လမ်းအိုလေး

beyond chaOs


Leave a comment

သရဲခြောက်တဲ့ည (မင်းခိုက်စိုးစန်)

သရဲခြောက်တဲ့ည (မင်းခိုက်စိုးစန်)thaye1_a Continue reading


Leave a comment

ချာတိတ်ကလေး တစ်ယောက်အကြောင်း (မင်းခိုက်စိုးစန်)

(၁)
ကျွန်တော်ဟာ ‘မမ’ ရဲ့ နွားကလေးတစ်ကောင်ပေါ့
နစ်ချင်လွန်းလို့
ရေတိမ်တိမ်ကိုမှ လိုက်ရှာခဲ့တာပါ။

(၂)
အဝေးပြေး လမ်းမကြီးတစ်ခုလုံး ရင့်မှည့်နေခဲ့ပြီ
ကျွန်တော်. . . . အိမ်ကို ဘယ်လိုပြန်ရမှာလဲ။

(၃)
ငယ်ငယ်တုန်းက အတန်းထဲမှာ
လက်လှဲပြိုင်ရင်
အနိုင်ရချင်တဲ့ ကလေးလေးတစ်ယောက်ဟာ
. . . . ကျွန်တော်ပေါ့။
အခုတော့ . . . .
နွေရောက်ရင် သိမ်းဆည်းရတဲ့ အနွေးထည်လို
ကိုယ့်ကိုယ်ကိုယ် လုံးထွေးပြီးတော့သာ
ထိုးထည့်ထားလိုက်ချင်တော့တယ်။
Continue reading


4 Comments

ကံဆိုးကောင် (မင်းခိုက်စိုးစန်)

သည့်ထက်ပိုပြီးမှောင်စရာ…
ဘာကျန်သေးလို့လဲ
လျှပ်စီးတွေ လက်လက်ပြနေတာကိုပဲ
ယုံကြည်ပစ်လိုက်ရတော့မယ်။

ကောင်…မ…လေး…ရေ…
စံပယ်တွေ တ၀ုန်းဝုန်း ရွာချခဲ့တာတောင်မှ
ငါဆိုတဲ့ကောင်က
ရနံ့ တစ်ခုတစ်လေတောင်
စိုစွတ်ခွင့် မရပါဘူး။

စိတ်ကူးတွေ အအေးပတ်တာပဲ
အဖတ်တင်တော့ရဲ့…

အရောင်းပြခန်းတစ်ခုရဲ့ နံရံမှာ
ကိုယ့်ကိုကိုယ် ချိတ်ဆွဲပြသထားတာလည်း
၂၆ နှစ်သာ ကြာသွားတယ်
တစ်ခါမှ ဈေးကောင်းပေးဝယ်တာ မခံရပါဘူး။
Continue reading


Leave a comment

လွမ်းလို့သေသွားတဲ့သစ်ပင် (မင်းခိုက်စိုးစန်)

ကိုယ့်ဘာသာကို မိုးလင်းရ
ကိုယ့်ဘာသာကိုယ် မိုးချုပ်ရနဲ့
အဲဒီ နေရောင်ခြည်ကိုက ရှုပ်တယ်။

မတောက်ပချင်ပါဘူးကွယ်
ပြန်ပြန်မှောင်ရတာနဲ့ မကာမိလို့။

ကြာ…လိုက်…တာ… …
အလင်းတွေ အသက်ရှူနေလိုက်ပုံက
(ဒါနဲ့ပဲ…) သူမရဲ့ အပြုံးကို မြင်ရဖို့
နောက်ကျခဲ့ပြန်ရော…။

ငါ့ကျောပေါ် ထမ်းထားရတဲ့ အလွမ်းကတော့
မင်းရဲ့ အမည်နာမကို
တမ်းတမ်းတတ ရေရွတ်တယ်…။

ဖွတ်ထွက်တာတောင်မှ
တောင်ပို့မှန်း မသိခဲ့ပါဘူး
ဘ၀ကူး မကောင်းနိုင်တဲ့အထိတောင်…
အသိဥာဏ်တွေ မှောင်ခဲ့။

