လမ်းအိုလေး

beyond chaOs

ခင်မောင်ရင်


Leave a comment

၁၂လ ရာသီ ပန်းဖွဲ့ (လွန်းဆက်နိုးမြတ်)

ဘဝမှာ မကြာခဏ ရေမီးမစုံလင်လို့
တစ်ကိုယ်တော်ဆန္ဒ ထထပြတတ်တဲ့ ကံ့ကော်
ညတရေးနိုး အင်အားသုံးဖြိုခွင်းခံရတဲ့အခါ
သပိတ်စခန်းကနေ
အရေးတကြီး ဖုန်းလှမ်းလှမ်းဆက်တတ်မြဲ အိမ်နီးနားချင်း ပိတောက်နဲ့
လမ်းမှာတွေ့တိုင်း နေကာမျက်မှန်ကြီးတပ်လို့
မီတာခတွေ ဈေးတက်သွားပြီ ပြောပြောနေ ရင်ခတ်တွေ။

တစ်ကြိမ်မဟုတ် နှစ်ကြိမ်မဟုတ်
စကားထဲက ဇာတိပြပြလာတာ
စံကားပန်းကတောင် အရှုံးပေးရတယ်
ပထမ မီးမရှိ ဖယောင်းတိုင်ထွန်း
ဒုတိယ နယ်လှည့်ပါးရိုက်
တတိယ သုံးသိန်းလာဘ်စား
စံပယ်ပွင့်လေး နဖူးပေါ်
လက်နဲ့အုပ်ပြီး အဖျားတိုင်းယူရတယ်
ခမျာမှာ တစ်နေကုန် တစ်နေခမ်း
ခရမ်းလွန်ရောင်ခြည်အောက် အုတ်သဲကျောက်ထမ်းရရှာ
မြတ်လေးအဖို့မှာတော့ ဒီမိုကရေစီဆိုတာဟာ
နားလည်ရ အခက်သား
Continue reading


Leave a comment

ဒါတွေဟာ အရေးအသားတွေ (လွန်းဆက်နိုးမြတ်)

မထင်ရှော့ခ် (လွန်းဆက်နိုးမြတ်)

ဒါတွေဟာ အရေးအသားတွေ (လွန်းဆက်နိုးမြတ်)

.
( မထင်ရှော့(ခ်) – လွန်းဆက်နိုးမြတ်။ မေ – ၂၀၁၁။ အိပ်မက်အသစ်စာပေ။ )
မထင်ရှော့(ခ်)


Leave a comment

ပြတင်းတစ်ချပ်သို့ အမှတ်ရချက် (လွန်းဆက်နိုးမြတ်)

သားတို့အိမ်နားက လူမနေတဲ့ တိုက်ခန်းတစ်ခုမှာ နေ့ရောညရော တံခါးတစ်ခြမ်း ဟင်းလင်းပွင့်နေတဲ့ မှန်ပြတင်းပေါက်တစ်ခု ရှိတယ် ဘာလို့ ပွင့်နေမှန်းတော့ သားလည်းမသိဘူး တချို့နေ့လယ် နေ့ခင်းတွေမှာဆိုရင် ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေတဲ့ အဲဒီ့ မှန်ပြတင်းက တန်ပြန်အလင်းတွေဟာ သားတို့သူငယ်ချင်းတွေ ဆော့ကစားနေကျ သဲပြင်ကွက်လပ်ဆီ စူးခနဲ စူးခနဲ ရောက်ရောက်လာတယ် အဲဒီလိုရောက်လာတဲ့အခါ မွှေးနီက “သောက်တံခါးကလဲ”ဆိုပြီး မြေကြီးပေါ်က ခဲလုံးတစ်လုံးနဲ့ မှန်ပြတင်းကို လှမ်းပေါက်တတ်တယ် ဒါပေမယ့် ပြတင်းပေါက်က ဟိုးအမြင့်ကြီးမှာဆိုတော့ မွှေးနီပစ်လိုက်တဲ့ ခဲလုံးတွေဟာ မှန်ပြတင်းဆီမရောက်ဘဲ မြေကြီးပေါ်ကို တဖုတ်ဖုတ် ပြန်ပြုတ်ကျလာတာချည်းပါပဲ ဒါကို မကျေနပ်လို့ဆိုပြီး မွှေးနီက တစ်ခါနှစ်ခါ ထပ်ပစ်ပြန်ပါတယ် ပစ်ပြီးသွားတော့ “ငါက ငယ်သေးလို့ပေါ့ကွာ ငါကြီးလာမှ ခဲကြီးကြီးနဲ့ အဲဒီ့ပြတင်းမှန်ကို ခွဲပစ်မယ်”လို့ ကျိန်းတယ် နောက်တော့လည်း မွှေးနီခေါင်းထဲ အဲဒီ့ပြတင်းပေါက်ကိစ္စ မေ့သွားပြီး သားတို့နဲ့ ဆက်ကစားဖို့ပဲ သိတော့တယ် သားတို့လမ်းထဲမှာနေတဲ့ နတ်ကတော်ကြီးကတော့ အဲဒီ့မှန်ပြတင်းပေါက်မှာ ညဖက်ညဖက်ဆို မျက်နှာဝါ၀ါကြီးတစ်ခု ပေါ်လာတတ်တယ်လို့ သားတို့ကလေးတွေကို တစ်ခါပြောဖူးထားလို့ ညဖက်ကစားတဲ့အခါ သားတို့တွေ ဘယ်တော့မှ အဲဒီ့ပြတင်းပေါက်နားမှာ မကစားရဲကြတော့ဘူး Continue reading


