လမ်းအိုလေး

beyond chaOs


2 Comments

နောက်ဆုံးတော့ ကျွန်တော်တစ်ယောက်တည်း ကျန်နေမှာပါပဲ – အခန်း (၂၆) (ခင်မောင်ရင်)

နောက်ဆုံးတော့ ကျွန်တော်တစ်ယောက်တည်း ကျန်နေမှာပဲ (ခင်မောင်ရင်) - Cover Art

Cover Art

“ငါ့ဘ၀မှာ တစ်သက်လုံး နှစ်ခါပဲ ကြုံဖူးခဲ့တယ်။ ငါ့စိတ်ဆင်းရဲခြင်း၊ ငါ့ရဲ့အလွန်စိတ်ဓာတ်ကျခြင်းနှင့် ငါ့ရဲ့အလွန်ဝမ်းနည်းခြင်း”
“ဆိုပါဦး”
“မင်း ပန်းချီကားကိစ္စ၊ အတုဖန်တီးထားတာကို တွေ့ရတာက ဒုတိယ။
ပထမ, သဗ္ဗညုဘုရားရဲ့ အရှေ့ဖက်ကစေတီမှာ ငါတို့ ၁၉၅၆ခုနှစ်က တွေ့ခဲ့တဲ့ ကချေသည်နှင့် ဗုံတီးသူ (The Dancer and The Drummer) ဆိုတဲ့ စဥ့်ကွင်းနှစ်ခု” …


2 Comments

ပေါ်ဦးသက် ထရမ်းပက်ဝယ်ခြင်း (ခင်မောင်ရင်)

ပေါ်ဦးသက် ထရမ်းပက်ဝယ်ခြင်း (ခင်မောင်ရင်)

(၁၉၃၆ - ၁၉၉၃)

“တစ်ဖက်သားကို ချမ်းမြေ့စေ … ဖော်ရွေသော မျက်နှာလေးတွေ … အကြင်နာရောင် သန်းကာလေ … အလှပန်းပွင့်ပါတဲ့မေ …”

ကျွန်တော်သည် (၂၄)လမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ တိုက်ခန်းပေါ်သို့ လှေကားအတိုင်း တက်လာသည့်အခါ ပေါ်ဦးသက် သီချင်းဟစ်နေသံကို ကြားရသည်။ ထုံးစံအတိုင်း သူသည် မြို့မငြိမ်းသီချင်းများကို သီဆိုလေ့ရှိသည်။ ဧကန္တ၊ သူ ပန်းချီဆွဲနေသည်ဖြစ်မည်။ ကျွန်တော်သည် အခန်းတံခါးကို ဖွင့်ပြီးဝင်လိုက်၏။ သူသည် သီချင်းဆိုနေသည်ကို မရပ်ဘဲ သူဆွဲနေသည့် ပန်းချီကားကို ဆက်လက်၍ ဆွဲနေ၏။ “မနက်ဖြန် ပေးရမယ့် ပန်းချီကား ဆယ်ကားလုံး ပြီးပြီလား။”

“ကိုးကားပြီးပြီ။ တစ်ကားပဲ ကျန်တော့တယ်။” သူသည် ကျွန်တော့်အားကြည့်၍ ပြုံးနေသည်။

“ဒါဖြင့် အဲဒီဆီဆေးကားက ဘာလုပ်ဖို့တုန်း”

“ကိုယ်ဆွဲချင်လို့ ဆွဲတာ။ လူများမှာတာတွေ ငြီးငွေ့လို့။”

“တစ်ခုတည်းကျန်တာ ပြီးအောင်လုပ်လိုက်ပါလား။”

“စိတ်ချပါ။ ပြီးအောင်လုပ်မှာပါ။ စိတ်လွတ်လပ်သွားအောင် ခဏလေး ပြောင်းလုပ်တာ။ မင်းက ပန်းချီဆွဲတာကို စက်ရုပ်လို မှတ်နေလား။”

“မမှတ်ပါဘူး။ ကဲ … ကဲ ပြီးအောင်လုပ်”ဆိုပြီး နောက်ဖေးသို့ ကျွန်တော် ခဏ၀င်လိုက်၏။ ထိုအခါ လူတစ်ယောက် ၀င်လာသည်ကို ကျွန်တော်ကြားလိုက်ရ၏။ ထိုသူ မည်သူမည်ဝါ ဆိုသည်ကို ကျွန်တော်မသိသေးပါ။

Continue reading