လမ်းအိုလေး

beyond chaOs


Leave a comment

Avignon Thandar 11th Street (Zeyar Lynn)

A Sketch of a Leading Artist of Myanmar Modernism

This slideshow requires JavaScript.

‘Done any new paintings this week, U Khin Maung Yin?’

‘Only one since I finished your portrait. Among that stack behind you.’

As was his custom, he had piled his paintings upright in reverse so that the paintings could not be seen.

As I turned each painting, I saw a colorful one.

‘That one, that one…’ his voice gestured.
Continue reading

ကဗျာဘ၀ရှာပုံတော် (ဇေယျာလင်း) - Front Cover


Leave a comment

ကဗျာဟာ “ပင်မှည့်”လား “ဖွဲ့စပ်”လား (ဇေယျာလင်း)

ကဗျာဟာ “ပင်မှည့်”လား “ဖွဲ့စပ်”လား (ဇေယျာလင်း) - ၁

Continue reading

ပို့စ်မော်ဒန် သီဝရီများ (ဇော်ဇော်အောင်)


Leave a comment

ပို့စ်မော်ဒန် သီဝရီများ (ဇော်ဇော်အောင်)

ရေတံခွန်တစ်ခုရဲ့လမ်း (သစ္စာနီ)


2 Comments

ကွယ်လွန်သွားသော ကဗျာဆရာနှင့် ကဗျာဆရာကွယ်လွန်ခြင်း (သစ္စာနီ)

လက်ကသာမက နှုတ်ကလဲ ပြောင်ကျကျ ပွင့်ပွင့်လင်းလင်းနဲ့ မခံသာအောင် ပြောတတ်လို့ နှုတ်မရွံ့လှသန်းလို့လည်း နာမည်ကြီးပါတယ်။ ကဗျာဆရာ ကြီးကြီးငယ်ငယ် (ကျွန်တော်တို့ အပါအဝင်) လှသန်းရဲ့ ပါးစပ်ဒဏ် မခံရဖူးသူက မရှိသလောက်ပဲ။ ဒါပေမဲ့ သူ့အသုဘကျတော့လည်း စည်လိုက်တာ။ မြန်မာတစ်ပြည်လုံးက ကဗျာဆရာတွေ ရောက်လာကြတယ်။ ဘာဖြစ်လို့ လှသန်းကို ဒီလောက်ချစ်ကြတာလဲ။

Continue reading

Wislawa Szymborska


Leave a comment

ကဗျာရေးသူများအတွက် ဆင်မ်ဘော်စ်ကာရဲ့ အကြံဥာဏ် (ဇေယျာလင်း)

ကဗျာရေးသူများအတွက် ဆင်ဘောက်စကာရဲ့ အကြံဥာဏ် (ဇေယျာလင်း)

Continue reading

John Ashbery


Leave a comment

အက်ရှ်ဘရီ အင်တာဗျူး – ကဗျာဆိုတာ ဘာ (ဇေယျာလင်း)

ဂျွန်အက်ရှ်ဘရီနိဒါန်း (ဇေယျာလင်း) - Cover Art

DK – ခင်ဗျားရဲ့ ကဗျာထဲမှာ မေးခွန်းနဲ့ အဆုံးသတ်ထားတယ်။ အဲသလို မေးခွန်းနဲ့ အဆုံးသတ်ပုံမျိုး၊ ဒါမှမဟုတ် အခြားမရေမရာ၊ မသေမချာမှုကို ပြတဲ့ပုံမျိုးနဲ့ အဆုံးသတ်ဟာ ကဗျာအတွက် ဘာအကျိုးထူးသလဲ

JA – အဲဒါတော့ ကျွန်တော် မသိဘူးဗျ။ အဲသလို အဆုံးသတ်ရမယ် ဆိုတာကိုလည်း ကျွန်တော် ကြိုတင်ကြံစည်ထားတာ မဟုတ်ဘူး။ ကဗျာာတစ်ပုဒ် စရေးရင် ဘယ်လိုအဆုံးသတ်မယ် ဆိုတာကိုလည်း ရေးနေတုန်းမှာ မပြောနိုင်ဘူးဗျ။ ဒါပေမယ့် မေးခွန်းနဲ့ အဆုံးသတ်လိုက်တယ်ဆိုတော့ ဘာကိုဆိုလိုတယ်ဆိုတာ လက်ဆုတ်လက်ကိုင် မရတာမျိုး၊ ‘အတွေ့အကြုံ’ တစ်ခုခု အနေနဲ့ ကဗျာကို တံခါးပိတ်‘ချိတ်’လုပ်သလိုမျိုး မဖြစ်သွားတာကတော့ သေချာတယ်။ အဲသလိုမျိုးတွေပဲ ကျွန်တော် များများရေးဖြစ်လား မသိပါဘူး။ တစ်ခါတုန်းက ဖတ်ခဲ့ဖူးတဲ့ (၁၉)ရာစု ဂျာမန်ကဗျာဆရာ ဟို(လ်)ဒါလင်ရဲ့ ကဗျာတစ်ပုဒ်ကို comma နဲ ဆုံးထားတာ တွေ့ရတော့ ကျွန်တော် သဘောကျလွန်းလို့ အဲဒီပိတ်နည်းကို ခိုးလိုက်တယ်ပေါ့ဗျာ။

Continue reading


Leave a comment

တာရာမင်းဝေ၏ နွားကဗျာအပေါ် ဝေဖန်ချက် (ဇော်ဇော်အောင်)

တာရာမင်းဝေ၏ နွားကဗျာအပေါ် ဝေဖန်ချက် (ဇော်ဇော်အောင်)

(မဟေသီ – ၁၉၉?)


