လမ်းအိုလေး

Løøps of Resistance …

Embryoyo: New Poems (Dean Young)

ဈာန်ဝင်စားမှု ၁၀ခု (ဇေယျာလင်း)

Leave a comment

‘ကဗျာဆရာဆိုတာ ချောက်ကမ်းပါးထိပ်ကနေ ခုန်ဆင်းချလိုက်တဲ့ ကာတွန်းဇာတ်ကောင်နဲ့လည်း တူရဲ့။ ကာတွန်းဆိုတော့ ဇာတ်ကောင်ကလည်း အောက်ကျမသွားပဲ လေထဲ ဝဲနေတာပေါ့။ ဘယ်အချိန်မှာမှ ကျသွားသလဲ​ဆိုတော့ သူ့ဒုက္ခ​ဟာ ဆင်ခြင်တုံတရားနဲ့ မကိုက်ညီဘူးလို့ သဘောပေါက်လိုက်​မိချိန်မှာ ဖြစ်တယ်။ ကဗျာဆရာ​အဖို့တော့ သူ့ရဲ့ စိတ်ကူး​ဖြန့်ကြက်နိုင်စွမ်းဟာ သူ့ကို လေထဲ ဝဲနေစေတာ ဖြစ်တယ်။ အဲသလို ဝဲနေတာမို့လို့လဲ ရှုခင်းကို ပိုကျယ်ကျယ်​ ပြန့်ပြန့်​လေး မြင်ရတာ​ဖြစ်တယ်။ ဖတ်သူဘက်က​ကြည့်ရင် ချောက်ကမ်းပဲထဲ ပြုတ်ကျရလိမ့်မယ်လို့ ဧကန်မုချ သိနေပေမယ့် အဲသလို ပြုတ်ကျမယ့်​အချိန်ကို ရွှေ့ဆိုင်း​ထားလိုက်ခြင်းဟာ ဖတ်သူကို နှစ်လိုဖွယ် ဆွဲဆောင်​ထားလိုက်တာ ဖြစ်တယ်’

(A Andaman’s Review of ‘Fall Higher’)


စွပ်ပြုတ်လုပ်ဖို့ သင် ဆုံးဖြတ်လိုက်တယ်။
သင့်မှာ ကြက်သွန်နီလည်း မရှိ၊ မုန်လာဥဝါလည်း မရှိ။
ကြက်သားလည်း မရှိ၊ ဟင်းသီးဟင်းရွက်လည်း မရှိ၊ တရုတ်နံနံလည်း မရှိ။
ရေနဲ့ ဆားတော့ သင့်မှာ ရှိတယ်။
ဆယ်မိနစ် ပြုတ်။ ခူးခပ်ထည့်။
ပြီးရင် ဟောဒီ စွပ်ပြုတ်ရိုးရိုးနဲ့ပဲ
သင့်မျက်နှာ သစ်ချင်သစ်လိုက်ပေါ့။


အကောင်းဆုံးလက်ရာ ဖန်တီးဖို့ သင် ဆုံးဖြတ်လိုက်တယ်။
သင့်မှာ ပန်းချီဆေးလည်း မရှိ၊ စူးလည်း မရှိ၊
ပါရမီလည်း မရှိ၊ စက္ကူလည်း မရှိ၊ ပီယာနိုလည်း မရှိ
တုတ်ချောင်းလေးတွေ ခဲဖျက်လေးတွေလည်း မရှိ။
လေတော့ သင့်မှာ ရှိတယ်။
သံသယဖြစ်ဖွယ်ရာ ဘာမှမရှိဘူး၊ သေချာတယ်
အကောင်းဆုံးလက်ရာပါပဲ။