(အဲဒီကောင်ဟာ…အသေအချာမှောင်ခဲ့
အချစ်တွေ မဲ့ပြီဆိုရင်
သွေးမခုန်ချင်တော့ပါဘူးလို့ ငြင်းတဲ့ကောင်)

နောက်သလို ပြောင်သလိုနဲ့
ငါ့ကို လာချစ်သွားတဲ့ ကောင်မလေးရေ…
“အနမ်းတွေ ဆေးထိုးမှားခဲ့တာပါ…” တဲ့
လွမ်းလို့သေသွားတဲ့သစ်ပင်က
အရွက်ကို ခြွေချပြီး ပြောတယ်…။

Src: CrystalRays


1 Comment

တစ်ကိုယ်တော် (မင်းခိုက်စိုးစန်)

ဘ၀ကို တစ်ခါတစ်ခါ
အပေါ်စီးက ငုံ့ကြည့်ရတော့လည်း
သိပ်မဆိုးလှဘူးလို့ ထင်လာတယ်…။

ဖျားနာမှုကိုမှာ မစားသောက်ရင်
တစ်နေ့တစ်နေ့ ဘာလုပ်ရမှာလဲ…?

မြစ်ဘေးက သစ်ပင်လို
သူများတွေ စီးဆင်းနေတာကိုပဲ ငေးကြည့်နေချင်ရဲ့။

ဒါမှမဟုတ်
ပိုက်ဆံတတ်နိုင်တဲ့ အခါကျရင်
ရောဂါတစ်ခုရဲ့ နာမည်ကို ၀ယ်ယူပြီး
ကိုယ့်ကိုကိုယ် စိတ်ပူကြည့်နေချင်တယ်…။

လူတွေက
တစ်ခါ တစ်ခါ လဆန်းလိုက်
တစ်ခါ တစ်ခါ လဆုတ်လိုက်နဲ့
သူတို့ရဲ့ စိတ်ဒီရေက
အတက်အကျ ရှုပ်လွန်းတော့လည်း
ကိုယ့်သင်္ဘောကိုယ်
ဘယ်လို ခုတ်မောင်းရမယ်မှန်း မသိတော့ပြန်ဘူး။

“ချော်လဲရောထိုင် ကြေကွဲတတ်သူတွေ မလာရ”
ငါ့ ဈာပနကို
ငါ တစ်ယောက်တည်း ချမယ်။

လောလောဆယ်မှာ
လိုလိုမည်မည်
ငါ စဉ်းစားကြည့်နေမိတာကတော့
အခုတည်ခင်းတဲ့ ညစာကို
နာမည် ဘယ်လိုပေးရင် ကောင်းမလဲ ဆိုတာကိုပဲ။

Src: CrystalRays


Leave a comment

အိပ်မက်ထဲမှာရွာတဲ့မိုး (မင်းခိုက်စိုးစန်)

အိပ်မက်ထဲမှာ ရွာတဲ့မိုး (မင်းခိုက်စိုးစန်)

ကောင်မလေးရေ…
ငါ့အလွမ်းတွေ စိုထိုင်း
မိုးငွေ့သယ်တဲ့ တိမ်တွေလို မှိုင်းနေလိုက်တဲ့ပုံ
မုတ်သုံလေတစ်ချက် တိုက်ရုံနဲ့ ငိုတော့မယ်…

ကမ်းရိုးတန်းလို ရင်ခွင်မှာစိုလက်
ပင်လယ်ဖက်ဆီက သတိရခြင်းတွေ တက်လာတယ်…

ဟောဒီ တစ်သက်မှာ
ဘယ်တုန်းကမှ အိပ်မက်မမက်ဘူးတဲ့ကောင်
ခုတော့…အလွမ်းတွေနဲ့ မှောင်လို့၊
ကယောင်ကတမ်း ညည်းရင်း လန့်နိုး
“မုန်တိုင်းက မင်းနာမည်ကို ခိုးသွားတယ်…”

အဲသည်…တစ်စုံတစ်ရာသော မိုးလေ…
ငါ့ကမ်းခြေအလွန်မှာ ရွာသွန်း
အလွမ်းက ထွက်တဲ့သွေးတွေနဲ့
အိပ်မက်တစ်ခုလုံး စွန်းသွားတယ်။ ။


