လမ်းအိုလေး

beyond chaOs


Leave a comment

မိုးကုန်​ပြီးစ တစ်​​နေ့၌ ​ကျေနပ်​စွာ လွမ်းဆွတ်​ရခြင်း (မြင့်သန်း)

ကျွန်​​တော်​သည်​ ကန်​​ရေပြင်​ကို ​ငေး​နေရင်း လက်​ထဲတွင်​ ပိုက်​ထား​သော ​ဟောလစ်​ပုလင်းကြီး အလွတ်​တစ်​လုံးကို သတိရလိုက်​မိသည်​။ ထိုပုလင်းမှာ အစ်​ကို​လေးက ကျွန်​​တော့်​ကို ​ပေးထား​သော ပုလင်းကြီး ဖြစ်​သည်​။ ကျွန်​​တော်​တို့ ငယ်​စဉ်​က ​ပျော်​စရာ​ကောင်း​သောအခါ ​ပျော်​စရာ​ကောင်း​သော အ​ကြောင်းများ ရှိခဲ့​လေတိုင်း အစ်​ကို​လေးသည်​ “​ပျော်​ရွှင်​စရာ​တွေ နည်းနည်း သိမ်းထားဦးမယ်​” ဟုဆိုကာ ထို​ဟောလစ်​ပုလင်းကြီးထဲတွင်​ သိမ်း​လေ့ရှိသည်​။
.

Continue reading

ဆင်တစ်ကောင်လုံး ပျောက်ဆုံးခြင်း ဝတ္ထုတိုစု (ဒီနိုဗို)


Leave a comment

မိသားစုအရေး (ဒီနိုဗို)

ဆင်တစ်ကောင်လုံး ပျောက်ဆုံးခြင်း ဝတ္ထုတိုစု (ဒီနိုဗို)

Family Affair

ကျွန်တော်လည်း အိပ်ရာပေါ်မှာ ကျောဆန့်လိုက်ပြီး လိုက်ကာကတစ်ဆင့် လကို ကြည့်နေမိတယ်။ ကျွန်တော်တို့ဟာ ဘယ်ကို ဦးတည်နေကြသလဲ ကျွန်တော် တွေးနေမိတယ်။ ဒါပေမဲ့ ဒီလိုကိစ္စမျိုးကို လေးလေးနက်နက် တွေးဖို့ ကျွန်တော့်မှာ သိပ်ကို မောပန်းနေခဲ့တယ်။ ကျွန်တော် မျက်စိနှစ်လုံးကို မှိတ်လိုက်တဲ့အခါ အိပ်စက်ခြင်းက မှောင်မိုက်​တိတ်ဆိတ်တဲ့ ခြင်ထောင်လို ကျွန်တော့်အပေါ်မှာ လွင့်ကျလာခဲ့တော့တယ်။
.
အခုအချိန်မှာတော့ မူယာကာမိဟာ ကျွန်တော်တို့ဆီက ဘာသာပြန်ဆရာ တော်တော်များများရဲ့ လက်စွဲဖြစ်လာသလို သူ့ဝတ္ထုတိုတွေကို ပြန်ဆိုထားကြတဲ့ ဘာသာပြန်လက်ရာ မူကွဲအမျိုးမျိုးကိုလဲ ဖတ်ရှုလာရပါတယ်။ ဒီတော့ ပြန်ချင်သူများလှတဲ့ မူယာကာမိ ဝတ္ထုတွေကို လက်ရှောင်ပြီး သူများ ပြန်ပြီးသားတွေကိုပဲ ဖတ်နေမိပါတယ်။ ကိုယ်ပြန်ထားတဲ့ ဝတ္ထုတွေ သူများတကာ ဘယ်လိုများ ပြန်ထားသလဲ ဖတ်ကြည့်ရင်း ဘာသာပြန်ခြင်း အနုပညာကို ရိပ်စား​နားလည်လာရပါတယ်။ တစ်ဆက်တည်းမှာပဲ ကိုယ်ပြန်ဆိုထားတဲ့ လက်ရာကို စာဖတ်သူများကို ချပြချင်စိတ်တွေလည်း တဖွားဖွား ပေါ်လာမိပါတယ်။ မတူကွဲပြားတဲ့ ဘာသာပြန်မူတွေကို နှိုင်းယှဉ်​ဖတ်ရှုခြင်းအားဖြင့် စာဖတ်သူများကို အကဲဖြတ်စေချင်တဲ့ စိတ်စေတနာလည်း ပါပါတယ်။

– ဒီနိုဗို။


Continue reading

ဆင်တစ်ကောင်လုံး ပျောက်ဆုံးခြင်း ဝတ္ထုတိုစု (ဒီနိုဗို)


