လမ်းအိုလေး

beyond chaOs

မြို့တွေ၊ ရွာတွေ၊ ကဗျာတွေ (ဇာတိရနံ့ ကဗျာများ)


Leave a comment

သီရိခေတ္တရာ ဒိုင်ယာရီ (သော်ဒီဝေ)

ဟိုးလွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော် …
သီရိခေတ္တရာမြို့ မင်းကြီးတောင်ပေါ်က
မည်ကာမတ္တ အိမ်ကလေးတစ်လုံးရဲ့
ဝါးထရံမှာ ကပ်ထားတဲ့ ဝါကျင့်ကျင့်
ကောက်ရိုးချပ်တစ်ခုပေါ် (အဆိုအမိန့်တစ်ခုလို)
‘တကယ်တော့ ခင်ဗျားတို့ကျွန်တော်တို့ နေထိုင်တဲ့
ဟောဒီကမ္ဘာကြီး နေထိုင်ကောင်းဖို့ဆိုတာ …
အင်မတန်မှ စိတ်ကူးစိတ်သန်းကောင်းပြီး
အင်မတန်မှ အပင်ပန်းအဆင်းရဲခံနိုင်သူတွေ
ဖန်ဆင်းထားခဲ့ခြင်းမျှသာဖြစ်တယ်’
… ဆိုပြီး
အဲဒီစာတမ်းကို ခင်ဗျားရေးချထားခဲ့ပြီး
Continue reading

မြို့တွေ၊ ရွာတွေ၊ ကဗျာတွေ (ဇာတိရနံ့ ကဗျာများ)


Leave a comment

တောင်ခြေရွာ (မြင့်မိုးအောင်)

တောင်ကုန်းမြင့် တစ်ခုပေါ်ကနေ မြင်လိုက်ရ
ဟိုးအဝေးက တောင်ခြေရွာ။

အိမ်တချို့ရဲ့ ခေါင်မိုးတွေဆီကနေ
မီးခိုးငွေ့တချို့ လွင့်တက်လာ
အဲဒီမှာ လောင်ကျွမ်းနေကြတာ
သူတို့ရဲ့ နှလုံးသားတွေ မဟုတ်ဘူးထင်ပါရဲ့။
Continue reading

မြို့တွေ၊ ရွာတွေ၊ ကဗျာတွေ (ဇာတိရနံ့ ကဗျာများ)


Leave a comment

ပုဂံ (စိုင်းဝင်းမြင့်)

စေတီထဲ နေရောင်သွင်းယူခဲ့ပုံက
အံ့သြဖွယ်။
အုတ်တစ်ချပ်ချင်းစီမှာ
ရာဇဝင်ရှိတယ်။
ဧရာဝတီ
အဝေးရောက်နံရံဆေးရေး
ဆွေးမြည့်စရာ။
Continue reading

မြို့တွေ၊ ရွာတွေ၊ ကဗျာတွေ (ဇာတိရနံ့ ကဗျာများ)


Leave a comment

ရန်ကုန် (ကြည်ဇော်အေး)

အလိုတော်အရ
မိုးက လမ်းမတွေပေါ်တဖွဲဖွဲ
အလိုတော်အရ
မြို့ရဲ့တစ်နံတစ်လျား ရွှဲရွှဲစိုလို့။
တိုက်ခေါင်မိုးတွေပေါ်က လျှောကျလာတဲ့လေရူးဟာ
နောက်ဖေးလမ်းကြားထဲမှာ နေတယ်။
သေမထူး နေမထူး
ချောင်းဆိုးသွေးအန်နေ့တစ်နေ့မှာ
အလိုဆန္ဒတွေ ယာဉ်ကြောပိတ်ဆို့မှုဖြစ်တယ်။
Continue reading

မြို့တွေ၊ ရွာတွေ၊ ကဗျာတွေ (ဇာတိရနံ့ ကဗျာများ)


Leave a comment

လှိုင်သာယာ (မောင်ဖီလာ)

ဘာထူးလဲ
လမ်းပေါ်ထွက်လိုက်တာနဲ့
ငါလည်း လက်လုပ်လက်စားပဲ … ။
(အညှီနံ့က နောက်ကားပါလာတာကို သိတယ်)
‘ကျော်မတက်စေနဲ့’တဲ့
စပယ်ယာအသံမှာ ဆူးတွေအပြည့်နဲ့
ခေတ်တစ်ခေတ်
လူရှစ်ဆယ်ကို
သစ်သားဘတ်(စ်)ကားကြီးထဲ
ထည့်ပြီးခလောက်တော့
၁၉၄၀ခုနှစ်တွေဆီ ပြန်ရောက်သွားကြတယ် … ။
Continue reading


Leave a comment

တန့်ကြည့်တောင် (ခင်ဇော်မြင့်)

တန့်ကြည့်တောင် (ခင်ဇော်မြင့်)

(မြှားနတ်မောင် – မတ်၊ ၁၉၉၉)


2 Comments

မြစ်ဝကျွန်းပေါ် (မိုးဝေး)

mw_hinterland.jpg

ရေစီးက တအားသန်တယ်

(မြှားနတ်မောင် – ဇူလိုင်၊ ၂၀၀၀)