လမ်းအိုလေး

beyond chaOs

ဘယ်သူပြောပြော ကိုယ်ပြောတယ် (စိုင်းဝင်းမြင့်)


Leave a comment

ရှေ့ရေး နောက်ရေး အလယ်ရေး ဘေးရေး ၂ (စိုင်းဝင်းမြင့်)

အခုရေးနေတာ ထူးတာပေါ့
ဖြောင့်ချက်ရေးမိလို့ ကြိုးပေးခံရတာ ပြန်ကြည့်ပါလား
အရေးအကြောင်း အရေးထဲ အသားပါ အရေးအသားမှာ
အရိုးရေကျသွားမယ်
ကဗျာဆရာနဲ့ နှစ်ပေါင်းများစွာ
တစ်ကြောင်းသယ်လာတိုင်း ကျွန်တော့်မှာ အံ့သြထိတ်လန့်ရစမြဲ
ကြိုက်လို့သာ သယ်သယ်လာရတာ
ဆူးတွေမှာ ဒူးရင်းသီးတွေနဲ့ နှင်းဆီတွေနဲ့
မှတ်သားဖွယ်ရာ မိုးရေချိန်ပဲ/ထဲ
ကောက်ရိုးမလောက် မြက်မလောက်
မေးခွန်းသတ်လို့ သေတယ်ဆိုတဲ့ တို့ထဲကတစ်ယောက် Continue reading

ဘယ်သူပြောပြော ကိုယ်ပြောတယ် (စိုင်းဝင်းမြင့်)


Leave a comment

သုံးယောက်ပေါင်း မြောင်းကျော် (စိုင်းဝင်းမြင့်)

အခုဘယ်ကလာတယ်ဆိုတာပဲ ဟိုးစောစောကတည်းက အဝေးကြီးက
အပေါက်ဖာဖို့တစ်ယောက် အပေါက်အပေါက်ဖောက်ဖို့တစ်ယောက်ယောက်
ပေါက်ပေါက်ဖောက် ရောက်ရုံသက်သက် ယုန်ရုပ်ရေးသူတစ်ယောက်
လူအပြောင်းအလဲဆိုတာ ခေါင်းမလဲခေါင်းတွဲ
ရှေးဟောင်းကျောက်မီးသွေးစက်ခေါင်းပဲ
ညက ငါ ဘယ်မှာ အိပ်တာ ဘယ်သူရှိရမှာလဲ ငါပေါ့ကွာ မောင်ရိုးသား
အေး ရိုးသားပေါ့ကွာ အေးရိုးသားလေး
မင်းရဲ့ လူဟောင်းတွေ မနက်တိုင်း မနက်တိုင်း လာ လာ စောင့်နေတာ
အခု ရပ်ကွက်ထဲမှာပဲ အလုပ်ရနေပြီ မင်းတို့ကတော့ ခေါင်းနဲ့နံရံနဲ့စောင့်သလို
နေ့တိုင်း နေ့တိုင်း လာ လာ စောင့်ပေါ့ကွာ တစ်ဖက်အသင်းကိုဖျက်နေတာ
ကိုလူအေးကြီးတစ်ယောက် ကိုဝင်းယောင်ကြီး တစ်ယောက် အခု
အယောင်ယောင်
အမှားမှား အခုမနက်ပဲ ပြောင်းထားတာ ကျွန်တော့်နာမည် မစ္စတာပလတ်စတစ်
ဆိပ်ကမ်းမြို့ဆိုတော့ သင်္ဘောတစ်စီးစီးပေါ်ကပဲ
ကျကျန်ခဲ့သလို လမ်းပေါ်ဝေ့ဝဲရောက်လာ
လက်ဖက်ရည်ဆိုင် လိုက်လာ/ရှာ ရင်တွေ့ရမှာပဲ
ဘယ်သူတွေလဲ မမေးနဲ့လေ ဆရာ အခုထွက်ခဲ့မှာလား (အခု)
ဆရာ့ ဆရာတွေပဲ မွှေနှောက်ချောက်ချားရမှာလား Continue reading

ဘယ်သူပြောပြော ကိုယ်ပြောတယ် (စိုင်းဝင်းမြင့်)


Leave a comment

အစဉ်သဖြင့် (စိုင်းဝင်းမြင့်)

