လမ်းအိုလေး

beyond chaOs

နောက်ဆုံးတော့ ကျွန်တော်တစ်ယောက်တည်း ကျန်နေမှာပါပဲ (ခင်မောင်ရင်)


Leave a comment

နောက်ဆုံးတော့ ကျွန်တော်တစ်ယောက်တည်း ကျန်နေမှာပါပဲ – အခန်း (၂၆ – ၃၁) (ခင်မောင်ရင်)

“ငါ့ဘ၀မှာ တစ်သက်လုံး နှစ်ခါပဲ ကြုံဖူးခဲ့တယ်။ ငါ့စိတ်ဆင်းရဲခြင်း၊ ငါ့ရဲ့ အလွန် စိတ်ဓာတ်ကျခြင်းနှင့် ငါ့ရဲ့ အလွန် ဝမ်းနည်းခြင်း”

“ဆိုပါဦး”

“မင်း ပန်းချီကားကိစ္စ၊ အတုဖန်တီးထားတာကို တွေ့ရတာက ဒုတိယ။

ပထမ, သဗ္ဗညုဘုရားရဲ့ အရှေ့ဖက်ကစေတီမှာ ငါတို့ ၁၉၅၆ခုနှစ်က တွေ့ခဲ့တဲ့ ကချေသည်နှင့် ဗုံတီးသူ (The Dancer and The Drummer) ဆိုတဲ့ စဥ့်ကွင်းနှစ်ခု။ ငါ ဆယ်နှစ်ကြာလို့ ပြန်သွားတော့ ပျောက်သွားတယ်။ အဲဒါ … အဲဒါ … ငါ့ရဲ့ အသက်ထက် စိတ်ဆင်းရဲမှု၊ အခုထိ စိတ်ဆင်းရဲနေခြင်း၊ အဲဒီနှစ်ခုကို အခု ငါပြန်လိုချင်တယ်။ ငါတို့၏ Dancer နှင့် ငါတို့၏ Drummer သည် ငါတို့၏ အသည်း၌ အမြဲရှိနေလေ၏။ ငါတို့ဆိုသည်မှာ ငါတို့ ဗိသုကာကျောင်းသားများ။ အခုတော့ ဒါတွေမရှိတော့။ အခုတော့ ဒါတွေ ဘယ်သူ ပြန်လုပ်မှာလဲ”။

ကျွန်တော်သည် လွမ်းနေမိ၏။


အခန်း(၂၆) … မှ

Continue reading

နိုင်ငံတော် လုပ်ကြံမှု (လင်းဇင်ယော်)


Leave a comment

နိုင်ငံတော်လုပ်ကြံမှု (လင်းဇင်ယော်)

ဂျစ်ကားတစ်စီး။ လက်နက်ကိုင်လူတစ်စု။ အတွင်းဝန်များရုံး။ လမ်းခုလတ်။ ဂျစ်ကားဗုံးပေါက်ကွဲ။ လက်နက်ကိုင်များ အရိုးတစ်ခြား အသားတစ်ခြား တစ်ဖဲ့စီကျဆုံး။ ယမ်းငွေ့တလူလူဖုံးလွှမ်း။ ဂျစ်ကားတစ်စီး။ လက်နက်ကိုင်လူတစ်စု။ အတွင်းဝန်များရုံး။ လမ်းခုလတ်။ ဂျစ်ကားဘီးပေါက်။ လမ်းဘေးထိုးရပ်။ ပြန်လည်ပြင်ဆင်။ ဆက်လက်ထွက်ခွာ။ အတွင်းဝန်များရုံး။ အစည်းအဝေးခန်းမ။ ဝင်ရောက်စီးနင်းစဉ် လူသူမရှိ။ ချိန်ကိုက်ဗုံးပေါက်ကွဲ။ လက်နက်ကိုင်များ ခေါင်းတစ်ခြား ကိုယ်တစ်ခြား အတုံးလိုက်အရုံးလိုက် ကျဆုံး။ ယမ်းငွေ့တလူလူဖုံးလွှမ်း။ ဂျစ်ကားတစ်စီး။ လက်နက်ကိုင်လူတစ်စု။ အတွင်းဝန်များရုံး။ အစည်းအဝေးခန်းမ။ ဝင်ရောက်စီးနင်း။ တန်ပြန်ပစ်ခတ်။ လက်ပစ်ဗုံးပေါက်ကွဲ။ လက်နက်ကိုင်များ အပေါက်ဝမှာတင် လက်နက်တစ်ခြား လူတစ်ခြား အထပ်လိုက်ကျဆုံး။ Continue reading

