လမ်းအိုလေး

beyond chaOs

တကယ်မရှိတဲ့အရာ (နေမျိုး)


Leave a comment

ဤအရာသည် ကျွန်ုပ်ဖြစ်သည် (သတ္တုပေါ်က မှတ်တမ်းများမှ) (နေမျိုး)

ငါတို့နာကျင်ခဲ့ရတာတွေကို ဘာမှမဖြစ်ခဲ့သလို
ပြောပြနိုင်ပါပြီ။ ငါတို့လှမ်းနေအောင် ခံခဲ့ရတာကို
ဟာသလုပ်ပြီး ပြန်ပြောပြနိုင်ပါပြီ။ ငါတို့အနာတရ
ဖြစ်ခဲ့တာကို ညင်ညင်သာသာ စုတ်သပ်ပြနိုင်ပါပြီ
နောက်ဆုံးတော့ ရောက်လာခဲ့တယ်။ ငါ့မှာ တစ်ခုချင်း
ဖြေချရတယ်။ အသာအယာလုပ်ပါ အဲ့ဒါဆက်ထားတဲ့
ငါ့အရိုးလေးကွဲ့။

၂၀၁၀-၁၂-၁၇
ညနေ ၃း၁၅ နာရီ
(တကယ်မရှိတဲ့အရာ (ခေတ်ပေါ်ကဗျာ) – နေမျိုး။ ဇန်နဝါရီ – ၂၀၁၂၊ ထန်းရွက်ပုတီး စာအုပ်တိုက်။)


Leave a comment

မနေ့ညက မိုးရွာတယ် ကိုခင်အောင်အေး (နေမျိုး)

သေမင်းဟာ စာမှန်မှန်ရေးတယ်
ငါတို့နေ့တိုင်း ဖတ်ရတယ်၊ နာရေးကြော်ငြာတွေ
သေမင်းဟာ မိတ်ဆက်စာတွေလည်း ခဏခဏရေးတယ်
ခွဲစိတ်ခန်းက လူနာတွေဆီကိုပေါ့
သေမင်းဟာ ပျော်ပျော်နေတတ်တယ်
အရက်ဆိုင်ထဲ သီချင်းအော်ဆိုနေတဲ့ သူ့အသံဟာ
အကျယ်လောင်ဆုံးပဲ
သေမင်းဟာ ဥာဏ်ကောင်းတယ်
ဒါကြောင့်လဲ ဘာသာစကားတွေ အများကြီး
တတ်ကျွမ်းတာပေါ့
သေမင်းဟာ တီထွင်ဥာဏ်ရှိတယ်
ကျောက်ရောဂါကနေ HIVပိုးအထိ သူ ထုတ်လုပ်ခဲ့တာပေါ့
သေမင်းဟာ ကတိတည်တယ်
သေချာစွာ ချိန်းဆိုထားတဲ့အတိုင်း သူရောက်လာလေ့ရှိတယ်
သေမင်းဟာ ခရီးသည်ကြီးပေါ့
မြို့တကာရွာတကာ သူလှည့်လည်လေ့ရှိတယ်
ရှိသမျှ ပျော်ရွှင်မှုကလေးကို
ခွဲဝေသုံးစွဲနေကြတဲ့ ငါကို့ကမ္ဘာလေးထဲ
သူအလည်လာခဲ့ဖူးတယ်
အဲဒီနေ့က အဖြစ်အပျက်ကို ငါတို့ဘယ်တော့မှမေ့မရ
Continue reading
တကယ်မရှိတဲ့အရာ (နေမျိုး)


Leave a comment

ပုံတူပန်းချီကား (နေမျိုး)

သစ်တောထဲမှာ သစ်စေ့တွေရှိတယ်
သစ်စေ့တွေထဲမှာ သစ်တောရှိတယ်
ရှဥ့်တစ်ကောင်
သစ်ပင်ပေါ်မှာ သစ်စေ့ကိုကိုက်ပြီး
လွှတ်ချလိုက်တယ်။

