လမ်းအိုလေး

Løøps of Resistance …

ကိုးဆယ့်တစ် - Pemskool Pdf Poetry


Leave a comment

မောင်လူအေးသို့ (မိုးဝေး)

နှစ်တွေပြောင်းနေတယ် ထင်ရင်း ထင်ရင်း
လမ်းတလျှောက် တိုးတိုး တိုးတိုး ရွတ်ဆိုနေမိ
တွေးရင်း ငေးရင် ငေးရင်း တွေးရင်း
ငှက်ကလေး ဒီနေ့ နေကောင်းထိုင်သာရှိနေတယ်
အားကြီးတဲ့သူတွေ ရှင်သန်နေတာမဟုတ်ဘူး
ရှင်သန်နေသူတွေသာ အသက်ရှင်တာ
ဒီလိုနဲ့ရောက်လာတယ်
ငှက်ကလေး အရင်လို မပျံသန်းနိုင်ဘူး
ငှက်ကလေး တစ်မြို့လုံးပတ် လျှောက်ခဲ့တယ်
ဖိနပ်တွေ မီးခိုးထွက်လာတယ်
မောင်လူအေးကို သတိရမိတယ်
မောင်လူအေးကို ပြောပြရဦးမယ်
လာဖြစ်တာ လွယ်တယ် မလာဖြစ်တာ ခက်တယ်
ငှက်ကလေးကို ယုံကြည်ပါလို့ ခေါ်ကြတယ်
ငှက်ကလေး နာမည်က မယုံကြည်လည်း ကိစ္စမရှိပါဘူး
ငှက်ကလေးမှာ အကြောင်းအရာ မရှိဘူးလေ
ဒါနဲ့ ငှက်ကလေးအကြောင်း သိသလိုလိုနဲ့
ငါ့အကြောင်းပြောပြလိုက်တယ်
ကံကောင်းချင်တော့ သူကြားချင်တဲ့အတိုင်း ဖြစ်သွားတယ် Continue reading
သူပဲအကြမ်း သူပဲအချော (မိုးဝေး)


Leave a comment

တည်ဆောက်ရေးလုပ်ငန်းတစ်ခုခုမှာ အလုပ်လုပ်တယ်လို့ပြော (မိုးဝေး)

ခုန်ထွက်လိုက်သလို
ဘဝဆိုတာ ဒီလိုပါလားလို့ ပုံသေ သတ်မှတ်လို
အချိန် နှောင်း မနှောင်း
အဖွဲ့အနွဲ့ ကောင်းသူလက်ထဲက လက်ဖွဲ့
“ငါ ဆိုတာ ပျင်းစရာ ဘုံကြီးပါ” ပုံပါ တီရှပ်နဲ့ ဟို ကတုံး (ခေါင်းတုံး)
လူတစ်ယောက်ရဲ့ ကျောပြင်မှာ
ပြတင်းပေါက် တစ်ခုဟာ အမြဲနာကျင်နေပါတယ်
ဒီထက်ကောင်းတဲ့ ကဗျာတွေ ရေးချင်ပါတယ် တေးများ ကို သတိရ
လမ်းပေါ်ရောက်ရောက်ချင်း ချုပ်ရိုးပေါ်က ကန်ကန်ထွက်မိတဲ့
အဟာရ နွားနို့ သူ့ဖို့ချည်းပဲ ဆိုတဲ့ ဈေးမှုဗေဒ စကားကျမ်းအဖွင့်
စပယ်ပန်းတိုင်း မွှေးသလား ဟေ့လူ
ဘယ်နေ့ကို ဒီနေ့ လို့ပြောမလဲ
မမြဲခြင်းကို လိုက်ဖမ်းနေတဲ့ ဟို စမတ်ကျကျ လူရော
သူ့နာမည် ပြန်ပြန်မေးနေတာ ပတ်ဝန်းကျင်နဲ့ ဆိုင်မဆိုင်
Continue reading

သူပဲအကြမ်း သူပဲအချော (မိုးဝေး)


Leave a comment

ဆပ်ပြာပူဖောင်းကုမ္ပဏီ (မိုးဝေး)