Leave a comment

မျက်လုံးတစ်မှိတ် (လွန်းဆက်နိုးမြတ်)

မထင်ရှော့ခ် (လွန်းဆက်နိုးမြတ်)

မျက်လုံးတစ်မှိတ် (လွန်းဆက်နိုးမြတ်)

.
( မထင်ရှော့(ခ်) – လွန်းဆက်နိုးမြတ်။ မေ – ၂၀၁၁။ အိပ်မက်အသစ်စာပေ။ )


Leave a comment

ဟိုတစ်ပုဒ်ရဲ့ တခြားတစ်ဖက် (လွန်းဆက်နိုးမြတ်)

နာမ် (သစ္စာနီ၊ ဟိန်းမြတ်ဇော်၊ လူဆန်း၊ လွန်းဆက်နိုးမြတ်၊ မြေမှုန်လွင်) - Cover Art

လူကြုံစောင့်နေတာ
ပြောတုန်းကတော့ သေသေချာချာပြောလိုက်တာပဲ
အခန်းနံပါတ် အိမ်နံပါတ် လမ်းအမည်
ရပ်ကွက်ရဲ့ မြေမျက်နှာပြင် အနေအထား
ခုထက်ထိ ရောက်မလာတော့ တစ်ခုခုများဖြစ်နေသလား (ဖြစ်ခဲ့သေးသလား)
မရှိတုန်းမှာ လာသွားလို့  လွဲသွားတာများလား အိမ်နီးချင်းတွေကိုလည်း မေး
ကြည့်တာပဲ ဘယ်သူကမှ ဂဃနဏ မပြောပြနိုင်ဘူး။ ဦးဦးတစ်ယောက်တော့
နေ့ လည်က ဒီလမ်းထဲလာသွားတယ်။ ကလေးတွေ
မေးကြည့်တော့ အဲ့သည်လိုဖြေတယ်။ စောင့်နေတဲ့ လူကြုံဆိုရင် ဒုက္ခပဲ
(Aရေးကြီးတယ်) ဒီနားတ၀ိုက်မှာ မသိတဲ့သူမရှိပါဘူး နာမည်ကြားလိုက်ရင်
တစ်ယောက်ယောက်ကတော့ လမ်းညွှန်ပြမှာ ဘောလုံးပွဲကြည့်ပြီးတဲ့ညက
နေ့ ခင်းဖက် အိပ်နေတုန်း လာသွားတာများလား မနက်ပိုင်းထပြန်သွားတဲ့
ဘောလုံးပွဲအပြီးပါလာတဲ့ သူငယ်ချင်းက အပြင်က သော့ခတ်ပြီးအခန်းထဲ
သော့ပစ်သွင်းလိုက်တာကပဲ လွဲချော်မှုရဲ့အစလား၊
ဒါမှမဟုတ် ရောက်ကိုမရောက်လာသေးတာလား အခန်းရှေ့မှာတော့ နံပါတ်မှိန်
နေတဲ့ ဖိနပ်တစ်ရံကလွဲရင် ဘာမှရှုပ်ရှုပ်ယှက်ယှက် မရှိပါဘူး၊ ဖိနပ်က
မစီးတာကြာလို့ ဖုန်တက်နေတယ်၊ သည်အခန်းမှာနေတာ လူတိုင်းသိကြပါတယ်။
လူကြုံက ရအောင်ရှာရောက်အောင်တော့ လာနိုင်မှာပါ၊ လမ်းလွဲနေလို့ 
မရောက်နိုင်တာများလား၊ တခြားလမ်းဖက်ကနေ လှည့်ပြန်သွားတာများလား
သြော်…. ဒါနဲ့ အခန်းနံပါတ်ပြုတ်နေတာ သူ မလာခင် မြန်မြန်ပြုပြင်ရဦးမယ်။
သူက ဘယ်လိုပုံစံရှိမလဲ၊ ကြားရသလောက် အရင်က ဒီနယ်မြေကို တစ်ခါမှ
မရောက်ဖူးဘူးတဲ့။ ဒါဆို….
ကျွန်တော့ဆီနောက်တစ်ခေါက်လောက် ထပ်လာခဲ့ဦးမလား။

(ရည်ညွှန်း – လူကြုံမှာလိုက်တယ်၊ အောင်ပြည့်စုံ)
၁၆.၁၂.၀၈ ညနေ ၄း၀၆ နာရီ

(နာမ် [သစ္စာနီ၊ ဟိန်းမြတ်ဇော်၊ လူဆန်း၊ လွန်းဆက်နိုးမြတ်၊ မြေမှုန်လွင်]။ ငါတို့စာပေ – မတ်၊ ၂၀၁၀။)