လမ်းအိုလေး

Løøps of Resistance …

Src: Ai Weiwei


Leave a comment

ဖုန်တွေနဲ့အတူ မင်းကိုယ့်ကို စောင့်မျှော်လို့နေတယ် (ဇေယျာလင်း)

(မိမိပြန်အလာကို နေ့စဉ်စောင့်မျှော်ရှာတဲ့ ဇနီးသို့)

မင်းရဲ့နာမည်မှာ ဘာမှမကျန်ရစ်တော့ဘူး
ကိုယ့်ပြန်အလာကို စောင့်ဖို့ကလွဲလို့
ဘာမှ မကျန်ရစ်တော့ဘူး
ကိုယ်တို့အိမ်က ဖုန်တွေနဲ့ပဲအတူ မျှော်လင့်လို့။
အထပ်လိုက် အထပ်လိုက် ဖုန်တွေ
ထောင့်တိုင်းမှာ ဖုန်တွေဟာ လျှံကျလို့။
ခန်းဆီးတွေ မင်းမဖွင့်ရက်ဘူးလေ
ဖုန်တွေရဲ့ ငြိမ်သက်မှုကို အလင်းတွေနှောင့်ယှက်လိုက်မှာ
မင်းခမျာ စိုးရိမ်လို့။

စာအုပ်စင်ပေါ်မှာ လက်ရေးနဲ့ရေးထားတဲ့ လေဘယ်လ်ဟာ
ဖုန်တွေအောက်မြုပ်နေပြီပေါ့လေ
ကော်ဇောရဲ့ အဆင်ဒီဇိုင်းဟာလည်း
ဖုန်တွေကိုပဲ ရှူသွင်းတယ်
ကိုယ့်ဆီမင်း စာတစ်စောင်ရေးနေချိန်မှာ
ကလောင်သွားဟာ ဖုန်တက်နေတာ ချစ်စရာ
ကိုယ့်မျက်လုံးတွေကို နာကျင်မှုဟာ ဓားလိုထိုးတယ်။

အဲဒီမှာမင်း တစ်နေကုန်တစ်နေခန်း ထိုင်တယ်
မလှုပ်ရဲမယှက်ရဲ
မင်းခြေလှမ်းတွေဟာ ဖုန်တွေကို နင်းချေမိမှာ စိုးရိမ်လို့
အသက်ကိုတောင် ထိန်းထိန်းသိမ်းသိမ်း မင်းရှူတယ်
တိတ်ဆိတ်မှုကို သုံးစွဲပြီး ဇာတ်လမ်းတစ်ပုဒ်မင်းရေးတယ်
ဒီလိုအချိန်မျိုးမှာ အသက်ရှူကြပ်စေတဲ့ ဖုန်တွေဟာပဲ
တစ်ခုတည်းသော သစ္စာစောင့်သိရိုသေမှု။
Continue reading