လမ်းအိုလေး

Løøps of Resistance …


Leave a comment

ဟယ်လို မြို့မငြိမ်း (အောင်ခင်မြင့်)

တံခါးများပိတ်နေပါပြီဆိုတဲ့ ခံစားချက်မဲ့ကြေငြာသံ
ရထားပလက်ဖောင်းအဟထဲ ပန်းတစ်ပွင့်ပြုတ်ကျသွား
ခုမပြောလည်းနောက်ပြောရမယ့် စကားများ ရင်ထဲမှာ

အထပ်မြင့်တိုက်များဆီမှ လွင့်ကျလာသောအင်္ကျီများ
မှိုင်းညို့မှုထဲတောင်ဝှေးနဲ့ ထောက်ရင်းစမ်းရင်းသွားခဲ့
လူဟာ ချောကလက်ကြီးအဖြစ် သရုပ်ဆောင်ရတဲ့ကမ္ဘာ

ခြင်္သေ့ကြီးက အရှိန်နဲ့လာနေတဲ့ရထားရှေ့မှာ ရပ်ခဲ့
သေခြင်းဟာ ပေါက်ပေါက်ဆုပ်များပမာ ချိုချိုမွှေးမွှေး
ငါခေါ်ဆိုနေသောဖုန်းဟာ ဘယ်သူ့ထံမှာ မြည်နေတာ


Text: Aung Khin Myint (2017)
Image: Aung Khin Myint: Recycled Meanings (2011)


Leave a comment

မူလဆီသွားခြင်း (အောင်ခင်မြင့်)

မူလဆီသွားဖို့ လေထဲမှာ စက်ဝိုင်းကို သင်ရေးဆွဲလိုက်တယ်။ စက်ဝိုင်းဟာ သိပ်မဝိုင်းလှဘူး။ အိမ်ထဲကမထွက်ခင် အိမ်ဖော်မလေး ရဲ့ပါးကို သင်ခိုးနမ်းခဲ့သေးတယ်။ သင့် မိန်းမ ဖုန်းပြောနေတုန်း။ မူလဆီသွားခြင်းဟာ မူလဆီပြန်ခြင်း မဟုတ်ဘူး။ အဲဒါကို မသိရင် မြင်းဟာ ကျာပွတ်ဖြစ်သွားလိမ့်မယ်။ ပြီးတော့ အဲဒီခြေကြိုခြေကြားတွေထဲ လိမ့်နေတဲ့ မျက်ရည်ယိုဗုံး နောက်လည်း တကောက်ကောက်လိုက်စရာ မလိုပါဘူး။ လူတိုင်း ဟာ ဘဝမှာ တစ်ကြိမ်ဖြစ်ဖြစ် ကြောင်ကို ခြေထောက်နဲ့ ကန်မိတာပဲ။ ဒါဟာ မူလဆီသွားဖို့ ဖြစ်လာစေမယ့် အကြောင်းတစ်ခုလို့ ဘယ်သူက သိနိုင်မှာလဲ။ မူလဆီသွားဖို့ သူဟာ သူ့မျက်လုံးတွေကို ထိုးဖောက်လိုက်တယ်။ ဒီလိုလုပ်ဖို့ လိုမလို သူလည်းမသေချာဘူး။ လေဆိပ်က လူဝင်မှုကြီးကြပ်ရေး အရာရှိရှေ့က ကင်မရာလို သူဟာ မျက်နှာတွေကို ငြီးငွေ့လာလို့လား။ ဂင်္ဂါမြစ်ပေါ်မှာ ခြေတစ်ဖက်တည်းနဲ့ ရပ်နေတဲ့ ဆာဒူးတွေရော မူလဆီ သွားနေတာလား။ အထည်ချုပ် အလုပ်သမလေးဟာ မူလဆီမသွားခင် တင်ပါးပေါ်မှာ အသည်းပုံတက်တူး ထိုးလိုက်တယ်။ Continue reading

နိုင်ငံတော်သီချင်း (အောင်ခင်မြင့်)


Leave a comment

နိုင်ငံတော်သီချင်း ၁ (အောင်ခင်မြင့်)

ဂိုယာရဲ့ black paintings တွေထဲက အမှောင်မိုက်ဆုံးကတော့ သူ့သားသူ ပြန်စားနေတဲ့​စေတန် (Satan devouring his son) ဆိုတဲ့ လက်ရာပဲ။ အဲဒီမှာ တွေ့ရတဲ့ အနိဌာရုံရဲ့ ကဗျာဗေဒ (the poetics of horror) နဲ့ အခု ဒီကဗျာစီးရီးကို ငါရေးတယ်။ တကယ်က နတ်မိစ္ဆာတစ်ပါးဟာ ညစဉ် ငါ့ခေါင်းထဲကနေ နှုတ်တိုက်ချပေးခဲ့တာ။ ငါက အလွယ်တကူ လိုက်ကူးရုံမျှ။

