လမ်းအိုလေး

Løøps of Resistance …

လှပသောအရာများနှင့် နက်နဲသိမ်မွေ့သောအရာများအကြောင်း (​မောင်​​ဒေး)

Leave a comment

ဒေးဗစ်​​ လေးမန်း

…. ​​သူ့ရဲ့ကဗျာ​တွေဟာ (၁) ရယ်​စရာ​ကောင်းတယ်​၊ ရွှင်​တယ်​။ (၂) ကိုယ်​​ရေးရာဇဝင်​ ဆန်​တယ်​။ (၃) အ​ကြောင်းကိစ္စ​တွေရဲ့ ​ရှေ့​နောက်​မညီညွတ်​မှု​တွေ ယှဉ်​တွဲတည်​ရှိ​နေတာကို ပြပြီး အတွင်းပဋိပက္ခကို ​ဖော်​ထုတ်​တယ်​။ ကျွန်​​တော်​ သူ့ကိုကြိုက်​တာမှာ ရွှင်​တာက အ​ကြောင်းတစ်​ချက်​ ဖြစ်​ပါတယ်​။ ….

– ​မောင်​​ဒေး

အသိပညာဟာလှတယ်၊ နားလည်သဘောပေါက်မှုက နက်နဲသိမ်မွေ့တယ်။

— ခါးန့်ထ်

၁။
ရေဒီယိုဟာ အပူမီဒီယာဖြစ်တယ်။
တယ်လီဗီးရှင်းက အေးတယ်။*

ရုရှားနိုင်ငံမှာ ရထားခရီးစဉ်တစ်ခုဟာ ဝတ္ထုရှည်တစ်ပုဒ်ဖြစ်တယ်။
ရှီကာဂိုမြို့ကို ရထားနဲ့သွားတာဟာ ရုပ်ရှင်တစ်ကားဖြစ်တယ်။
မိုင်ယာမီမြို့ကို ​လေယာဉ်နဲ့သွားတာဟာ
ဘေးဒုက္ခဆိုးတွေအကြောင်း ရိုက်ထားတဲ့ ရုပ်ရှင်တစ်ကားဖြစ်တယ်။

ကျောက်ထင်းရှုးပင်တစ်ပင်ဟာ ကဗျာတစ်ပုဒ်ဖြစ်တယ်။
ညောင်မုတ်ဆိတ်ပင်တစ်ပင်ဟာ
ရေ့ဖ်ဝေါ်လ်ဒိုအီမာဆန်ရဲ့ စကားပြေဖြစ်တယ်။

အမျိုးသမီးတစ်ယောက်ရဲ့ အတွင်းခံဟာ
(ဘယ်သမိုင်းခေတ်မှာမဆို) ကဗျာဖြစ်တယ်။
အမျိုးသားတစ်ယောက်ရဲ့ အတွင်းခံဟာ
(ဘယ်သမိုင်းခေတ်မှာမဆို) စကားပြေဖြစ်တယ်။

အမျိုးသမီးဝတ်အောက်ခံဘောင်းဘီ
(အဖြူရောင်၊ ပိုးသား၊V အက္ခရာပုံ)တွေဟာ လှတယ်။
အမျိုးသားဝတ် (စပိုတာ) အောက်ခံဘောင်းဘီတွေဟာ နက်နဲသိမ်မွေ့တယ်။

ယုံမှားလွန် စိတ်ဝေဒနာဟာ ကဗျာဖြစ်တယ်။
အိပ်မရ ​ရောဂါဟာ စကားပြေဖြစ်တယ်။

၂။
သေဆေးအထိုးခံပြီး သေပွဲဝင်တာဟာ စကားပြေဖြစ်တယ်။
ကြိုးဆွဲချပြီး သေတာဟာ ငြီးငွေ့စိတ်ပျက်စရာကောင်းတယ်။
သေနတ်နဲ့ကွပ်မျက်ခံရပြီး သေတာဟာ မြင့်မြတ်ပြီး နက်နဲသိမ်မွေ့တယ်။

ဟိုးမားဟာ ကြေကြေကွဲကွဲ နက်နဲသိမ်မွေ့တယ်။
စီးကရက်တွေ အထူးသဖြင့် Camel နဲ့ Lucky တို့ဟာ နက်နဲသိမ်မွေ့တယ်။

ဆေးပြင်းလိပ်တွေဟာ နက်နဲသိမ်မွေ့တယ်။
ဆေးတံတွေဟာ လှတယ်။

ရှောလမွန်သီချင်းဟာ လှတယ်။
ကမ္ဘာဦးကျမ်းနဲ့ ယောဘဝတ္ထုတို့ဟာ နက်နဲသိမ်မွေ့တယ်။

ဟေရှာယဟာ နက်နဲသိမ်မွေ့တယ်။ ပထမမြောက်ရှမွေလနဲ့
ဒုတိယမြောက် ရှမွေလတို့ဟာ နက်နဲသိမ်မွေ့တယ်။
ရုသဝတ္ထုဟာ လှလည်းလှ၊ နက်နဲသိမ်မွေ့မှုလည်း ရှိတယ်။
ဝါ့ဒ်စဝါ့သ်ဟာလှတယ်။
ကိ(တ်စ်)ဟာ နက်နဲသိမ်မွေ့မှုလည်း ရှိ၊ လှလည်း လှတယ်။

အသိပညာဟာ လှတယ်။
နားလည်သဘောပေါက်မှုက နက်နဲသိမ်မွေ့တယ်။

*မီဒီယာသီအိုရီပညာရှင် မာရှယ်မက္ကလူဟန် (၁၉၁၁-၁၉၈ဝ) ရဲ့ ၁၉၆၄ ခုနှစ်ထုတ် Understanding Media: The Extension of Man စာအုပ်ထဲမှာ “အပူမီဒီယာ” နဲ့  “အအေးမီဒီယာ” (Hot & Cool Media) အကြောင်းပြောခဲ့ပါတယ်။ မီဒီယာစားသုံးသူကိုယ်တိုင်ပါဝင်ပြီး အဓိပ္ပါယ်ရှာဖွေ၊ စိတ်ကူးပုံဖော်၊ ဖြည့်စွက်စဉ်းစား စတဲ့ထည့်ဝင်မှုတွေလုပ်ရတဲ့ မီဒီယာကို “အအေးမီဒီယာ” (ဥပမာ၊ တယ်လီဗီးရှင်း၊ ရုပ်ပြစာအုပ်) နဲ့ စားသုံးသူဘက်က ဘာမှထွေထွေထူးထူးမလုပ်ရဘဲ အရန်သင့် စားသုံးလို့ရတဲ့မီဒီယာကို “အပူမီဒီယာ”(ဥပမာ၊ရေဒီယို၊ ရုပ်ရှင်ဇာတ်ကား) လို့မက္ကလူဟန်က ခွဲခြားသတ်မှတ် သုံးသပ်ခဲ့ပါတယ်။

(On the Beautiful and Sublime – David Lehman)


(ယုံမှားလွန်​ စိတ်​​ဝေဒနာဟာ ကဗျာဖြစ်​တယ်​ – ​မောင်​​ဒေး။ မတ်​၊ ၂၀၁၅ – နှစ်​ကာလများ။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s