Reverse Rapture (Dara Wier)


Leave a comment

အပြာရောင်နွားထီးများ (ဇော်ဇော်ထွန်း)

(ဤအရာသည် ငြမ်းများတည်ဆောက်မှုဖြစ်၏) (ဤအရာသည် ယာယီသာဖြစ်သင့်သည်) (ဒိုမီနိုသက်ရောက်မှု) (ထိုအကြောင်းအရာသည် မေ့လျော့ခြင်းခံခဲ့ရသည်) (ထိုအရာသည် ကုန်လှောင်ရုံထဲ၌ရှိခဲ့သည်) (ထိုနေရာကို မည်သူမျှမသိပါ) (ထိုအရာသည် ပြိုလဲသစ်ပင်များ စုပုံထားသောလမ်းဖြစ်သည်) (၎င်း၏ ရေမြောင်းငယ်များအား သင်မြင်တွေ့ နိုင်ပါသည်) (သူတို့ လက်ဗွေများ ထားရစ်ခဲ့သည်) (သူတို့ဒေါ်လာငွေနဲ့ အတူတုန်လှုပ်နေကြ) (ဘယ်သူမှ သီးခြားအရောင်တွေကို မဖြေရှင်းနိုင်ကြလောက်ဘူး) (သူတို့ဟာမတူတဲ့ အရာတွေကိုကွဲပြားတဲ့လူတွေဆီ ပို့တယ်) (ကံတရားအတွက်) (သက်သာတဲ့ဈေးနှုန်း) (ချက်ချင်းရပ်ပစ်) (ရောင်းရန် အသားများ) (လတ်ဆတ်ပါတဲ့ အသီးအနှံ) (အင်းဆက် ကင်းသော) (ငါးမွေးကန်) (လရောင်ထိန်းချုပ်မှု)

(ထိုအရာက အမည်သတ်မှတ်ခြင်းကင်းခဲ့) (ဘယ်သူမှ လှလှပပ အသေးစိတ် ဘယ်ပုံဘယ်နည်းလုပ်ရမယ်မသိကြဘူး) (အဲဒါဟာ ဒုံးအမြှောက်ဆံလို ခံစားရသည်) (င်္သချိုင်းဂူတွေလို လေးလံကြီးမားသည်) (လူတိုင်းရဲ့ ဥာဏ်ပညာကို ထိုအရာက စစ်ယူခဲ့ပြီး) (ငါတို့မှာ သွားနဲ့ဆိုင်တဲ့ ပြဿနာရှိခဲ့တယ်) (ငါတို့ အမြင့်ကြီးအပေါ်ကိုပျံတက်နေခဲ့တုန်း) (ငါတို့ရဲ့အစွန်းထွက်များက ကောက်ကွေ့နေခဲ့ကြ) (ငါတို့ဟာ ဗွက်အိုင်တွေလို ရှိခဲ့ကြ) (ဘာလီဖျော်ရည်ထဲကိုသကြားတွေ ပျော်ဝင်သလို ငါတို့ခံစားရ) (ထိုအရာဟာ ကိုင်တွယ်ရန် လေးလံနေခဲ့) (ငါတို့အမှတ်တံဆိပ်ရဲ့ ဖုန်းကွယ်ခြင်း ခံခဲ့ရ) (အဲဒါ အလှကုန် ပစ္စည်းတစ်ခု ဖြစ်ခဲ့) (သလင်းကြယ်သီးတွေလို) (ငါတို့ဟာ ငါး။ ပြီးတော့) (ငါတို့လှေကားတွေကို ငါတို့လိုခဲ့) (အတော်များများ

Continue reading

ပို့စ်မော်ဒန် သီဝရီများ (ဇော်ဇော်အောင်)


Leave a comment

ပို့စ်မော်ဒန် သီဝရီများ (ဇော်ဇော်အောင်)