Leave a comment

ကာလနဂါး (မင်းခိုက်စိုးစန်)

ကာလနဂါး (မင်းခိုက်စိုးစန်)
အရေးတကြီး နိုးထစရာ မလိုဘူးဆိုရင်
ငါ ဆက်ပြီး အိပ်နေချင်လို့ပါ . . . . ။“ဘ၀”ဆိုတာနဲ့ ဘာလို့ “ရှင်သန်ခြင်း” . . . လို့
အဓိပ္ပါယ်ဖွင့်ဆိုရတာလဲ?!
ငါကတော့ အိပ်နေရတာကိုပဲ . . . . ကြိုက်တယ်၊
ရုပ်ရှင်ထဲက ဇာတ်လိုက်လောက်တော့
ငါလည်း တောက်လျောက်ကြီး မကောင်းနိုင်ဘူးပေါ့ . . . .
သံပတ် ခပ်လျော့လျော့နဲ့ပဲ နေတတ်တယ်။လေ့ကျင့်ခန်း မှန်မှန်လုပ်မှ
ပထမရမယ်ဆိုရင်
ငါ ရှင်ဘုရင်တောင် မဖြစ်ချင်ဘူး၊
ကျေးဇူးပြုပြီး ငါ့ကို
“အရူး” လို့ ခေါ်ပါ။မမြင်ချင်တာတွေ အားလုံးအတွက်
မျက်စိသေးသေးလေး နှစ်လုံးကို ပိတ်ထားလိုက်ရုံပါပဲ
ဟော . . ငါ ဘယ်လောက် လိမ္မာတဲ့ကောင်လဲကွယ် . . . .၊
ဟောဒီ အရူးမှာ
ယဉ်ကျေးမှု ထွန်းကားပါတယ်။

ငါ့ဆီ ဂုဏ်ပြုဖိတ်စာ ပို့ဖို့မလို
ငါ့လိပ်စာကို ငါမသိ
ငါ့အုတ်ဂူမှာလည်း ဘာကမ္ဗည်းမှ ထိုးပေးဖို့
အကြောင်းမရှိပေဘူး။

အို . . . မိတ်ဆွေတို့
နိုင်ငံကြီးသားအပေါင်းတို့ . . . .
သွေးနဲ့ကိုယ် သားနဲ့ကိုယ်
မှားယွင်းကြ၊
ပက်လက်မျောဖို့အတွက်
တံတွေးခွက်ကြီးကြီး လိုက်ရှာကြ၊

ငါကတော့ . . .
စောင်ထူထူကို ခေါင်းမြီးခြုံ
ကိုယ့် ကိုယ်ကျင့် . . . ကိုယ်
စိတ်လုံလုံနဲ့ အိပ်တယ်။

နိုင်ငံကျော်တွေအားလုံးကို . . . သနားတယ်၊
မင်းတို့ ငါ့လောက်
ဘယ်သူမှ အိပ်ရေးမ၀ခဲ့ကြပါဘူး။

(Idea Magazine – အောက်တိုဘာ၊ ၂၀၀၉)


Leave a comment

အလင်းမျှော်စင် (မင်းခိုက်စိုးစန်)

အလင်းမျှော်စင် (မင်းခိုက်စိုးစန်)

PDFDownload (102 KB)

Source: Myanmar eBooks


Leave a comment

ကမ္ဘာ (မင်းခိုက်စိုးစန်)

ကမ္ဘာ (မင်းခိုက်စိုးစန်) Continue reading


Leave a comment

ငါ့ဦးခေါင်းခွံရိုးပေါ်မှာ လာထွင်းတဲ့ကျောက်စာ (မင်းခိုက်စိုးစန်)

ငါ့ဦးခေါင်းခွံရိုးပေါ် လာထွင်းတဲ့ကျောက်စာ (မင်းခိုက်စိုးစန်)ငါ့ဦးခေါင်းခွံရိုးပေါ်မှာ လာထွင်းတဲ့ကျောက်စာ (မင်းခိုက်စိုးစန်) Continue reading