Leave a comment

လှပသော ဧပရယ်မနက်ခင်းတစ်ခုတွင် ၁၀၀ရာနှုန်း ပြည့်စုံသော ကောင်မလေး​ တစ်ယောက်ကို တွေ့လိုက်ရခြင်း (ဒီနိုဗို)

On seeing the 100% perfect girl one beautiful April morning - Haruki Murakami

On seeing the 100% perfect girl …

စကားတစ်လုံးမှ မပြောပဲ သူတို့ တစ်ယောက်ကို တစ်ယောက် ကျော်ဖြတ်လာခဲ့တယ်။ ပြီးတော့ လူအုပ်ထဲ ဝင်ရောက်​ပျောက်ကွယ်သွားတယ်။ ထာဝရပဲ။ ဝမ်းနည်းဖို့ကောင်းတဲ့ ဇာတ်လမ်းလေးပဲ၊ အဲဒီလို မထင်မိဘူးလား။
.

Continue reading

ဟရူကီ မူရာကာမိ၏ ပြတင်းတစ်ပေါက်နှင့် အခြားဝတ္ထုတိုများ (မြင့်သန်း)


Leave a comment

ကနေတဲ့ လူပုလေး (မြင့်သန်း)

ကနေတဲ့ လူပုလေး (မြင့်သန်း)

The Dancing Dwarf

မင်းအနေနဲ့ နိုင်ချင်သလောက် နိုင်လို့ရမယ်။ ဒါပေတဲ့ ရှူံးတယ်ဆိုတာက တစ်ကြိမ်တည်းပဲ။ ရှူံးရင် ပြီးသွားတာပဲ။ မင်း ရှူံးကို ရှူံးရဦးမှာ။ တစ်နေ့ ရောက်လာလိမ့်မယ်။ ငါကတော့ မျှော်နေမယ်။ ဘယ်လောက်ပဲ ကြာကြာ
.

Continue reading

Blind Willow Sleeping Woman (Haruki Murakami)


Leave a comment

တိရစ္ဆာန်ရုံ သေဆုံးခြင်း (တေဇာ – လရောင်လမ်း)

The Zoo Attack

The Zoo Attack

သူတို့ ကျားသစ်တွေကို သတ်ကြတယ်။ သူတို့ ၀ံပုလွေတွေကို သတ်ကြတယ်။ သူတို့ ၀က်ဝံတွေကို သတ်ကြတယ်။ အဲဒီအထဲကမှ အချိန်အများဆုံး ယူရတာက ၀က်ဝံတွေကို ပစ်သတ်ဖို့ပဲ။ ရိုင်ဖယ်ကျည်ဆန်တွေ ဒါဇင်ကျော်ထိပြီးတာတောင်မှ ကြီးမားလှတဲ့ တိရစ္ဆာန်ကြီးနှစ်ကောင်ဟာ သံလှောင်အိမ်က ဘားတန်းတွေကို တွန်းတိုက်နေကြတယ်။ စစ်သားတွေကို ဒေါသတကြီး ဟိန်းဟောက်အော်မြည်နေတယ်။ သွားရည်တမြားမြားနဲ့ အစွယ်ကြီးတွေကို ဖြဲပြနေကြတယ်။ ဒါက ကြောင်မျိုးနွယ်တွေနဲ့တော့ သိပ်မတူဘူး။ ကြောင်တွေကတော့ သူတို့ရဲ့ကံကြမ္မာကို ပိုပြီး အသာတကြည် လက်ခံနိုင်တယ်လို့ပဲ ဆိုရမယ်။ (အနည်းဆုံးအားဖြင့်တော့ အဲဒီလို ပုံပေါက်နေတာပဲ) ၀က်ဝံတွေကတော့ ဒီလို မဟုတ်ဘူး။ သူတို့ အသတ်ခံနေရတယ်ဆိုတဲ့ အချက်ကို သူတို့မှာ နားမလည်နိုင်အောင် ဖြစ်နေရပုံပဲ။
ဘာသာပြန် – တေဇာ | Mirrored from: လရောင်လမ်း

Continue reading


Leave a comment

ကျွန်တော်နှင့် အသံခုနစ်ထပ် (တာရာမင်းဝေ)

ကျွန်တော်နှင့် အသံခုနစ်ထပ် (တာရာမင်းဝေ)
ကျွန်တော်နှင့် အသံခုနစ်ထပ် (တာရာမင်းဝေ) Continue reading

ဟရူကီ မူရာကာမိ၏ ပြတင်းတစ်ပေါက်နှင့် အခြားဝတ္ထုတိုများ (မြင့်သန်း)