ငါ့ကဗျာဟာ မှောင်မိုက်တယ်။ ကဗျာတစ်ပုဒ်ချင်းဟာ ထောင်အခန်း တစ်ခုစီပမာ။ မတ္တာဖာတွေ​ကိုလည်း ညှဉ်းပမ်း​နှိပ်စက်တဲ့ ကိရိယာများလို ငါသုံးခဲ့တယ်။

သမိုင်းနဲ့ မှတ်ဥာဏ်ဟာ လိင်ဆက်ဆံနေကြ။ အမှောင်ထဲမှာ ညည်းညူသံများ။ ရယ်သံများ။ ငိုသံများ။

နိုင်ငံတော်သီချင်းဟာ ဟိုအဝေးမှာ မသဲမကွဲ။

– အောင်ခင်မြင့်

ပိတ်ထားတဲ့ ပါးစပ်ကနေ
မီးခိုးစကားလုံးများ ထွက်ပေါ်လာ
ပွင့်အာနေသော ရင်အုံများပေါ်
ရွှေရောင်ကျည်ဆံများ ကျရောက်ခဲ့ပုံက
ပဂါနီရဲ့ နတ်သရဲဂီတပမာ
အနီရောင် ပဝါစကလေးဟာ
ကိုင်းခြောက်မှာ ငြိကျန်နေဆဲ
နောက်ခြေဖြင့် ယက်ထုတ်သော သဲတို့ဖြင့်
ရာဇဝင်ကို ဖုံးလွှမ်းပစ်သောအခါ
သူရဲကောင်းများဟာလည်း
ကောက်ရိုးစာခြောက်ရုပ်များသာ
သေခြင်းကဲ့သို့ လွမ်းဆွတ်ဖွယ်
ထို့နောက် လေတဟူးဟူး
ထို့နောက် သွေးတွေ
ထို့နောက် မိန့်ခွန်း
သင်၏ သစ္စာမရှိသော နိုင်ငံတော်။


(နိုင်ငံတော်သီချင်း – အောင်ခင်မြင့်။ မေ၊ ၂၀၁၅ – ပထမ စာအုပ်တိုက်။)

နိုင်ငံတော်သီချင်း (အောင်ခင်မြင့်)


Leave a comment

နိုင်ငံတော်သီချင်း ၁၁ (အောင်ခင်မြင့်)

ကံ့ကော်ပန်းတွေကို
မပွင့်ခင် ညှိုးခြောက်သွားစေတဲ့ ရာသီဥတု
သိမ်းငှက်တွေဟာ မမျှော်လင့်တဲ့ အချိန်မှာ
ဦးနှောက်ထဲက ဘယ်ရီသွေးကြောဖုတွေ
ပေါက်ပေါက်ပြီး သေရရှာတယ်
ပြဇာတ်ဆန်လွန်းတဲ့
အေးစက်စက် သံလက်ကြီးနဲ့
အချစ်ရူးမလေးတို့ရဲ့ မေတ္တာကမ္ဘာ Continue reading

နိုင်ငံတော်သီချင်း (အောင်ခင်မြင့်)


Leave a comment

နိုင်ငံတော်သီချင်း ၂၆ (အောင်ခင်မြင့်)

မိုးလင်းရင် ပထမဆုံးမြင်ရတာက
တယ်လီဖုန်းတိုင်တွေပေါ်မှာ
ကြိုးဆွဲချ သတ်သေထားတဲ့လူတွေ
ဗုံးကြဲမယ့်လေယာဉ်တွေမလာခင်
စွပ်ပြုတ်ရည်ကို ငါတို့အမြန်မော့
ကျလာတဲ့ ဗုံးဆန်ကြီးများက
လူကြီးလူကောင်းဆန်ရှာပါတယ်
ကြာနီကန်တရားသံနဲ့များဆုံရင်
ဗုံးဆန်ကြီးများဟာ လေထဲမှာ ခဏရပ်တန့်ပြီး
တရားဓမ္မများတောင် နာယူလိုက်သေးရဲ့ Continue reading

နိုင်ငံတော်သီချင်း (အောင်ခင်မြင့်)


Leave a comment

နိုင်ငံတော်သီချင်း ၃၆ (အောင်ခင်မြင့်)

တစ်ဘဝလုံး ငါငေးမောခဲ့တဲ့
သူမပါးပေါ်က စံပယ်တင်မှဲ့ကလေးဟာ
အသံဖမ်းစက်ကလေးဖြစ်နေမှန်း
တစ်ညမှာ ငါ အထိတ်တလန့်သိခဲ့ရ
အဝတ်မပါပဲ အမှောင်ထဲမှာရပ်ရင်း သူမဟာ
ငါ့အကြောင်းတွေကို နိုင်ငံတော်ဆီ သတင်းပို့နေခဲ့
သူမဟာ ငါ့ဘဝထဲ ဝင်ရောက်နေထိုင်ဖို့
နိုင်ငံတော်က တာဝန်ပေးခဲ့တဲ့ undercover
သူမက ငါ့ကို သေနတ်နဲ့ ချိန်ရွယ်ထားတယ်
နောက် တိပ်ခွေတွေ တစ်ခွေပြီးတစ်ခွေ ဖွင့်ပြတယ် Continue reading

