လမ်းအိုလေး

beyond chaOs

Reverse Rapture (Dara Wier)


Leave a comment

အပြာရောင်နွားထီးများ (ဇော်ဇော်ထွန်း)

(ဤအရာသည် ငြမ်းများတည်ဆောက်မှုဖြစ်၏) (ဤအရာသည် ယာယီသာဖြစ်သင့်သည်) (ဒိုမီနိုသက်ရောက်မှု) (ထိုအကြောင်းအရာသည် မေ့လျော့ခြင်းခံခဲ့ရသည်) (ထိုအရာသည် ကုန်လှောင်ရုံထဲ၌ရှိခဲ့သည်) (ထိုနေရာကို မည်သူမျှမသိပါ) (ထိုအရာသည် ပြိုလဲသစ်ပင်များ စုပုံထားသောလမ်းဖြစ်သည်) (၎င်း၏ ရေမြောင်းငယ်များအား သင်မြင်တွေ့ နိုင်ပါသည်) (သူတို့ လက်ဗွေများ ထားရစ်ခဲ့သည်) (သူတို့ဒေါ်လာငွေနဲ့ အတူတုန်လှုပ်နေကြ) (ဘယ်သူမှ သီးခြားအရောင်တွေကို မဖြေရှင်းနိုင်ကြလောက်ဘူး) (သူတို့ဟာမတူတဲ့ အရာတွေကိုကွဲပြားတဲ့လူတွေဆီ ပို့တယ်) (ကံတရားအတွက်) (သက်သာတဲ့ဈေးနှုန်း) (ချက်ချင်းရပ်ပစ်) (ရောင်းရန် အသားများ) (လတ်ဆတ်ပါတဲ့ အသီးအနှံ) (အင်းဆက် ကင်းသော) (ငါးမွေးကန်) (လရောင်ထိန်းချုပ်မှု)

(ထိုအရာက အမည်သတ်မှတ်ခြင်းကင်းခဲ့) (ဘယ်သူမှ လှလှပပ အသေးစိတ် ဘယ်ပုံဘယ်နည်းလုပ်ရမယ်မသိကြဘူး) (အဲဒါဟာ ဒုံးအမြှောက်ဆံလို ခံစားရသည်) (င်္သချိုင်းဂူတွေလို လေးလံကြီးမားသည်) (လူတိုင်းရဲ့ ဥာဏ်ပညာကို ထိုအရာက စစ်ယူခဲ့ပြီး) (ငါတို့မှာ သွားနဲ့ဆိုင်တဲ့ ပြဿနာရှိခဲ့တယ်) (ငါတို့ အမြင့်ကြီးအပေါ်ကိုပျံတက်နေခဲ့တုန်း) (ငါတို့ရဲ့အစွန်းထွက်များက ကောက်ကွေ့နေခဲ့ကြ) (ငါတို့ဟာ ဗွက်အိုင်တွေလို ရှိခဲ့ကြ) (ဘာလီဖျော်ရည်ထဲကိုသကြားတွေ ပျော်ဝင်သလို ငါတို့ခံစားရ) (ထိုအရာဟာ ကိုင်တွယ်ရန် လေးလံနေခဲ့) (ငါတို့အမှတ်တံဆိပ်ရဲ့ ဖုန်းကွယ်ခြင်း ခံခဲ့ရ) (အဲဒါ အလှကုန် ပစ္စည်းတစ်ခု ဖြစ်ခဲ့) (သလင်းကြယ်သီးတွေလို) (ငါတို့ဟာ ငါး။ ပြီးတော့) (ငါတို့လှေကားတွေကို ငါတို့လိုခဲ့) (အတော်များများ

Continue reading

Stop Your Cryin (Lizz Murphy)


Leave a comment

ဝါသောအရောင် (ဇော်ဇော်ထွန်း)

ဝါသောအရောင်တစ်ခု။ ကျုပ်ဟာအရောင်တစ်မျိုးကို မချစ်ဘူး။ အဝါရောင်ဟာ သူ့ရဲ့အသံနဲ့ ကျုပ်ကိုပျင်းရိ အောင်လုပ်ပြီး
သန့်စင်တဲ့ သတ္တုရဲ့အော်သံနဲ့အတူ အဆုံးမတော့ ခေါင်းလောင်းထိုးသံ အဝါရောင်က သင်၏ လက္ခဏာကိုဆုပ်ကိုင်ထားခြင်းဟာ
ကုဗတုံးရေခဲများ ပျော်ကျခြင်းမှ။ အေးစက်တဲ့အရသာသည်ပင် စကားလုံးတစ်လုံးအား လှည့်ဖြားခြင်းအရာ။
ငါ့ကိုသူပိုင်တဲ့ကမ္ဘာကို ပြသတဲ့ အဝါရောင်။ ကျုပ်အထင်တော့ ထောပတ်ခွက်များက
ခလေးငယ်တစ်ယောက်ရဲ့ မေးအောက်မှတဆင့် နုပျိုတဲ့ လည်မျိုတစ်လျှောက် မိတ်ဆွေဖြစ်မှုနဲ့အတူ ထိတွေ့ခြင်းနှင့်အတူ။
အို… သင်ဟာ ထောပတ်ကို နှစ်သက်တာပဲဆို။ သင်တကယ်ပြုလုပ်ချင်သော အံ့မခန်းအရာများအား ထားရစ်ပြီး
ပန်းရိုင်းများကတော့ သူတို့အား နမူနာဋ္ဌာန၌ ပြီးပြည့်စုံခြင်းဖြစ်ကာ အရိပ်သည် ပျားပိတုံး၏ တောင်ပံထက်ပို၍
လျှင်မြန်ရွေ့လျားပြီးနောက် ထိုနေရာတွင် သူ့တို့သည် သင်၏ ကြာရှည်ခိုင်မြဲမည်မဟုတ်သော ငယ်ဘဝအား သင်ပြန်ခံစားရသလို
ရိတ်သိမ်းခြင်းနောက်ကွယ် အဝါရောင်ဘက်၌ သင်ရှောင်ရှားပါသော အမြစ်တွယ်မှုဟာ သူ့ကိုယ်ပိုင်တေးသွားကို
နာကျင်မှုတစ်မျိုး ဖြစ်စေသည့် နှိုးဆွခြင်းနှင့် ကျယ်ပြန့်ပါသော အရေခွံများသည် ထိုအရာက ကုလားချဉ်ပေါင်ပင်၊ ထိုအရာက
မည်သို့ပင်ဖြစ်ဖြစ် အမြဲတမ်း အဝါရောင်ဗျည်းအက္ခရာက သစ်ရွက်များပေါ်မှာ ထိုးတက်၍ အခြားသော အပင်များ၏ အနီရင့်ရောင်
တီးတိုးပြောသံနှင့် ဆေးဖက်ဝင်ပင်များသင်ဘယ်တော့မှ သိခွင့်မရှိသော မတော်တဆလက်များ၏ အမည်ဟာ
သင့်မှတ်ဥာဏ်တွင်း ပွင့်ထွက်တဲ့အဝါရောင်သည် ပန်းသီးတစ်လုံးအား နေရောင်မထိထားသကဲ့သို့
အဝါရောင်သည် မြစ်တစ်စင်း၏ နှလုံးသားဖြစ်သလို ညနေခင်းမြက်များဆီက နွေဦးသစ်စေ့များ
သစ်ပင်အဆီအနှစ်ထဲသို့ ရောက်ရှိပြေးဝင်သည့် လယ်ကွင်းများလည်း ထိုနည်းလည်းကောင်း ဖြစ်၍ သဘာဝဘိန်းပင်များ Continue reading