နတ်ဘုရားတစ်ပါး ပြုလုပ်ဖို့ သင် ဆုံးဖြတ်လိုက်တယ်။
သင့်မှာ ဘာပညတ်တော်မှလည်း မရှိ၊
ရီနေးဆန့်စ်ခေတ် ဘုရားစင် နောက်ခံနံရံပန်းချီ မရှိ၊
ဘယ်သူတော်စင် ဓာတ်တော်မွေတော် မရှိ၊ အခွန်ဆောင်စရာ
မလိုတဲ့ တီဗီ ဧဝံဂေလိ တရားဟောဆရာတွေ၊ ထူးထူးဆန်းဆန်း
ရယ်စရာဦးထုပ်တွေ မရှိ။
သင့်ကိုယ်သင်တော့ ရှိတယ်။
စွမ်းပါ့ကွာ၊ နတ်ဘုရားတွေဟာ ဝေါ့လ်တ်ဝှစ်တမင်းန်လို
လုပ်ရည်ကိုင်ရည် ရှိကြပါဘိ။


သင့်ချစ်သူကို ဖွင့်ပြောလိုက်ဖို့ သင် ဆုံးဖြတ်လိုက်တယ်။
သူနဲ့ ဆက်ဆံရတာ ဘယ်လောက်ကြိုက်တယ်ဆိုတာ
ဒါပေမယ့် သင်ပြီးတော့မယ့် အချိန်မှာပဲ
ချစ်သူရဲ့ ရင်သီးလေးတွေဟာ သင့် လက်ဖဝါးအောက်မှာ
ပုလဲလုံးလေးတွေလို မာတောင်နေတဲ့ အချိန်မှာပေါ့၊
သင့်စိတ်ထဲ ဖြစ်တာ သင်သိတာက
ဒီထက် ပိုနက်ရှိုင်းတဲ့ အရာတစ်ခုခု သင်ချစ်နေတယ်ဆိုတာ။


ပန်းတစ်ပွင့်ပြုလုပ်ဖို့ သင် ဆုံးဖြတ်လိုက်တယ်။
သင့်မှာ သစ်စေ့မရှိ၊ ပျား မရှိ၊ လင်းနို့ချေး မရှိ၊
ကျောက်သားကမ္ပည်းထိုးပုံ၊ ကောက်ဆွ၊ နေရောင်ခြည်၊
စာခြောက်ရုပ်တွေ မရှိ။
ခံစားမှုတစ်ခုတော့ သင့်မှာ ရှိတယ်။
ဥုံဖွ။


လက်ဆောင်ပစ္စည်းတစ်ခု ပြုလုပ်ဖို့ သင် ဆုံးဖြတ်လိုက်တယ်။
သင့်မှာ မျက်လုံးအတု၊ ပညာရေး၊ ပေါ့ပေါ့ပါးပါး တောင်ပံပစ္စည်း၊
လျှပ်စစ်ဓာတ်၊ သကြား၊ ကလိုရိုဖီးလ်၊ အိပ်ခန်း၊
၁၉၅၀ ပြည့်နှစ်များ ပေါ့ပ်သီချင်းအမျိုးအစား doo-wop ရှိတယ်။
ကိုယ် မစောင့်နိုင်တော့ဘူး။


လတစ်စင်းလုပ်ဖို့ သင် ဆုံးဖြတ်လိုက်တယ်။
ပြီးမှ၊ ထားစရာ နေရာမရှိဘူးဆိုတာ
သင် သဘောပေါက်သွားတယ်။
လတစ်စင်းကပဲ ကာရန်ညီတဲ့ အခွင့်အရေးတွေ
လုံလုံလောက်လောက် ပေးကမ်းရတော့မှာပဲလေ။


ကြိုးတံတားတစ်ခုပြုလုပ်ဖို့ သင် ဆုံးဖြတ်လိုက်တယ်
အိမ်သာသုံးစက္ကူလိပ်ရဲ့ ကတ်ထူအူတိုင်ကနေ သင် ကြည့်လိုက်တယ်။
သင် အလုပ်က ခွင့်ယူလိုက်တယ်။
တိုနီကို ဖုန်းဆက်ခေါ်တော့ သူဟာ ခရီးသွားဖို့ ပြင်နေတယ်။
ဆူပါမော်ဒယ်လ်တွေ လေထီးခုန်တဲ့အကြောင်း တီဗီမှာ ကြည့်တယ်။
မျက်နှာပြင်ပေါ်က ချွဲကျိနံစော်နေတဲ့ အရည်ကို သုတ်လိုက်တယ်။
သင့်ကြောင်က သင့်ကိုပြောတယ် ညစာစားချိန် ရောက်ပြီတဲ့
ဒါပေမဲ့ နေ့လည် ၃ နာရီပဲ ရှိသေးတယ်။