မိုးသားများထဲ အသားကျ နေထိုင်
ရ့က်ကြမ်းရေကျို ကိုင်းဖျားတစ်ယောက်
ငယ်သူအိပ်မက် အိမ်က ထွက်ခဲ့
ချစ်လျက်ဆွဲကာ ခေတ်ရေစီးထဲ
မိုးသားများ အသားကျ လွင့်မျော
ပွင့်ချပါလျက် အပွင့်ခက်သည့် ခေတ်
သူဌေးကလေ သမီးကို အမြဲတမ်း ခေါ်တယ်
အရောင်းမြှင့်တင်ရေးမှာ နင်ဟာလေ
ဟောဒီပိုးသားဆူးကလေးဟာ သမီးဘ၀ရဲ့ သရဖူပေါ့။
သမီးသာ အိပ်မက်တိုင်း ဖောက်လို့ရတဲ့ လမ်း
သမီးတို့ ထုတ်လုပ်တဲ့ ပစ္စည်းရဲ့
ကုန်ကြမ်းဟာလည်း သမီးပဲ၊
ကုန်ချောဟာလည်း ကဲ . . . ကြည့် မချောဘူးလား
သမီးဟာ
ပေါက်ကွဲဖို့ အဆင်သင့် ဖြစ်နေတဲ့ ဗုံး
ပြည်တွင်းစစ်နဲ့ ဆက်စပ်တဲ့သူတွေက ပြောတယ်
သူတို့ ပြောတာ သူတို့နယ်ပယ်က စကားပေါ့
ကုမ္ပဏီမှာတော့ သမီးဟာ အလင်းလက်ဆုံး
Continue reading

သူပဲအကြမ်း သူပဲအချော (မိုးဝေး)


Leave a comment

အဖြစ်အပျက်တွေကိုလား (မိုးဝေး)

ငယ်ငယ်တုန်းက ဘာဖြစ်ချင်ခဲ့သလဲလို့
ကဗျာတစ်ပုဒ်ရေးရင်း သူတွေးနေတယ်
ဗမာပြည်မှာ ဇန်န၀ါရီလ ဆောင်းညပေါ့
အိပ်လို့မပျော်တာလည်း ပါဝင်ပတ်သက်နေပါတယ်
ဥပမာ-တစ်နေ့လုံး ဘယ်သွားခဲ့မှန်းလည်း မသိဘူး
တွေးစရာအခြားလည်း ဘာမှမရှိတဲ့ညပေါ့
ဂစ်တာသံ ခပ်ထွေထွေကြားနေရတယ်
တစ်ခန်းလုံးလည်း လင်းထိန်နေတာထဲညဟာ
စိမ့်ဝင်နေတာ မနေ့ကကြုံခဲ့ဖူးတယ်
ဟိုးခပ်ဝေးဝေးမှာ သင်္ဘောတွေမြစ်ကိုဖြတ်နေတာ
အအေးဓာတ်က လက်မောင်းမှာစီးပတ်နေတာပေါ့
သူငယ်ချင်းတွေတချို့ သတိရစရာတချို့
မင်းကိုဘယ်သူကပြောခဲ့တာလဲလို့ပြန်မေးလိုက်တဲ့အသံ
တစ်နေ့ခွဲကြရတဲ့အခါ ဘယ်သူမဆိုဟာ
တစ်နေ့တော့ ဆုံကြဦးမယ်လေ
Continue reading


4 Comments

ပြည်တွင်းဖြစ် ပြည်တွင်းစစ် (မိုးဝေး)

ပြည်တွင်းဖြစ် ပြည်တွင်းစစ် (မိုးဝေး)Image Source: Abstracted for Life

စစ်အစိုးရခေတ်ထဲ အတူတူဖြတ်ခဲ့ကြရင်း
ခုတော့ ကျွန်တော်တို့ရောက်နေတာ လမ်းဆုံလား၊ လမ်းခွဲလား
ကာကွယ်မှာလား၊ လေးစားမှာလား
ဝေဝါးနေတဲ့ စက်မှုဇုံကောင်းကင်ထက်မှာ
ဝဲနေတဲ့ ကျွန်တော်တို့ရဲ့ လူလွှတ်စွန် ရောင်စုံများ

ဘယ်ခေတ်မှာရှင်သန်ခဲ့ကြသလဲ
ဘယ်မဂ္ဂဇင်းတွေမှာ ကဗျာရေးခဲ့ကြသလဲ
ရွေးကောက်ပွဲ ဘယ်နှခု ကြုံခဲ့ကြသလဲ
တစ်ယောက်ယောက်က မေးလိုက်တယ် ဆိုပါစို့

အရက်ဆိုင်တွေ တအားပေါတာနဲ့ ကြုံခဲ့တယ်
လယ်ကွက်တွေပေါ် ဆောက်ထားတဲ့ အိမ်တွေထဲ ရောက်ခဲ့ကြဖူးတယ်
နှစ်ရာပေးရပြီး ဘာမှမထူးတဲ့ အထူးကားတွေထဲမှာလည်း ဆုံခဲ့ဖူးကြ
နှစ်ရာတန် ထီလက်မှတ်တွေကို သုံးလေးရာပေးခဲ့ကြရတယ်