ပုလင်းထိပ်မှာ ဘူးဆို့ရှိတယ်
ဘူးဆို့တစ်ဖက်မှာ ပုလင်းရှိတယ်
လူငယ်လေးတစ်ယောက်
ပုလင်းဖုံးကို ကိုက်ဖွင့်ပြီး
အကုန်လုံး မော့သောက်ပစ်လိုက်တယ်။

စာတိုက်ပုံးထဲမှာ စာတစ်စောင်ရှိတယ်
စာတစ်စောင်ထဲမှာ မီးရထားတစ်စင်းခုတ်မောင်းနေတယ်
မြို့ကြီးဟာ မီးရထားတွဲပေါ်တက်ပြီး
အိပ်စက်ရင်း လိုက်ပါသွားတယ်။

အေးစက်တဲ့ နံရိုးထဲမှာ
ငိုနေတဲ့ မိန်းမတစ်ယောက်ရှိတယ်
သူပြုံးရယ်အောင် လုပ်နိုင်ဖို့
တစ်စုံတစ်ယောက်ဟာ စွမ်းနိုင်မယ်
ဒါပေမဲ့ သိဖို့ခက်လှတယ်။

၂၀၁၀-၃-၉
(တကယ်မရှိတဲ့အရာ (ခေတ်ပေါ်ကဗျာ) – နေမျိုး။ ဇန်နဝါရီ – ၂၀၁၂၊ ထန်းရွက်ပုတီး စာအုပ်တိုက်။)
တကယ်မရှိတဲ့အရာ (နေမျိုး)


Leave a comment

ကြေးဝါသော့ (နေမျိုး)

ခုပြောနေတာက
တွေ့ကရာ
အနက်အဓိပ္ပာယ်မှန်သမျှ
ဖမ်းယူမျိုချ
အငမ်းမရနဲ့
ဆွဲအားပြင်းထန်လှတဲ့
ဦးနှောက်ကြီးတစ်လုံးရဲ့ အကြောင်းပါ။

ကတ္တရာလမ်းပေါ်မှာ
တဖျစ်ဖျစ်မြည်လို့
ဟောဒီသက္ကရာဇ်တွေထဲမှာ
လူတချို့ သူ့ကို တွေ့ရှိခဲ့တယ်။
ပညာရှင်အကြိုက် အမှိုက်တွေ
ခပ်များများ
ဒီလိုနားလည်ထားနှင့်ပါစို့
ဘုရားသခင်အတွက် တစ်နေရာ
အကြိမ်ကြိမ် လှည်းကျင်းထားတဲ့
ပထမအကန့်ထဲမှာ
ကြေးဝါသော့တစ်ချောင်း
ငါ့ဦးခေါင်းခွံထဲမှာ
နှစ်ပေါင်းများစွာ ပုန်းအောင်းနေခဲ့ရဟန်တူတဲ့
အနက်အဓိပ္ပာယ်များ

Continue reading

တကယ်မရှိတဲ့အရာ (နေမျိုး)


Leave a comment

ဗင်ဂိုးရဲ့ နားရွက်တစ်ဖက် (နေမျိုး)

ဒါကနားရွက်တစ်ဖက်
ဓားတစ်လက်နဲ့ လှီးဖြတ်ပစ်ခဲ့တဲ့ နားရွက်တစ်ဖက်
ဗင်းဆင့်ဗင်ဂိုးရဲ့ နားရွက်တစ်ဖက်ပေါ့
ဗင်ဂိုးရဲ့ နားရွက်တစ်ဖက်ဟာ
ငါတို့အဖို့ ရိုးအီနေပါပြီကွာ
ဆိုရင်တော့ ခင်ဗျားသဘောပါပဲ
စက္ကူတစ်ရွက်ကို ဆုတ်ဖြဲရတာထက်
နားရွက်တစ်ဖက်ကို ဆုတ်ဖြဲရတာဟာ
ပိုပြီး ခက်ခဲခဲ့မှာပါကွာ
အာလေမြို့ရဲ့ ပူနွေးတဲ့ညတွေက
အဲဒီနားရွက်ကို ဖြတ်ချဖို့ အသံတိတ်အမိန့်ပေးခဲ့လေသလား
အပေါစားပြည့်တန်ဆာတွေကို
အဲဒီနည်းနဲ့ လက်စားချေဖို့ ပြုမူခဲ့လေသလား
မရောင်းရတဲ့ ပန်းချီကားတွေ
တန်ဖိုးမြင့်တက်စေဖို့အတွက်
ကိုယ့်ကိုယ်ကိုယ် ရက်စက်ခဲ့လေသလား
Continue reading
တကယ်မရှိတဲ့အရာ (နေမျိုး)