Leave a comment

အက်ရှ်ဘရီနဲ့ Languageကဗျာ (ဇေယျာလင်း)

ဂျွန်အက်ရှ်ဘရီနိဒါန်း (ဇေယျာလင်း) - Cover Art
(နှစ်ကာလများ – Collector’s Item)

ဆရာကြီး အက်ရှ်ဘရီဟာ တစ်နေရာမှာတော့ ဆိုထားလေရဲ့။ LP ကဗျာသမားတွေနဲ့ သူဟာ ဘာမှမတော်စပ်၊ ဘာမှမပတ်သက်၊ ဘာမှ ဆက်နွယ်စရာအကြောင်း မရှိပါ တဲ့ …


Continue reading


Leave a comment

အဆင့်ဆင့်ဖွံ့ဖြိုးမှုရဲ့ အသွင်ပြောင်းခြင်း (ဇေယျာလင်း)

အက်ရှ်ဘရီတစ်ပုဒ်နှင့် Post Modern ကဗျာကို အကြမ်းဖျင်း ချဉ်းကပ်ခြင်း
(အဆင့်ဆင့်ဖွံ့ဖြိုးမှုရဲ့ အသွင်ပြောင်းခြင်း)

ဂျွန်အက်ရှ်ဘရီနိဒါန်း (ဇေယျာလင်း) - Cover Art
(နှစ်ကာလများ – Collector’s Item)
ဒီကဗျာကို ဘယ်လိုအဓိပ္ပာယ်ကောက်မလဲဆိုတာ ပြဿနာပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ဖတ်နေကျကဗျာ မဟုတ်လို့ရယ်၊ ဘယ်လို ဖတ်ယူနားလည်ရမလဲဆိုတာ မရှင်းလို့ရယ်တို့ကြောင့် ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ ဖတ်နေကျ ကဗျာတစ်ပုဒ်ကို ဖတ်တဲ့အခါ …

Continue reading


2 Comments

ပေါ်ဦးသက် ထရမ်းပက်ဝယ်ခြင်း (ခင်မောင်ရင်)

ပေါ်ဦးသက် ထရမ်းပက်ဝယ်ခြင်း (ခင်မောင်ရင်)

(၁၉၃၆ - ၁၉၉၃)

“တစ်ဖက်သားကို ချမ်းမြေ့စေ … ဖော်ရွေသော မျက်နှာလေးတွေ … အကြင်နာရောင် သန်းကာလေ … အလှပန်းပွင့်ပါတဲ့မေ …”

ကျွန်တော်သည် (၂၄)လမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ တိုက်ခန်းပေါ်သို့ လှေကားအတိုင်း တက်လာသည့်အခါ ပေါ်ဦးသက် သီချင်းဟစ်နေသံကို ကြားရသည်။ ထုံးစံအတိုင်း သူသည် မြို့မငြိမ်းသီချင်းများကို သီဆိုလေ့ရှိသည်။ ဧကန္တ၊ သူ ပန်းချီဆွဲနေသည်ဖြစ်မည်။ ကျွန်တော်သည် အခန်းတံခါးကို ဖွင့်ပြီးဝင်လိုက်၏။ သူသည် သီချင်းဆိုနေသည်ကို မရပ်ဘဲ သူဆွဲနေသည့် ပန်းချီကားကို ဆက်လက်၍ ဆွဲနေ၏။ “မနက်ဖြန် ပေးရမယ့် ပန်းချီကား ဆယ်ကားလုံး ပြီးပြီလား။”

“ကိုးကားပြီးပြီ။ တစ်ကားပဲ ကျန်တော့တယ်။” သူသည် ကျွန်တော့်အားကြည့်၍ ပြုံးနေသည်။

“ဒါဖြင့် အဲဒီဆီဆေးကားက ဘာလုပ်ဖို့တုန်း”

“ကိုယ်ဆွဲချင်လို့ ဆွဲတာ။ လူများမှာတာတွေ ငြီးငွေ့လို့။”

“တစ်ခုတည်းကျန်တာ ပြီးအောင်လုပ်လိုက်ပါလား။”

“စိတ်ချပါ။ ပြီးအောင်လုပ်မှာပါ။ စိတ်လွတ်လပ်သွားအောင် ခဏလေး ပြောင်းလုပ်တာ။ မင်းက ပန်းချီဆွဲတာကို စက်ရုပ်လို မှတ်နေလား။”

“မမှတ်ပါဘူး။ ကဲ … ကဲ ပြီးအောင်လုပ်”ဆိုပြီး နောက်ဖေးသို့ ကျွန်တော် ခဏ၀င်လိုက်၏။ ထိုအခါ လူတစ်ယောက် ၀င်လာသည်ကို ကျွန်တော်ကြားလိုက်ရ၏။ ထိုသူ မည်သူမည်ဝါ ဆိုသည်ကို ကျွန်တော်မသိသေးပါ။

Continue reading