လမ်းအိုလေး

Løøps of Resistance …

ပျော်ရွှင်ဖွယ်ရာကမ္ဘာာာားးးးးး (စိုင်းဝင်းမြင့်)


Leave a comment

ပျော်ရွှင်ဖွယ်ရာကမ္ဘာာာားးးးးး (၁၁) (စိုင်းဝင်းမြင့်)

မေလဟာ မျှတပါတယ်
တစ်ယောက်ကျ နှစ်ယောက်ကျ
တစ်နေရာရာမှာ ပြန်ရတဲ့အခါ လွမ်းသူ့ပန်းခွေပဲ
စာစီ စာရိုက် ပုံနှိပ်စက် ဓားစက်ထဲမှာ စက်ဆရာ
ပျော်စရာများ နည်းနေတဲ့ကြားထဲက
(မိုးရေထဲမှာ ကျွန်တော်သွားတွေ့၊ ကျွန်တော့်ကို လာတွေ့သွားပါတယ်)
ချစ်မိရုံနဲ့ မမှား
ခြစ်မိရုံမျှနဲ့ မများဆိုရင် (ဒီတစ်ခါတော့ နည်းနည်းများသွားပြီ ဆိုတဲ့စကား ရှိပါတယ်)
ကိုယ့်လမ်းကိုယ် ဆက်သွားလို့ရ
ဒီထက်မက ပြန်စဉ်းစားရမယ် Continue reading

ပျော်ရွှင်ဖွယ်ရာကမ္ဘာာာားးးးးး (စိုင်းဝင်းမြင့်)


Leave a comment

ပျော်ရွှင်ဖွယ်ရာကမ္ဘာာာားးးးးး (၇) (စိုင်းဝင်းမြင့်)

စောင့်/လျှောက်ခဲ့ရတယ်ဆိုရင်
တစ်နေ့ခင်းလုံး အငမ်းမရ အလင်းမရ လမ်းများမှ
၂၄နာရီ အရိပ်ရ လမ်းများမှ
လက်ဖက်ရည်ချိန်များ
ထမင်းစားချိန်လွန် လက်ဖက်ရည်ချိန်များ
တကယ်တော့ အချိန်ကိုက်စရာမလို
တခုခု မှာရမယ်ဆိုလို့သာ မှာရ
ရေသန့် အချိုရည် အဆာပြေမုန့် တစ်ခုခုပေါ့
အဖော်ကောင်းလို့ လိုက်လာ အပျော်သမား
မြို့လယ်ထဲ ဖြတ် မြို့စွန် ဖောက်ထွက်သွားမယ် Continue reading

ပျော်ရွှင်ဖွယ်ရာကမ္ဘာာာားးးးးး (စိုင်းဝင်းမြင့်)


Leave a comment

ပျော်ရွှင်ဖွယ်ရာကမ္ဘာာာားးးးးး (၈) (စိုင်းဝင်းမြင့်)

လောင်းကို ရေချိုးခြင်း
သေသူများကို သင်္ဂြိုဟ်ခြင်းနဲ့စ၊
ဧပြီဟာ အရက်စက်ဆုံးလပါပဲ
ရည်ညွှန်းမှာတော့ ပိုမိုလက်စောင်းထက်သူ အက်ဇရာပေါင်းအတွက်
ငါ သေချင်ပြီတဲ့
ကန္တာရမြေမှာ နေထိုင်ကြသူတွေရဲ့ ကိုယ်စား
သတင်းစာဖတ်တဲ့အခါ လေသံအမျိုးမျိုးနဲ့
ဖတ်တတ်တယ်စကား ကိုးကား
အဲဒီတုန်းက (ကဗျာရေးသူတစ်ဦး၏ အမှတ်ရချက်များ ၁၉၉၆)
အဲဒီတုန်းက နွေဟာ အပူဆုံးလို့ ထင်ရတဲ့ကြားထဲက
သစ်ရွက်ကြွေအောက် အရိပ်ရ အေးမြ Continue reading

ပျော်ရွှင်ဖွယ်ရာကမ္ဘာာာားးးးးး (စိုင်းဝင်းမြင့်)


Leave a comment

ပျော်ရွှင်ဖွယ်ရာကမ္ဘာာာားးးးးး (၁၀) (စိုင်းဝင်းမြင့်)