ကွန်ကရစ်လမ်းတွေပေါ် မာအောင့်အောင့်လျှောက်ခဲ့ကြတယ်
နာမည်မျိုးစုံနဲ့ စီးကရက်တွေ တအားသောက်ခဲ့ကြတယ်
နာမည်မျိုးစုံနဲ့ စစ်ပွဲတွေနွှဲနေကြတာ မြင်ခဲ့ကြတယ်
ဒီတစ်ပွဲမှာ မင်း ဘယ်ကလောက် ငါ ဘယ်ကလောက်
အဲဒါမျိုးတွေကြားမှာ တို့တစ်တွေလည်း လမ်းတွေလို
ပြည်တွင်းဖြစ် မဆလာတွေနဲ့ အလောင်းခံခဲ့ကြတယ်

Continue reading


Leave a comment

မိုးတွေက တဖွဲဖွဲ မီးညွှန့်တွေ (မိုးဝေး)

Blue Dimensions - Peter Dranitsin

Blue Dimensions - Peter Dranitsin

ဖြစ်စဉ်အတိုင်းတော့ အနုပညာမှာ
ငါရယ် လူတွေ တအားသုံးကြတဲ့အမှန်တရားရယ်
နှောင်းအနုပညာရှင်တွေ ပြောတဲ့ ဘာလဲ အမှန်တရား ဆိုတာရယ်
တစ်နေ့တွေ့ကြလိမ့်မယ်။ ဒီလိုပဲ လိုတဲ့အခါ အသုံးပြုကြဖို့ပဲ မဟုတ်လား
အမှန်တရား မလိုတော့တဲ့အခါ မလိုသလိုပေါ့
သမိုင်း မလိုတော့တဲ့အခါ မလိုသလိုပေါ့
သိစိတ်ရဲ့ အတွင်းပိုင်းထိ မလိုတော့တဲ့အခါမျိုးတွေမှာ
မိတ်ဆွေ၊ အခု ခင်ဗျား အဆင်ပြေတယ်မို့လား
ကျွန်တော့်ကိုမေ့ထားလိုက်ပါ။

သမိုင်းပြီးဆုံးသွားတဲ့အထဲမှာ ကျွန်တော် ပါသွားလို့ပါ
ကျွန်တော် ပြန်လာခဲ့ပါ့မယ်။
လစ်ရစ်ကဗျာတွေ အခု ကျွန်တော် ရေးနေပါတယ်
မိတ်ဆွေတို့ရဲ့ ရှိမှု/သိမှုနယ်ပယ်ထဲ
Continue reading


Leave a comment

လူတစ်ယောက်ရဲ့ စွန့်စားခန်း (မိုးဝေး)

သူပဲအကြမ်း သူပဲအချော (မိုးဝေး)
လူတစ်ယောက်ရဲ့ စွန့်စားခန်း (မိုးဝေး)
(သူပဲအကြမ်း သူပဲအချော – မိုးဝေး။ နှစ်ကာလများ – နိုဝင်ဘာ၊ ၂၀၀၉)


Leave a comment

သက်ရှိတစ်ရှူးများ ပိုးဆက်ခြင်း (မိုးဝေး)

သူပဲအကြမ်း သူပဲအချော (မိုးဝေး)
သက်ရှိတစ်ရှူးများ ပိုးဆက်ခြင်း (မိုးဝေး)
(သူပဲအကြမ်း သူပဲအချော – မိုးဝေး။ နှစ်ကာလများ – နိုဝင်ဘာ၊ ၂၀၀၉)


Leave a comment

ကမ္ဘာအနှံ့အပြားမှ နှင်းဆီတွေ နှင်းဆီတွေ (မိုးဝေး)

သူပဲအကြမ်း သူပဲအချော (မိုးဝေး)
ကမ္ဘာအနှံ့အပြားမှ နှင်းဆီတွေ နှင်းဆီတွေ (မိုးဝေး)
(သူပဲအကြမ်း သူပဲအချော – မိုးဝေး။ နှစ်ကာလများ – နိုဝင်ဘာ၊ ၂၀၀၉)


Leave a comment

အမှိုက်တောင်းထဲက မွှေးရနံ့ (မိုးဝေး)

သူပဲအကြမ်း သူပဲအချော (မိုးဝေး)
အမှိုက်တောင်းထဲမှ မွှေးရနံ့ (မိုးဝေး)

Continue reading