လမ်းအိုလေး

Løøps of Resistance …

သစ္စာနီ


Leave a comment

အကုသိုလ်ပန်းများ (သစ္စာနီ)

၁။
သတ္တ၀ါတိုင်းဟာ
ဝံပုလွေအဖြစ်နဲ့
မွေးလာကြတာ မဟုတ်ဘူးကွယ်။
ပြက္ခဒိန်တွေကို မုန်းတယ်
၃၁နှစ်ထဲမှာ ဆံပင်ကကြဲကြဲ
ထိပ်လည်း ပြောင်ခဲ့ပြီ။
ဘာ ရလိုက်သလဲ
ရူးသွပ်ခြောက်ခြားမေးခွန်းအစား
‘ဒက်ဒလက်’ လို ကမ္ဘာကို ဖမ်းဆီးထားချင်တယ်
‘ယုံကြည်ချက်’
အဲဒီသံမှိုတစ်ချက် ခပ်နက်နက်တွယ်ထားလို့သာ
ဘ၀ဟာ ကွာမကျသေးတာပေါ့။

၂။
အက္ခရာသင်္ချာတစ်ပုဒ်အတွက်
စိတ်ညစ်ခဲ့ရတဲ့ရက်များဟာ
အခုအခါမှာ ငှက်မွှေးဖြစ်တယ်။
ပီကာဆိုကို မသိရင်လည်း
သင်္ကေတ၀ါဒကို နားမလည်ရင်လည်း
ရောဘတ်ရက်ဖို့ဒ်ကို မကြည့်ဖူးရင်လည်း
ငရုတ်သီးဟာ စပ်တာပဲ။
ဟုတ်ကဲ့-တြိဂံရဲ့ဧရိယာနယ်ထဲမှာ
ဒီလိုနေထိုင်နိုင်တော့ အံ့သြစရာမရှိပါဘူး။
အံကြိတ်ခံစားရဖန်များ
နှလုံးသားဟာ တွန့်ခေါက်တောင် တစ်တောင်ဖြစ်တယ်။
ငါ သိပြီဟေ့
ဖန်ဆင်းတဲ့ဘုရားသခင်ဆီမှာ
ချိန်ခွင် မရှိဘူးဆိုတာ ။
Continue reading

သစ္စာနီ


Leave a comment

ကဗျာသက်သက် (သစ္စာနီ)

ဒါဟာ
ကဗျာသက်သက်ဖြစ်ပါတယ်
တစ်ခုခုကို ခံစားဖို့
ဒါဟာ
အသင့်ဖျော်သောက်နိုင်တဲ့ကော်ဖီတစ်ခွက်
အပန်းဖြေကမ်းခြေရှု့မျှော်ခင်း
ဆောင်းခိုငှက်တွေရဲ့ သီချင်းသံ
အပျိုစင်တစ်ယောက်ရဲ့ကိုယ်သင်းနံ့မဟုတ်ပါဘူး
ဒါဟာ
ကဗျာသက်သက်ဖြစ်ပါတယ်
တစ်ခုခုကိုခင်ဗျားနားလည်ဖို့
ဒါဟာ
ပုတ္တောဝါဒဆုံးမစာ
ပါလက်စတိုင်းအရေးအခင်း
ရီလေးတစ်ဗီတီသီအိုရီ
ရုပ်မြင်သံကြားစက်ပြင်နည်း
မဟုတ်ပါဘူး
Continue reading

သစ္စာနီကို သိသလား (သစ္စာနီ)


Leave a comment

သစ္စာနီကို သိသလား (သစ္စာနီ)

Source: KhitPyaing.ORG

ရေတံခွန်တစ်ခုရဲ့လမ်း (သစ္စာနီ)


2 Comments

ကွယ်လွန်သွားသော ကဗျာဆရာနှင့် ကဗျာဆရာကွယ်လွန်ခြင်း (သစ္စာနီ)

လက်ကသာမက နှုတ်ကလဲ ပြောင်ကျကျ ပွင့်ပွင့်လင်းလင်းနဲ့ မခံသာအောင် ပြောတတ်လို့ နှုတ်မရွံ့လှသန်းလို့လည်း နာမည်ကြီးပါတယ်။ ကဗျာဆရာ ကြီးကြီးငယ်ငယ် (ကျွန်တော်တို့ အပါအဝင်) လှသန်းရဲ့ ပါးစပ်ဒဏ် မခံရဖူးသူက မရှိသလောက်ပဲ။ ဒါပေမဲ့ သူ့အသုဘကျတော့လည်း စည်လိုက်တာ။ မြန်မာတစ်ပြည်လုံးက ကဗျာဆရာတွေ ရောက်လာကြတယ်။ ဘာဖြစ်လို့ လှသန်းကို ဒီလောက်ချစ်ကြတာလဲ။

