လမ်းအိုလေး

beyond chaOs

ဆေးရှူတဲ့မောင် (အောင်ချိမ့်)


Leave a comment

ဆေးရှူတဲ့မောင် (အောင်ချိမ့်)

လမ်းပေါ်မှာ ငါတို့ တုန်တုန် တုန်တုန်
မြေပြိုမှာကြောက်သလိုမျိုး တုန်တုန်
ရာသီဥတုက
“နွေကြီးတော့ နွေနိုင်
မိုးကြီးတော့ မိုးနိုင်” စကားပုံထပ်တိုးရမလို
မိုးကြီးခဲ့တယ်။
မိုးကြီးတော့ ရန်ကုန်မြို့တော်မှာ
ငါတို့တွေ ခြေအေး
ငါတို့တွေ ဝမ်းယောင်
ငါတို့တွေ ချောင်းဆိုး
ငါတို့တွေ ရင်ကြပ်
ဒါကြောင့်
ငါတို့ဆေးရှူ VINTOLIN ရှူရတယ်။ Continue reading


Leave a comment

အဲသလို ဖြစ်ခဲ့တယ် (အောင်ချိမ့်)

ငါတို့ အဲသလို ဖြစ်ခဲ့တယ်
အမေးကို မဖြေဘူး
အဖြေကို ဖြေခဲ့တယ်။

ငါတို့ အဲသလို ဖြစ်ခဲ့တယ်
(လာမွန်တော့ဖ် ပြောသလို)
ချစ်စွာသော မိတ်ဆွေနှစ်ဦးမှာ
တစ်ဦးမှာ တစ်ဦး၏ အစေခံ ဖြစ်လေသည်။

ငါတို့ အဲသလို ဖြစ်ခဲ့တယ်
ဆေးအမျိုးမျိုး သောက်တယ်
သေမလိုလို အကြိမ်ကြိမ် ဖြစ်တယ်။

ငါတို့ အဲသလို ဖြစ်ခဲ့တယ်
အရက်ခွက်ဟာ စားပွဲ၏ အစွန်မှာ
တံတောင်နဲ့ တိုက်မိလိမ့်မယ်။

ငါတို့ အဲသလို ဖြစ်ခဲ့တယ်
မတော်တဆနဲ့
တကယ် ဖြစ်တာနဲ့။


(သရဖူ မဂ္ဂဇင်း – စက်တင်ဘာ၊ ၂၀၁၁)
ကပ်ဖ်ကာသို့ (အောင်ချိမ့်)


Leave a comment

ကပ်ဖ်ကာသို့ ၊၂၁၊ (အောင်ချိမ့်)

ကပ်ဖ်ကာ …
ငါဟာ မဖွံ့ဖြိုးသော အာရှနိုင်ငံတစ်ခုမှ
ကဗျာဆရာတစ်ယောက်ပါ။

တစ်ယောက်ယောက်ကို ယူကျုံးမရ ချစ်ခဲ့ပြီး
တုံ့ပြန်မှု မရခဲ့သူ
နာကျင်ခဲ့သူ
အပြစ်ဖြစ်ခဲ့သူပါ။
ခင်ဗျားကို ကျွန်တော် နည်းနည်းသိပါတယ်
ကျွန်တော့်ကို ခင်ဗျား လုံးဝ မသိပါဘူး။
Continue reading

ကပ်ဖ်ကာသို့ (အောင်ချိမ့်)


Leave a comment

ကပ်ဖ်ကာသို့ ၊၁၀၊ (အောင်ချိမ့်)

၁။
ကဗျာဆရာကွ
ကဗျာဆရာကွ
ကဗျာဆရာကွ
ကဗျာဆရာကွ။

၂။
ကဗျာဆရာကွ
ကဗျာဆရာကွ
ကဗျာဆရာကွ
ကဗျာဆရာကွ။
Continue reading

ကဖ်ကာ သို့ (အောင်ချိမ့်)


Leave a comment

ကပ်ဖ်ကာသို့ ၊၀၁၊ (အောင်ချိမ့်)

ငါတို့ မမေ့ကြဖို့
ငါတို့ မမေ့ကြဖို့
ငါတို့ ဘယ်မေ့လို့ ဖြစ်မလဲ
ငါတို့ မမေ့ကြဖို့။ ။
(ကပ်ဖ်ကာသို့ အောင်ချိမ့်။ မေ – ၂၀၁၃။၊ နှစ်ကာလများ။)
ကဖ်ကာ သို့ (အောင်ချိမ့်)


Leave a comment

ကပ်ဖ်ကာသို့ ၊၀၊ (အောင်ချိမ့်)

ရေနွေးကြမ်း
ကမ်းခဲ့တယ်။

ဆေးလိပ်မီး တောင်းတုန်းကလည်း
ဆေးလိပ်မီး ပေးခဲ့တယ်။

ဗိုက်က ဆာတယ်။

လုပ်ရဦးမှာ ရှိသေးတယ်။

စိတ်မပါပဲ စကားဆုံနေရတယ်။

ပြီးနေပြီလေ
မပြီးသေးဘူးလား။ ။

(စက်တင်ဘာ၊ ၂၀၀၈၊ သရဖူမဂ္ဂဇင်းမှာ အခြားခေါင်းစဉ်ဖြင့် ဖော်ပြပါရှိခဲ့)
(ကပ်ဖ်ကာသို့ အောင်ချိမ့်။ မေ – ၂၀၁၃။၊ နှစ်ကာလများ။)
ကဖ်ကာ သို့ (အောင်ချိမ့်)