ချစ်ခင်နေတုန်းမှာပဲ ခွဲခွာခဲ့တာ ဘဝဆိုတာ
နှင်းဆီလို့ နာမည်ပေးရင် (မင်းလည်း) မွှေးမှာပဲ
သွေးလန့်မှု အရွေ့ အရွှေ့ထဲ
ပုံကြမ်းကောက်ကြောင်း စိတ်ကူးတလည်လည်
မြို့လည်ထဲ အက်ကြောင်းထ/ထပ်လို့
တစ်နေ့နေ့ တနဲ့နဲ့
လွန်လေပြီးသော နှင်းပွင့်များ
သက်တန့်ရောင်စုံနဲ့ဆွဲတာ
တရေးရေး တရိပ်ရိပ်
ဘယ်သူစွဲ/ဆွဲတာလဲ အခုကြယ်။ ။

၂၁-၁၁-၀၈
(ဘယ်သူပြောပြော ကိုယ်ပြောတယ် – စိုင်းဝင်းမြင့်။ ကျော်မွှေး – ဇူလိုင်၊ ၂၀၁၂။)
ဘယ်သူပြောပြော ကိုယ်ပြောတယ် (စိုင်းဝင်းမြင့်)


Leave a comment

ဘ၀ဟောင်းသို့ တစ်ခေါက်ပြန် (စိုင်းဝင်းမြင့်)


နေကြာပန်းဟာ ကျွန်တော့်ရဲ့ ပုံတူပါပဲ ရူးနေသလိုပဲ လူသာသေသွားမယ်
ဆေးမခြောက်ဘူး ဘယ်ကစ ဘာဆွဲမှာလဲ ကျွန်တော်တို့လိုပေါ့
မသိသေးဘူး အံ့ဖွယ်အကောင်းဆုံးဆု ဘာလုပ်ရမှာလဲ ကမ္ဘာပတ်နေတာ ဘာကိုစောင့်ကြည့်နေတာလဲ
လေထဲကစောင့်နေမယ် ကျောက်တုံးကိုနှစ်တစ်ရာထားလည်း ဘာဖြစ်လာမှာလဲ။ အခုကမ္ဘာက လိုက်ရှာနေပြီ။

၂၀၀၉

.
(ဘယ်သူပြောပြော ကိုယ်ပြောတယ် – စိုင်းဝင်းမြင့်။ ကျော်မွှေး – ဇူလိုင်၊ ၂၀၁၂။)
ဘယ်သူပြောပြော ကိုယ်ပြောတယ် (စိုင်းဝင်းမြင့်)


Leave a comment

ကြောင်စာရပြီ စာကြောင် (စိုင်းဝင်းမြင့်)


စက္ကူမျက်နှာပြင်ထဲ ပန်းသီးမြှုပ်လို့ တချို့ နေရာတွေမှာ တော်တော်အေးဆိုပဲ ဂူးဂဲလ်ဆိုတာ ဘယ်သူလဲ
တည့်တည့်ရိုက်သွားတာ တစ်ယောက်တည်း ချိုးကွေ့ ပြေးထွက်သွားတာ ကျွန်တော် မှတ်ဥာဏ်နည်းနေလို့ ပါ။
ငါ့ကိုကြည့်ကြည့်ပြီး ပြောပြောနေတော့တာပဲ။ ကျပျောက်သွားတာရှိလို့ လား ကျွန်တော်ရှာနေတာ အနက်သမား
ဆိုရင်တော့ အဖြုပေမှာပေါ့။ လပြည့်ဝန်းမှာ စွန်းထင်းနေတာ ရှေ့ ထွက်လက်ရပ်ပြ ဖျောက်ဖျက်လို့ ရပါပြီ။

၂၀ ၁၂ ၂၀၀၈

.
(ဘယ်သူပြောပြော ကိုယ်ပြောတယ် – စိုင်းဝင်းမြင့်။ ကျော်မွှေး – ဇူလိုင်၊ ၂၀၁၂။)
ဘယ်သူပြောပြော ကိုယ်ပြောတယ် (စိုင်းဝင်းမြင့်)


Leave a comment

ဘယ်သူပြောပြော ကိုယ်ပြောတယ် (စိုင်းဝင်းမြင့်)

ကျွန်တော်တို့ လမ်းသစ်လမ်းလူငယ်လေးများ
ပြေးပြေး ရောက်ရာဘ၀က လွတ်အောင်ပြေး
သေတုံးကတောင် ဒီလောက်မကြေကွဲရဘူး
တစ်ယောက်ယောက်တော့ ရူးတော့မယ်

