လမ်းအိုလေး

beyond chaOs

KMY

စိန်ဂေါ်လီတစ်ယောက် – ၈ (စိုင်းဝင်းမြင့်)

Leave a comment

လောကကြီးမှာ ဘယ်သူမှ မလိမ္မာဘူး
ဘယ်သူမှလည်း မမိုက်ဘူး
မီးလောင်တဲ့အခါ ကိုယ့်အလောင်းကိုကိုယ်ထမ်း
ကိုယ့်နှလုံးသားကိုကိုယ် ကယ်ထုတ်သွားကြတာပဲ

ဒိုင်နိုဆောတွေ တိုက်ခန်းတွေထဲ ဆက်နေလို့မရ
အသည်းငယ်လို့ မျိုးတုံးသွားရတာပဲရှိတယ်
ဒရက်ကူလာတွေ နှစ်များစွာ အလင်းကို လေ့ကျင့်
သွေးကို ဘဏ်တိုက်ဖွင့်
ပန်းခြံခုံတန်းလျားမှာ ချစ်သူကို စောင့်နေကြသေးတယ်

စက်ယန္တရားတွေထဲမှာ လူဟာ ဘယ်တုန်းက လဲကျသွားဖူးလို့လဲ
အဆောက်အဦးတွေ ပေါက်ကွဲလွင့်စင်နေလည်း
အသက်ဘေးက သီသီလေး တည်းတည်းလေးပဲ
သူတို့တွေ လွတ်မြောက်သွားကြတာပဲ

နေ့စဉ် ဓားစက်ဖြတ်နေတယ်
နေ့စဉ် ကရိန်းဆွဲမနေတယ်
နေ့စဉ် သံရည်ကျို
ကျောက်ဆောင်တွေကို ယမ်းနဲ့ဖြိုချနေ
အခွန်အခနဲ့ အခွံချည်းပဲကျန်လည်း လူသားဟာမသေ
ပြုံးပန်းတွေပွင့်ကျနေ
အဖေပြီးရင်လည်း သားလာဦးမယ် ။ 

 

စိုင်းဝင်းမြင့်
၂၀၀၅ / ၂၀၁၅
၁၀ /၂၂ – ၈ – ၂၀၁၆


စိုင်းဝင်းမြင့် ကဗျာပေါင်းချုပ် ဒုတိယအုပ် (၂၀၀၅ – ၂၀၁၆)၊ ကျော်မွှေးစာပေ၊ ၂၀၁၆။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s