Leave a comment

ရိုမာန်အင်ပါယာ ကျဆုံးသွားခြင်း၊ လူနီရိုင်းတို့ရဲ့ ၁၈၈၁ ခုနှစ်က ထောင်ထခြားနားမှု၊ ပိုလန်နိုင်ငံကို ဟစ်တလာက ကျူးကျော်ဝင်ရောက်ခြင်း နဲ့ လေပြင်းတို့ မွှေ့တဲ့အခါ … (မြင့်သန်း)

ရိုမာန်အင်ပါယာ ကျဆုံးသွားခြင်း လူနီရိုင်းတို့ရဲ့ ၁၈၈၁ ခုနှစ်က ထောင်ထခြားနားမှု ပိုလန်နိုင်ငံကို ဟစ်တလာက ကျူးကျော်ဝင်ရောက်ခြင်း နဲ့ လေပြင်းတို့ မွှေ့တဲ့အခါ့  (မြင့်သန်း)

… and the Realm of Raging Winds

လေနဲ့ ပတ်သက်လို့ ကျွန်မတို့ မသိကြသေးတာတွေ အများချည်းပဲ၊ တခြားဟာတွေ လိုပဲပေါ့၊ ရှေးဟောင်းသမိုင်း၊ ကင်ဆာရောဂါ၊ သမုဒ္ဒရာကြမ်းပြင်၊ အာကာသ ဆိုတာတွေလိုပဲ၊ ဒါမှမဟုတ်သေးရင် ကာမဂုဏ် ခံစားကြတာလိုပေါ့
.

Continue reading

ဟရူကီ မူရာကာမိ၏ ပြတင်းတစ်ပေါက်နှင့် အခြားဝတ္ထုတိုများ (မြင့်သန်း)


Leave a comment

လေယာဉ်ပျံ၊ ဒါမှမဟုတ် ကဗျာရွတ်ပြနေသလို သူ့ဘာသာစကားပြောပုံ (မြင့်သန်း)

လေယာဉ်ပျံ၊ ဒါမှမဟုတ် ကဗျာရွတ်ပြနေသလို သူ့ဘာသာစကားပြောပုံ (မြင့်သန်း)

Aeroplane: or, how he talked to himself
as if reciting poetry

ပျံနေတဲ့ လေယာဉ်ပျံ
ငါ၊ လေယာဉ်ပျံပေါ်မှာ
ပျံနေတယ်
ပျံနေခဲ့တယ် ဆိုပေတဲ့ ငြိမ်နေတယ်၊
လေယာဉ်ပျံဆိုတာ
မိုးကောင်းကင်ကြီးလား
.

Continue reading

Yesterday (Haruki Murakami)


Leave a comment

မနေ့က (တေဇာ – လရောင်လမ်း)

Yesterday

Yesterday

ကြည်နူးစရာ အိပ်မက်ပါ။ မက်တဲ့အခါတိုင်း တူညီတဲ့ လတစ်စင်းတည်းပဲ၊ ရှစ်လက်မ ထူတယ်။ ကျွန်မက အာကီ့ပေါ်မှာ မှေးစက်နေမယ်၊ ကျွန်မတို့ နှစ်ယောက်တည်းပဲ ရှိတယ်။ အပြင်ဘက်မှာ လှိုင်းတွေက သင်္ဘောကို ညင်ညင်သာသာ ပုတ်ခတ်နေမယ်။ ဒါပေမဲ့ အကြိမ်တိုင်းမှာ မခံမရပ်နိုင်အောင် ၀မ်းနည်းပြီးပဲ ကျွန်မ အဲဒီအိပ်မက်က နိုးထလာရတယ်
ဘာသာပြန် – တေဇာ | Mirrored from: လရောင်လမ်း

Continue reading

hm-her_town_her_sheep


Leave a comment

သူ့မြို့လေးမှာ သူ့သိုးတွေနဲ့ (ထင်ကျော်အေး)

Her Town Her Sheep

ကျွန်မနဲ့ ကျောင်းတုန်းက အတူတူတက်ခဲ့တဲ့ သူငယ်ချင်းတစ်ဝက်လောက်ဆိုရင် တခြားမှာ အခြေချကုန်ကြပြီ။ ဒါပေမယ့် ဒီမှာကျန်နေခဲ့တဲ့သူတွေက ကျွန်မတို့ မြို့လေးအတွက် အကောင်းဆုံး လုပ်ကြမယ်ဆိုတဲ့စိတ်နဲ့ ကျန်နေခဲ့ကြတာပါ။
ဘာသာပြန် – ထင်ကျော်အေး

Continue reading