မိုးမှောင်ကျလာတော့ လူရောင်ပိုတောက်ပလာတယ်
တစ်မိုးအောက်တစ်ယောက်တည်း မဟုတ်ဘူးဆိုလည်း ပြန်တွေ့ရတယ်
ရာသီပေါ်သီးနှံတွေကတော့ တစ်နှစ်တစ်ခါ ပြန်လာ
သယ်ဆောင်သူတွေသာ လဲသွားမယ် စားသုံးသူမလွဲ
ရန်ကုန်မြို့ထဲ လှေကားတစ်နေရာရာ တစ်ယောက်မက
တစ်ခါလောက်တော့ ဝင်ခိုခဲ့ဖူးမယ်
ကိုလိုနီခေတ်လက်ရာ ဗိသုကာဟာ ခမ်းနား
အဘိုးအိုတစ်ယောက် မိုးရေထဲ ဖြတ်ပြန်သွားနေတာ
မြင်ကွင်းက ပျောက်ကွယ်သွားသည်အထိ
လမ်းတစ်ဖက်က ဆောက်လက်စ အဆောက်အအုံ
မော့မော့ကြည့်နေရင်းကပဲ ဘဝခြားသွားသလို Continue reading

ပျော်ရွှင်ဖွယ်ရာကမ္ဘာာာားးးးးး (စိုင်းဝင်းမြင့်)


Leave a comment

ပျော်ရွှင်ဖွယ်ရာကမ္ဘာာာားးးးးး (၁) (စိုင်းဝင်းမြင့်)

ဖျားလို့မသေ
မှားလို့တော့ သေရင်သေမယ်
ပျံ/လန်နေတုန်းပဲ အခုလည်း
မြင်းကို မြစ်အထိရောက်အောင်ဆွဲလာ
လူငယ်ကို လင်းစေတဲ့ အရာထဲမှာ
ဆေးမင်ကြောင်လည်း ပါတယ်
ဘယ်ခေတ်တုန်းကမှ အမှောင်မကျခဲ့ပါ
ရူးမိုက်တာ တစ်ခုခု လုပ်ကြရအောင်ဆိုရင်
သင်လည်း ပါဝင်ပြီးသားပဲလား။
လွှဲချစရာ ခေတ်ကြီးတစ်ခေတ်လုံးရပြီးမှတော့
လွဲကြစရာ ဘာအကြောင်းမှမရှိ Continue reading

ပျော်ရွှင်ဖွယ်ရာကမ္ဘာာာားးးးးး (စိုင်းဝင်းမြင့်)


Leave a comment

ပျော်ရွှင်ဖွယ်ရာကမ္ဘာာာားးးးးး (၂) (စိုင်းဝင်းမြင့်)

ဝမ်းသာစရာ ပြောရဦးမယ်ဆိုရင် သူ့အကြောင်း
ဝမ်းနည်းစရာဆိုရင် ငါတို့အကြောင်း
ငါတို့အကြောင်း ကမ္ဘာမှာ အပ်/အက်ကြောင်း ထင်/ထပ်လို့
ဒီနေ့အဖို့တော့ ပျော်စရာဆိုရင် တစ်ခုမှ ချန်မထားခဲ့ဘူး (ဆို)ပြန်/ပျံသူ
အဆင်ခံရတဲ့ ဇာတ်လမ်းထဲမှာ လွတ်လမ်းရှာ မိုးသားများ
ဖြိုဖျက်ခံရတဲ့ အဆောက်အအုံနေရာမှာ ဟင်းလင်းပြင်ပန်းပု
အစားထိုး လူ့သက်တမ်း အခိုက်အတန့်
ငါမရှိတော့တဲ့ အဲဒီမှာ
သိမ်ငယ်သွားဖို့ပဲ တစ်ထပ်ပြီးတစ်ထပ် မြင့်တက်လာတယ်
ပြန်လှည့်ယူလို့ မရတော့တဲ့ အရာတွေထဲမှာ Continue reading

ပျော်ရွှင်ဖွယ်ရာကမ္ဘာာာားးးးးး (စိုင်းဝင်းမြင့်)


Leave a comment

ပျော်ရွှင်ဖွယ်ရာကမ္ဘာာာားးးးးး (၄) – (သမိုင်းကြောင်းအရ) (စိုင်းဝင်းမြင့်)

