လမ်းအိုလေး

beyond chaOs

ဘီအာရ် (ခင်အောင်အေး)


Leave a comment

ဘီအာရ် (ခင်အောင်အေး)

ခင်အောင်အေးမှ ကဗျာဖတ်သူများသို့

၂၀၁၃နဲ့ ၂၀၁၄ ခုနှစ် နှစ်ခု ကူးပြောင်းစ ကာလတိုကလေးအတွင်းမှာ အဖြစ်အပျက်တချို့ဟာ ခပ်မြန်မြန်ဆန်ဆန်၊ ဒါပေမဲ့ အတော်​​ပြင်းထန်တဲ့ ပေါက်ကွဲအားတွေနဲ့ ကိုယ့်ဘဝထဲ ဖြစ်ပျက်ခဲ့တယ်။ အဲဒီလို ဖြစ်ပျက်နေခဲ့စဉ် ကာလတို​​အတောအတွင်းမှာပဲ ဘီအာရ်​ကဗျာတွေကို ဖြစ်စဉ်နဲ့​ကိုက်ပြီး ရေးဖြစ်ခဲ့ပါတယ်။ ရုပ်ရှင်မှာ စာတန်းထိုးသလို ထိုးရရင်တော့ Based on True Story ပေါ့လေ။ ကိုယ့်ကဗျာတွေက အဲ့ဒါထက်သာတဲ့ အချက်ကတော့ တကယ့်​​အဖြစ်အပျက်အပေါ်မှာ တကယ်​ခံစားရတဲ့အတိုင်း တကယ်​ထွက်ကျခဲ့တဲ့ စကားလုံး​အစစ်တွေဖြစ်တယ် ဆိုတာပါပဲ။ တကယ့် အဖြစ်အပျက်အပေါ်မှာ Base လုပ်ပြီးမှ ပြန်ပြုပြင် စီမံထားတာ တစ်ပုဒ်မှ မပါပါဘူး။ ဒီ ‘ဘီအာရ်’ ကဗျာစုမှာပါတဲ့ ကဗျာတွေ အားလုံးနီးပါးကို ရေးပြီးတိုင်း မိနစ်ပိုင်းအတွင်း ဒါမှမဟုတ် အလွန်ဆုံး တစ်ရက်အကျော်မှာ သူ့(ဘီအာရ်)ဆီ အရောက် ပို့ပေးခဲ့မြဲဖြစ်ပြီး သူ(ဘီအာရ်) အချိန်နဲ့ တပြေးညီ ဖတ်ခဲ့ရတဲ့ ကဗျာတွေချည်းပါပဲ။ အဲဒီတုန်းက ကိုယ်တို့နှစ်ယောက်တည်းသာ နားလည်တဲ့ ကိုယ်စားပြုနာမ်စား (အမ်န်-ဆက်ဒ်)လို့ သုံးခဲ့တယ်။ အဲဒီ Code Word ဟာလည်း သူ့ (လိမ္မာ​ပါးနပ်စွာ) ပြောစကားတစ်ခုက ကောက်နုတ်ယူခဲ့တာ ဖြစ်ပါရဲ့။

ဘီအာရ် …

မင်းကို ချစ်တယ်
ဒါကြောင့် ကိုယ်ရှိတယ်။

(စာမျက်နှာ ၁၁)

ဘီအာရ် …

မင်း ဟိုဟိုဒီဒီ သွားရင်းနဲ့
နှင်းဆီနီနီတစ်ပွင့် တွေ့ရင်
အဲဒါ ကိုယ်ပဲလို့ မှတ်

နှင်းဆီတွေ အများကြီး
တစ်စုတစ်စည်းတည်းတွေ့ရရင်
အဲဒီထဲက တစ်ပွင့်ဟာ
ကိုယ်ပဲလို့ မှတ်

နှင်းဆီတစ်ပွင့်တလေမှ
မင်း မတွေ့ရဘူးဆိုရင်တော့
ကိုယ် ဒီမှာ နေရင်းထိုင်ရင်း
စိတ်ဖောက်ပြန်သွားပြီလို့သာ မှတ်

(စာမျက်နှာ ၃၁) Continue reading

သင်၏သစ္စာရှိသော (ခင်အောင်အေး)


Leave a comment

မွေးနေ့ (ခင်အောင်အေး)