Leave a comment

အိတ်ကြီး (နေမျိုး)

အိတ်ထဲကို လက်တစ်ဖက်ထိုးသွင်းနှိုက်ယူလိုက်တယ်
သတ္တုတိမ်တိုက်တစ်ခု ထွက်လာတယ်
အိတ်ထဲကို လက်တစ်ဖက်ထိုးသွင်းနှိုက်ယူလိုက်တယ်
ခွေးသွားစိတ်တွေ ထွက်လာတယ်
အိတ်ထဲကို လက်တစ်ဖက်ထိုးသွင်းနှိုက်ယူလိုက်တယ်
ချိုင်းထောင်တစ်ဖက်နဲ့မြို့ကြီး ထွက်လာတယ်
အိတ်ထဲကို လက်တစ်ဖက်ထိုးသွင်းနှိုက်ယူလိုက်တယ်
နှင်းတွေ ထွက်လာတယ်၊ နှင်းတွေ …
အိတ်ထဲကို လက်တစ်ဖက်ထိုးသွင်းနှိုက်ယူလိုက်တယ်
အမေကိုရှာနေတဲ့ မျက်လုံးလေးတွေ ထွက်လာတယ်
အိတ်ထဲကို လက်တစ်ဖက်ထိုးသွင်းနှိုက်ယူလိုက်တယ်
မြွေဟောက်တစ်ကောင် ထွက်လာတယ်
အိတ်ထဲကို လက်တစ်ဖက်ထိုးသွင်းနှိုက်ယူလိုက်တယ်
ပေါင်မုန့်ပူပူတစ်လုံး ထွက်လာတယ်
အိတ်ထဲကို လက်တစ်ဖက်ထိုးသွင်းနှိုက်ယူလိုက်တယ်
နိုက်ကလပ်တွေဆီသွားနေတဲ့ ထရပ်ကားကြီးတစ်စင်း
ထွက်လာတယ်
Continue reading
တကယ်မရှိတဲ့အရာ (နေမျိုး)


Leave a comment

သမိုင်းဝင်ပထဝီစာအုပ် (နေမျိုး)