နိုင်ငံတော်သီချင်း (အောင်ခင်မြင့်)


Leave a comment

နိုင်ငံတော်သီချင်း ၄၂ (အောင်ခင်မြင့်)

ဇာတ်ကြောင်းပြန်သူကို ငါ ကြိုးနဲ့တုပ်
သူ့ပါးစပ်ကို တိပ်တွေနဲ့ ကပ်ထားလိုက်တယ်
၃၆ ဘတ်စ်ကားကြီးဟာ
ဦးချစ်မောင်လမ်းအတိုင်း နောက်ပြန်လိမ့်
မနက်ဆို ငါ့အမေရဲ့ ကြာနီကန်
ညဆို ငါ့အဖေရဲ့ အာမီရမ်
ဝတ်ရွတ်သံများနဲ့ ငါတို့ အိပ်ရာဝင်ခဲ့ပြီး
သေနတ်သံများနဲ့ ငါတို့ လန့်နိုးခဲ့ပါတယ်
မျိုးချစ်စိတ်ဆိုတာ
အစိုးရရောင်းတဲ့ ဆီးထုပ်တံဆိပ် Continue reading

ကဗျာလောက (၆)


Leave a comment

ကပ္ပတိန်စပါးရိုး၏ ဖွင့်ဟချက်များ – ၁ (အောင်ခင်မြင့်)

ခြောက်နှစ်သား အရွယ်က ငါလွှတ်ခဲ့တဲ့ စက္ကူသင်္ဘောလေးဟာ
နှစ်ပေါင်း သုံးဆယ်ကျော် ကြာတဲ့အခါမှာ
တစ္ဆေသင်္ဘောအဖြစ် ငါ့ဆီ ပြန်လည် ရောက်ရှိခဲ့။
ကုန်လွန်ခဲ့တဲ့ အချိန်ကာလတွေက
ရေပေါ်မှာ ပေါလောမျောနေတဲ့ ဇင်ယော်ငှက်အသေတွေလို။
ငါတို့မျိုးဆက် ဟာ မရှိတဲ့ ရတနာ နောက်ကိုလိုက်နေကြတဲ့
မျက်စိတစ်ဖက်လပ် ပင်လယ်ဓားပြတွေ ဖြစ်တယ်။
ငါ့အဝေးကြည့်မှန်ပြောင်းမှာ မြင်နေရတာက
ကမ္ဘာမကြေ သီချင်းကို မျက်စိစုံမှိတ်ပြီး သီဆိုနေတဲ့ကျောင်းသားလေးတစ်ယောက်။
ပြီးတော့ သေနတ်သံတွေ။
ပြီးတော့ စောစောမှောင်တဲ့ ညတွေ။
ပြီးတော့ မမိတချက် မိတချက် ရေဒီယိုသံတွေ။
ပြီးတော့ မျက်ရည်တွေ။
အဲဒါတွေပြီးတော့ တရကြမ်း တိုက်ခတ်တဲ့ လေ။ Continue reading

တိမ်လွှာမို့မို့လွင်မှသည် ပို့စ်မော်ဒန်အနုပညာဆီသို့ – ၄ (အောင်ခင်မြင့်)


1 Comment

တိမ်လွှာမို့မို့လွင်မှသည် ပို့စ်မော်ဒန်အနုပညာဆီသို့ – ၄ (အောင်ခင်မြင့်)

– ပို့စ်မော်ဒန်စနစ်ကို အုတ်မြစ်ချခဲ့ကြသူများ – နစ်ရှေး၊ ဟိုင်ဒေးဂါး၊ ဖူးကိုး၊ ဒရီးဒါး/ ကျွန်တော်တို့ခေတ် အနုပညာ

[6 JPGs / 595 KB]

Continue reading

တိမ်လွှာမို့မို့လွင်မှသည် ပို့စ်မော်ဒန်အနုပညာဆီသို့ – ၄ (အောင်ခင်မြင့်)


Leave a comment

တိမ်လွှာမို့မို့လွင်မှသည် ပို့စ်မော်ဒန်အနုပညာဆီသို့ – ၃ (အောင်ခင်မြင့်)

– ဇော်ဇော်အောင်/ ဆင်မြူရယ်ဘက်ကပ်နှင့် အဓိပ္ပာယ်မဲ့ ပြဇာတ်/ ထက်ထက်မိုးဦးနှင့် Popယဉ်ကျေးမှု/ သေခြင်းတရား/ အနုပညာအပေါ် သဘောထား ပြောင်းလဲခြင့်း့



[6 JPGs / 488 KB]

Continue reading