သြဂုတ်လ နှစ်ဆယ် ပြီးတဲ့အခါ
သြဂုတ်လ နှစ်ဆယ့်နှစ်လို့ လုပ်လို့ မရဘူးလေ
အီးအာရ်အေ 1101 ပေါ်ပြီး သုံးဆယ့်နှစ်နှစ် အကြာ
ဖာဒေယက်မှာ ငယ်ငယ်ရွယ်ရွယ် မှုန်ငေးနူးညံ့သော
မျက်လုံးများဖြင့် ပြောရလျင် မိုးကလည်းခေါင် ဝမ်းလည်း
ဟောင်၍ ပူလောင်ကြေကွဲ.. အချိုးကျ ပီအာရ်စံနစ်ကို အတည်
ပြုရန် သဲလွန်စ ယူ၍ သမ္မတက အရက်သိပ်ကြိုက်တယ် စနစ်
နှင့် စစ်အာဏာရှင် စနစ် အလျဉ်းသင့်လို့ ပြောရရင် မက္ကလိုး
ဒီကဗျာရေးတဲ့ ခေတ်ကာလက စိတ်ညစ်အရက်မူးပြီး သူ့လက်
ကို သူ တူနဲ့ထုမိတဲ့အခါ လင်မယားအရာမြောက် နေခွင့်မရ
သည်မှာ သေချာ၏ တစ်ပတ်ခန့် အချိန်ကုန်သွား၏ “နွေဦး
မနက်ခင်း တစ်ခုအကြောင်းဖွဲ့ရတာ လွယ်ပါတယ်။ ဘယ်သူမှ
ဒီလိုဖွဲ့ကြမှာမှ မဟုတ်တာ။ ဒါပေမယ့် နွေဦးမနက်ခင်းတစ်ခုလို
သာယာဖို့၊ ကြည်လင်ဖို့၊ တည်ငြိမ်ဖို့ဆိုတာကတော့ သိပ်ခက်
တာပဲဗျာ” သြဂုတ်လ နှစ်ဆယ် ပြီးတဲ့အခါ သြဂုတ်လ နှစ်ဆယ့်နှစ်
လို့ လုပ်လို့ မရဘူးလေ သို့သော် မျက်မှန်က ဖျက်လှသည်။ ။

၂၀ သြဂတ်စ် ၂၀၁၄ ကျောက်မြောင်း၊ ရန်ကုန် ၂၃း၂၉ နာရီ

လူများ၊ သက္ကရာဇ်များ – ဘ၀ စာအုပ်ထဲမှ များများ၊ ဂျာနယ်တစ်စောင်နှင့် ကြည်အေးဝတ္ထုတိုပေါင်းချုပ်ထဲမှ နည်းနည်း ကိုယ့်ကဗျာအားစိုက်မှု အနေတော် တို့ဖြင့် ရေးဖွဲ့ထားခြင်း ဖြစ်ပါသည်။


Khin Aung Aye @Facebook

သင်၏သစ္စာရှိသော (ခင်အောင်အေး)


Leave a comment

နတ်သူငယ် (ခင်အောင်အေး)

ကိုယ့်ရဲ့ အတောင်ပံများ
တဖျတ်ဖျတ် လှုပ်ခတ်ကာ
ပန်းပွင့်လိုလို ခြုံတွေကြား
လူးလာခေါက်တုံ့ဖို့မဟုတ်

မင့်ကို
ထွေးပိုက်ထား ဖို့မျှ –

(ကိုယ်က မင်းကို ပြန်ပေးတဲ့ မွေးနေ့လက်ဆောင်ပါ)


Khin Aung Aye @Facebook

သင်၏ သစ္စာရှိသော (ခင်အောင်အေး)


Leave a comment

ချစ်ခြင်းမေတ္တာ (ခင်အောင်အေး)

ပုံလျက်သား လဲကျသွားနိုင်ဖို့အတွက်
ကြမ်းပြင်ပေါ် ခွေကျလုနီးပါးဆီက ကုန်းရုန်းထခဲ့ပါ့မယ် … ။

