လမ်းအိုလေး

beyond chaOs

အပျော်စီးပင်လယ် (မောင်ဒေး)


Leave a comment

အပျော်စီးပင်လယ် (မောင်ဒေး)

(ဧပြီ၊ ၂၀၀၆ – ကျော်မွှေးစာပေ။)

ငါ့ mind ထဲမှာ အဲ့ဒီ ၁၈ ခု (ခင်အောင်အေး)


Leave a comment

ငါ့ mind ထဲမှာ အဲ့ဒီ ၁၈ ခု (ခင်အောင်အေး)

အမြီးတစ်ချောင်းတည်းနဲ့ပဲ
ရှေ့ကိုတိုးရွေ့မှုနဲ့
ဘဝတစ်ခုလုံးရဲ့
ရန်စွယ်ရန်ငုတ်မှန်သမျှကို
ရင်ဆိုင်ဖြေရှင်းရတဲ့ ငါးလို –

ငါ
ကဗျာတစ်ခုထဲကို အားပြုပြီး
နေ့စဉ် အသက်ရှင်နေထိုင်ရပေါ့။

Continue reading

ရွှေနှလုံးသား ကဗျာစု (မင်းလူ၊ တိုးမိုး၊ မြင့်ကောင်း၊ မျိုးရာဇာညွန့်၊ မောင်မောင်စနေ၊ သားကြီးမောင်ဇေယျ)


Leave a comment

ရွှေနှလုံးသား ကဗျာစု (မင်းလူ၊ တိုးမိုး၊ မြင့်ကောင်း၊ မျိုးရာဇာညွန့်၊ မောင်မောင်စနေ၊ သားကြီးမောင်ဇေယျ)

Source: Exit Poetry
သုံးယောက်ကောင်းကင် (မောင်သစ်မင်း)


1 Comment

သုံးယောက်ကောင်းကင် (မောင်သစ်မင်း)

သုံးယောက်ကောင်းကင် (မောင်သစ်မင်း) - Cover Art

နတ်သမီးပုံပြင်

သူ့အတွက် သူအိမ်တစ်လုံးဆောက်တယ်
သူ့အုတ်မြစ်များ၊
သူ့ကျောက်တုံးများ၊
သူ့နံရံများ၊
သူ့ခေါင်းပေါ်က အမိုးများ၊
သူ့ခေါင်းတိုင် သူ့မီးခိုးများ၊
သူ့ပြတင်းပေါက်က မြင်ကွင်း။

သူ့အတွက် သူဥယျာဉ်တစ်ခုလုပ်တယ်
သူ့ခြံစည်းရိုး၊
သူ့သစ်မွှေးပင်၊
သူ့တီကောင်၊
သူ့ညနေခင်းနှင်းစက်။

သူ့ကောင်းကင်ပေါ်က တစ်စိတ်တစ်ပိုင်းကို လှီးဖြတ်လိုက်တယ်။

ပြီးတော့ ဥယျာဉ်ကို ကောင်းကင်နဲ့ထုပ်
သူ့အိမ်ကို သူ့ဥယျာဉ်နဲ့ထုပ်
အားလုံးကို လက်ကိုင်ပ၀ါတစ်ထည်ထဲမှာ စုထုပ်လိုက်တယ်။

ပြီးတော့ ထွက်သွားလေရဲ့
အာတိတ်မြေခွေးတစ်ကောင်ရဲ့
အထီးကျန်မှုမျိုးနဲ့
အေးစက်
အဆုံးမဲ့
မိုးရေထဲဖြတ်သန်းပြီး
ကမ္ဘာထဲကို။ ။

Miroslav Holub
– Translated: မောင်သစ်မင်း –

Some Memorable Works


PDF Src: MMCPcommunity.net


Obituary : တေးရေးဆရာ မောင်သစ်မင်းသည် ဇွန်လ ၅ ရက်နေ့၊ ထိုင်းနိုင်ငံ ဒေသစံတော်ချိန် နံနက် ၉ နာရီ မိနစ် ၂၀ (မြန်မာစံတော်ချိန် ၉ နာရီ) အချိန်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆမ်မီတဝေ့ ဆေးရုံကြီး၌ ကွယ်လွန်ခဲ့ကြောင်း …

News Src: News-Eleven.com.


