လမ်းအိုလေး

beyond chaOs


1 Comment

ပင်မှည့်တေး (မောင်ချောနွယ်)

ပင်မှည့်တေး (မောင်ချောနွယ်)

(မောင်ချောနွယ်အတု – မောင်ချောနွယ်။ ၁၉၈၅)


Leave a comment

သစ္စာပန်းများနဲ့ မေလ (မောင်ချောနွယ်)

သစ္စာပန်းများနဲ့ မေလ (မောင်ချောနွယ်)

တစ်ဘ၀ ကဗျာဆရာ
မဟုတ်ခဲ့တာ သေချာပြီ။
ဘာတစ်ခုမှ မရှိတော့တဲ့ မေလမှာ
နောက်ထပ် ဘာမဆို ပေးလိုက်ရပြန်တဲ့ မေလမှာ
အဆင်မပြေမှုတွေ
အစီအစဉ်ကျနလွန်းတဲ့ မေလမှာ
အလကားရတဲ့ ညနေခင်းကတောင်
မထေမဲ့မြင်ပြုခံရတဲ့ မေလမှာ
ဒုက္ခတွေ အဆုပ်လိုက် အဆုပ်လိုက်
ပွင့်အားကောင်းတဲ့ မေလမှာ
အားကြီးဖုန်ထတဲ့ လေပူထဲ
အနှံ့ပြားစီပွချင်တိုင်း ပွနေ လွင့်နေတဲ့
လဲမှို့တွေလို မေလမှာ
အဆုပ်ပွပွ ညတွေရသူ မေလမှာ
သလိပ်ဖတ်လို
လမင်းကြီးကို မြင်မိသူ မေလမှာ
အပ်တစ်ဖျားထောက်စရာ မလပ်အောင်ဘဲ
ဒဏ်ရာအပြည့်ခန္ဓာနဲ့ မေလမှာ
မေလပေါင်းများစွာ ပြန်လည်စုစည်းမိသူ မေလမှာ
အချိန်မှန်အတွင်း
လူနာအဖြစ် တင်ပို့ခံရသူ မေလမှာ
အပ်ဖျားတစ်ခုပေါ် ရောက်ခဲ့ပေမယ့်လည်း
ပြန်လည်ကျန်းမာခွင့်မရှိတော့တဲ့ မေလမှာ
အသက်ရှင်တစ်ချက် မရှင်တစ်ချက် မေလမှာ
မေလက မေလကို
အသေသာ ပြန်ရလိုက်တဲ့ မေလမှာပေါ့။
ချော်ရည်ပူ ကျိချွဲချွဲ နေ့လည်စာတွေ
ငါးမန်းတောင် ဆူးကြမ်းပြင်တွေ
ဆာတေးရီးယန်း မြက်ပင်ရှည်လက်တွေ
လူအဖြစ် သရုပ်ဆောင်ရသူ မေလ
လောကဘရိတ်သွားပေါ်
တွားသွားသတ္တ၀ါဖြစ်ရသူ မေလ
တစ်နေ့ထဲ
သင်္ဘောအကြိမ်တစ်ရာ မှောက်ရတဲ့ မေလ
တောအလှူတစ်ခုမှာ
လူချင်းတိုက်မိလို့
မတော်တဆ ပန်းကန်ထဲ ဖိတ်ကျတဲ့
အသားတုံး အကျလေးတောင်မှ မစားရသူ မေလ
မနက်လင်းရင်
ကိုယ့်အသုဘကိုချပြီး
မြို့ကြီးထဲ ထွက်ခွာသွားသူ မေလ
သူတစ်ပါးရဲ့ အသုဘမှာ
အငှားလိုက်ငိုရတဲ့ ငိုချင်းသည်မ မေလ
သူ့ကလေးတွေကို မုန့်ဝယ်မကျွေးနိုင်လို့
သူ့လက်မောင်းသွေးတွေ ဖောက်တိုက်ရရှာသူ မေလ
နေ့ပြန်တိုးတွေ ၀က်အူစုပ်ခံရသူ မေလ
ဘ၀ရဲ့ ဘက်ထရီအိုးတွေ
တော်တော်များများ ဖျက်ဆီးခံရသူ မေလ
အင်မတန် အကြွေရဲတဲ့ ငုပင်တွေအပေါ်
သူ့အသက်ရှူငွေ့ကလေး
သွားတင်ထားမိတဲ့ မေလပေါ့။

မေလထဲကနေ
အသည်းနှလုံးကို ဆတ်ကနဲ ဆွဲထုတ်ပြီး
ဖဲသမားတစ်ယောက် ဖဲချပ်ကိုဆွဲထုတ်
လက်ဝါးထဲထည့်
ဖျန်းခနဲ ရိုက်ချလိုက်သလိုမျိုး
ရိုက်ချကြည့်လိုက်တဲ့အခါ
မေလရာသီဟန်ဆောင်နေတဲ့ မေလကိုသာ
တွေ့ရတဲ့ မေလပေါ့၊
ဖြူတစ်ကောင်လို ခါချလိုက်လို့
ဖြူဆူးတွေ အကုန်ကွာကျသွားမယ့်
ဖြူဘ၀ရောက်ပြီ။