ကမ္ဘာမှာ ကစားစရာ က စရာတစ်ခုတော့ အမြဲရှိနေ
အာဖရိကရိုးရာ ဘူဘူဇီလာများနဲ့ ၀ါကာ ၀ါကာ
အခုလည်း ဂဏန်းစတိုင်လ်များနဲ့
ဘာမှ မဖြစ်ခဲ့ဘူးဆိုခဲ့ရသလို အရာရာအားလုံး ဖြစ်ခဲ့လို့လည်း ဆိုခဲ့ရ
သမိုင်းကြောင်းက ဘယ်လိုပဲရေးရေး လဲမှို့တွေလို လွင့်၊ ပန်းလိုပွင့်၊ တိမ်လိုအသင့်
နာဂစ်သစ်ပင် ပြန်ရှင်သန်လာသလို ဧရာဝတီပြန်လာတဲ့အခါ
နိုင်ငံ ရေး ထားဝယ် ဘိတ် တို့ဘိုးဘွားအမွေအနှစ်နဲ့
သားသမီး မြေးမြစ် သယံဇာတတွေလည်း ပြန်လာမှာပဲပေါ့
သမိုင်းကြောင်းက ဘယ်လိုပဲရေးရေး
နှစ်ကြွင်းတဲ့အခါ ငါပဲ အမြဲကျန်ပြန်ရ
စားလို့လည်း မပြတ် လူ့ဘ၀ထက်မကတဲ့ အရာများနဲ့
အခုလည်း ဖျက်/ဖြတ် နေရတုန်းပဲလေ
ဆိုရှယ်လစ်ခေတ် အရေးအခင် ကြိုနှစ်များနဲ့ စစ်အစိုးရခေတ် ပြည်သူ့ခေတ်
အခု ဒီမိုကရေစီခေတ်ဆိုလည်း ငါ့သူငယ်ချင်းဟာ ရေနည်းငါးလိုခက်ခဲ
ခက်ခဲလည်း လက်တွဲမပျက် ဖျက်/ဖြတ်နေတုန်းပဲလေ Continue reading

ပျော်ရွှင်ဖွယ်ရာကမ္ဘာာာားးးးးး (စိုင်းဝင်းမြင့်)


Leave a comment

ပျော်ရွှင်ဖွယ်ရာကမ္ဘာာာားးးးးး (၁၂) – (စိုင်းဝင်းမြင့်)

စာတိုက်မှ လမ်းဘေးဖုန်းများမှ လူကြုံများမှတဆင့် ပန်းများပွင့်ခဲ့ရာမှ
တစ်ယောက်မှားတာနဲ့ အကုန်ပြန်စရ လမ်းဘေးဂီတခေတ်ဦးများမှ
နောက်ကျလည်း နောက်ဆုံးတော့ အရောက်ရောက်ခဲ့ရတာပဲ
ဆေးခြောက်နဲ့ မြောက်လာ လူယဉ်ကျေးများ

အလုံလမ်းအတိုင်း လျှောက်လာ
အဆောက်အဦးတွေ အပြီးမှာငါလည်း
ပျောက်ကွယ်သွားနိုင်တာပဲ တစ်လမ်းတည်း တစ်တိုက်တည်း တစ်ခေတ်တည်းလွဲလို့
မြို့ထဲရောက်လာ

ရှေးလူများနည်းတူ အခုလည်း အိပ်မရလို့ လမ်းပေါ်ရောက်လာ
ကွယ်လွန်သူတွေ ပြန်ရှာတွေ့မလား
အမှောင်ထဲ တစ်ချက်တစ်ချက်တက်လာ
ဆေးပေါ့လိပ်မီးရဲရဲ များမှ တစ်နေ့တော့ ချက်ဘောက်မှာ လင်းလာမှာပဲလေ
ကိုယ်ပြောခဲ့တာလည်း အခု ဘယ်သူမှ ငြင်းမရ
စာအုပ်နဲ့မရ CD, DVD အချပ်တွေနဲ့ ဒီတစ်ခါတော့ မရ
လက်ဘက်ရည်ဆိုင်တွေ ပြန်ရှာရတယ်
Continue reading

ဟုဆိုသူ (လူဆန်း)


Leave a comment

လင်းနို့လူသား ကြွက်လူသား (လူဆန်း)

ယောင်ယောင်ကလေး လျှောက်စရာလမ်းမပေါ်မှာ
လောဂျစ်ယောင်ယောင် အိပ်မက်ယောင်ယောင် စိတ်ကူးမိတာ
ကြားခဲ့ဖူး ပြောနေခဲ့ကြတာက ‘ကဗျာရေးချင်တာလား ကဗျာဆရာဖြစ်ချင်တာလား’
ဒီလိုသံမဏိရှည်ကြာအတွေးနဲ့ဆို ကိုယ့်ဟာကိုယ်မေးနေဖို့တောင် မလိုပါဘူး
‘ပန်းချီရေးချင်တာလား ပန်းချီဆရာဖြစ်ချင်တာလား’ အရောင်သီအိုရီနဲ့ မျက်စိ
‘ရိုက်ကူး တည်းဖြတ် တင်ပြချင်တာလား ဒါရိုက်တာဖြစ်ချင်တာလား’ ဒစ်ဂျစ်တယ်ခရီရေးရှင်းနဲ့
သုံးရာ့ငါးဆယ်ရင်း ငါးရာတန် ဟိုတုန်းက ဂတ်စတန်နာလို လှည်းနေလှေအောင်း
နောက်ဖေးလမ်းကြား အုတ်ကြားမြက်ပျံ့နှံ့မှု