Leave a comment

ဦးနှောက်နှင့် အာရုံခံစားမှုဆိုင်ရာ(ကဗျာအီးဘုခ်) (ဇေယျာလင်း)

အမှာစကား

၂၁ ရာစုရဲ့ ပထမဆယ်စုနှစ်အကုန်ပိုင်း
၂၀၁၀ အောက်တိုဘာ ၊ နိုဝင်ဘာ ၊ ဒီဇင်ဘာလများအတွင်း
ရေးသားခဲ့တဲ့ ကဗျာတွေဖြစ်ပါတယ် ။
ဘာရယ်တော့ မဟုတ်ပါဘူး ။
လစ်ရစ်က်ကဗျာအမျိုးအစားဆိုင်ရာ ကိစ္စအချို့ကို
စူးစမ်းတိုးကြည့်ခြင်းပါပဲ။
၂၀၁၁ နှစ်ကူး ကဗျာစာအုပ်ငယ်လေးအဖြစ်
စီမံပြုလုပ်ပြီး လက်ဆောင်ပေးလိုက်တာဖြစ်ပါတယ်။
နှစ်သစ်မှာ ကဗျာနဲ့အတူ
မင်္ဂလာအဖြာဖြာ ပြည့်စုံပါစေ။ ။

– ဇေယျာလင်း –

PDFDownload – 41.2KB


Lyric Poetry : Poetry that expresses a speaker's emotions or thought and does not tell a story.

Src: Google.


Mirrored: EqualSignPoetryetics


Leave a comment

ကြယ်များရှိရာသို့ ပျံတက်ခြင်း (ခင်အောင်အေး)

ပျော်ရွှင်ဖွယ် ရေးခြစ်ခြင်းများ (ခင်အောင်အေး)

သေးသေးကျဉ်းကျဉ်းတွေ မရောက်နိုင်တဲ့ခရီး ရစ်ပတ်တဲ့နွယ်လို ရုန်းမရ ရှင်းပြမှရမယ့် ဖတ်စာအုပ် မှတ်ပုံတင်ကဒ်ပြားလို ချုပ်နှောင်ပြီးသား အရေပြားထဲ ထိန်းချုပ်နံပါတ်တွေပါ ရိုက်နှိပ်ထည့်သွင်းထားအုန်းမတဲ့ အတောင်ဖြင့် ပျံသန်းခဲ့သူရဲ့ စိတ်ကူးစိတ်သန်းဟာ အခုတော့ ကမ္ဘာအနှံ့ ကွင်းကျယ်ကျယ်ကြီးတွေပေါ် တက်လိုက်ဆင်းလိုက် ဆိုင်ရာအဲယားလိုင်းရဲ့ လောင့်န်ခ်ျမှာ ဘူဖေးစားရင်း သူ့ကိုဘယ်သူမှ သတိမရဘူး သူ့နံမယ်ကို ဘယ်နံရံမှာမှ တွေ့ရမှာမဟုတ်ဘူး ပတ်စပို့စာအုပ်နဲ့ လေယာဉ်လက်မှတ်ကို ကောင်တာပေါ်တင်ပေးရင်း ငါးမျက်လုံးကို စိုက်ကြည့်လိုက်တယ် ဆိုက်ရောက်မည့်လေဆိပ် အကွက်မှာ အရှေ့တောင်အာရှနိုင်ငံတခုရဲ့ လေဆိပ်အမည်ဖော်ပြထားပေမယ့် “I am going to a Star” စိစစ်ရေး အရာရှိရဲ့ မျက်ခုံးနှစ်ဘက် မြင့်တက်သွားခိုက် မေ့ကနဲ ဖြစ်ကာ ကြယ်တာရာတွေကြားမှာ စက္ကန့်ဝက်လောက်ပျော်ပါးခွင့်ရခဲ့တယ်။ ။

၂၅၊ မတ်ခ်ျ၊ ၂၀၁၀ ဘန်ကောက်စံတော်ချိန် ၆း၅၈ နာရီ

PDF ပျော်ရွှင်ဖွယ် ရေးခြစ်ခြင်းများ (ခင်အောင်အေး) PDF – 795KB

(ပျော်ရွှင်ဖွယ် ရေးခြစ်ခြင်းများ – ခင်အောင်အေး)


Leave a comment

ဧည့်ခံပွဲသဘင် (ခင်အောင်အေး)

ပျော်ရွှင်ဖွယ် ရေးခြစ်ခြင်းများ (ခင်အောင်အေး)

ရေတွေလျှံကျနေသလို အချိန်တွေပိုလျှံနေတဲ့ ဒဏ်ရာကနေ ဆတ်ကနဲတွန့် သွေးစိမ်းရှင်ရှင်ကျနေတဲ့ စိတ် အစိတ်စိတ်အမွှာမွှာ လဲပြိုမှုတွေကို ပြန်မတ်တဲ့ ဟန်ချက် ရင်အုပ်မကွာ ပြပွဲမှာ ညင်သာတဲ့ ဂန္တဝင်ဟန်တေးသွား မာနကို ကိုးလပ်ခ်ျလုပ်ထားတဲ့ အနုပညာလက်ရာရှေ့မှောက် ကုန်လု ကုတ်ခ်သံဗူးကို ဟိုး…အခန်းထောင့်က ချစ်စဖွယ်အမှိုက်ပုံးကလေးထဲ သွားပစ်နေစဉ် ဒုတိယကမ္ဘာစစ် ဒေါ့ကယူမင်န်ထရီ ဖြူ/မဲ ၁၆ မမ လေးနက်စူးနစ်နေဟန် အသွင်များ မျက်လုံးကိုယ်စီမှာ ကလစ်နဲ့ချိတ်တွယ်ထားလျက် အင်္ဂလိပ် ပြင်သစ် အီတလီ ဘာသာစကား တီးတိုးသံများ နံရံမှ ပဲ့တင်ပြန်လာတာကို အသေအချာ ချိန်ဆတွက်ချက် ထွန်းညှိထားတဲ့ လိုက်ထ်ဆစ်စတမ်တွေ အောက်မှာ ဖျပ်ကနဲ မြင်လိုက်တယ် bonjour ။      ။

