လမ်းအိုလေး

Løøps of Resistance …

Fires at midnight - Blackmore's Nights


Leave a comment

Fairy Tale (Fires at Midnight by Blackmore’s Night) (ဏေသစ်)

နောက်ဆုံးတော့ အချိန် ကျ ပြီ
ကျွန်မ
တို့ မွေးထားတဲ့
မွန်းစတားတွေ အရွယ်ရောက်လာပြီး

ကျွန်မတို့နဲ့ အတူကစားတယ်
အယူသည်းမှုနဲ့ ကြေကွဲမှုဟာ
မြို့ကို ထုပ်ပိုးထားတယ်

မေးခွန်းကို ဖြေမယ့် အစား
ကြည့်မှန်ဟာ အစိတ်စိတ် အမွှာမွှာကွဲသွားပြီး
ပြတင်းပေါက် တစ်ချပ်ဖြစ်လာတယ်
လမ်းသွားလမ်းလာတွေကို မြင်နေရပေမယ့်
Continue reading

We Are by Hollywood Undead


Leave a comment

We Are by Hollywood Undead (ဏေသစ်)

တစ်​ခုခုကို ​ပြောမလိုလုပ်​ပြီးမှ ဘာမှမ​ပြောဘဲ လှည့်​ထွက်​သွားတဲ့ အမူအရာမျိုးကို ငါတို့ ကျွမ်းကျင်​ခဲ့ရပါပြီ။ ဘယ်​သူရှိဦးမှာလဲ … ငါတို့ပဲ​လေ … ငါတို့​ပေါ့။ ငါတို့ရဲ့ မမီလိုက်​တဲ့ ရထား​တွေမှာ ငါတို့မသိလိုက်​တဲ့ ငါတို့ရဲ့ တစိတ်​တပိုင်း​တွေဟာ ပါသွားနှင့်​ပြီလို့ အချိန်​ပြည့်​ခံစား​နေရတာဟာ အချိန်​ပြည့်​။ အချိန်​ပိုင်းအ​နေနဲ့၊ ထိခိုက်​နစ်​နာစရာ ဇာတ်​ရုပ်​​တွေမှာ ငါတို့လူစားဝင်​ သရုပ်​​ဆောင်​တယ်​။ အချိန်​ပြည့်​အ​နေနဲ့ အဲဒီအချိန်​ပိုင်း​တွေကို ခဏခဏ ငါတို့ ပြန်​ကြည့်​တယ်​။ အားလပ်​ချိန်​​ပျော်​ရွှင်​မှုအ​နေနဲ့ တပ်​ဆင်​ထားခြင်း မရှိ​သေးတဲ့ ဖုန်း​တွေကို ငါတို့ ဆက်​ကြတယ်​။ အဲဒီမှာ စိတ်​သက်​သာရာ တစ်​ခုခု ရှိတယ်​လို့ ယုံကြည်​ကြည့်​လို့ ရ​နေသားပဲ​။ ပြီး​တော့ အ​ရေးအကြီးဆုံး တစ်​ခုအ​နေနဲ့ “ငါတို့” လို့ ​ပြော​ပြော​နေ​ပေမယ့်​ “ငါ” လို့ပဲ အဓိပ္ပာယ်​ရတယ်​ဆိုတာ ငါတို့ သိ​နေကြတယ်​။

(၂၀၁၆- ဒီဇင်ဘာ)


သီချင်းကဗျာများ – ၂၀၁၄ ခုနှစ် စိတ်ကူးချိုချို စာအုပ်တိုက်ကထုတ်တဲ့ ခေတ်ပြိုင်ကဗျာများ ၆၀း၁၅း၀၃ မှာ ပါတဲ့ ကဗျာဆရာ မောင်ဒေးရဲ့ ရုပ်ရှင်ကဗျာများ ကိုဖတ်ပြီး အားကျ။ သီချင်းတွေနဲ့ လိုက်ရေးဖြစ်တဲ့ အကြောင်း။ – ဏေသစ်

Hubble Glitch


Leave a comment

သစ်သီးနေ့ (ဏေသစ်)

အပျံသင်​ချိန်​​မှာ ဆိုရမယ့်​ သီချင်းလို့
ဘဝကို ရိုးစင်း​စေခိုင်းထားတဲ့ ရူးသွပ်​မှု

မင်းတွေ့ခဲ့ဖူးတဲ့ သူစိ​မ်း​တွေလို
အချိန်​ကျတဲ့အခါ မင်းဘဝကို မင်း​မေ့သွားမှာ

ဆိုတဲ့ Fortune Cookie လာ စာသားတွေ
အနက်​​ကောက်​ယူခြင်းထဲက ဆိုလိုရင်းအဖြူ​ထည်တွေ

မရှိ။ သူ့ ပကတိ အရှိ အဓိပ္ပာယ်​သက်​သက်​ကို
လက်​လွှတ်​ပြီးရင်း လက်​လွှတ်​​နေရတဲ့

ထပ်​တလဲလဲအဖြစ်​က မလွတ်​​မြောက်​နိုင်​ခြင်း​တွေ။
ကျမ်းစာပိုဒ်​​တွေ၊ သစ်​သီး​တွေ၊ အမှန်​တကယ်​​တွေ … ။

ဏေသစ်  (၂၀၁၇)
Image: HubbleSite