လမ်းအိုလေး

Løøps of Resistance …

ဘယ်လောက်ဝေးဝေး ဆက်သွယ်ရေး (ဟံလင်း)


Leave a comment

အလောင်း၏ ရှည်လျားသောဆံပင်များကို တစ်ပင်ပြီးတစ်ပင် (ဟံလင်း)

အလောင်း၏ ရှည်လျားသောဆံပင်များကို တစ်ပင်ပြီးတစ်ပင် (ဟံလင်း)
မီးခိုးငွေ့များအားလုံး မိုးစက်များအဖြစ်သို့ပြောင်းလဲ တစ်ပုဒ်လုံး
လိုဏ်ခေါင်း ရက်စက်ကြမ်းကြုတ်သောအကြည့်မျိုးဖြင့် မျက်စောင်း
ပေးထားတဲ့ကတိကိုဖောက်ဖျက်တဲ့အခါ ဘယ်လိုသက်ရောက်တတ်တယ်ဆိုတာ

Continue reading


Leave a comment

ကီလီမန်ဂျားရိုးကို ပြုလုပ်ခြင်း (၄) – သိုးထိန်း (အန္တိမ)

by aNTIMa ကီလီမန်ဂျားရိုးကို ပြုလုပ်ခြင်း (၁) - သိုးထိန်း (အန္တိမ)

ပြွတ်သိပ်ကြပ်ညပ်နေတဲ့ လူ့အဖွဲ့အစည်း အစွန်အဖျားမှာ
ဘာမှ ရိုးသားခွင့် မရခဲ့တဲ့ ငါ့ရဲ့ မရိုးသားမှု
တစ်ဖက် အနီးမှုန်၊ တစ်ဖက် အဝေးမှုန်
ဆင်ခြင်မှုအဓိကဝါဒနဲ့ ဖွဲ့စည်းထားတဲ့ ရက်ကွက် အရက်ဖြတ်အသင်းဥက္ကဋ္ဌရဲ့
“အသက် ပိုရှည်ဖို့ အရေးကြီးတယ်”
သြဝါဒလိုလို အမိန့်လိုလို
ရှူး ၊ တိုး တိုး ၊ ဒီမှာ…ဒီမှာ သာမန်ဘဝတွေကို ခြိမ်းခြောက်နေတဲ့ အကြမ်းဖက်ဝါဒ (9/11)
ပုလင်းထဲက ငှက်ကလေးက ပြောတယ်
“အဲသလိုဆို…ကမ္ဘာကြီးမှာ ယုံကြည်မှုနဲ့ အတူသောက်၊ သံသယနဲ့ အတူသွန်”
ခေါင်းမာမာ အစွဲအလမ်းတွေနဲ့ ကျွန်တော်ဟာ သူရဲကောင်းမဟုတ်ရိုးအမှန်ပါ ဟု ဝန်ခံကြောင်း
ကမ္ဘာကြီး ပူပဲ နွေးနွေး၊ အေးပဲ ခဲခဲ…ငါတို့နဲ့ ဘယ်တုန်းက ဘာဆိုင်ခဲ့လို့လဲ
မကိုင်တွယ်ရသေးတဲ့ လူမှုစိတ္တ အပြဲကြီးတွေ၊ ဘူဒိုဇာလို ခန္ဓာကိုယ်လေးလေးကြီးတွေ
နဲ့
ဘတ်စ်ကားပေါ်မှာလည်း ဗုံးဖောက်ခွဲကြတယ်
မိန်းကလေးတွေကိုလည်း နှာခေါင်းဖြတ်ပစ်တယ်
ဘယ်လူကိုမှ လူလို့ အဓိပ္ပါယ်အပြည့်အဝ ခေါ်သလဲ
အင်အားမဲ့စွာ လက်ပိုက်မကြည့်ရင် ရင်ဖွင့်လိုက်ပါတဲ့
ရင် ပွင့်သွားတယ်
Continue reading


Leave a comment

ကီလီမန်ဂျားရိုးကို ပြုလုပ်ခြင်း (၃) – သိုးထိန်း (အန္တိမ)

by aNTIMa ကီလီမန်ဂျားရိုးကို ပြုလုပ်ခြင်း (၁) - သိုးထိန်း (အန္တိမ)

ခင်ဗျား evolve ရဲ့ အဓိပ္ပါယ်ကို
နေရောင်အောက်မှာ ပေါင်းတတ်ပြီလား
တစ်ချိန်တုန်းက မင်းကတော်ရဲ့ အလောင်း
ဆေးရောင်တောက်တောက် သုတ်ထားတဲ့ သေတ္တာ
အတွေ့အကြုံထဲက ခြေတံ၊ လက်တံ၊ ပုံသဏ္ဌာန်
နည်းနည်းဖြစ်ဖြစ်
စဉ်းစားခြင်းတိုင်း ကိရိယာက အသိအမြင် မိုးလေဝသကို ပြောင်းလဲစေတာ
ငါတွေးတာဟာ ငါမှတ်ထားတာတွေပဲ
မရှင်သန်လာကြဘူး
မရှင်သန်လာကြဘူး
မရှင်သန်လာကြဘူး နဲ့ ဆဲလ်တွေ
တိုးလာနေတာ အမြီးထိပ်ဖျားက အမွေးအမှင်တွေလား
ထင်မြင်ချက်စစ်တမ်းများအရ အရှိတရားတစ်ကွက်ကို ငါဆုတ်ဖြဲလိုက်တယ်
တော်တော်များများ ယုံကြည်တာဟာ အဲဒီကွက်လပ်ကို
ကဗျာတစ်ပုဒ်နဲ့ ငါဖုံးလိုက်တယ်
အမြင်က ဒီမှာ အရှိက ဟိုမှာ
Continue reading