မင်း …
လက်ခုပ်လက်ဝါးတီးပြီး ဟားတိုက်ရယ်မောနိုင်ဖို့
အဆင်သင့်သာ ပြင်ထားပေတော့ … ။

၉၊ ဇွန်၊ ၂၀၁၃
တွင်းန်ဘရွတ်ခ်၊ မေရီလင်းန်ဒ်၊ ၂၁း ၄၄ နာရီ။
(သင်၏ သစ္စာရှိသော – ခင်အောင်အေး။ သြဂုတ် – ၂၀၁၃၊ နှစ်ကာလများ။)
သင်၏ သစ္စာရှိသော (ခင်အောင်အေး)


Leave a comment

တိမ်တိုက်ရထား (ခင်အောင်အေး)

တိမ်တစ်အုပ်ရဲ့ ရှေ့မှာ ကျွန်မ ရပ်လိုက်တယ်
တိမ်တွေဟာ ကျွန်မ ကိုယ်ခန္ဓာကို တိုးတိုက်ဖြတ်သန်းပြီး
သူတို့လိုရာခရီးကို မထစ်မငေါ့ ဆက်လက် ရွေ့မျောသွားကြတယ်

ကြောင်ကလေးတစ်ကောင်ရဲ့ ရှေ့မှာ ကျွန်မ ရပ်လိုက်တယ်
ကြောင်ကလေးက ကျွန်မ ခြေဖမိုးတွေကို ပွတ်သီးပွတ်သတ်လုပ်ရင်း
‘ညောင်’လို့ တိုးတိုးလေး ညည်းကာ သူ့ကိုမချီပိုးမချင်း ချွဲနွဲ့နေတယ်

စာအုပ်စင်တစ်စင်ရဲ့ ရှေ့မှာ ကျွန်မ ရပ်လိုက်တယ်
စာအုပ်တွေထဲက စကားလုံးတွေ စာပိုဒ်တွေ အနက်အဓိပ္ပာယ်တွေဟာ
ခုန်ထွက်လာကြပြီး ကျွန်မကို ဒေါသတကြီး ရန်တွေ့နေကြတယ်
မင်း ဘာလို့ ငါတို့ကို မဖတ်တော့တာလဲတဲ့

ပန်းချီကားတစ်ချပ်ရဲ့ ရှေ့မှာ ကျွန်မ ရပ်လိုက်တယ်
အရောင်တွေဟာ ရောင်ခြည်တွေအဖြစ် ပြောင်းလဲသွားကြတယ်
မျဉ်းတွေဟာ ကြိုးတွေအဖြစ် ပြောင်းလဲသွားကြတယ်
ကျွန်မ မူးမေ့ လဲကျသွားခဲ့တယ်
Continue reading

သင်၏ သစ္စာရှိသော (ခင်အောင်အေး)


Leave a comment

သင်၏ သစ္စာရှိသော (ခင်အောင်အေး)

မင်းလည်း ငြီးငွေ့မှာပဲ
ဒီအငွေ့အသက်တွေ တစ်သက်လုံးလိုလို မှိုနံ့
အရောင်တွေပါးပြီး မှိန်ဖျော့သွားလိုက်တာမှာ
အသက်ရှူသံဟာ အမှေးပါးတစ်ခုလို
အရိုးပေါ် ဆိုင်းထားတဲ့ အရေပြားတစ်လျှောက်လုံး
တစ်နေ့ချင်းတွေနဲ့ သီရက်ထားတဲ့ နှစ်ကာလတစ်လျှောက်လုံး
ဆွံ့အမှုတွေသာ အသံပြုနေခဲ့ရတဲ့ မှတ်တမ်းစာအုပ်တစ်အုပ်လုံး
မင်းလည်း ငြီးငွေ့မှာပဲ လေးတွဲ့တွဲ့ ခေါင်းလောင်းသံတွေ တအီအီနဲ့
ပြိုလို့ ပြိုမှန်းမသိတဲ့ မိုးတိမ်တွေနဲ့အတူ နုံးခွေလဲကျလို့
မင့် ငြီးငွေ့မှုဟာ ငါ့ တစ်ကိုယ်လုံးပေါ် တရှိန်ရှိန် အဖျားတက်လို့
ရာသီတစ်ခွင်လုံး ပေါ့ပါးလိုက် လေးလံလိုက် ရွှဲစိုလိုက်နဲ့ အငြိအခိုက်များ
ယာခင်းအသစ်ကို ထိုးလှန်လိုက်တဲ့အခါ အလိပ်လိုက် မြေဆီလို ခံတွင်းပျက်မှု
ချိတ်ယူလိုက်တဲ့ခါ ဒရွတ်တိုက် ပဲ့ရွဲ့ ပြုတ်ကွာကျ လာတဲ့ ချစ်ခြင်းမေတ္တာနှယ်
ယုံစရာ မရှိခြင်းတွေသာ လဲမှို့ပွင့်တွေလို နေရာအနှံ့ဖွေးဖွေးလှုပ်လှုပ်
Continue reading

