လမ်းအိုလေး

Løøps of Resistance …

maung-day-hallucination-front-cover

အကျဉ်းသား (​မောင်​​ဒေး)

Leave a comment

အဒိုးနိစ်

…. ​ဒါ​ပေမယ့်​ ကဗျာက အရာဝတ္ထု​တွေနဲ့ ဘာသာစကားကြားက ဆက်​သွယ်​ချက်​ကို ​ပြောင်းလဲ​ပေးပြီး ကမ္ဘာသစ်​ရဲ့ ပုံရိပ်​ကို ဖန်​တီး​ပေးနိုင်​တယ်​။ ကဗျာနဲ့ ပတ်​သက်​ပြီး သီအိုရီထုတ်​ရတာဟာ အချစ်​အ​ကြောင်း ​ပြောရတာလိုပါပဲ။ ရှင်းပြလို့မရတဲ့ အရာ​တွေ အများကြီး ရှိပါတယ်​။ ကမ္ဘာကို ဖန်​တီးထားတာ နားလည်​ဖို့မဟုတ်​၊ ရှုမှတ်​ဆင်​ခြင်​ဖို့နဲ့ ​မေးခွန်းထုတ်​ဖို့သာဖြစ်​တယ်​လို့ (အဒိုးနိစ်​က) ​ပြောခဲ့ပါတယ်​။ ….

– ​မောင်​​ဒေး

မြက်​ပင်​နဲ့ ပန်းမာလာ အငုံအဖူးတို့ရဲ့ အကျဉ်းစံ ငါက
ကမ်းစပ်​က သစ်​ကိုင်း​တွေကို ယှက်​​ဖောက်​ပြီး
ကျွန်းတစ်​ကျွန်းကို စိတ်​ထဲမှာ ​ဆောက်​တယ်​။
သ​င်္ဘောဆိပ်​​တွေ ​ပျောက်​ကွယ်​သွားတယ်​။
အနက်​​ရောင်​မျဉ်း​တွေလည်း ရွက်​ထည်​က​နေ
ပြုတ်​ထွက်​သွားတယ်​။ ငါဟာ
ငါ့ရဲ့အိပ်​မက်​ကို ပြုလုပ်​တဲ့ အလင်း​ရောင်​ စမ်း​ချောင်း​တွေနဲ့
ငါ့ကိုကာဆီးထားတဲ့ စည်းရိုးတို့ကြားမှာ လူးလား​ခေါက်​တုံ့။
အသက်​ဓာတ်​ ကုန်​ခန်း​နေတဲ့ အ​တောင်​ပံ​တွေကို တစ်​ချက်​ခတ်​လိုက်​တိုင်း
အသက်​တစ်​ရက်​တိုရတဲ့ လိပ်​ပြာ​တွေလို
ချုပ်​​နှောင်​မှု​အောက်​မှာ အံသြတုန်​လှုပ်​လျက်​။

(The Captive – Adonis)


(ယုံမှားလွန်​ စိတ်​​ဝေဒနာဟာ ကဗျာဖြစ်​တယ်​ – ​မောင်​​ဒေး။ မတ်​၊ ၂၀၁၅ – နှစ်​ကာလများ။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s