လမ်းအိုလေး

beyond chaOs

အငွေ့ဆိုသည်မှာ (အရိုး)


Leave a comment

အငွေ့ဆိုသည်မှာ (အရိုး)

အငွေ့ဆိုသည်မှာ (အရိုး)
Continue reading

စာပေါင်းသိုက် (ဇော်ဇော်အောင်)


Leave a comment

စာပေါင်းသိုက် အက်ဆေးများ (ဇော်ဇော်အောင်)

Source: LinHtet
မထင်ရှော့(ခ်)


Leave a comment

ပြတင်းတစ်ချပ်သို့ အမှတ်ရချက် (လွန်းဆက်နိုးမြတ်)

သားတို့အိမ်နားက လူမနေတဲ့ တိုက်ခန်းတစ်ခုမှာ နေ့ရောညရော တံခါးတစ်ခြမ်း ဟင်းလင်းပွင့်နေတဲ့ မှန်ပြတင်းပေါက်တစ်ခု ရှိတယ် ဘာလို့ ပွင့်နေမှန်းတော့ သားလည်းမသိဘူး တချို့နေ့လယ် နေ့ခင်းတွေမှာဆိုရင် ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေတဲ့ အဲဒီ့ မှန်ပြတင်းက တန်ပြန်အလင်းတွေဟာ သားတို့သူငယ်ချင်းတွေ ဆော့ကစားနေကျ သဲပြင်ကွက်လပ်ဆီ စူးခနဲ စူးခနဲ ရောက်ရောက်လာတယ် အဲဒီလိုရောက်လာတဲ့အခါ မွှေးနီက “သောက်တံခါးကလဲ”ဆိုပြီး မြေကြီးပေါ်က ခဲလုံးတစ်လုံးနဲ့ မှန်ပြတင်းကို လှမ်းပေါက်တတ်တယ် ဒါပေမယ့် ပြတင်းပေါက်က ဟိုးအမြင့်ကြီးမှာဆိုတော့ မွှေးနီပစ်လိုက်တဲ့ ခဲလုံးတွေဟာ မှန်ပြတင်းဆီမရောက်ဘဲ မြေကြီးပေါ်ကို တဖုတ်ဖုတ် ပြန်ပြုတ်ကျလာတာချည်းပါပဲ ဒါကို မကျေနပ်လို့ဆိုပြီး မွှေးနီက တစ်ခါနှစ်ခါ ထပ်ပစ်ပြန်ပါတယ် ပစ်ပြီးသွားတော့ “ငါက ငယ်သေးလို့ပေါ့ကွာ ငါကြီးလာမှ ခဲကြီးကြီးနဲ့ အဲဒီ့ပြတင်းမှန်ကို ခွဲပစ်မယ်”လို့ ကျိန်းတယ် နောက်တော့လည်း မွှေးနီခေါင်းထဲ အဲဒီ့ပြတင်းပေါက်ကိစ္စ မေ့သွားပြီး သားတို့နဲ့ ဆက်ကစားဖို့ပဲ သိတော့တယ် သားတို့လမ်းထဲမှာနေတဲ့ နတ်ကတော်ကြီးကတော့ အဲဒီ့မှန်ပြတင်းပေါက်မှာ ညဖက်ညဖက်ဆို မျက်နှာဝါ၀ါကြီးတစ်ခု ပေါ်လာတတ်တယ်လို့ သားတို့ကလေးတွေကို တစ်ခါပြောဖူးထားလို့ ညဖက်ကစားတဲ့အခါ သားတို့တွေ ဘယ်တော့မှ အဲဒီ့ပြတင်းပေါက်နားမှာ မကစားရဲကြတော့ဘူး Continue reading


Leave a comment

အ၀ါရောင်မီးလုံးတွေ ထွန်းညှိထားတဲ့အခန်း (နေမျိုး)

