လမ်းအိုလေး

beyond chaOs

ကဗျာဆန်နေခြင်း (ဇေယျာလင်း)


Leave a comment

ငါဟာမီးစွဲလောင်နေတဲ့ မီးသတ်ကားဖြစ်တယ် (ဇေယျာလင်း)

ငါဟာ မျိုးသုဉ်းတော့မယ့် သားမင်း ဖြစ်တယ်။ ဟင့်အင်း၊ အဲဒါ ငါ့လျှပ်စစ်ဓာတ်
မဟုတ်တော့ဘူး။ ငါဟာ ရှားပါးတဲ့ ဧရာဝတီလင်းပိုင်ဖြစ်အံ့။ ယန်ဇီမြစ်မှာ
ငါ မနေဘူး။ ငါဟာ တရုတ် မဟာတံတိုင်းကြီးရဲ့ အုတ်တစ်ချပ် ဖြစ်နေပြီလား။
အုတ်ဖုတ်မြေထဲမှာ ငါ့အရိုးတွေ မီးထက် ပူပြင်းတယ်။ အဲဒါ သမိုင်းပဲ။ ငါဟာ
ဘေထုပ်ထဲက တိုင်းပြည်တစ်ပြည် မဖြစ်ချင်ဘူး။ ကြည့်စမ်း၊ ငါ့နံရိုးတွေနဲ့
ကားဘော်ဒီ လုပ်ထားတယ်။ ဓာတ်ဆီမဖြစ်ရပဲ ငါဟာ မြောင်းဆီဖြစ်နေတယ်။
ငါဟာ အသစ်စက်စက် ဘဏ်လုပ်ငန်း ဖြစ်တယ်။ သင်တို့ ဘိုးဘွားဘီဘင်တွေ
ငါ့ဆီလာ မှတ်ပုံတင်ပါ။ ငါဟာ ပိုက်ရေဖြည့်ထားတဲ့ ရေသန့်ဗူးသစ်ဖြစ်တယ်။
ရေအောက်မြုပ်သွားတဲ့ ရွာတွေလည်း ဖြစ်တယ်။ ငါဟာ ဓနရှင်ဝါဒ
အပန်းဖြေသွားတဲ့ ကိုယ်ဝန် ဖြစ်တယ်။ ငါဟာ ခေတ်ပြောင်းတော်လှန်ရေးရဲ့
ဓားစာခံပြည်သူဖြစ်တယ်။
Continue reading

ကဗျာဆန်နေခြင်း (ဇေယျာလင်း)


Leave a comment

ငါ့ကိုယ်ငါ လုပ်ကြံပစ်လိုက်မယ်။ ဒီမှာကြည့် … (ဇေယျာလင်း)

ငါ့ကိုငါ လုပ်ကြံပစ်လိုက်မယ်။ ဒီမှာကြည့်၊ စည်းကမ်းရှိရှိ၊
နည်းလမ်းကျစွာ၊ ခွင့်ပြုချက်နဲ့အညီ၊ ငါ့ဆံပင်ဖြူတွေ ငါဆွဲနှုတ်နေပြီ။
ငါဟာ crazy လား။ ရူးနေတာငါမဟုတ်ဘူး၊ သူတို့တွေ။ ငါ့ကိုယ်ငါလည်း
မ crazy ဘူး။ ဘာမှ အရူးအမူးမရှိဘူး။ တစ်မူးဖိုးလည်း မသာဘူး။
တစ်မတ်တောင် မရှိဘူး။ ငါ့ကိုယ်ငါ ပေါက်ကွဲမှုနဲ့ ငါ့ကိုယ်ငါ
စုံစမ်းစစ်ဆေးလိုက်တာ
တာဝန်အရ လက်လွန်သွားလို့ ငါ့အရှေ့အလယ်ပိုင်း သေသွားတယ်။
ယာဉ်ကြောပိတ်ဆို့လို့ မိုးပျံတံတား ကန်ထရိုက် ငါပဲရတယ်။ မကျွမ်းမကျင်နဲ့
ငါဟာ မိုးပေါ်မြောက်သွားတယ်။ ယာဉ်ကြောတွေ ထပ်ပိတ်ဆို့သွားကြတယ်။ Continue reading

ကဗျာဆန်နေခြင်း (ဇေယျာလင်း)


Leave a comment

ငါနဲ့ငါသာနိုင်စရာ/ အပြင်မှာ အရမ်းသည်းနေတယ် (ဇေယျာလင်း)

ရှင့်ဟာကြီးက အလကားနေရင်း ကြီးနေပါလားတဲ့ ငါ့မာန ငါ့မာနကို ပြောတာ
အသိအရွယ်ကို အားတိုးဆေး ကျွေးကြည့်တယ် နောက်ဆက်တွဲ ဂယက်ကတော့
နေရင်းထိုင်ရင်း တစိမ့်စိမ့်ထွက်နေတဲ့ စိတ်ဓါတ်ကျမှုတွေ
ဘာကိုလည်းမသိဘူး အော်တော့ အော်ရယ်ပစ်လိုက်တယ် ထင်တာပဲ
မျက်မမြင် တိုက်ခေါင်မိုးပေါ်က လင်းတသုံးလေးကောင် ထပျံသွားတယ်
‘ရိုးရိုးရှင်းရှင်း’ ပြောနေရင်းက ဖွတ်ဖွတ် ဖွတ်ဖွတ်နဲ့ ဓာတ်ဆီကုန်သွားတယ်
‘ဟား’ဆိုပြီး အမှောင်ထုကြီးဟာ သူ့ကို ခုန်အုပ်ပစ်လိုက်တယ်
ကိုယ်ခန္ဓာကြီးတစ်ခုဟာ ဘယ် ငါနဲ့ ပျာပျာသလဲ ကောက်ဖာထေးရသလဲ
ငါချည့်သက်သက်နဲ့ ငါဟာ လုံလုံလောက်လောက်ငါ မဖြစ်ရတော့ဘူးလား
မဖြစ်နိုင်တော့ဘူးလား စားပွဲပေါ်က ရင့်မှည့် သီးမွှေးတစ်လုံးလို
Continue reading