၂၃၊ မတ်ခ်ျ၊ ၂၀၁၀ ဘန်ကောက်စံတော်ချိန် ၈း၄၂ နာရီ

PDF ပျော်ရွှင်ဖွယ် ရေးခြစ်ခြင်းများ (ခင်အောင်အေး) PDF – 795KB

(ပျော်ရွှင်ဖွယ် ရေးခြစ်ခြင်းများ – ခင်အောင်အေး)


Leave a comment

အချိန်ကာလနဲ့သေခြင်းတရား မှတ်ချက်တို (ခင်အောင်အေး)

ပျော်ရွှင်ဖွယ် ရေးခြစ်ခြင်းများ (ခင်အောင်အေး)

ခု ၈ နာရီ ၁၄ တဲ့ အချိန်ကိုပြောတာ သေချာပြီလား ပြောနေရင်းနဲ့တော့ ၁၅ ဖြစ်သွားပြီပေါ့ ငြိမ်မနေဘူးလား ဘာကကောငြိမ်နေလို့လဲ ခဏဖြစ်ဖြစ်ပေါ့ဗျာ သဘာဝကို မလွန်ဆန်ချင်နဲ့လေ လေတိုက်နှုန်း နေ့အပူဒီဂရီ တိမ်ဖြစ်ထွန်းမှု ဘယ်နားမှာ ယာဉ်ကြောကြပ်နေသလဲ လုံခြုံသွားရောလား တယ်လီဖုန်း ကင်မရာလေးနဲ့ ဟိုရိုက်သည်ရိုက် အစည်းအဝေးမှာ ထည့်သွင်းပြောကြားသွားသည် အတည်ပြုချက်မရသေးပါ ပန်းခြံ တောင်ပေါ်ကနေ မြို့ကြီးတခုလုံးကို စီးကြည့်နေတဲ့ ရုပ်တု ဒီလိုပဲ စီးကျလာနေတာ တသွင်သွင်ပဲ ဘက်ထရီ ဘက်ထရီ မီးမောင်း တခု နှစ်ခုလောက်လျှော့လိုက်ပါလား နှင်းကန့်လန့်ကာကြားက ရှက်ပြုံးနဲ့ နေမင်း ကျွန်းတွေကို ကွေ့ဝိုက်ပြီး သွားနေတယ် အပျော်စီးသင်္ဘောရဲ့ ပဲ့စင်မှာ ငါးမျှားတံ မှောင်လာရင် ကဲလားတံခါးချ မီးခွက်မှုတ်လိုက်ပြီ သူတို့ဘယ်ဘက် ဆက်မောင်းသွားကြသလဲ ချောက်ထိပ်မှာ ရှုခင်းသာ သာယာမှုဟာ အတွင်းထဲကစိမ့်ထွက်လာတာမျိုး မီးရှူးမီးပန်းတွေက အောင်မြင်မှုကို သေချာပေါက်အာမခံထားလား ခင်ဗျား အသက်အာမခံ ထားသလား ကိုယ့်ကိုယ်ကို အချိန်မရွေးသေနိုင် ဒုက္ခိတဖြစ်သွားနိုင်တယ်လို့ ယုံကြည်စိတ်မွေးရတာ အူယားစရာ မကောင်းဘူးလား ပြောရင်းဆိုရင်း ၈ နာရီ ၄၅ ဖြစ်သွားပြီ မပြောလား ရပ်နေတာမဟုတ်ဘူးလို့။     ။

၂၉၊ မတ်ခ်ျ၊ ၂၀၁၀ ဘန်ကောက်စံတော်ချိန် ၈း ၄၉ နာရီ

PDF ပျော်ရွှင်ဖွယ် ရေးခြစ်ခြင်းများ (ခင်အောင်အေး) PDF – 795KB

(ပျော်ရွှင်ဖွယ် ရေးခြစ်ခြင်းများ – ခင်အောင်အေး)


Leave a comment

သူသည် ကဗျာဆရာတစ်ယောက်ဖြစ်သည် (တာရာမင်းဝေ)

Mirrored: Manohary.Net

နားနားပြီးပြော (Unreleased Cover Art)


Leave a comment

နားနားပြီးပြော (စိုင်းဝင်းမြင့်)

နားနားပြီးပြော (စိုင်းဝင်းမြင့်)

Source: CherryThitsar.Org