အခွန်ဌာနကနဲ့ မတူပဲ အခွန်ဌာနကလိုလိုလူတွေ လာပြီးလာလာနေတယ်
မြန်မာဆိုရိုး စကားပုံထဲမှာ ရှိတယ်ဆိုရင် အခြားဘာသာစကားတွေရဲ့ ဆိုရိုးစကားပုံ
အိတ်စ်ပရက်ရှင် အသီးသီးမှာလည်း ရှိနိုင်တာပေါ့
လင်းနို့ခွန်တောင်းတော့ ငါဟာတွင်းထဲမှာ လျှောက်ပြေးနေတဲ့ ကြွက်ဖြစ်ပြီး
ကြွက်ခွန်တောင်းပြန်တော့ ဝါးပင်ကျောက်ဂူမျက်နှာကြက်တွေပေါ် စောက်ထိုးအိပ်ပျော်ပြီး
ဝဲပျံနေတဲ့လင်းနို့ဟာ ငါပဲ
Continue reading

ဟုဆိုသူ (လူဆန်း)


Leave a comment

ရိုက်ကြဦးမလား၊ တိုက်ကြီးတံမြက်စည်း (လူဆန်း)

ရိုးရာလက်ဝှေ့ပဲ သင်ပေးပေး၊ ကကြီးခခွေးပဲ သင်ပေးပေး၊ ကြက်ဖခွပ်ပဲ သင်ပေးပေး၊ ထုပ်ဆီးထိုးပဲ သင်ပေးပေး၊ ထမင်းရည်ပူ လျှာလွှဲပဲ သင်ပေးပေး၊ စစ်ပညာပဲ သင်ပေးပေး၊ လမ်းစဉ်လူငယ် တန်းစီညာညှိပဲ သင်ပေးပေး

ဒီအချိန်မှာတော့ ဘယ်သူနဲ့မှ ဖုန်းလက်ခံစကားမပြောချင်ဘူးဗျာ။
မတတ်နိုင်လို့ မိန်းမကို နောက်မိန်းမနောက်လိုက်သွားပြီလို့ ပြောခိုင်းတာ
ဒီလူ့ဘောင်မှာတော့ စုတ်တသပ်သပ် စာနာကြတယ်ဗျာတို့။
အမျိုးသမီးတွေ ကနေ့အထိ ဘာပြောသလဲ နားထောင်ရတာ အားရတယ်မရှိပါဘူး
အဲဒီတော့ အမိန့်ပေး ဝါကျသုံး ဖုန်းတွေနဲ့ အဆက်အသွယ်ဖြတ်ပြီး သံယောဇဉ်တွယ်တတ်တဲ့ မင်းသားလေးဆီ ဖုန်းဆက်ရတော့တာ။

ဘယ်ဘဝင်းလဲ၊ မမြင့်နဲ့အတူ ရုံးတက်တဲ့ ဘဝင်းလား၊ ဗိုလ်ချုပ်အစ်ကို ဦးဘဝင်းလား
ရေသန့်ဘူးပို့ ဆိုက်ကားဆရာ ကိုဘဝင်းလားဆိုတာ ဘဝင်းဆိုတဲ့ကိစ္စမှာ
ဥပဓိ အမှတ်သရုပ် ကွဲပြားခွဲခြားရသလို အထွေထွေ လုပ်လို့မရတဲ့အပိုင်းတွေ တွေ့လာရတဲ့အခါ
စားပွဲတစ်ခုလုံး ဟိုက်ဂျင်လုပ် ခြောက်ဆယ့်ကိုး၊ ဖလဖခ ကိစ္စတွေမှာ
မတ်ခွက် သို့မဟုတ် ပုလင်းဖင်နဲ့သာ နားရင်းရိုက်ခွဲချင်တဲ့ အရိုင်းစိတ်တွေ
ဒီနှစ်အတွက် မေတ္တာလက်ဆောင်
Continue reading