Leave a comment

အမှိုက်တောင်းထဲက မွှေးရနံ့ (မိုးဝေး)

သူပဲအကြမ်း သူပဲအချော (မိုးဝေး)
အမှိုက်တောင်းထဲမှ မွှေးရနံ့ (မိုးဝေး)

Continue reading

ကီလီမန်ဂျာရိုး (ဇေယျာလင်း)


Leave a comment

ငါ့လက်ကို ဆုတ်ကိုင်ပြီး ငါနဲ့အတူ လိုက်ငိုပါ (ဇေယျာလင်း)

ငါ့လက်ကို ဆုတ်ကိုင်ပြီး ငါနဲ့အတူလိုက်ငိုပါ (ဇေယျာလင်း)


(ကီလီမန်ဂျားရိုး – ဇေယျာလင်း။ နှစ်ကာလများ – ဖေဖေါ်ဝါရီ၊ ၂၀၁၀။)


Leave a comment

သမုဒ္ဒရာရှိတယ်၊ စကားလုံးထဲဝင်သွားတယ် ဆိုပါစို့ (ဇေယျာလင်း)

ကီလီမန်ဂျားရိုး (ဇေယျာလင်း)
သမုဒ္ဒရာရှိတယ်၊ စကားလုံးထဲဝင်သွားတယ် ဆိုပါစို့ (ဇေယျာလင်း)

Continue reading


Leave a comment

အချိန် (မောင်ပြည့်မင်း)

တစ်ယောက်ချင်း (မောင်ပြည့်မင်း၊ အောင်ပြည့်စုံ)

တစ်ယောက်ချင်း (မောင်ပြည့်မင်း၊ အောင်ပြည့်စုံ)

အချိန် (မောင်ပြည့်မင်း)

(ရုပ်ရှင်တေးကဗျာ – အောက်တိုဘာ၊ ၂၀၀၄။)

(တစ်ယောက်ချင်း – မောင်ပြည့်မင်း၊ အောင်ပြည့်စုံ။ နှစ်ကာလများ – စက်တင်ဘာ၊ ၂၀၀၈။)


Leave a comment

မောင်ချောနွယ် (၁၉၄၉ -၂ဝဝ၂) အခက်ကြီးထဲ ခုန်ချ (မောင်ပြည့်မင်း)

တစ်ယောက်ချင်း (မောင်ပြည့်မင်း၊ အောင်ပြည့်စုံ)

တစ်ယောက်ချင်း (မောင်ပြည့်မင်း၊ အောင်ပြည့်စုံ)

”မောင်ချောနွယ် မသေဘူးတဲ့”
မောင်ချောနွယ်သေပြီ
သူ့အလောင်းကို မီးသဂြိုဟ်စက်ထဲထည့်တာ
ငါကိုယ်တိုင်မြင်လိုက်တယ်။

အကြောဆေးထိုးရမယ်
ဝါယာရင်းတွေမှားနေတယ်
အပေါ်သွေး တစ်ရာ့လေးဆယ်၊ အောက်သွေး တစ်ရာ
ပလပ်တွေ လဲရမယ်၊ မီးပျောက်ပျောက်သွားလို့
ငါမနေနိုင်တော့ဘူး
အခက်ကြီးထဲ ခုန်ချ။

သူရှိစဉ်က သူ့ရန်သူတွေကို
အရက်ဆိုင်စားပွဲနောက် အကာအကွယ်ယူလို့
တဖောက်ဖောက်ပြန်ပစ်ခဲ့တယ် မောင်ချောနွယ်။

မနက် မနက် တွန်းနှိုးနေရတယ်
သွေးတွေ သိပ်တိုးနေလား မသိဘူး
မိုက်ခနဲ မိုက်ခနဲ ဖြစ်ဖြစ်သွားလို့
ဘက်ထရီခေါင်းတွေ ဖြုတ်ဆေးလိုက်
ငါ မနေနိုင်တော့ဘူး
အခက်ကြီးထဲခုန်ချ။