Leave a comment

ကပ်ဖ်ကာသို့ ၊၁၈၊ (အောင်ချိမ့်)

‘ရှေ့လာပြီး
မခေကြောင်းလာပြနေပြန်ပြီ’ဟု
ငါက ပြောလိုက်ရာ။

နောက်တစ်နေ့မှာ
ထိုသူလာပြီး
‘ကျွန်တော့်နာမည် မောင်ခေပါခင်ဗျာ’တဲ့
လာရောက်ရှင်းပြပါသည်။ ။

(စက်တင်ဘာ၊ ၂၀၀၈၊ သရဖူမဂ္ဂဇင်းမှာ အခြားခေါင်းစဉ်ဖြင့် ဖော်ပြပါရှိခဲ့)
(ကပ်ဖ်ကာသို့ အောင်ချိမ့်။ မေ – ၂၀၁၃။၊ နှစ်ကာလများ။)
ကဖ်ကာ သို့ (အောင်ချိမ့်)


Leave a comment

ကပ်ဖ်ကာသို့ ၊၉၊ (အောင်ချိမ့်)

ငါ့ထက် အပုံကြီးသာတဲ့ရည်းစား ရလို့တဲ့
ငါ့ကို လာမော်ကြွားတယ်
မယ်မင်းကြီးမက။

အေးလေ၊ ဝမ်းသာပါတယ်။

‘မိဘအသိုင်းအဝိုင်း တောင့်တယ်
ချမ်းသာတယ်၊ ရုပ်ချောတယ်
ယောင်္ကျားပီသတယ့့်  ’တဲ့
ငါက အေးအေးဆေးဆေးပဲ၊ လူသေကောင်လို
ငါက လူသေကောင်လို၊ အေးအေးဆေးဆေးပဲ။

‘နင့်ကောင့့် 
ငါ့လို ကဗျာရေးတတ်ရင်
ခက်မယ်’

အေး၊ ခက်မယ်။ ။

(ကပ်ဖ်ကာသို့ အောင်ချိမ့်။ မေ – ၂၀၁၃။၊ နှစ်ကာလများ။)
ကဖ်ကာ သို့ (အောင်ချိမ့်)


Leave a comment

ကပ်ဖ်ကာသို့ ၊၇၊ (အောင်ချိမ့်)

လမ်းဆုံးရင် ရွာတွေ့တာ
ဆင်သွားရင် လမ်းဖြစ်တာ
ကြွေးတင်ရင် ရှင်ဘုရင် ဆပ်တာ
ထန်းသီးကြွေခိုက် ကျီးနင်းတာ
ကြက်ကန်း ဆန်အိုးတိုးတာ
ငကန်းသေ ငစွေပေါ်တာ။

ဒီလိုစကားအဟောင်းတွေ ကျွန်တော် စီရေးပြတော့
ကျွန်တော့်ကို စိတ်မဆိုးပါနဲ့
ကျွန်တော့်အနေနဲ့
ကျွန်တော် အားတက်မိလို့ပါ။ ။

(ကပ်ဖ်ကာသို့ အောင်ချိမ့်။ မေ – ၂၀၁၃။၊ နှစ်ကာလများ။)
ကဖ်ကာ သို့ (အောင်ချိမ့်)


Leave a comment

ကပ်ဖ်ကာသို့ ၊၅၊ (အောင်ချိမ့်)

ငါ့နောက်မှာ ဘာမျှမရှိ
“ငါ့နောက်မှာ ကျောပဲ ရှိတယ်”လို့
သူငယ်ချင်းက ထောက်ပြပါတယ်။

ကျွန်တော်က အကောင်းမြင်သမားပဲ
ကျွန်တော် ဖြေပါတယ်။
“ကျောရှိလို့ တော်သေးတာပေါ့”
(ဖြေပါတယ် ဆိုတာ အဓိပ္ပာယ်နှစ်မျိုးပါ)
စကား အဖြေကော
ဖြေသာတာကော။

ဇာတ်လမ်းများကား
အဆန်းသားကလား
အဖျား ရှူးခဲ့သလို
အဖျား ကားသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

သူငယ်ချင်းက ထပ်ပြောပါတယ်
“အကြံကောင်းရင် တစ်ချက်ပဲ”။

ကျွန်တော်က ဆက်ပြောပါတယ်
“အကြံမကောင်းရင်လည်း တစ်ချက်ပါပဲ”။

ကျွန်တော်က အကောင်းမြင်သမားပဲ။ ။

(ကပ်ဖ်ကာသို့ အောင်ချိမ့်။ မေ – ၂၀၁၃။၊ နှစ်ကာလများ။)