ကဗျာဆန်နေခြင်း (ဇေယျာလင်း)


Leave a comment

စိမ်းမြမြ မြက်ခင်းပြင်များပေါ်တွင် (ဇေယျာလင်း)

စစ်ဖြစ်ရင် အရင်ဆုံးသေကြေပျက်စီးရတာ အမှန်တရားပဲ။ ပျားရည်စမ်းတွေ
ဒီလိုတင်စားဖို့ ဒေသတွင်း ပဋိပက္ခထဲလို ရောက်ခဲ့သလား။
`စစ်ဆိုတာ ပေါ်လစီလက်နက်ပဲ´ဆိုတဲ့ အာဏာချိန်ခွင်လျှာ သီအိုရီ
နဲ့ အပြိုင် သွေးထဲက တဟုန်ထိုး သွေးနီဥတွေ ဖိုဓာတ် မဓာတ်။ အဲဒီမှာ
တူညီသော ရုန်းကန်မှုများ၊ မျှော်မှန်းချက်များ၊ တစ်ဆင့်ဆင့်မှ ရုတ်ချည်းဖြစ်စဉ်များ။
အင်္ဂါဂြိုလ်ရဲ့ ရာသီဥတုကို ပြုပြင်ဖို့လည်းပါတယ် ဒီအပစ်အခတ်ထဲ ရောက်ခဲ့တာ။
တစ်ချိန်တုန်းက ဒို့ကမ္ဘာကြီးဟာလည်း အောက်ဆီဂျင်မရှိတဲ့ ဂြိုလ်သေကြီးပေါ့။
သက်ရှိလောက ဖြစ်လာဖို့ ဖိုတိုဆင်သက်တစ်က် ဘက်တီးရီးယားပဲလိုအပ်တယ်၊
ရှားရှားပါးပါး အချစ်နဲ့ ပမာ(ဏ)။
Continue reading

ကဗျာဆန်နေခြင်း (ဇေယျာလင်း)


Leave a comment

ငါနေတဲ့မြို့နဲ့ ငါဟာ ဇာတ်လမ်းတော့ရှိတယ် (ဇေယျာလင်း)

ငါညာတာ။ ငါတစ်ယောက်တည်းကျန်ခဲ့မှာစိုးလို့ ငါညာတာ။
မင်းသိပြီးသား မဟုတ်တာ ဘာလဲ။ ငါလည်း မင်းလို ငိုနေတာ။ အဲဒါလား။
အဲဒီလမ်းထောင့်မှာ ငါလည်းချိုးကွေ့လိုက်တာပဲ။ ငါ့မှာ ဘ၀ပါရမီ
လုံးလုံး မရှိသလောက်ပါပဲ။ မိုးမီးလောင်နေပြီလို့ ငါ မပြောခဲ့ပါဘူး။
ဝန်ကြီးများရုံးရှေ့မှာ ငါရပ်နေသေးတယ်။ ငါတစ်ယောက်တည်း
မဟုတ်ဘူး။ ဒါဟာငါ့နောက်ဆုံးဆေးလိပ်ပဲ။ မင်းပြောတာငါ
နားလည်တယ်၊ မင်းကို ငါနားမလည်ဘူး။ အနာဂတ်ကိုငါ
တွေးကြည့်တယ်လို့ပြောရင် ငါညာနေတာပဲဖြစ်တယ်။ ငါ့ပုံငါ
ရိုက်ပြီး တစ်ပုံမှမကြိုက်လို့လွှင့်ပစ်လိုက်သေးတယ်။
Continue reading

ကဗျာဆန်နေခြင်း (ဇေယျာလင်း)


1 Comment

ဂလက်ဆီ တက်ဘလစ်အကြောင်း တွေးရင်း (ဇေယျာလင်း)

ကဗျာဟာ ဆွမ်းကျွေးသလိုပဲ၊ အတုအပသတိပြု
သင့်အာရုံတွေရှေ့မှောက်မှာ သင့်ကို ခေါ်ဆောင်လာပြီလား။
ဒါပေမယ့် သူ့ပလီစိချောက်ချက်ဟာ အနည်းကိန်းတော့ မဟုတ်ဘူး။
အာဠာဝကရဲ့ ဟာသဟာ ကာဗျတဲ့။ အိုး … ဗာလ ၊ ဗာလ။
ကောင်းကင်ကြိုးတန်းပေါ် လမ်းလျှောက်ပြတာ မဟုတ်ဘူး
ကောင်းကင်ရဲ့ ထောက်တိုင်တွေကို အကဲစမ်းနေတာ။
သိစိတ်ဆိုတာ ဦးနှောက်ဆဲလ်တွေနဲ့ သက်ဆိုင်ရာ မော်လီကျူးတို့ရဲ့
အပြုအမူသက်သက်ပဲဖြစ်တယ်။ ဆိုက္ကိုလိုဂျီ၊ ၁၀၁။
စာအုပ်အသစ်ကလေးဟာ တိုင်းပြည်အသစ်ကလေးလိုပဲ ပုံနှိပ်စက်နံ့။
မလိုက်ဖက်ပါဘူးလေ၊ ကျောက်ဆောင်တွေပေါ်မှာ သစ်ခွစိုက်ခင်း။
ကွဲပြားခြားနားမှု လိုချင်ရင်ရော့၊ ကြောက်စိတ်ကို ပီကေလိုဝါးနေ။
Continue reading