သင်၏ သစ္စာရှိသော (ခင်အောင်အေး)


Leave a comment

အင်ဒိုးပလန့် (ခင်အောင်အေး)

ရောက်နေတဲ့ နေရာကနေ
တိုးရှည်စွန်း တစ်ခုဆီ တိုးရွေ့
ဖောင်းကားနေတဲ့ အရည်အိတ်တွေနဲ့
လက်တံတွေလို ရှားစောင်းလက်ပတ်ရွက်များ
ရာသီဥတုမျိုးစုံကို စိန်ခေါ်ခဲ့ပြီးပြီ
ဖော်ပြခဲ့ပြီးသော ခေတ်တွေကို စိန်ခေါ်ခဲ့ပြီးပြီ
သေနတ်သံ တဒိုင်းဒိုင်းကြားထဲ လိမ္မာပါးနပ်စွာ
ပြားချပ်ခဲ့ဖူးပြီး အခု ငါ့ဝရန်တာ လက်ရန်းပေါင်ပေါ်
မင်း ရွှင်ပျော်မြူးပြဇာတ်ကို ငါက ရေတစ်ခွက်ပြီးတစ်ခွက်
လောင်းရင်း အပျင်းဖြေနေရပုံဟာ ဒုက္ခတစ်ကွေ့လိုလို။

၂၆၊ ဇွန်၊ ၂၀၁၃
ဖရာ့ပရာဒင်န်၊ ဘန်ကောက်၊ ၂၄း ၀၄ နာရီ။
(သင်၏ သစ္စာရှိသော – ခင်အောင်အေး။ သြဂုတ် – ၂၀၁၃၊ နှစ်ကာလများ။)
ငါ့ mind ထဲမှာ အဲ့ဒီ ၁၈ ခု (ခင်အောင်အေး)


Leave a comment

ငါ့ mind ထဲမှာ အဲ့ဒီ ၁၈ ခု (ခင်အောင်အေး)

အမြီးတစ်ချောင်းတည်းနဲ့ပဲ
ရှေ့ကိုတိုးရွေ့မှုနဲ့
ဘဝတစ်ခုလုံးရဲ့
ရန်စွယ်ရန်ငုတ်မှန်သမျှကို
ရင်ဆိုင်ဖြေရှင်းရတဲ့ ငါးလို –

ငါ
ကဗျာတစ်ခုထဲကို အားပြုပြီး
နေ့စဉ် အသက်ရှင်နေထိုင်ရပေါ့။

Continue reading

ကိုးဆယ့်တစ် - Pemskool Pdf Poetry


Leave a comment

မူးယစ်နေသူများမှတပါး မည်သူမျှ မရယ်မောနိုင် (ခင်အောင်အေး)