Continue reading


Leave a comment

ဆောင်း (သစ္စာနီ)

ဆောင်း (သစ္စာနီ)

(ဒီရေစီးသံ – ၁၊ ၁၉၉၀)


Leave a comment

နှင်းဆီတစ်ပွင့်ထဲမှာ (သစ္စာနီ)

နှင်းဆီတစ်ပွင့်ထဲမှာ (သစ္စာနီ)

(ဂျပန်ခေတ်ပေါ်ကဗျာ – သစ္စာနီ။ ဇူလိုင်၊ ၂၀၀၃)


Leave a comment

နစ်ရှေးရဲ့ပင်လယ် (သစ္စာနီ)

နစ်ရှေးရဲ့ပင်လယ် (သစ္စာနီ)

(ဟန်သစ် – ဒီဇင်ဘာ၊ ၂၀၀၃)


Leave a comment

အမည်မဲ့ (သစ္စာနီ)

အမည်မဲ့ (သစ္စာနီ)

(စတိုင်သစ် – ဇူလိုင်၊ ၂၀၀၃)


Leave a comment

နေထိုင်ခြင်းမိတ္တူ (သစ္စာနီ)

နေထိုင်ခြင်းမိတ္တူ (သစ္စာနီ)


Leave a comment

ရွှေမျက်နှာရဲ့ မြအသည်း (သစ္စာနီ)

သူ့ကိုတော့ စောစောထဲက မြင်သည်။ မထင်၊ မထင်၍ မခေါ်မိ၊ ထင်စရာကလည်း မြင်ရသည့်သူမှာ သာမန်သာ ဖြစ်သည်။ စန္ဒာ၏ခရမ်းရောင် အိပ်မက်ထဲက သူနှင့်ကား တပုံတခြား၊ ဂဠုန် နဂါး ။ ကြည့်လေ၊ ကန်တော်ကြီးရေကို ခြေစိမ်ကာ မြက်ခင်းပြင်ပေါ် စိမ်ပြေနပြေ ထိုင်နေသည့် လူညိုညို သွယ်သွယ် သေးသေး၊ ဘရာကြော်ထုပ်ကို ဘေးချပြီး ကမ္ဘာကျော် ကျောက်ဆစ် ပန်းပုရုပ် တခုလိုငေးငေးငူငူကြီး၊ ဒါပဲ။

********
စန္ဒာနှင့် ချိန်ထားသည်ကား ကဗျာဆရာ ကိုသင်းထုံ၊ သူ့ကဗျာလေးများ ဖတ်ရသည်မှာ ရှိုက်သံကို ပွေ့ဖက်ရသည်သို့ ရှိသည်.။မျက်ရည်ကို အနံ့ရလာသည်.။ တခါတရံ လောကကို မကျေမနပ် ကျိန်ဆဲသံလေးများ ကြားရသည်။ အဲဒါကိုက စိတ်ဆိုးနေသောနှင်းဆီ ပွင့်ဖတ်ကလေး ခြေဆောင့်နေသည်နှင့်တူသည်။ ခြောက်သွေ့ အက်ကွဲနေသော သူ့ကာရံ ကလေးများသည် ငွေရည်စိမ်ထားသော သီဝေခေါင်မြင့်သည့် တိမ်ပွင့် ကြားထဲက ယိုစီး လျှောကျ လာသလိုဖြင့် ဘွားကနဲ မြစမ်းချောင်း ထဲက ရေပွက်ကလေးများ ပလုံစီ ပေါက်ကွဲရာမှ ခုန်ထွက် မွေးဖွားလာသလို ရှိသည်.။ စန္ဒာက သူ့ကဗျာလေးများကို ဖတ်ရင်း သည်သို့ ကင်ပွန်း တပ်ခဲ့သည်။ ချစ်စရာ နှုတ်ခမ်းလေးများ၊ စန္ဒာရဲ့ ခရမ်းရောင် အိပ်မက် ပန်းတောမှာရော၊ သည် အတောင် ပေါက်နေသည့် ကဗျာလေးများချည်း ဟိုနားသည်ဝဲပျံလို့ပဲ.။နောက်တော့ စန္ဒာ ကဗျာဆရာကို မိတ်ဆက်စာရေးမိသည်။ သည်လိုနှင့် စာတံတား ခင်းမိကြသည်။ ကြာပြီ၊ ခုတော့စန္ဒာက လူုချင်းတွေ့ရန် ဗိုလ်ချုပ်ပန်းခြံသို့ ချိန်းဆိုခဲ့သည်။

-********

Continue reading