Leave a comment

ကီလီမန်ဂျားရိုးကို ပြုလုပ်ခြင်း (၂) – သိုးထိန်း (အန္တိမ)

by aNTIMa ကီလီမန်ဂျားရိုးကို ပြုလုပ်ခြင်း (၁) - သိုးထိန်း (အန္တိမ)

မှတ်မိသေးလား
တခမ်းတနား စားသောက်ပွဲပြင်ထားတဲ့ အူခွေများ
နံရံက သတ်မှတ်လိုက်တဲ့ အမှတ်တရ အရောင်လွင့်ဓါတ်ပုံနဲ့ ပိုစတာ
ဖြတ်ကြည့်သွားသူကြား စွဲဖို့ တွန့်ဆုတ်တဲ့ ငင်အား
အဓိပ္ပါယ်ဆက်သွယ်မှုယူထားတဲ့ လိုအင်အာဟာရနဲ့ တွဲစပ်ငတ်မွတ်မှုများ
အန်ထုတ်မရတဲ့ အရောအထွး အစိုင်အခဲရည်
အူ့အလိုကို အာ့တ်(Art) လိုက်နိုင်ပါ့မလား
တသွင်သွင်စီးနေတဲ့ရေရဲ့ အနုပညာအသည်းအသန်ကို စားတဲ့
ဘက်တီးရီးယားအချစ်တဲ့လား
ငါ့နှလုံးသားကို ဖြတ်သန်းသွားတဲ့ အင်္ဂါဂြိုဟ် လေ့လာရေးဂြိုဟ်တု
အမြဲရွေ့နေသော အမြဲလျားနေသော တောင်တန်းများ
ပရိယေသန အူလမ်းကြောင်းကအစ နယ်နိမိတ်လို စကားများ
လျှာပေါ်က အရသာ
ကဗျာလေးနည်းနည်းပါမှ ဗိုက်ဆာတာ ပိုမလှဘူးလား
အခန်းထဲကျတဲ့နှင်းတွေ သွက်သွက်ခါဗန်ဂိုးပန်းချီကားထဲ တွားသွားလို့
– ရေမျက်နှာပြင်ပေါ် ထတောက်တဲ့မီး
– ချာဂျင်ပြည့် အင်ဒီဝါးဟိုးရဲ့ စိန်မှုန်စီဖိနပ်
ဘယ်ဟာ အနုပညာပန်းသီးနဲ့ ပိုတူသလဲ
Continue reading


Leave a comment

ကီလီမန်ဂျားရိုးကို ပြုလုပ်ခြင်း (၁) (သိုးထိန်း – အန္တိမ)

by aNTIMa ကီလီမန်ဂျားရိုးကို ပြုလုပ်ခြင်း (၁) - သိုးထိန်း (အန္တိမ)

အဲဒီတုန်းက ရပ်ရှားပြည်သူ ပြည်သားတွေနဲ့တွေ့ရဖို့က
ကြွက်တစ်ကောင်က အခြားကြွက်တစ်ကောင်ကို မေးဖို့လို ခဲယဉ်းတယ်။
တွေ့ခဲ့ရပါရဲ့
မျက်နှာချင်း မဆိုင်ပဲ ကွေ့ရှောင်သွားကြတဲ့ ရပ်ရှားပြည်သူပြည်သားတွေ
အမေးခံရတဲ့ကြွက်က မေးသူကြွက်ကို တုန့်ပြန်လိုက်တယ်
မေးသူကြွက်ရဲ့ ဦးခေါင်းပေါ်မှာ မော်စကိုမှာ ရပ်ရှားပြည်သူပြည်သား အစစ်တစ်ယောက်နဲ့ တွေ့ဖို့
လေဟာနယ်တွေ ပလုံစီသွားတယ်
မျက်နှာဖုံးစွပ်လို့၊ ထိုးဇာတ်ဘိုးအေ အပြုံးတွေနဲ့
အမေးခံကြွက်ဟာ ရေးလက်စကို ဒီလို ဆက်ရေးတယ်
တစ်ခါတစ်လေ မျက်လုံးထဲ လျှပ်တပြက်လက်ထပြီး
ချက်ချင်းပြည်ဖုံးကားလိပ် ချလိုက်သလို အဲဒီပိုးသတ်ဆေးလေးထဲမှာ ထလွင့်
ပျံလုမတတ် ရှဲကနဲ အမှောင်
ကျသွားမတတ် ပတ်ပတ်လည် မျက်နှာလွှဲသွားတာတွေ…
ရပ်ရှားသမိုင်း အစစ်အမှန်သိသူတွေ
မှောင်မည်းအေးစက် သမုဒ္ဒရာထဲ မြုပ်ကျနေတဲ့ တိုက်တင်းနစ်ပေါ်မှာ
တစ်ယောက်က ရူး၊ တစ်ယောက်က နှမ်း
အရေးပေါ် ကြေညာနေတယ်
အကောင်းပါ နေမကောင်းလို့ ဆိုပြီး…
ကိုယ့်ဘဝကိုယ်တောင် စီမံခန့်ခွဲဖို့ အတတ်ပညာလုံးလုံးမရှိတာ
ပြန်လာတော့ စိတ်ပါ မနှံ့တော့ဘူး
အနာဂါတ်ကို ပေးစရာ ဘာမှမရှိသလို သူ တွင်းတွေတူးနေတယ်
Continue reading