လမ်းအိုလေး

Løøps of Resistance …

အပျော်စီးပင်လယ် (မောင်ဒေး)

ကောင်းကင်ဘုံ … လာလမ်းအတိုင်း (မောင်ဒေး)

Leave a comment

ကောင်းကင်အကြောင်း စတွေးမိပြီဆိုတာနဲ့
စိတ်လက်မအီမသာ
အိပ်ရေးမဝ၊ ပုံမှန်အနေအထားမဟုတ်
အခေါင်းထဲလှဲဝင်အိပ်သွားတဲ့ ဆိုရိုးစကားတွေလို
ဘာပဲဖြစ်ဖြစ်၊ အဲဒီညက အခင်းဖြစ်ပွားရာဆီရောက်တော့
ကောင်းကင်ဘုံက သေနှင့်ပြီ၊၊ ဓားတန်းလန်းနဲ့
အနုပညာလား အတတ်ပညာလားတော့မသိ
ကျမ်းစာအုပ်ထဲက ဗီလိန်ကပဲလုပ်ကြံသွားတာတဲ့
အဲဒီညမှာ ရုပ်ထုတွေဟာလည်း
ပထမဆုံးအကြိမ်အဖြစ် ရုပ်ထုသက်သက်ဖြစ်သွားကြ
နောက်ကျပြီးရောက်လာတဲ့ မျိုးဆက်သစ်တွေကတော့
ကောင်းကင်ဘုံ ရုပ်ကလာပ်ပေါ်မှာ
ဖယောင်းတိုင်ခုနစ်တိုင်ထွန်း၊၊ ကိတ်မုန့်ကို
ဓားနဲ့လှီးပြီး စားပစ်လိုက်ကြပါရောလား။
ပြီးတော့မှ မွေးနေ့သီချင်းကို အော်ဆိုလိုက်ကြတာ
ဟိန်းခနဲမြည်သွားလို့ ငှက်တွေထပျံသွား။
အဲဒီကောင်းကင်ဘုံကြောင့်ပေါ့
တို့ကမ္ဘာမှောင်ခဲ့တာ၊ ဟိုကောင်တွေကလည်းညံ့ပါ့
ဆိုရိုးစကားနဲ့ အစဉ်အလာတွေတောင်
လူအဖွဲ့အစည်းနဲ့လမ်းခွဲသွား၊ စောဒကတက်စရာမရှိပဲ
ဟိုလူသေတွေကို ပြောမိတယ်
အဲဒီပြဿနာမှာ ခင်ဗျားတို့နဲ့ကျွန်တော်
သဘောခြင်းမတူခဲ့ခြင်းအတွက် ဝမ်းနည်းကြောင်း၊
အဲဒီအချိန် မနက်ခင်းနဲ့အတူ
ကာကွယ်စောင့်ရှောက်ခြင်းနဲ့ အလင်းရောင်နဲ့အတူ
ကောင်းကင်ဟာပြာလာတယ်။


(အပျော်စီးပင်လယ် – မောင်ဒေး။ ဧပြီ၊ ၂၀၀၆ – ကျော်မွှေးစာပေ။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s