လမ်းအိုလေး

Løøps of Resistance …

Khin Maung Yin

စာနာခြင်းသစ်ပင် (နေမျိုး)

Leave a comment

ဘဝအကြောင်း စာလုံးပေါင်းတဲ့အခါ
ငါ့နာမည် ပါပါစေ
အခက်အခဲတစ်ခုကြုံတိုင်း
စိတ်ညီသူတွေ အတူတကွ
လက်တွဲကြတဲ့အခါ
ငါ့နာမည်ကို စာရင်းထဲထည့်ပါ။

ဆောင်းရာသီ တောလမ်းကလေး
ယုန်ကလေး ပြေးဆော့ရာ
အမည်မရှိတဲ့ ပန်းတွေဖူးပွင့်ရာ
ကျောက်တုံးတွေအကြား
ရေဟာလျှောကျစီးဆင်းရာ
အဲဒီနေရာ
လမ်းလျှောက်ထွက်ရင်
ငါ့ကို အရင်ဆုံး ခေါ်ငင်ပါ။

စားစရာ နည်းနည်းပဲရှိလို့
ကလေးတွေအတွက် ခွဲဝေဖို့
ဝေစုကို လျှော့ချဖို့လိုရင်
ငါ့အမည် စာရင်းကို အရင်တင်သွင်းပါရစေ။

သူ့ခံစားမှုကို သူမသိတော့တဲ့
အဖိုးအိုတွေ
မျက်စိလည်နေတဲ့ ကလေးသူငယ်တွေ
အနာရောဂါထူပျောတဲ့သူတွေ
သူတို့ဘက်မှာ
ငါဟာ အမြဲရှိနေပါစေ။

ညတစ်ရေးလန့်နိုးတဲ့
မိဘမဲ့ ကလေးတစ်ယောက်ဟာ
ငါ့အမည်ကို အရင်ဆုံး သတိရပါစေ။

ဘယ်သူဟာ အထီးကျန်သူလဲ
သူဟာ ညအခါ
ငါ့ကို အိပ်မက် မက်ပါလေ။

ဥာဏ်ပညာ
ဗဟုသုတကြွယ်သူတွေ
ရှေးဟောင်း နှောင်းဖြစ်များ ပြောကြတဲ့အခါ
နောက်ဆုံးမှာ
ငါ့အမည်ကို ရေရွတ်ပါစေ။

နှစ်တွေလွန်တော့
မေ့လျော့ခြင်းဟာ
ကမ္ဘာမြေ တစ်ခုလုံးကို အတိပြီးအောင်
ဖုံးလွှမ်းသွားတဲ့အခါ
တစ်နေ့မှာ
ငါ့အမည်ဟာ
သစ်ပင်ကလေးတစ်ပင်အဖြစ်နဲ့
ကမ္ဘာမြေပေါ် ထိုးဖောက်လို့
အသစ်ရှင်သန် ပေါက်ရောက်လာပါလိမ့်မယ်။

ဖေဖေါ်ဝါရီ ၂၀၀၅


(Idea Magazine – ဇူလိုင်၊ ၂၀၁၀)
Painting: Khin Mg Yin.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s