သမိုင်းဝင်ပထဝီ စာအုပ်တစ်အုပ်ကို ကျွန်တော်တွေ့ဖူးတယ်။ ကျွန်တော့်အဘိုးရဲ့ မိတ်ဆွေ အဘိုးကြီး တစ်ယောက်ရဲ့ စာကြည့်ခန်းထဲမှာ တွေ့ခဲ့ဖူးတာပါ။ ကျွန်တော့်အဘိုးရဲ့ မိတ်ဆွေ အဘိုးကြီးဟာ သူ့ဖခင်ဆီက အမွေဆက်ခံ ထိန်းသိမ်းထားခဲ့တဲ့ စာအုပ်ဖြစ်တယ်လို့ ဆိုပါတယ်။ သမိုင်းဝင်ပထဝီ စာအုပ်ဟာ စက္ကူတွေက ဝါကျင်ကျင် ဖြစ်နေပေမယ့် စာလုံးတွေကို ထင်ထင်ရှားရှား ဖတ်ရှုလို့ ရနေတုန်းပါပဲ။ ကမ္ဘာမြေကြီး တည်ရှိနေပုံ အစောဆုံး ပုံကြမ်းကိုလဲ သမိုင်းဝင် ပထဝီစာအုပ်ထဲမှာ တွေ့ကြရတယ်။ ဒါကြောင့်ပဲ သူ့ကို သမိုင်းဝင်ပထဝီစာအုပ်အဖြစ် သတ်မှတ်ခဲ့ကြတာပေါ့။ သမိုင်းဝင်ပထဝီစာအုပ်ကို ကူဗလိုင်ခန် လက်ထက်မှာ ပုံနှိပ်ခဲ့တယ်လို့ ဆိုကြတယ်။ တချို့သုတေသီတွေကတော့ မန်ချူးဧကရာဇ် လက်ထက်မှာ ပုံနှိပ်ခဲ့ကြတာလို့ ဆိုကြရဲ့။ ဘယ်လိုပဲဖြစ်ဖြစ် သူဟာ သမိုင်းဝင် ပထဝီစာအုပ်ပါ။ သူ့မှာ တန်ဖိုးကြီးတဲ့ ရှားပါးတဲ့ အချက်အလက်တွေကို ဖော်ပြထားတယ်။ ကုန်းမြေတည်နေပုံနဲ့ ရေပြင်တည်နေပုံကို ရှင်းလင်းဖော်ပြထားပြီး ကုန်းမြေရဲ့ မြေသားနဲ့ ကျောက်လွှာများအကြောင်းကိုလည်း ဖော်ပြထားပါတယ်။

ဒီကနေ့ခေတ် ကမ္ဘာ့မြေပုံထဲက မြင့်မားတဲ့ တောင်တန်းကြီး တစ်ခုကို သမိုင်းဝင် ပထဝီစာအုပ်ထဲမှာ ပင်လယ်ရေအောက် ကြမ်းပြင်အဖြစ် တွေ့ကြရတယ်။ သမိုင်းဝင် ပထဝီစာအုပ်ထဲမှာ ကမ္ဘာ့မြေသားပြင်ရဲ့ အလယ်ဗဟိုက အရည်ပျော်နေတဲ့ သတ္တုတွေအကြောင်း ဖော်ပြထားတယ်။ ပေါက်ကွဲပျက်စီးသွားတဲ့ မီးတောင် (၃၂)လုံးနဲ့ မပေါက်ကွဲသေးတဲ့ မီးတောင် (၁)လုံး အကြောင်းကိုလည်း သမိုင်းဝင် ပထဝီစာအုပ်ထဲမှာ ဖတ်ရှုနိုင်တယ်။ ပေါက်ကွဲပြီးစီးသွားတဲ့ မီးတောင်တွေထဲမှာ နောက်တစ်ကြိမ် ထပ်မံပေါက်ကွဲဖို့ အသင့်ဖြစ်နေတဲ့ မီးတောင်တွေလဲ ပါသတဲ့။ လုံးဝ မပေါက်ကွဲသေးတဲ့ မီးတောင်(၁)လုံးကတော့ စိတ်ဝင်စားစရာ ကောင်းလှတယ်။ Continue reading

တကယ်မရှိတဲ့အရာ (နေမျိုး)


Leave a comment

အချိန်အခါမဟုတ် မိုးရွာသွန်းခြင်း (နေမျိုး)

