Microsoft Word ဖိုင်ထဲတွင်၊ အပြင်ထုတ်ထားသော လျှာများပေါ်တွင်၊ နေပူထုတ်လှမ်းထားသော အဝတ်များပေါ်တွင် နင့်နာမည်ကို ငါရေး၏။ ကမ္ဘာကို ပတ်နေသော ဆက်သွယ်ရေးဂြိုလ်တုပေါ်တွင်၊ ဆရာဝန် ပေးလိုက်သော သောက်ဆေးများပေါ်တွင်၊ ကြည်အောင်၏ ကဗျာစာအုပ် နောက်ကျောဖုံးပေါ်တွင် နင့်နာမည်ကို ငါရေး၏။ ယင်ကောင်တို့၏ အတောင်များပေါ်တွင်၊ ဆောင်းရာသီ၏ အာငွေ့ပေါ်တွင်၊ ဗာဒံရွက်များပေါ်နှင့် လမ်းခွေးတို့၏ နားရွက်များပေါ်တွင် နင့်နာမည်ကို ငါရေး၏။ ငါကိုယ်တိုင်၏ အရေပြားပေါ်တွင် နင့်နာမည်ကို ငါရေး၏။ အခြားလူများ၏ အရေပြားပေါ်တွင် နင့်နာမည်ကို ငါရေးဖို့ စိတ်ကူးယဉ်၏။ မရရှိခဲ့သော ပျော်ရွှင်မှုများနှင့် ရရှိခဲ့သော အချိန်များပေါ်တွင်၊ မရရှိခဲ့သော အချိန်များနှင့် ရရှိခဲ့သော မွေးစာရင်းစာရွက်တို့ပေါ်တွင် နင့်နာမည်ကို ငါရေး၏။ နင် သေဆုံးခဲ့သည်၊ ထို့နောက် အသက်ဆက်ရှင်၏။
(David Cronenberg ၏ Maps to the Stars)
(ရုပ်ရှင်ကဗျာများ – မောင်ဒေး။ သြဂုတ်၊ ၂၀၁၅ – နှစ်ကာလများ။)