တစ်ဖက်မှာ ပျားတုပ်လျက် အခြားတစ်ဖက်မှာ တော်လှန်ရေး(မိမိကိုယ်မှ မိမိ)
မိမည် မမိမည် မသိရသေးပါ တော်လှန်ရေးကာလ တလျှောက် မမိသေးဘူး
လို့ပဲ ကိုယ့်ကိုယ်ကိုယ်ထင် ကုတင်ရွှေနန်း လျက်ပေါ့ မပေါ့တာ သေချာမှ နှုတ်လိုက်
တော့မယ် ဘာမှလဲ ကြိုတင်မသေချာ နောက်ကျတော့လဲ မသေချာ ဒါဆို ဝင်းဦး နှုတ်
ခမ်းမွေးပေါ့ ဘာဆိုင်လို့လဲ ဆိုင်မှ ပြောရမှာလားဆိုတော့ နောက်ဆုတ်သွားတယ်
ဘာဆိုင် သမ္ဘန်ခပ်ပေါ့ လို့ ခပ်ဆိုင်းဆိုင်းပြောတယ် ကျွန်တော်ချစ်တယ် ကျွန်တော်မုန်းတယ်
အဲဒီလိုကိစ္စမျိုး အမျိုးအမည်မသိ ယူ၊အက်ဖ်၊အို လို့လဲပြောတယ် မင်းဟာ ဟုတ်ရဲ့လား
ဆိုတော့လဲ တောင်ကျရေတွေကိုကြည့်ပေါ့ လို့ပြောတယ် ဘယ်လို ဥပမာ တင်စားမှုမျိုးလဲ
…ဟ ကောင်ရ မင်းက အပျင်းချည့်တက်မနေနဲ့လေ ပေါ့၊ သူ့စကားကြောမှာ ငါမျောမိပြီ
ငါ မိပြီ ငါ့ကိုယ်ငါ မိပြီ ဒါ..တော်လှန်ရေးပဲ မင်း ငါ့ကို မရွဲ့နဲ့နော် သြော် မင်းမှ ပိတောက်တွေ
ပွင့်တာနဲ့ မကြုံလိုက်တာ ကိုယ့်ကိုယ်ကို မိတာ မိတဲ့ အခိုက် တော်လှန်ရေးအခိုက်ပဲ နည်းနည်း Continue reading
ပျော်ရွှင်ဖွယ် ရေးခြစ်ခြင်းများ (ခင်အောင်အေး)


Leave a comment

ငါနဲ့ ဒီပရက်ရှင်ဆိုတဲ့ ငနဲနဲ့ (ခင်အောင်အေး)

အချိန်နှင့်ဒီရေသည် လူကို (ငါ့ကို) မစောင့်၊ ဒါပေမယ့် ကိစ္စမရှိ..

ငါ ဘာလို့စိတ်ကျရမှာလဲ
ငါ အချိန်မရွေး တီဗီ ခလုတ်ကိုဖွင့်လိုက်လို့ရတယ်
ငါ အချိန်မရွေး ကြက်ဥ တစ်လုံးလုံးကို ကောက်ကြော်လိုက်လို့ရတယ်
ငါ အချိန်မရွေး စာအုပ်တစ်အုပ်အုပ် ဆွဲယူ ဖတ်ရှုနေလို့ရတယ်
ငါ အချိန်မရွေး ကွာတားပင် ကောက်စွတ် ၇ ဘတ်ဖိုး ကားပတ်စီးနေလို့ရတယ်
ငါ အချိန်မရွေး မြစ်ကို ဖြတ်ပြီး ဖယ်ရီသင်္ဘောစီးလို့ရတယ်
ငါ အချိန်မရွေး ရေခဲသေတ္တာဖွင့်ပြီး တစ်ခုခု ပါးစပ်ထဲ ပစ်ထည့်လို့ရတယ်
ငါ အချိန်မရွေး အင်တာနက်ဖွင့်ပြီး ငါ့ကိုဖော်ရွေချင်စိတ်မရှိတဲ့သူတစ်ယောက်ယောက်ကို ဟိုင်း လို့ စာရိုက်ထည့်လို့ရတယ်
ငါ အချိန်မရွေး မျိုးချစ်စိတ်ရှိကြောင်း ဗလောင်းဗလဲ ပြောလို့ရတယ်
ငါ အချိန်မရွေး ရေထ ချိုးချင် ချိုးလို့ရတယ်
ငါ အချိန်မရွေး သိချင်ရာရာကို ဆာ့ခ်ျအင်ဂျင်ထဲ ရိုက်ထည့်ပြီးရှာဖွေမွှေနှောက်လို့ရတယ်
ငါ အချိန်မရွေး လိင်ပိုင်းဆိုင်ရာ အလိုဆန္ဒတွေ ပိုက်ဆံအထိုက်အလျောက်သုံးပြီး ဖြေရှင်းလို့ရတယ်
ငါ အချိန်မရွေး  ငါ မနှစ်လိုတဲ့ကိစ္စတွေကို ငါ ငြင်းပယ် နေလို့ရတယ်
ငါ အချိန်မရွေး စပါးကြီးမြွေလို တခုခု မြိုထားပြီး အကြာကြီးငြိမ်နေလို့ရတယ်
Continue reading