မေလရာ
ခါချလိုက်ပါဆိုရင်တောင်
အကြိမ် ၂ သိန်း ၄ သောင်းခါမှ
တစ်ကြိမ်သာ သူ့ဒုက္ခဖြူဆူးများ ကွာကျနိုင်မယ့် မေလပေါ့။ ။

Mirrored: MyanmarPoem.multiply.com


Leave a comment

ကိုချောလာတယ်-၂ (ဇေယျာလင်း)

ကိုယ့်လူရေ . . . ကိုယ်ပြန်လာပြီ
ကိုယ့်ကိုနည်းနည်းတိုက်ပါကွာ
ချမ်းတယ် ကိုယ့်လူတွေရော O.K လား
ကိုယ်ကတော့ ဘာမှ မဟုတ်ခဲ့ပါဘူကွယ်
ကဗျာဆရာဖြစ်ချင်ခဲ့တာပဲသိတယ်
ဖြစ် မဖြစ်တော့ ကိုယ့်လူတွေပဲ ဆုံးဖြတ်ကြ
‘သစ္စာပန်းများနဲ့ မေလ’
‘ကြမ်းပိုးများတဲ့ အိပ်ယာ’
ဒါတွေဟာ ကိုယ့်စစ်စစ်တွေပါကွယ်
‘ညီမလေး မမမြင့်’ထဲမှာ ကိုယ့်ဘဝကြီး ဟက်တက်ပေါ့
သောက်မယ်နော်
မင်းကြီးတောင်ခြေ ကိုယ်သွားတယ်။
ပျော်စရာ မကောင်းတော့ဘူး
ညီလေး သြဂတ်(စ်)လင်းလည်း မရှိဘူး
ဈေးကောက်လုပ်ခဲ့တာလည်း မလုပ်ချင်လို့ပါ
အမေက သားချင်းယှဉ်ခဲ့လို့သာ လုပ်ခဲ့တာ
ဇေယျာလင်းရေ . . . ကိုယ့်ကိုယုံကြည်တဲ့ ဇေယျာလင်းရေ
ကိုယ့်လမ်းပိုင် ကီလီကို သွားဦးမယ်
‘ဆတ်သွား’လို ကဗျာရေးဦးမယ်
ကိုယ့်ဝမ်းမီးလေး နွေးပြီကွယ်
အားလုံးကို ကျေးဇူးတင်တယ်
ညီမလေး မမမြင့်ကို ကြည့်ပေးပါ
သမီးလေးတွေလည်း ပါတာပေါ့
ကိုယ်ရွေ့မယ်
ပြစ်ပြစ်နှစ်နှစ် လွမ်းရပါတယ်ကွယ်
အခု ကိုယ်သိရပါပြီ
ကိုယ်ဟာ သစ်စေးမဟုတ်ဘူး။ ။

(ရနံ့သစ် – ၂၀၀၃)

(ထင်ရှားသည့်အမှတ်အသား – ဇေယျာလင်း။ နှစ်ကာလများ – မေ၊ ၂၀၀၆)


Leave a comment

မစ္စတာဒဗလျူကလက်ရဲ့ မှတ်တမ်းအရ (မောင်ချောနွယ်)

မစ္စတာဒဗလျူကလက်ရဲ့ မှတ်တမ်းအရ (မောင်ချောနွယ်)

(မောင်ချောနွယ်အတု – မောင်ချောနွယ်။ ၁၉၈၅)


Leave a comment

လေးသည်တော်ဝီလျံတဲလ်၏ မြှားချက်များ (မောင်ချောနွယ်)

လေးသည်တော်ဝီလျံတဲလ်၏ မြှားချက်များ (မောင်ချောနွယ်)

(မောင်ချောနွယ်အတု – မောင်ချောနွယ်။ ၁၉၈၅)


1 Comment

မစဉ်းစားခြင်းသေတ္တာ (မောင်ချောနွယ်)

မစဉ်းစားခြင်းသေတ္တာ (မောင်ချောနွယ်)

(မောင်ချောနွယ်အတု – မောင်ချောနွယ်။ ၁၉၈၅)


Leave a comment

ကိုယ်လက်သန့်စင်ထားတဲ့နေ့ (မောင်ချောနွယ်)

ကိုယ်လက်သန့်စင်ထားတဲ့နေ့ (မောင်ချောနွယ်)

(မောင်ချောနွယ်အတု – မောင်ချောနွယ်။ ၁၉၈၅)


Leave a comment

ချစ်လှစွာသော လောကဓံတရား (မောင်ချောနွယ်)

ချစ်လှစွာသော လောကဓံတရား (မောင်ချောနွယ်)

(မောင်ချောနွယ်အတု – မောင်ချောနွယ်။ ၁၉၈၅)


Leave a comment

ပြည် (မောင်ချောနွယ်)

ပြည် (မောင်ချောနွယ်)

(မောင်ချောနွယ်အတု – မောင်ချောနွယ်။ ၁၉၈၅)


Leave a comment

ကဗျာဆရာနဲ့ ပင်လယ်ဓားပြ (မောင်ချောနွယ်)

ကဗျာဆရာနဲ့ ပင်လယ်ဓားပြ (မောင်ချောနွယ်)ကဗျာဆရာနဲ့ ပင်လယ်ဓားပြ (မောင်ချောနွယ်)ကဗျာဆရာနဲ့ ပင်လယ်ဓားပြ (မောင်ချောနွယ်) Continue reading