မူးပြီးရမ်းလို့ ရတာ တစ်ခုပဲရှိတယ်
မွှေနှောက်ချောက်ချားပြီး ရန်ကုန်ထဲဝင်လိုက်တာပေါ့
ကမ္ဘာကြီးကို ရထားသူပေါ့
မနက်ဖြန် ကိုယ်လိုက်ဖြန့်တော့မယ်
လူတွေမှ လူတွေကြားထဲ မိုးဆိုမှမိုး
မြစ်ထဲဆိုတော့ ပိုရွာတာပေါ့ ငါ့အသက်တစ်ရာရှိပြီ
အခုထိ အသည်းကွဲနေတုံးပဲ
အဘိုးကြီးကိုသနားပါကွာ
အရပ်ထဲမှောင်ပြီး အရိပ်ထဲလောင်လို့ 
လျှံတက်လာတဲ့ ရေထဲ မြေကြွက်လည်း ယက်ကန်ယက်ကန်
သေလို့ ရတာချည်းပဲ သမံတလင်းပေးလှဲချလို့ 
ထပ်ကာထပ်ကာပြောစမ်းကွာ
ဒီနာမည်ကို ကျွန်တော်ယူထားမိတာ
ည ည အိပ်မပျော်တော့ဘူး
Continue reading

ဘယ်သူပြောပြော ကိုယ်ပြောတယ် (စိုင်းဝင်းမြင့်)


1 Comment

LP ဆိုတာ Long Playing (စိုင်းဝင်းမြင့်)

နာကျင်မိနစ်ပဲ
ခင်ဗျားတို့ အသင်းမှာ တစ်ချက်နှစ်ချက်
ကျွန်တော်လာကန်ပေးမယ်ပေါ့
လူ့ စွမ်းအား အရင်းအမြစ်ပေါ့
ဝေါဟာရဆန်လှချည်လား

အာဖရိကထဲ ကမ္ဘာ့ဖလားကျပါပြီ
ဘွဲ့ ယူပြီး ဗွက်ထဲရုန်းဖို့ 
မိုးခလား မိုးခါးလား ကျွန်တော်မန္တလေးတကယ်ရောက်လား
အားလုံးကောင်းပါသည်ပေါ့ဗျား
မြစ်ထဲမှာ မိုးဟာပိုရွာတတ်ပါတယ်
ပြန်ဆင်းပြေးလို့ လည်းမရ ခုန်ချလို့ လည်းမရ
ဗဂျီအောင်စိုး ကွယ်လွန်ခြင်းအနှစ် ၂၀ ထဲ
ကိုမြင့်စိုးကိုတွေ့ လိုက်မိသလိုပဲ
လုပ်ကြမလား ဆေးသုတ်သမား ဆေးသားမညီ
အစာစားပြီးပြီလား အဆင်ပြေလား ဘယ်လိုနေသေးလဲ
ရပ်လို့ မရ လျှောက်လို့ မရ ဖြစ်ဖြစ်နေလား
ရှည်လျားကွေ့ ကောက်လွန်းတဲ့  လမ်းတွေသာ
သင်လည်းပျော်မွေ့ ဖွယ်ရာ။

.
(ဘယ်သူပြောပြော ကိုယ်ပြောတယ် – စိုင်းဝင်းမြင့်။ ကျော်မွှေး – ဇူလိုင်၊ ၂၀၁၂။)
ဘယ်သူပြောပြော ကိုယ်ပြောတယ် (စိုင်းဝင်းမြင့်)


Leave a comment

ဒီမြေပုံအတိုင်းဆိုရင် (စိုင်းဝင်းမြင့်)

ကမ္ဘာမှာ စစ်ပွဲနှစ်ပွဲပြီးသွားတယ်
ငါတို့ မပြီးသေးဘူး။

စစ်ဖြစ်တော့မှာလား
သတင်းထောက်များမေးတော့
ဘယ်နိုင်ငံနဲ့ လဲ
ဂျော့ဒဘလျူဘုရှ်ဖြေတယ်။

ငါတို့ ရဲ့  ဟာသကလည်း ထို့ အတူ
ဘယ်အရာနဲ့ လဲ။

ဒီမြေပုံအတိုင်းဆိုရင်
အားလုံး သေကုန်တော့မှာပဲ။

.
(ဘယ်သူပြောပြော ကိုယ်ပြောတယ် – စိုင်းဝင်းမြင့်။ ကျော်မွှေး – ဇူလိုင်၊ ၂၀၁၂။)