မီးခြစ်ဆံတစ်ချောင်းလုပ်ဖို့ သင် ဆုံးဖြတ်လိုက်တယ်
သင့်မှာ ယမ်း မရှိ၊ မဂ္ဂနီဆီယမ် မရှိ၊ ခြစ်စရာ မျက်နှာပြင်
မရှိ၊ အရှိန်မြှင့်ကိရိယာ မရှိ၊ ကြွေးကြော်သံ မရှိ။
သင် လက်လျှော့လိုက်ပြီး အိပ်လိုက်တော့တယ်၊ သတို့သမီး
အရွယ်အစားရှိတဲ့ မီးပွားပလတ်တစ်လုံးက သင့်ကို
ပြောတယ်၊ သင့်ထဲကို သင် ပြန်ကြည့်ဦး။
အဲဒီမှာ ရေနဂါးလေးတစ်ကောင် ရှိနေတယ်။

၁၀
သင်ဟာ ညဝတ်အင်္ကျီ ဘောင်းဘီ ဝတ်ထားတယ်
အေးစက်နေတဲ့ ပီဇာကို စားနေတယ်
အဲဒီအချိန်မှာ ကာယိုသီ ဝံပုလွေတစ်ကောင် ပြုလုပ်ဖို့
သင် ဆုံးဖြတ်လိုက်တယ်
အခု သင်လိုအပ်တာကတော့ ဗိုက်ကြီးနေတဲ့ ကာယိုသီ
ဝံပုလွေမတစ်ကောင်ပဲ။

Ten Inspirations by Dean Young

Ten Inspirations (Dean Young)

1
You decide to make soup.
You do not have any carrots or onion.
Any celery or chicken or leaves.
You have water and salt though.
Boil ten minutes. Serve.
And afterwards this simple soup
may be used to wash your face.

2
You decide to make a masterpiece.
You do not have any paints or thorns,
any genius or paper, any pianos
or sticks or rubber.
You have air though.
No doubt about it,
a masterpiece.

3
You decide to make a god.
Don’t have no commandments,
no Renaissance altarpieces, no
relics, tax-sheltered televangelists,
funny hats.
You do have yourself.
Wow, gods act like Walt Whitman.

4
You decide to tell your sweetheart
how much you like humping him or her
but even as you’re coming,
his/her nipples stiff as pearls
under your palm, you know
there’s something deeper you love.

5
You decide to make a flower.
You don’t have any seeds, bees,
bat guano, engravings, pitchforks,
sunshine, scarecrows.
You have a feeling though.
Presto.

6
You decide to make a gift.
You have artificial eyes, education,
lightweight wing material,
electricity, sugar, chlorophyll,
a bedroom, doo-wop.
I can’t wait.

7
You decide to make a moon
then realize you don’t have room
anywhere to put it.
One moon will have to provide
enough rhyming opportunities.

8
You decide to make a suspension bridge.
You look through a toilet paper tube.
You have the day off.
Call Tony but he’s on his way to the Cape.
Watch a TV show about paratrooping supermodels.
Wipe gunk off a surface.
Your cat tells you it’s dinnertime
but it’s only three o’clock.

9
You decide to make a match.
Don’t have any sulfur
or magnesium. No striking surface,
accelerant or slogan. You give up
and sleep and a bride-sized spark plug
tells you to look within.
There’s a sea horse.

10
You are in your pajamas
eating cold pizza
when you decide to make a coyote.
Now all you need is a pregnant coyote.

– From Embryoyo by Dean Young


(ဒီးန်ယန်းဂ် – ဘာသာပြန် ဇေယျာလင်း။ သြဂုတ်၊ ၂၀၁၄ – နှစ်ကာလများ။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s