မောင်ချောနွယ် တစ်ခါတစ်လေ ဒုက္ခတွေ့တယ်
တစ်ခါတစ်လေ ဒုက္ခတွေ့ချင်ယောင်ဆောင်တယ်
မောင်ချောနွယ် တစ်ခါတစ်လေ အရက်မူးတယ်
တစ်ခါတစ်လေ အရက်မူးချင်ယောင်ဆောင်တယ်
တစ်ခါတစ်လေ သေချင်ယောင်ဆောင်တယ်
အလောင်းထုပ်ထားတဲ့ အဝတ်ဖြူကို ဖြည်ပြတော့
သူ့ခေါင်းလေး လည်ကျလာတယ် မောင်ချောနွယ်။

ရေတိုင်ကီ ဘာဖြစ်လို့ ရေဆူဆူနေတာလဲ
ကိုယ်ပူလိုက်တာ တစ်ရာ့သုံး၊ တစ်ရာ့လေး
အဖျား တစ်ခါမှ မကျသေးဘူး
ဝါးတားပိုက်တွေ ပိတ်နေလို့လား
ငါ မနေနိုင်တော့ဘူး
အခက်ကြီးထဲခုန်ချ။

တချို့ သူမသေခင်ကတည်းက သစ္စာဖောက်ခဲ့ကြ
တချို့ သူသေပြီးမှ သစ္စာဖောက်လိုက်ကြ
ရေခဲတိုက်ရှေ့မှာ
”လူ တစ်ယောက်လုံး ထားခဲ့ရပြီးမှ
ဒီစောင်လေးကို ပြန်မယူတော့ပါဘူး” တဲ့
မမမြင့် ငိုရှာတယ်။

အသက်ရှူလိုက်ရင်
ဘယ်ဘက်ရင်ဘတ်က အောင့်အောင့်နေလို့
ကာပရိုက်တာ မကောင်းဘူး
တံခါးဟာနေတာ
ငါ မနေနိုင်တော့ဘူး
အခက်ကြီးထဲ ခုန်ချ။

မောင်ချောနွယ် အသုဘ
ကဗျာဆရာတွေ ပို့ကြတယ်။
ကဗျာဆရာတွေ ငိုကြ၊ တစ်ယောက်တစ်ယောက် လှမ်းကြည့်ကြ
တစ်ယောက်နဲ့ တစ်ယောက် တားကြ၊ ဆွဲကြ၊ တွဲထူကြ
တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ကြ
သွေးထွက်သံယိုဖြစ်ကြ
နောက်ဆုံးမှာ ဘာသံကြီးလဲမသိ
ဝိုင်းအော်လိုက်ကြတယ်။

လမ်းလျှောက်လို့မကောင်းဘူး
ညာဘက်တစ်ခြမ်းလုံး ဆွဲဆွဲနေလို့
ဒူးဆစ်တွေ လဲပစ်ရမယ်
ပင်နီယံတွေလဲလိုက်။
ငါ မနေနိုင်တော့ဘူး
အခက်ကြီးထဲ ခုန်ချ။

မောင်ချောနွယ် (၁၉၄၉-၂ဝဝ၂)

ဒီနေရာမှာ ငါမနေနိုင်တော့ဘူး
အခက်ကြီးထဲ ထိုးချလိုက်တော့မယ်။

(ဟန်သစ် – ၂ဝဝ၄၊ အောက်တိုဘာ။)

(တစ်ယောက်ချင်း – မောင်ပြည့်မင်း၊ အောင်ပြည့်စုံ။ နှစ်ကာလများ – စက်တင်ဘာ၊ ၂၀၀၈။)


Leave a comment

လက်တစ်ဖက်ကို မြဲနေအောင်ကိုင်ထား (မောင်ပြည့်မင်း)

တစ်ယောက်ချင်း (မောင်ပြည့်မင်း၊ အောင်ပြည့်စုံ)

တစ်ယောက်ချင်း (မောင်ပြည့်မင်း၊ အောင်ပြည့်စုံ)

လက်တစ်ဖက်ကို မြဲနေအောင်ကိုင်ထား (မောင်ပြည့်မင်း)

(တစ်ယောက်ချင်း – မောင်ပြည့်မင်း၊ အောင်ပြည့်စုံ။ နှစ်ကာလများ – စက်တင်ဘာ၊ ၂၀၀၈။)