ခန်းထဲတွင် အ၀ါရောင်မီးလုံးများ ထွန်းညှိထားသည်။ စုစုပေါင်း မီးလုံး ၂၁လုံး။ အားလုံး အ၀ါရောင်တွေဖြစ်သည်။ နံရံတွေက အ၀ါရောင်တွေ ပန်းထွက်နေသလိုပင်ထင်ရသည်။ အ၀ါရောင်မီးလုံးများ ထွန်းညှိထားသော အခန်းထဲတွင် ကျွန်ုပ်၏ဇနီးကို တွေ့မြင်ရသည်။ သူမကို ကျွန်ုပ်မတွေ့မြင်ခဲ့ရသည်မှာ ကြာမြင့်ခဲ့ပြီ။ ယခုမူ သူမသည် အခန်းထဲရှိ ကုတင် တစ်လုံးပေါ်တွင် ငြိမ်သက်စွာ ထိုင်နေလေသည်။ ကျွန်ုပ်သည် သူမကို ငေးစိုက်ကြည့်နေမိသည်။ အခန်းထဲက အ၀ါရောင်မီးလုံးတွေအောက်မှာ သူမ၏ပုံသဏ္ဍာန်မှာ ဟိုယခင်ကာလနှင့်မတူဟု ကျွန်ုပ်ထင်မှတ်မိသည်။ မည်သို့ပင်ဖြစ်စေ ကျွန်ုပ်သည် အ၀ါရောင်မီးလုံးများ ထွန်းညှိထားသော အခန်းတွင်းသို့ဝင်ရောက်လာခဲ့မိသည့် မိမိကိုယ်ကိုပင် ပြန်၍ ကျေးဇူး တင်မိတော့သည်။ ကျွန်ုပ်၏ဇနီးသည် ခုတင်ပေါ်တွင် ငြိမ်ငြိမ်သက်သက်ထိုင်လျက် လက်တစ်ဖက်က ခုတင်ခေါင်းရင်းကို ဖမ်းကိုင်ထားသည်။ သူမ၏ နက်မှောင်ရှည်လျားသော ဆံစများမှာ ပျော့ပြောင်းစွာ အိကျလျက် အ၀ါရောင်တွေ ထင်ဟပ် နေသည်။ သူမ ၀တ်ဆင်ထားသော အ၀တ်အစားမျိုးမှာ အိမ်နေရင်း ၀တ်လေ့ရှိသော သာမန်ပေါ့ပေါ့ပါးပါး အ၀တ်အစားမျိုး ဖြစ်သော်လည်း အ၀ါရောင်တွေ လွန်ကဲစွာလျှံကျနေသည်။ ဒါကဘယ်လိုဖြစ်တာတုန်း။ မင်းနှယ်ကွာ ငါ့အဖြစ်ကိုလည်း စဉ်းစဉ်းစားစားလေး လုပ်ပါဦး။ ကျွန်ုပ်က ဤသို့ပြောဆိုလိုက်ပြီးနောက် Continue reading


Leave a comment

မုန်လာချဉ်ပုလင်းကလေး (နေမျိုး)

မင်းတို့ကို ငါပြောပြရဦးမည်။ မုန်လာချဉ်ပုလင်းလေး တစ်ခုအကြောင်း ဖြစ်သည်။ ငါတို့အိမ်တွင် ပုလင်းခွံတစ်ခုရှိသည်။ ထိုပုလင်းခွံသည် နောင်အခါတွင် ယခု ငါပြောပြမည့် မုန်လာချဉ်ပုလင်းကလေး ဖြစ်လာသည်။

မုန်လာချဉ်ပုလင်းကလေး (နေမျိုး)

