုင်သည်။ ဘုရားပုထိုးတို့ တိုင်းပြည်သည် ခြင်္သေ့၏တိုင်းပြည် ဖြစ်နေသည်။ ကောင်းကင်ဘုံ၏ နှစ်(ကာလ)သည် ငရဲ၏ နှစ်ကာလနှင့် အလွန်ဝေးကွာနေလိ့မ်မည်။ သစ်ပင်များ ဘ၀ရှည်လွန်းစွ။ သူတို့သည် မျက်ရည်များကို မှေးမှိန်စေ၏။ လေညင်းတေးသံအလိုက်လည်း မြူးကတတ်ကြ၏။ သူတို့ ဘယ်သွားကြမည်လဲ။ အရှေ့ကိုလား၊ မြောက်ကိုလား။

ငါ (မိတ်ဆွေ) များလည်း သွားကြပြီ။ ငါသွားရန် မစွမ်းနိုင်ပါ။ ငါ့နေရာ သည်မှာရှိ၏။ နေရာကို ကန့်သတ်ပိုင်းခြားထားသော်လည်း ငါ့ဘ၀သံသရာသည် ရှည်၏ ။ ကြာပန်းများ ပွင့်ကြ၊ ကခုန်ကြ၊ သေဆုံးကြသော ငါ့ရေအိုင်သို့ လင်းယုန်ငှက်သည် မကြာခဏ ထိုးစိုက်ဆင်းသက်လာတတ်၏ ။ ကျီးသည် အပြစ်ကင်းသော အနက်ရောင်အတိုင်းသာ ရှိ၏။ အရုဏ်ဦး၏ အမှောင်ထုတွင်းသို့ ထီးကိုဖွင့်၍ တန်းတန်းမတ်မတ် ပျံသွားကြ၏။ နံနက်ခင်းမှာ အိမ်ဖော်မလေး စွန့်ပစ်သော အမှိုက်အညစ်တို့ကို စားရသော်လည်း သူတို့အသံသည် စန္ဒရားတစ်ထောင်ထက်သာသော သီချင်းဖြစ်၏ ။

နေသာသော နေ့တစ်နေ့မှာ မင်းလုလင်တစ်ယောက်သည် လူပြက်တစ်ယောက်နှင့် အတူလာ၏ ။ တနင်္ဂနွေနေ့အတွက် သူတို့နှစ်ယောက် တွဲဖက်ညီလှ၏။ အရပ်ရှည်ရှည် လူတစ်ယောက် တောအုပ်ထဲမှာ တုတ်တစ်ချောင်းနှင့် လမ်းလျှောက်နေ၏။ သူတို့ လက်သည်းခွံမှာ ဘာမှမရှိသော်လည်း သစ်ရွက်များသည် နှုတ်သီးနှင့် လေချွန်ကြ၏။ Continue reading


2 Comments

ပေါ်ဦးသက် ထရမ်းပက်ဝယ်ခြင်း (ခင်မောင်ရင်)

ပေါ်ဦးသက် ထရမ်းပက်ဝယ်ခြင်း (ခင်မောင်ရင်)

(၁၉၃၆ - ၁၉၉၃)

“တစ်ဖက်သားကို ချမ်းမြေ့စေ … ဖော်ရွေသော မျက်နှာလေးတွေ … အကြင်နာရောင် သန်းကာလေ … အလှပန်းပွင့်ပါတဲ့မေ …”

ကျွန်တော်သည် (၂၄)လမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ တိုက်ခန်းပေါ်သို့ လှေကားအတိုင်း တက်လာသည့်အခါ ပေါ်ဦးသက် သီချင်းဟစ်နေသံကို ကြားရသည်။ ထုံးစံအတိုင်း သူသည် မြို့မငြိမ်းသီချင်းများကို သီဆိုလေ့ရှိသည်။ ဧကန္တ၊ သူ ပန်းချီဆွဲနေသည်ဖြစ်မည်။ ကျွန်တော်သည် အခန်းတံခါးကို ဖွင့်ပြီးဝင်လိုက်၏။ သူသည် သီချင်းဆိုနေသည်ကို မရပ်ဘဲ သူဆွဲနေသည့် ပန်းချီကားကို ဆက်လက်၍ ဆွဲနေ၏။ “မနက်ဖြန် ပေးရမယ့် ပန်းချီကား ဆယ်ကားလုံး ပြီးပြီလား။”

“ကိုးကားပြီးပြီ။ တစ်ကားပဲ ကျန်တော့တယ်။” သူသည် ကျွန်တော့်အားကြည့်၍ ပြုံးနေသည်။

“ဒါဖြင့် အဲဒီဆီဆေးကားက ဘာလုပ်ဖို့တုန်း”

“ကိုယ်ဆွဲချင်လို့ ဆွဲတာ။ လူများမှာတာတွေ ငြီးငွေ့လို့။”

“တစ်ခုတည်းကျန်တာ ပြီးအောင်လုပ်လိုက်ပါလား။”

“စိတ်ချပါ။ ပြီးအောင်လုပ်မှာပါ။ စိတ်လွတ်လပ်သွားအောင် ခဏလေး ပြောင်းလုပ်တာ။ မင်းက ပန်းချီဆွဲတာကို စက်ရုပ်လို မှတ်နေလား။”

“မမှတ်ပါဘူး။ ကဲ … ကဲ ပြီးအောင်လုပ်”ဆိုပြီး နောက်ဖေးသို့ ကျွန်တော် ခဏ၀င်လိုက်၏။ ထိုအခါ လူတစ်ယောက် ၀င်လာသည်ကို ကျွန်တော်ကြားလိုက်ရ၏။ ထိုသူ မည်သူမည်ဝါ ဆိုသည်ကို ကျွန်တော်မသိသေးပါ။

Continue reading

အနုပညာ … စာ – Paintings #3 (ခင်မောင်ရင်)

Leave a comment

View the pictures →

This gallery contains 12 photos

အနုပညာ … စာ – Paintings #2 (ခင်မောင်ရင်)

Leave a comment

View the pictures →

This gallery contains 10 photos

အနုပညာ … စာ – Paintings #1 (ခင်မောင်ရင်)

Leave a comment

View the pictures →

This gallery contains 10 photos

Faces #1 (Khin Mg Yin)

2 Comments

View the pictures →

This gallery contains 18 photos