လမ်းအိုလေး

Løøps of Resistance …

FB_IMG_1452896655095


Leave a comment

ရယ်​ရွှင်​ဖွယ်​ရာများ​ခေတ်​ ကုန်​ဆုံးခြင်း (​နေမျိုး)

ကျုပ်​အဖို့ ရယ်​ရွှင်​ဖွယ်​ရာများ​ခေတ်​ ကုန်​ဆုံးခဲ့ပြီ
ကျွနု​ပ်​ဘာသာ ရပ်​​နေမည်
ဤအစိုင်​အခဲကြီးများကို နှစ်​များစွာ ကွနု​ပ်​ ထမ်းပိုးထားခဲ့သည်
ကျွနု​ပ်​၏ အရိုးထဲတွင်​ ရယ်​သံတစ်​ခု သိမ်းဆည်းထားခဲ့၏။ သင်​နား​ထောင်​မည်​လား
ယခု ကျွနု​ပ်​ဘာသာ ရပ်​​နေသည်
တိတ်​ဆိတ်​မှုထဲမှာ ကျွနု​ပ်​ရှိ၏
ပျော်​ရွှင်​မှုသည်​ ​ကြောက်​မက်​ဖွယ်​​ကောင်း​သော ​မေ့​လျော့မှုတစ်​မျိုး ဖြစ်​သည်
ဟု ဖတ်​ရှုခဲ့ဖူးသည်​။
မင်း​ပြောချင်​တာ ဒါအကုန်​ပဲလား၊ ရယ်​စရာပဲ
ဒါ​ပေမဲ့ ရယ်​ရွှင်​ဖွယ်​ရာများခေတ်​ ကုန်​ဆုံးသွားခဲ့ပြီ
ကျွနု​ပ်​ တိတ်​ဆိတ်​​နေမည်
အစိုင်​အခဲကြီးများ ​ရောက်​လာလိမ့်​မည်
အားလုံး အလုံအ​လောက်​ ဖြစ်​သည်​။

၂၀၁၀-၇-၃၀ (ည ၁၁း၀၅ နာရီ)


(ချင်းတွင်း – ၂၀၁၀)


Leave a comment

ကဗျာတစ်​ပုဒ်​ (​နေမျိုး)

ယုံကြည်​မှု​တွေ မ​ပေါ်​သေးမီက
လူ​တွေ​နေထိုင်​ကြသလို ​နေထိုင်​ကြည့်​ချင်​တယ်
အမှားနဲ့အမှန်​ မ​ပေါ်​သေးမီက
လူ​တွေကျင်​လည်​ကြသလို ကျင်​လည်​ကြည့်​ချင်​တယ်
မေးခွန်း​တွေ မ​ရှိသေးခင်​က
လူ​တွေစကား​ပြောကြသလို ​ပြောကြည့်​ချင်​တယ်​တဲ့။
ကဗျာဆရာ​တွေ မ​ပေါ်​သေးမီက
ကဗျာတစ်​ပုဒ်​ ရှိခဲ့​လေရဲ့။

(၂၁-၁၁-၀၄)


(Source: Nay Myo (Writer, Poet) Lovers)

no-title-nay-myo-image


Leave a comment

‘. . . . . . . . . . (​နေမျိုး)

၁။
ကောင်းကင်​ကြီးကို
လူသတ်​မှုနဲ့ တရားစွဲလိုက်​မယ်
မိုးကြိုးပစ်​ချခံလိုက်​ရတဲ့
နွား​ကျောင်းသား​လေးအတွက်

၂။
ကမ္ဘာ​မြေကြီးကို
သားဖျက်​မှုနဲ့ တရားစွဲလိုက်​မယ်
သေ​ကြေပျက်​စီးသွားတဲ့
မျိုး​စေ့​တွေအတွက်

၃။
ပါ​မ္ခောကြီး အိုင်းစတိုင်းကို
ကမ္ဘာဖျက်​မှုနဲ့ တရားစွဲလိုက်​မယ်
ရေဒီယိုသတ္တိကြွ​နေတဲ့
အနာဂတ်​​တောင်​ကုန်း​တွေအတွက်

၎။
ပြတိုက်​အိုကြီးကို
အ​ယောင်​​ဆောင်​မှုနဲ့ တရားစွဲလိုက်​မယ်
ပျောက်​ဆုံးသွားတဲ့
သက္ကရာဇ်​​တွေအတွက်
Continue reading