ခေတ်တိုင်းခေတ်တိုင်းမှာ ဒဏ္ဍာရီတွေ ရှိတယ်။ ဒဏ္ဍာရီတွေ အားလုံးကို လူတိုင်း နားလည်သိရှိနိုင်ခြင်း မရှိကြပေမယ့် တစ်ခါတစ်ရံမှာတော့ ဒဏ္ဍာရီတွေဟာ တကယ့်အဖြစ်အပျက်တွေထဲကို ဝင်ရောက်သွားပြီး မြို့ထဲမှာ လမ်းလျှောက်နေတတ်တယ်။ သူတို့ကို မြင်တွေ့သူတွေက သူတို့ဟာ ဒဏ္ဍာရီတွေဆိုတာ သိကောင်းမှ သိကြပေလိမ့်မယ်။ ဒါပေမဲ့ သူတို့ဟာ ဒဏ္ဍာရီတွေပါ။ သူတို့မှာ မယုံနိုင်စရာ အဖြစ်အပျက်တွေ ရှိကြတယ်။ တချို့တစ်ဝက်ကတော့ တကယ့်အဖြစ်အပျက်တွေပါပဲ။ သိပ်ဆန်းကြယ်တဲ့ ခံစားချက်တွေလည်း ပါတယ်။ ညနေဆည်းဆာ မှောင်ရီရီ လမ်းမီးတွေ လင်းလာပြီဆိုရင် ဒဏ္ဍာရီတွေဟာ သူတို့ရဲ့ မူလနေရာကို ပြန်သွားကြတယ်။ ဒါပေမဲ့ အကုန်လုံးဟာ သူ့မူလ နေရာကို ပြန်မရောက်နိုင်ကြတော့ဘူး။ ဒဏ္ဍာရီတွေဟာ မြို့ကြီးရဲ့ တကယ့်အဖြစ်အပျက်တွေထဲမှာ တစ်ဝက်တစ်ပျက် ရောနှောကျန်ရစ်ခဲ့ပြီလေ။ ဒါကြောင့် ငါတို့ဟာ ဘဏ်တိုက်ကြီးတွေကို မြင်တွေ့နေရပြီး ငါတို့ရဲ့ အမည်စာရင်းဟာ ဘဏ်တိုက်ထဲမှာ ရှိမနေတာပဲပေါ့။
Continue reading
တကယ်မရှိတဲ့အရာ (နေမျိုး)


Leave a comment

အဘိုးကြီး (နေမျိုး)

မှန်မှန် ပြောစမ်းပါ
မှန်မှန် ပြောစမ်းပါ
ငါ့နာမည် ဘယ်သူဆိုတာ။

၂၀၀၈-၁၂-၂၄
(တကယ်မရှိတဲ့အရာ (ခေတ်ပေါ်ကဗျာ) – နေမျိုး။ ဇန်နဝါရီ – ၂၀၁၂၊ ထန်းရွက်ပုတီး စာအုပ်တိုက်။)
တကယ်မရှိတဲ့အရာ (နေမျိုး)


Leave a comment

လူရွှင်တော် (နေမျိုး)

ငှက်ပျောခွံကို တက်နင်းမိပြီး ချော်လဲတယ်
ကျွန်တော့်ကိုကြည့်ပြီး တဟားဟားရယ်ကြတယ်
ကျွန်တော်ပြန်ထ ခါးကိုမတ် ထော့နဲ့ထော့နဲ့ လမ်းလျှောက်လာ
ခွေးတစ်ကောင် ထိုးဟောင်တယ်၊ ပြီးတော့ လိုက်ကိုက်
ကျွန်တော်လှည့်ပတ်ပြေးရ
ကျွန်တော့်ကိုကြည့်ပြီး လက်ခုပ်လက်ဝါးတီးကြတယ်
ကျွန်တော် သစ်ပင်ပေါ်တက်ပြေး
ကိုင်းဖျားနားရောက် အဲဒီအချိန် သစ်ကိုင်းကျိုးကျ
ကျွန်တော်လည်း လိမ့်ကျပေါ့
ကျွန်တော့်ကိုကြည့်ပြီး လက်ခေါက်တရွှီရွှီမှုတ်ကြတယ်
တအုန်းအုန်းရယ်ကြတယ်
သူဟာ လူရွှင်တော်ပါ
သူနာကျင်တဲ့အခါ အားလုံးဝိုင်းရယ်ကြပေတာ။

၂၀၀၉-၆-၁
နေ့ ၁း၃၀ နာရီ
(တကယ်မရှိတဲ့အရာ (ခေတ်ပေါ်ကဗျာ) – နေမျိုး။ ဇန်နဝါရီ – ၂၀၁၂၊ ထန်းရွက်ပုတီး စာအုပ်တိုက်။)