ပုလင်းကလေးက အဖြူရောင် ဖန်သားကိုယ်ထည်နှင့် ရှည်မျောမျော လေးထောင့်ပုံစံရှိပြီး အ၀မှာ စက်ဝိုင်းပုံသဏ္ဍာန်ဖြစ်သည်။ ငါ ပြောပြဦးမည်။ ငါ့ဇနီးက ငါ့ကို သိပ်ချစ်မြတ်နိုးသော အချိန်ကာလတစ်ခု ရှိခဲ့သည်။ ထိုအချိန်တွင် မုန်လာချဉ်ပုလင်းကလေးကို သူ ငါ့အတွက် ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။ ငါပြောပြဦးမည်။ ငါ့ဇနီးက သူမကွယ်လွန်မီ ငါ့အတွက် ပြုလုပ်ပေးသွားခဲ့သော အောက်မေ့ဖွယ်ရာ အရာဝတ္ထုတစ်ခုမှာလည်း ထိုမုန်လာချဉ်ပုလင်းကလေးပင် ဖြစ်သည်။ ယခုအခါတွင် မုန်လာချဉ်ပုလင်းခွံနှင့်အတူ ငါ တစ်ယောက်တည်း ကျန်ရစ်သည်။ ငါ့ဇနီး မရှိတော့။ သူမသည် ငါမသိနိုင်သော အခြားနေရာတစ်ခုကို ထွက်ခွာသွားခဲ့ပြီ။ ဆိုလိုသည်မှာ သူမ သေဆုံးကွယ်လွန်သွားခဲ့ပြီ ဆိုခြင်းပင်ဖြစ်သည်။ Continue reading


Leave a comment

မအောင်မြင်မှု ငွေရတုစာတမ်း (ဇော်ဇော်အောင်)

မအောင်မြင်မှု ငွေရတုစာတမ်း (ဇော်ဇော်အောင်)မအောင်မြင်မှု ငွေရတုစာတမ်း (ဇော်ဇော်အောင်)
Continue reading


Leave a comment

တိုက်ခိုက်နေတဲ့ လေထဲ (စိုင်းဝင်းမြင့်)

တိုက်ခိုက်နေတဲ့ လေထဲ (စိုင်းဝင်းမြင့်) Continue reading


Leave a comment

ခြေရာများ (ငြိမ်းအေးအိမ်)

လူဟာ ဘ၀တစ်လျှောက် ဖြတ်သန်းသွားတဲ့အခါမှာ ခြေရာအမျိုးမျိုးထားရစ်ခဲ့ကြတယ်။
Footprints (APK)
ကမ္ဘာကြီး၏ ရင်ဘတ်ပေါ်တွင်…….
ကျောပေါ်တွင်……….
နှလုံးသားထဲတွင်……..
ဦးနှောက်အတွင်းပိုင်းတွင်………
ခြေရာများ ထင်ကျန်တည်ရှိနေသည်မှာ သေချာ၏။
တချို့ကား ၀ါးတားတားမှုန်တုန်တုန်၊
တချို့ကား အထင်ကရ။
တချို့ကား ထင်၏သို့ မထင်၏သို့။
အားလုံးသည် ရောပြွန်း ရှုပ်ထွေးလျက်။

မည်သို့ပင်ဖြစ်စေ ထိုခြေရာအားလုံးတို့သည် လူသားတို့နင်းကျော်ဖြတ်သန်းသွားခဲ့သည့် ခရီးရှည်ကြီးတစ်လျှောက် ထင်ကျန်ရစ်ခဲ့သော ခြေရာများသာဖြစ်ပါသည်။

အမှန်တော့ ကမ္ဘာကြီးကိုယ်တိုင်သည်ပင်၊ လူသားအများစုကိုစုပေါင်းထားသည့် လူသား တစ်ယောက်သာဖြစ်ပြီး ထိုလူသားတို့၏ ခြေရာဆိုသည်ကပင် ကမ္ဘာကြီးကိုယ်တိုင်၏ ခြေရာသာဖြစ်ကြောင်း ကျွန်တော်တို့ မမေ့သင့်ပါ။

Continue reading


Leave a comment

နမောအော်တိုပိုအက်ထရီ ကိုးဆယ် (ငြိဏ်းဝေ)

နမောအော်တိုပိုအက်ထရီ ကိုးဆယ် (ငြိဏ်းဝေ)

Continue reading


Leave a comment

ခိုတွေနဲ့ည (နေမျိုး)

ခိုတွေနဲ့ည (နေမျိုး)ခိုတွေနဲ့ည (နေမျိုး)ခိုတွေနဲ့ည (နေမျိုး)ခိုတွေနဲ့ည (နေမျိုး)

Continue reading